16-April-2021 အေစာဆံုးသတင္းမ်ား

[UNICODE]

AP21101618191699
IMAGE: GOAL

⚽ Amazon Prime က မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့ အကြောင်းကို documentary ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာရဲ့ ကွင်းတွင်း၊ ကွင်းပြင်လှုပ်ရှားမှုတွေကို ရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း UK မှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

gabriel-magalhaes-arsenal-2020-21-bsh27re3k8nn1mblmpdyqff85
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်ကတော့ သူ့ရဲ့အာဆင်နယ်အတွက် ပွဲဦးထွက်ရာသီဟာ ပြီးပြည့်စုံခြင်း မရှိဘူးလို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။ “ဒီနှစ်က ပြီးပြည့်စုံတဲ့ နှစ်တစ်နှစ် မဟုတ်ဘူးလို့ ကျွန်တော် ပြောနိုင်ပါတယ်။ တကယ်လို့ ပြည့်စုံတဲ့နှစ်ဆိုရင် ကျွန်တော်တို့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေမှာပါ။ ဒီနှစ်ကတော့ များစွာ သင်ယူခဲ့ရတဲ့နှစ်ပါ”လို့ ဂါဘရီရယ်က ဆိုခဲ့ပါတယ်။

Getty-Images-1312414842
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးတိုက်စစ်ကစားသမား ဇီးယက်ချ်ကတော့ သူ့အနေနဲ့ အကောင်းဆုံးပုံစံပြန်ရဖို့ ကြိုးပမ်းနေကြောင်း၊ တူချယ်ဟာ လမ်းပတ်နဲ့ ကွဲပြားပြီး ကိုယ်ပိုင်အမြင်ရှိသူဖြစ်ကြောင်း၊ မိမိအနေနဲ့ ဒဏ်ရာပြဿနာတွေ ကြုံတွေ့ခဲ့ရကာ ခက်ခဲခဲ့ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်မယ်လို့ ယုံကြည်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

jose-mourinho-tottenham-vs-man-utd-premier-league-2020-21-j1zzkaouiust1kmyzc20jdsr0
IMAGE: GOAL

⚽ စပါးနည်းပြ မော်ရင်ဟိုကတော့ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အဆင့်လေးတိုက်ပွဲဟာ နောက်ဆုံးအချိန်ကျမှ အဖြေပေါ်မှာဖြစ်ကြောင်း၊ အဆင့်လေးနေရာအတွက် တိုက်ပွဲဝင်နေတဲ့အသင်းတိုင်းဟာ အားကောင်းကြောင်း ဆိုခဲ့ပါတယ်။

luis-suarez-atletico-madrid-ethkazi92kbb1xgpa0t8vl938
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် လီဗာပူးဟာတကယ်လို့ ဆာလတ်သာ ထွက်ခွာသွားရင် အက်သလက်တီကိတိုက်စစ်မှူး ဆွာရက်ဇ်နဲ့ ပြန်လည်အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ ဆာလတ်ဟာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေသူပါ။ ဆွာရက်ဇ်အနေနဲ့ နည်းပြဆီမြျွန်နီနဲ့ အဆင်မပြေဖြစ်နေကာ လီဗာပူးကို ပြန်ပြောင်းမယ်လို့လည်း ထင်ကြေးပေးခံနေရပါတယ်။

luka-modric
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်ဝါရင့်ကွင်းလယ်လူ မိုဒရစ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ မိုဒရစ်ဟာ ၂၀၂၂ ခုနှစ်အထိ အသင်းမှာ ဆက်ရှိမှာဖြစ်ပြီး မကြာခင် အသင်းက စာချုပ်ချုပ်ဆိုနိုင်ကြောင်း တရားဝင် ထုတ်ပြန်သွားမှာပါ။

mbappe-neymar-psg-2020-1dgmwuhdh80n41chyhpbx1bgfs
IMAGE: GOAL

⚽ ပြင်သစ် ပထမတန်းကလပ် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကတော့ သူ့အနေနဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ နေမာနဲ့ အမ်ဘာပေတို့ကို နှစ်ပေါင်းများစွာ ဆက်ထိန်းသွားလိုကြောင်း၊ သူတို့နှစ်ယောက်စလုံးနဲ့ ဆက်ဆံရေး ကောင်းမွန်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

stefan-savic-atletico-madrid-elwo83t730fc1hyio0cdjzb2r
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် အက်သလက်တီကိုကွင်းလယ်လူ ဆာဗစ်ကတော့ ပြီးခဲ့တဲ့လအတွင်း ယှဉ်ပြိုင်ခဲ့တဲ့ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ ရူဒီဂါကို တိုက်ခိုက်ခဲ့တဲ့အတွက် ယူအီးအက်ဖ်အေက သူု့ကို ၄ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခှဲ့ပါတယ်။

[ZAWGYI]

AP21101618191699
IMAGE: GOAL

⚽ Amazon Prime က မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာရဲ႕ အေၾကာငး္ကို documentary ရိုက္ကူးေတာ့မွာ ျဖစ္ပါတယ္။ ေပါ့ဂ္ဘာရဲ႕ ကြင္းတြင္း၊ ကြငး္ျပင္လႈပ္ရွားမႈေတြကို ရိုက္ကူးသြားမွာျဖစ္ၿပီး ၂၀၂၂ ခုႏွစ္အတြင္း UK မွာ ထုတ္လႊင့္သြားမွာ ျဖစ္ပါတယ္။

gabriel-magalhaes-arsenal-2020-21-bsh27re3k8nn1mblmpdyqff85
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္ေနာက္္ခံလူ ဂါဘရီရယ္ကေတာ့ သူ႔ရဲ႕အာဆင္နယ္အတြက္ ပြဲဦးထြက္ရာသီဟာ ျပီးျပည့္စံုျခင္း မရွိဘူးလို႔ ဖြင့္ဟ၀န္ခံခဲ့ပါတယ္။ “ဒီႏွစ္က ၿပီးျပည့္စံုတဲ့ ႏွစ္တစ္ႏွစ္ မဟုတ္ဘူးလုိ႔ ကၽြန္ေတာ္ ေျပာႏုိင္ပါတယ္။ တကယ္လုိ႔ ျပည့္စံုတဲ့ႏွစ္ဆုိရင္ ကၽြန္ေတာ္တုိ႔ အမွတ္ေပးဇယား ထိပ္ဆံုးမွာ ရွိေနမွာပါ။ ဒီႏွစ္ကေတာ့ မ်ားစြာ သင္ယူခဲ့ရတဲ့ႏွစ္ပါ”လုိ႔ ဂါဘရီရယ္က ဆုိခဲ့ပါတယ္။

Getty-Images-1312414842
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးတုိက္စစ္ကစားသမား ဇီးယက္ခ်္ကေတာ့ သူ႔အေနနဲ႔ အေကာင္းဆံုးပံုစံျပန္ရဖုိ႔ ႀကိဳးပမ္းေနေၾကာင္း၊ တူခ်ယ္ဟာ လမ္းပတ္နဲ႔ ကြဲျပားၿပီး ကုိယ္ပိုင္အျမင္ရွိသူျဖစ္ေၾကာင္း၊ မိမိအေနနဲ႔ ဒဏ္ရာျပႆနာေတြ ႀကံဳေတြ႕ခဲ့ရကာ ခက္ခဲခဲ့ေၾကာင္း၊ ကိုယ့္ကိုယ္ကိုယ္ လုပ္ႏုိင္မယ္လို႔ ယံုၾကည္ထားေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

jose-mourinho-tottenham-vs-man-utd-premier-league-2020-21-j1zzkaouiust1kmyzc20jdsr0
IMAGE: GOAL

⚽ စပါးနည္းျပ ေမာ္ရင္ဟိုကေတာ့ လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ အဆင့္ေလးတုိက္ပြဲဟာ ေနာက္ဆံုးအခ်ိန္က်မွ အေျဖေပၚမွာျဖစ္ေၾကာင္း၊ အဆင့္ေလးေနရာအတြက္ တုိက္ပြဲ၀င္ေနတဲ့အသင္းတိုင္းဟာ အားေကာင္းေၾကာင္း ဆုိခဲ့ပါတယ္။

luis-suarez-atletico-madrid-ethkazi92kbb1xgpa0t8vl938
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးဟာတကယ္လုိ႔ ဆာလတ္သာ ထြက္ခြာသြားရင္ အက္သလက္တီကိတုိုက္စစ္မွဴး ဆြာရက္ဇ္နဲ႔ ျပန္လည္အစားထိုးဖို႔ ျပင္ဆင္ေနပါတယ္။ ဆာလတ္ဟာ ရီးရဲမက္ဒရစ္ကို ေျပာင္းေရႊ႕မယ္လုိ႔ သတင္းေတြ ထြက္ေပၚေနသူပါ။ ဆြာရက္ဇ္အေနနဲ႔ နည္းျပဆီျမၽြန္နီနဲ႔ အဆင္မေျပျဖစ္ေနကာ လီဗာပူးကို ျပန္ေျပာင္းမယ္လို႔လည္း ထင္ေၾကးေပးခံေနရပါတယ္။

luka-modric
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ရီးရဲမက္ဒရစ္၀ါရင့္ကြင္းလယ္လူ မိုဒရစ္ဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တုိးျမွင့္ဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ပါတယ္။ မုိဒရစ္ဟာ ၂၀၂၂ ခုႏွစ္အထိ အသင္းမွာ ဆက္ရွိမွာျဖစ္ၿပီး မၾကာခင္ အသင္းက စာခ်ဳပ္ခ်ဳပ္ဆုိႏုိင္ေၾကာင္း တရား၀င္ ထုတ္ျပန္သြားမွာပါ။

mbappe-neymar-psg-2020-1dgmwuhdh80n41chyhpbx1bgfs
IMAGE: GOAL

⚽ ျပင္သစ္ ပထမတန္းကလပ္ ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီီႏိုကေတာ့ သူ႔အေနနဲ႔ အသင္းရဲ႕ အဓိက တုိက္စစ္မွဴးေတြျဖစ္တဲ့ ေနမာနဲ႔ အမ္ဘာေပတုိ႔ကို ႏွစ္ေပါင္းမ်ားစြာ ဆက္ထိန္းသြားလိုေၾကာင္း၊ သူတုိ႔ႏွစ္ေယာက္စလံုးနဲ႔ ဆက္ဆံေရး ေကာင္းမြန္ေၾကာငး္ ဖြင့္ဟခဲ့ပါတယ္။

stefan-savic-atletico-madrid-elwo83t730fc1hyio0cdjzb2r
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ အက္သလက္တီကိုကြင္းလယ္လူ ဆာဗစ္ကေတာ့ ၿပီးခဲ့တဲ့လအတြင္း ယွဥ္ၿပိဳင္ခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၿပိဳင္ဘက္ေနာက္ခံလူ ရူဒီဂါကို တုိက္ခိုက္ခဲ့တဲ့အတြက္ ယူအီးအက္ဖ္ေအက သူု႔ကို ၄ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခွဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!