3-May-2021 အေျပာင္းအေရႊ႕သတင္းမ်ား

[UNICODE]

barcelona-dani-alves-lionel-messi-1mbndlma9l4ie1evk9fceg5ggt
IMAGE: GOAL

⚽ ဘာစီလိုနာနောက်ခံလူဟောင်း အဲဗက်စ်ကတော့ မက်ဆီကို ဘာစီလိုနာမှာပဲ ဆက်နေဖို့ အကြံပြုတိုက်တွန်းခဲ့ပါတယ်။ “မက်ဆီကို ကျွန်တော် ခဏခဏ ပြောဖူးပါတယ်။ သူက ဘာစီလိုနာအတွက် မွေးဖွားလာတဲ့ ကစားသမားဖြစ်ပြီးဘာစီကလည်း သူ့အတွက် ဖြစ်တည်လာတဲ့ ကလပ်အသင်းလို့။ ဘာစီမှာပဲ ဆက်နေုဖို့ သူ့ကို ကျွန်တော် အကြံပေးခဲ့ပါတယ်။ သူ့အတွက် ဘာစီထက်ကောင်းတဲ့နေရာ မရှိပါဘူး”လို့ အဲဗက်စ်က ဆိုခဲ့ပါတယ်။

david-alaba-bayern-munich-2020-21-real-madrid-r9f983o3az2l1ff3sl6ysnla4
IMAGE: GOAL

⚽ ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာဟာ ရီးရဲမက်ဒရစ်မှာ အလွန်မြင့်မားတဲ့လုပ်ခပမာဏကို ရရှိမယ်လို့ သိရပါတယ်။ ရီးရဲဟာ အလာဘာကို တစ်နှစ်ယူရို ၁၂ သန်းအထိ ပေးချေမှာဖြစ်ပြီး ဒါဟာ အသင်းခေါင်းဆောင်ရာမို့စ်နဲ့ ပမာဏ အတူတူပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရာမို့စ်ရဲ့အနာဂတ်က မသေချာဖြစ်နေတာပါ။

edwin-van-der-sar
IMAGE: GOAL

⚽ မန်ယူဂန္ထဝင်ဂိုးသမားကြီး ဗန်ဒါဆားကတော့ သူ့အနေနဲ့ အက်ဝုဒ်ဝက်ရဲ့ အမှုဆောင်ချုပ်နေရာကို အစားထိုးဝင်ရောက်ဖို့ စိတ်ဝင်စားကြောင်း၊ မန်ယူဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက မိမိကို ဆက်သွယ်မှု ပြုလုပ်ခဲ့ကြောင်း၊ ဘဝမှာ လူတိုင်းက ရည်မှန်းချက် ကိုယ်စီရှိကြကြောင်း ဆိုခဲ့ပါတယ်။

Axel-Tuanzebe-38-of-Manchester-United-during-the-FA-Cup-match-between-Derby-County-and-Manchester-Un
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းဟာ မန်ယူနောက်ခံလူ တွမ်ဇီဘီကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ တွမ်ဇီဘီဟာ မန်ယူမှာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး သူ့ကို ပေါင် ၇ သန်းနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

guido-rodriguez-salio-mediotiempo-juego
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ဟာ ဘက်တစ်ကွင်းလယ်လူ ဂူဒီရိုဒရီဂွတ်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း ၈၀ ရှိနေပြီး ဘဏ္ဍာရေး အခြေအနေအရ ဘက်တစ်ဟာ သူ့ကို ထုတ်ရောင်းရမဲ့ အခြေအနေမှာ ရှိနေပါတယ်။

https-specials-images-forbesimg-com-imageserve-5f3cd8a11ff73b8a3b09f7dc-0x0
IMAGE: GOAL

⚽ စီးရီးအေကလပ် ဂျူဗင်တပ်ကွင်းလယ်လူ ဒိုင်ဘာလာဟာ အသင်းမှာသာ ဆက်လက်နေထိုင်လိုကြောင်း သိရပါတယ်။ ဒိုင်ဘာလာဟာ ဂျူဗင်တပ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမရဖြစ်နေတာပါ။ ဒါပေမဲ့ Tutto ရဲ့ ဖော်ပြချက်အရ နည်းပြပြောင်းခဲ့ရင်တောင် ဒိုင်ဘာလာက အသင်းမှာသာ ဆက်နေမယ်လို့ သိရပါတယ်။

romelu-lukaku-1830z1iqw26ol1a86aq7pu4mfj
IMAGE: GOAL

⚽ စီးရီးအေကလပ် အင်တာမီလန်တိုက်စစ်မှူး လူကာကူဟာ အသင်းကနေ ထွက်ခွာဖို့ စီစဉ်ထားခြင်း မရှိဘူးလို့ အီတလီနာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ လူကာကူဟာ အင်တာမီလန်မှာ ကစားရတာ ဂုဏ်ယူလျက်ရှိနေကြာင်း သူက ဆိုထားပါတယ်။ လက်ရှိမှာ လူကာကူကို ချဲလ်ဆီးက ပြန်ခေါ်မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

tammy-abraham
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းနည်းပြမိုယက်စ်ကတော့ ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ချ်ကို ခေါ်ယူမယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ သူတို့အနေနဲ့ နွေရာသီမှာ တိုက်စစ်မှူးသစ် ဝယ်ယူဖို့ ဘတ်ဂျက်မရှိကြောင်း မိုယက်စ်က ဆိုခဲ့တာပါ။ ချဲလ်ဆီးဟာ အေဘရာဟမ်ချ်အတွက် ပေါင်သန်း ၄၀ တောင်းဆိုထားတာ ဖြစ်ပါတယ်။

[ZAWGYI]

barcelona-dani-alves-lionel-messi-1mbndlma9l4ie1evk9fceg5ggt
IMAGE: GOAL

⚽ ဘာစီလိုနာေနာက္ခံလူေဟာင္း အဲဗက္စ္ကေတာ့ မက္ဆီကို ဘာစီလိုနာမွာပဲ ဆက္ေနဖုိ႔ အႀကံျပဳတုိက္တြန္းခဲ့ပါတယ္။ “မက္ဆီကို ကၽြန္ေတာ္ ခဏခဏ ေျပာဖူးပါတယ္။ သူက ဘာစီလိုနာအတြက္ ေမြးဖြားလာတဲ့ ကစားသမားျဖစ္ၿပီးဘာစီကလည္း သူ႔အတြက္ ျဖစ္တည္လာတဲ့ ကလပ္အသင္းလို႔။ ဘာစီမွာပဲ ဆက္ေနုဖို႔ သူ႔ကို ကၽြန္ေတာ္ အႀကံေပးခဲ့ပါတယ္။ သူ႔အတြက္ ဘာစီထက္ေကာင္းတဲ့ေနရာ မရွိပါဘူး”လုိ႔ အဲဗက္စ္က ဆုိခဲ့ပါတယ္။

david-alaba-bayern-munich-2020-21-real-madrid-r9f983o3az2l1ff3sl6ysnla4
IMAGE: GOAL

⚽ ဘုိင္ယန္ျမဴးနစ္ေနာက္ခံလူ အလာဘာဟာ ရီးရဲမက္ဒရစ္မွာ အလြန္ျမင့္မားတဲ့လုပ္ခပမာဏကို ရရွိမယ္လုိ႔ သိရပါတယ္။ ရီးရဲဟာ အလာဘာကို တစ္ႏွစ္ယူရို ၁၂ သန္းအထိ ေပးေခ်မွာျဖစ္ၿပီး ဒါဟာ အသင္းေခါင္းေဆာင္ရာမုိ႔စ္နဲ႔ ပမာဏ အတူတူပဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ရာမုိ႔စ္ရဲ႕အနာဂတ္က မေသခ်ာျဖစ္ေနတာပါ။

edwin-van-der-sar
IMAGE: GOAL

⚽ မန္ယူဂႏၳ၀င္ဂိုးသမားႀကီး ဗန္ဒါဆားကေတာ့ သူ႔အေနနဲ႔ အက္၀ုဒ္၀က္ရဲ႕ အမႈေဆာင္ခ်ဳပ္ေနရာကို အစားထုိး၀င္ေရာက္ဖို႔ စိတ္၀င္စားေၾကာင္း၊ မန္ယူဟာ လြန္ခဲ့တဲ့ႏွစ္အနညး္ငယ္တုန္းက မိမိကုိ ဆက္သြယ္မႈ ျပဳလုပ္ခဲ့ေၾကာင္း၊ ဘ၀မွာ လူတုိင္းက ရည္မွန္းခ်က္ ကိုယ္စီရွိၾကေၾကာင္း ဆုိခဲ့ပါတယ္။

Axel-Tuanzebe-38-of-Manchester-United-during-the-FA-Cup-match-between-Derby-County-and-Manchester-Un
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အက္စတြန္ဗီလာအသင္းဟာ မန္ယူေနာက္ခံလူ တြမ္ဇီဘီကို ေခၚယူဖုိ႔ ႀကိဳးပမ္းလ်က္ ရွိေနပါတယ္။ တြမ္ဇီဘီဟာ မန္ယူမွာ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေတာ့ၿပီး သူ႔ကို ေပါင္ ၇ သန္းနဲ႔ ေခၚယူႏုိင္မွာ ျဖစ္ပါတယ္။

guido-rodriguez-salio-mediotiempo-juego
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္ဟာ ဘက္တစ္ကြင္းလယ္လူ ဂူဒီရိုဒရီဂြတ္ဇ္ကို ေခၚယူဖုိ႔ ပစ္မွတ္ထားလ်က္ ရွိေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။ ဒီကစားသမားရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ယူရိုသန္း ၈၀ ရွိေနၿပီး ဘ႑ာေရး အေျခအေနအရ ဘက္တစ္ဟာ သူ႔ကို ထုတ္ေရာင္းရမဲ့ အေျခအေနမွာ ရွိေနပါတယ္။

https-specials-images-forbesimg-com-imageserve-5f3cd8a11ff73b8a3b09f7dc-0x0
IMAGE: GOAL

⚽ စီးရီးေအကလပ္ ဂ်ဴဗင္တပ္ကြင္းလယ္လူ ဒိုင္ဘာလာဟာ အသင္းမွာသာ ဆက္လက္ေနထုိင္လိုေၾကာင္း သိရပါတယ္။ ဒိုင္ဘာလာဟာ ဂ်ဴဗင္တပ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိဖုိ႔ ေဆြးေႏြးမရျဖစ္ေနတာပါ။ ဒါေပမဲ့ Tutto ရဲ႕ ေဖာ္ျပခ်က္အရ နည္းျပေျပာင္းခဲ့ရင္ေတာင္ ဒိုင္ဘာလာက အသင္းမွာသာ ဆက္ေနမယ္လုိ႔ သိရပါတယ္။

romelu-lukaku-1830z1iqw26ol1a86aq7pu4mfj
IMAGE: GOAL

⚽ စီးရီးေအကလပ္ အင္တာမီလန္တုိက္စစ္မွဴး လူကာကူဟာ အသင္းကေန ထြက္ခြာဖုိ႔ စီစဥ္ထားျခင္း မရွိဘူးလို႔ အီတလီနာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယိုက ေဖာ္ျပထားပါတယ္။ လူကာကူဟာ အင္တာမီလန္မွာ ကစားရတာ ဂုဏ္ယူလ်က္ရွိေနၾကာင္း သူက ဆုိထားပါတယ္။ လက္ရွိမွာ လူကာကူကို ခ်ဲလ္ဆီးက ျပန္ေခၚမယ္ဆုိၿပီး သတင္းေတြ ထြက္ေပၚေနပါတယ္။

tammy-abraham
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ၀က္စ္ဟမ္းနညး္ျပမိုယက္စ္ကေတာ့ ခ်ဲလ္ဆီးတုိက္စစ္မွဴး ေအဘရာဟမ္ခ်္ကို ေခၚယူမယ္ဆုိတဲ့သတင္းေတြကို ျငင္းဆန္သြားခဲ့ပါတယ္။ သူတုိ႔အေနနဲ႔ ေႏြရာသီမွာ တိုက္စစ္မွဴးသစ္ ၀ယ္ယူဖို႔ ဘတ္ဂ်က္မရွိေၾကာင္း မိုယက္စ္က ဆုိခဲ့တာပါ။ ခ်ဲလ္ဆီးဟာ ေအဘရာဟမ္ခ်္အတြက္ ေပါင္သန္း ၄၀ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!