17-April-2021 စနေနေ့ပွဲစဉ်တွေရဲ့ ပွဲကြိုသုံးသပ်ချက်များ
[UNICODE] ဘီလ်ဘို – ဘာစီလိုနာ (မြန်မာစံတော်ချိန်ည၂:၀၀)
athletic-club-bilbao-vs-barcelona-copa-del-rey-169
IMAGE: GOAL
ဒီပွဲစဉ်က စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲစဉ်ပါ။ ဒီနှစ်သင်းဟာ ဖလားဗိုလ်လုပွဲတွေမှာ ရေစက်ဆုံနေကျဖြစ်ပြီး ဒီနှစ်ထဲမှာလည်း စပိန်စူပါဖလားဗိုလ်လုပွဲမှာ ပူပူနွေးနွေး တွေ့ဆုံထားပြီး ဘီလ်ဘိုက ဘာစီလိုနာကို အံ့အားသင့်ဖွယ် အလဲထိုးထားပါတယ်။ ဒီပွဲစဉ်က ဘာစီလိုနာအတွက်တော့ အဲဒီရှုံးကြွေးကို လက်စားချေတာထက် ပိုလွန်းတဲ့ အဓိပ္ပာယ်များစွာ ရှိနေပါတယ်။
mini-2021-03-15-BARCELONA-HUESCA-39
IMAGE: GOAL
ဒီရာသီမှာ အသေချာဆုံး ဆုဖလားတစ်လုံး၊ ဒီဖလားကိုသာ ရလိုက်ရင် လက်ကျန်လာလီဂါတိုက်ပွဲမှာလည်း ဘာစီလိုနာတို့ ယုံကြည်ချက် ရှိသွားမှာပါ။ ဘီလ်ဘိုက မာကျောပြီး အစဉ်အလာအရလည်း ဘာစီလိုနာကို ဒုက္ခပေးလေ့ရှိတဲ့အသင်းပါ။ ဒါပေမဲ့ လက်ရှိမှာလည်း ဘာစီလိုနာခြေစွမ်းက အားရစရာလို့ ဆိုရပါမယ်။ ဘာစီလိုနာတို့ စပိန်စူပါဖလားကို အရယူနိုင်မှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: ဘီလ်ဘို ဝ-၂ ဘာစီလိုနာ
ချဲလ်ဆီး – မန်စီးတီး (မြန်မာစံတော်ချိန်ည ၁၁:၀၀)
facuptuchelguardiola160421a
IMAGE: GOAL
ဖလား (၄) လုံး အိပ်မက်အတွက် မန်စီးတီးတို့ ထပ်မံအစမ်းသပ်ခံရဦးမဲ့ပွဲပါ။ ချဲလ်ဆီးက တူချယ်လက်အောက်မှာ ကျစ်လျစ်ပြီး မာကျောတဲ့အသင်းအဖြစ် အသွင်ကူးပြောင်းလာပါတယ်။ အထူးသဖြင့် ချဲလ်ဆီးရဲ့ ခံစစ်ပိုင်းက မာကျောပြီး ဒီပွဲမှာလည်း မန်စီးတီးကို ခံစစ်နဲ့ပဲ ရင်ဆိုင်သွားဖို့ များပါတယ်။
skysports-manchester-city-borussia-dortmund-5341027
IMAGE: GOAL
မန်စီးတီးကလည်း နောက်ပိုင်း အသင်းကြီးတွေနဲ့တွေ့ရင် တိုက်စစ်ထက် ခံစစ်ကိုဦးစားပေးကာ အမှားမရှိအောင် ကစားတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီပွဲဟာ တစ်သင်းနဲ့တစ်သင်း အမှားချောင်းပြီး ဘယ်သူ့ကမှ အရဲစွန့် တိုက်စစ်ဆင်ကြမှာ မဟုတ်ပါဘူး။ ဒီလိုပွဲမျိုးမှာ ဂိုးအနည်းကို ရွေးရမှာဖြစ်ပြီး ဖလား (၄) လုံးအိပ်မက်ကို အကောင်အထည်ဖော်မဲ့ မန်စီးတီး ဗိုလ်လုပွဲကို တက်နိုင်လိမ့်မယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: ချဲလ်ဆီး ဝ-၁ မန်စီးတီး
ဆက်ဆူအိုလို – ဖိအိုရင်တီးနား (မြန်မာစံတော်ချိန်ည ၁၀:၃၀)
114039989-0d888739-e2ad-4dbe-8074-98f5bd607980
IMAGE: GOAL
နှစ်သင်းစလုံးက ရမှတ်မျှော်လင့်ချက် မရှိတော့တဲ့အသင်းတွေပါ။ လတ်တလောမှာတော့ ဆက်ဆူအိုလိုက ဖီအိုရင်တီးနားထက် ခြေစွမ်း ပိုမိုအသာရနေပြီး တည်ငြိမ်မှု ရှိပါတယ်။ ဒါပေမဲ့ နှစ်သင်းစလုံးက တိုက်စစ်ကောင်းပြီး ခံစစ်ညံံ့ကြလို့ ဒီပွဲမှာ ဂိုးအများကို နှစ်သက်ပါတယ်။ဖြစ်နိုင်ဖွယ်ရလဒ်: ဆက်ဆူအိုလို ၂-၂ ဖီအိုရင်တီးနား
ဝုဖ်ဘတ် – ဘိုင်ယန် (မြန်မာစံတော်ချိန်ည ၈:၀၀)
Bayern-Muenchen-gegen-VFL-Wolfsburg-Hinspiel-2-1-Marin-Pongracic-Leroy-Sane
IMAGE: GOAL
ဝုဖ်က အဆင့် (၃) နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်မှန်းနေတဲ့အသင်း ဖြစ်ပါတယ်။ အထူးသဖြင့် ဝုဖ်ဟာ အိမ်ကွင်းမာကျောတဲ့အသင်းဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၆ ပွဲမှာ ၅ ပွဲနိုင် ၁ပွဲသရေပြီး ရှုံးပွဲမရှိထားပါဘူး။ ဒါကြောင့် ဒီပွဲမှာတော့ ဒဏ်ရာပြဿနာ၊ အသင်းတွင်း ပြဿနာတချို့ရှိနေတဲ့ ဘိုင်ယန်ကို မေ့ထားချင်ပါတယ်။ဖြစ်နိုင်ဖွယ်ရလဒ်: ဝုဖ်ဘတ် ၁-၁ ဘိုင်ယန်
နယူးကာဆယ် – ဝက်စ်ဟမ်း (မြန်မာစံတော်ချိန်ည ၆:၀၀)
skysports-newcastle-west-ham-5342923
IMAGE: GOAL
နောက်ပိုင်းပွဲတွေမှာ နုယူးကာဆယ်ရဲ့ ရုန်းအားက အားရစရာကောင်းပြီး နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၄ ပွဲဆက်လည်း အရှုံးမရှိပါဘူး။ ဝက်စ်ဟမ်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်မှန်းပြီး တိုက်ပွဲဝင်နေကာခြေစွမ်းကောင်းတွေ ပြသဆဲပါပဲ။ ဒါပေမဲ့ ဒီပွဲမှာတော့ နယူးရဲ့ တန်းဆင်းဇုန်ရုန်းအားကို ပိုယုံကြည်ချင်တယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: နယူးကာဆယ် ၁-၁ ဝက်စ်ဟမ်း
ဝုဖ် – ရှက်ဖီးလ် (မြန်မာစံတော်ချိန်ည ၁:၄၅)
skysports-wolves-sheffield-united-5342926
IMAGE: GOAL
ရှက်ဖီးလ်ကတော့ ဘာကိုမှ မျှော်လင့်စရာ မရှိဘဲ ခြေစွမ်းပိုင်းက အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဝုဖ်ရဲ့ ခြေစွမ်းပိုင်းကလည်း ယုံကြည်လို့ မရသေးတဲ့ မငြိမ်မသက်ဖြစ်နေပါတယ်။နှစ်သင်းစလုံးရဲ့ ပုံစံက အားရစရာမကောင်းကြလို့ ဂိုးအနည်းကို ရွေးထားချင်ပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: ဝုဖ် ၁-၀ ရှက်ဖီးလ်
[ZAWGYI] ဘီလ်ဘို – ဘာစီလိုနာ (မြန်မာစံတော်ချိန်ည၂:၀၀)
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!