17-April-2021 Tea Break သတင္းမ်ား

[UNICODE]

1232068078-0
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနည်းပြ တူချယ်ကတော့ လာမဲ့ရာသီမှာ မန်စီးတီးနောက်ကို အမှီလိုက်ပြီး ကွာဟချက်ကျဉ်းမြောင်းအောင် စွမ်းဆောင်သွားမှာဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ မန်စီးတီးနဲ့ မိမိတို့အကြား ကွာဟချက် ကြီးမားနေကြောင်း၊ ဒါကို လက်ခံရမှာဖြစ်ကြောင်း၊ သူတို့နှစ်သင်းဟာ တူညီတဲ့အဆင့်မှာ ရှိမနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

1613863932-477077-noticia-normal
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်ဟာ အာဆင်နယ်ထံ အငှားချထားတဲ့ ကွင်းလယ်လူ အိုဒီဂတ်ကို လာမဲ့အပြောင်းအရွှေ့မှာ ရောင်းချသွားဖွယ် မရှိဘူးလို့ မာကာက ဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ အိုဒီဂတ်ကိုအပြီးသတ် ခေါ်ယူနိုင်ဖို့ အလိုရှိနေတာပါ။

cristiano-ronaldo-juventus-genoa-serie-a-2020-21-1p62cyu6os0yc10wlrjt3zrdhh
IMAGE: GOAL

⚽ ပေါ်တူဂီဝါရင့် ကစားသမား ပီပီက သူ့ရဲ့ရီးရဲအသင်းဖော်ဟောင်း စီရော်နယ်ဒိုအနေနဲ့ တူရင်မှာ ပျော်ရွှင်နေတယ်လို့ ထင်မှတ်မိကြောင်း၊ သူက စီးရီးအေမှတ်ဂိုးသွင်းစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေကြောင်း၊ဝေဖန်နေကြသူတွေဟာ တစ်နှစ်ကို ဂိုး ၃၀ ကျော်သွင်းနိုင်ဖို့ ဘယ်လောက်ခက်သလဲဆိုတာမသိကြကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။

gennaro-gattuso
IMAGE: GOAL

⚽ စီးရီးအေကလပ် နာပိုလီနည်းပြ ဂတ်တူဆိုဟာ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ဖီအိုရင်တီးနားကို ပြောင်းရွှေ့ဖို့ စီစဉ်လျက်ရှိနေပါတယ်။ ဂတ်တူဆိုဟာ နာပိုလီကနေ ထွက်ခွာနိုင်ဖို့ မျှော်လင့်နေပြီး ဖီအိုရင်တီးနားကလည်း သူ့ကိုခေါ်ဖို့ သဘောကျနေတာပါ။

harry-kane-tottenham-2020-21-1tpijk4ip5bbhz5b04y5jr8ie
IMAGE: GOAL

⚽ အဲဗာတန်နဲ့ ၂-၂ ဂိုးသရေကျတဲ့ပွဲစဉ်မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဟယ်ရီကိန်းရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မော်ရင်ဟိုက ပြောဖို့စောလွန်းသေးကြောင်း၊ ဆိုးဆိုးရွားရွားဖြစ်မယ်လို့ မထင်မိကြောင်း ဆိုခဲ့ပါတယ်။

jose-mourinho-paul-pogba-gfx-1xwy3gq3kfoa318huk08293u8i
IMAGE: GOAL

⚽ စပါးနည်းပြမော်ရင်ဟိုကတော့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့ သူ့အပေါ် ဝေဖန်မှုကို ဂရုမစိုက်ကြောင်း ပြန်တုံ့ပြန်ခဲ့ပါတယ်။ မော်ရင်ဟိုဟာ ကစားသမားတွေကို အမြဲတမ်း ဆန့်ကျင်ကြောင်းပေါ့ဂ်ဘာဆိုခဲ့တာဖြစ်ပြီး မော်ရင်ဟိုက “သူ ဘာပြောပြော ကျွန်တော် ဂရုမစိုက်ပါဘူး။ စိတ်လည်းမဝင်စားပါဘူး”လို့ ပြန်တုံ့ပြန်ခဲ့တာပါ။

mandzukic-milan-getty
IMAGE: GOAL

⚽ အေစီမီလန်ဝါရင့်တိုက်စစ်မှူး မန်ဇူကစ်ကတော့ အသင်းကနေ လစာငွေယူဖို့ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ အေစီဟာ မန်ဇူကစ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီက ခေါ်ယူခဲ့တာဖြစ်ပြီး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာပါ။ မန်ဇူကစ်ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို အေစီဥက္ကဋ္ဌက ချီးကျူးသွားခဲ့ပါတယ်။

ousmane-dembele-60509dede2cdc
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းဟာ မာနေးရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘာစီလိုနာတေင်ပံကစားသမား ဒမ်ဘီလီကို ပစ်မှတ်ထားနေပါတယ်။ လီဗာပူးဟာ ဒမ်ဘီလီကို ခေါ်ယူနိုင်ခဲ့ပါက မာနေးကို ရောင်းထုတ်သွားတော့မှာလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

skysports-phil-foden-manchester-city-5343992
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းဟာ လူငယ်ကြယ်ပွင့် ဖိုဒန်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း The Mirror ကဖော်ပြထားပါတယ်။ စာချုပ်သစ်အရ ဖိုဒန်ဟာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းအထိရရှိမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်မယ်လို့ သိရပါတယ်။ ဖိုဒန်ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၄ ခုနှစ်အထိ ရှိနေတာပါ။

SPORT-PREVIEW-Varane
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်ဟာ ရီးရဲမက်ဒရစ်နောက်ခံလူ ဗာရာနီကို ခေါ်ယူဖို့ လေးလေးနက်နက် ဆွေးနွေးလျက်ရှိနေကြောင်း သိရပါတယ်။ ရီးရဲနဲ့ ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမဲ့ ဗာရာနီဟာ လာမဲ့အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာချင်နေသူပါ။

[ZAWGYI]

1232068078-0
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


gennaro-gattuso
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


mandzukic-milan-getty
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


SPORT-PREVIEW-Varane
IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!