17-April-2021 အပြောင်းအရွှေ့ သတင်းများ
[UNICODE]
49259720-scaled
IMAGE: GOAL
⚽ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာဟာ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရယူပြီးပြီလို့ သိရပါတယ်။ ဒါပေမဲ့ ရာသီမကုန်ခင်အထိ အပြောင်းအရွှေ့ကို ကြေညာသွားမှာ မဟုတ်ဘူးလို့ မာကာက ဖော်ပြထားပါတယ်။
1131340755
IMAGE: GOAL
⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာနောက်ခံလူ အီမာဆင်ကို စပါးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်ဟာ လက်ရှိ ဘက်တစ်မှာအငှားနဲ့ ကစားနေပြီး သူ့ရဲ့ဈေးကွက်တန်ကြေးကတော့ယူရို ၂၅ သန်းရှိပါတယ်။ စပါးဟာ အီမာဆင်ကို ခေါ်ယူဖို့ အင်တာ၊ ပီအက်စ်ဂျီတို့နဲ့ အပြိုင်လုရဖွယ် ရှိနေပါတယ်။
1282282529
IMAGE: GOAL
⚽ မန်ချက်စတာာယူနိုက်တက်ဟာ လက်စတာနောက်ခံလူ ဖိုဖာနာကို ခေါ်ယူဖို့ မျက်စီကျလျက်ရှိနေကြောင်း သိရပါတယ်။ မန်ယူဟာ အသက် ၂၀ နှစ်အရွယ်နောက်ခံလူရဲ့ စွမ်းရည်ကို သဘောကျလျက်ရှိနေပြီးမက်ဂွဲရားနဲ့ တွဲဖက်ကစားနိုင်ဖို့ စီစဉ်နေတာပါ။ ဖိုဖာနာရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ ရှိနေတာ ဖြစ်ပါတယ်။
1610813643-849989-1610813844-noticia-normal-recorte1
IMAGE: GOAL
⚽ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်ဟာ ဝါရင့်နောက်ခံလူ ရာမို့စ်ကို ထွက်ခွာခွင့်ပြုဖို့ အဆင်သင့်ဖြစ်နေပြီလို့ Cadena Ser က ဖော်ပြထားပါတယ်။ ရီးရဲဟာ လွန်ခဲ့တဲ့ ၅ လကတည်းက ရာမို့စ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ကမ်းလှမ်းခဲ့ပေမဲ့ အငြင်းခံခဲ့ရပါတယ်။
harry-kane-tottenham-manchester-united-gfx-19kz702xuvr3u1mvauta2f4m5j
IMAGE: GOAL
⚽ မန်ယူနဲ့ စပါးတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ တိုက်စစ်မှူးဟယ်ရီကိန်းကို မန်ယူကို မပြောင်းဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ဆုဖလားအောင်မြင်မှုတွေ လိုချင်လို့ အသင်းကနေ ပြောင်းရွှေ့ချင်တာဖြစ်ကြောင်း၊ မန်ယူဟာ ဖလားမရတာ (၈) နှစ်ကြာနေပြီဖြစ်ကြောင်း၊ ဟယ်ရီကိန်းအနေနဲ့ ပုံမှန်ဖလားရနေကျ အသင်းကိုသာ ပြောင်းသင့်ကြောင်း ဘာဘာတော့ဗ်က အကြံပြုခဲ့ပါတယ်။
jack-grealish-man-city-composite-2020-z1l0lx94o2i51wic76nptozo0
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးဟာ အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ်ကို စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဂရီးလစ်ဟာ ဗီလာနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ သူ့ကို စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူနိုင်တဲ့ အနေအထားပါ။
jude-bellingham-erling-haaland-dortmund-vs-man-city-2020-21-clnx0qswxrft199ikdiqgwupp
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းဟာ ကာလရှည်ပစ်မှတ်ထားခဲ့ဲတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီလန်ရိုက်အစား ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီလို့ Eurosport က ဖော်ပြထားပါတယ်။ ချဲလ်ဆီးဟာ အသက် ၁၇ နှစ်အရွယ် ကြယ်ပွင့်အတွက် ပေါင်သန်း ၁၀၀ ပေးချေရဖွယ် ရှိနေပါတယ်။
thumbs-b-c-397cafa7e32d422bcee8d44bb7cb32e9
IMAGE: GOAL
⚽ လန်ဒန်မြို့ခံပြိုင်ဘက်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ နာပိုလီဝါရင့်တိုက်စစ်မှူး မာတန့်စ်ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလျက်ရှိနေကြတယ်လို့ Voetbal 24 ကဖော်ပြထားပါတယ်။ နာပိုလီကလည်းမာတန့်စ်အတွက ်ဝယ်လက်ရှာဖွေလျက်ရှိနေတယ်လို့ သိရပါတယ်။
[ZAWGYI]
49259720-scaled
IMAGE: GOAL
1131340755
IMAGE: GOAL
1282282529
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!