16-April-2021 Tea Break သတင္းမ်ား

[UNICODE]

alessio-romagnoli-18102018-1200x675
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကကလပ် ဘာစီလိုနာအသင်းဟာ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ဘယ်ခြေသန်ဗဟိုနောက်ခံလူတစ်ဦးခေါ်ယူသွားဖို့ ပြင်ဆင်လျက် ရှိနေပါတယ်။ ဘာစီလိုနာရဲ့ ပစ်မှတ်ထဲမှာ အေစီနောက်ခံလူ ရိုမန်နိုလီ၊ ဆန်ဆီတို့ ပါဝင်နေတယ်လို့ သိရပါတယ်။

arsenal-celebrate-slavia-praha-2021-1k350uxiqh8di1u5kmae0u5jw7
IMAGE: GOAL

⚽ အာဆင်နယ်ဟာ ဆလားဗီးယားပရက်ကို အဝေးကွင်းမှာ ၄ ဂိုးပြတ်အနိုင်ရရှိပြီးနောက် (၈၉) နှစ်အတွင်း စံချိန်ကောင်းကြီးတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါကတော့ အာဆင်နယ်ဟာ ၁၉၃၂ ခုနှစ်၊ ဒီဇင်ဘာလနောက်ပိုင်းပြိုင်ပွဲစုံ အဝေးကွင်း (၄)ပွဲဆက် အနည်းဆုံး ၃ ဂိုးသွင်းနိုင်တာ ပထမဆုံးအကြိမ် ပြန်ဖြစ်ခဲ့တာပါ။

bukayo-saka-arsenal-southampton-15n3vo4775toe1njt89avnj0rm
IMAGE: GOAL

⚽ အာဆင်နယ်လူငယ်ကြယ်ပွင့် ဆာကာကတော့ မိမိတို့အသင်းအနေနဲ့ ယူရိုပါလိဂ်ဖလားကို ရယူနိုင်ချေရှိကြောင်း၊ ဆလားဗီးယားနဲ့ပွဲမှာ သူတို့ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့အသင်းဆိုတာ ပြသနိုင်ခဲ့ကြောင်း၊ ဗိုလ်လုပွဲကို တက်ရောက်ပြီး ယူရိုပါလိဂ်ဖလားကို ရောင်္က်နိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Ek-OUi-SUw-AMy-Wg-Y
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ဝုဖ်အသင်းဟာ စပါးမှာ အငှားနဲ့ ကစားနေတဲ့ ဘင်ဖီကာတိုက်စစ်မှူး ဗင်နီးဆီးယက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မှာ ဖြစ်ပါတယ်။ စပါးဟာ ဗင်နီဆီးယက်စ်ကို ပြောင်းရွှေ့ကြေး မြင့်မားမှုကြောင့် အပြီးသတ်ခေါ်ဖွယ် မရှိဖြစ်နေတာပါ။ ဘင်ဖီကာဟာ ဗင်နီဆီးယက်စ်အတွက် အနည်းဆုံးယူရို ၄၅ သန်း အလိုရှိနေပြီး ဝုဖ်ကတော့ ယူရိုသန်း ၃၀ ထက် ပိုမပေးချင်ဘူးလို့ သိရပါတယ်။

emre-can-dortmund-2020-21-1e25dqua48fjt1upim8ajt65ib
IMAGE: GOAL

⚽ အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုကတော့ မန်စီးတီးနဲ့ ဒေါ့မွန်တို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒေါ့မွန်ကွင်းလယ်လူ အမ်မရီကန်ရဲ့လက်ထိဘောဟာ ပင်နယ်တီဆိုတာ ရှင်းရှင်းလေးဖြစ်ကြောင်း၊ အမ်မရီကန်အနေနဲ့လက်မောင်းကို အဲဒီလိုမျိုး ပြုလုပ်လို့ မရကြောင်း သံးုသပ်ခဲ့ပါတယ်။

Getty-Images-1232251246
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ ရိုးမားနဲ့ ပြန်လည်တွေ့ဆုံနေမှုနဲ့ ပတ်သက်ပြီး အသင်းရဲ့ ကစားသမားဟောင်းတွေကို သတိထားရမှာဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် အီတလီအသင်းတွေဟာ ကစားပုံကောင်းမွန်ကြောင်း၊ သူတို့အနေနဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

hugo-lloris-tottenham-2020-21-16g0b1f7o3kgq10blpywuj6r1m
IMAGE: GOAL

⚽ စပါးအသင်းခေါင်းဆောင် ဟူဂိုလိုရစ်ကတော့ သူတို့အနေနဲ့ ဒီရာသီမှာ ယူရိုပါလိဂ်ကနေ အရှက်တကွဲ ထွက်ခွာခဲ့ရခြင်းအတွက် ကာကွယ်ခဲ့ပါတယ်။ သူတို့အနေနဲ့လည်း အဲဒီရလဒ်ပိုင်းကို လက်မခံနိုင်ကြကြောင်း၊ ဒီအတွက် သူ့မှာ တာဝန်အပြည့်အဝရှိကြောင်း၊ ဆုဖလားအောင်မြင်မှု ရရှိအောင် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း လိုရစ်က ဆိုခဲ့ပါတယ်။

manuel-locatelli-sassuolo-2020-21-cpo2599z06f71ten1vyt4l9bb
IMAGE: GOAL

⚽ မန်စီးတီးနဲ့ ဂျူဗင်တပ်အသင်းတို့ ပစ်မှတ်ထားနေတဲ့ ဆက်ဆူအိုလိုကွင်းလယ်လူ လိုကာတယ်လီကတော့ မိမိအနေနဲ့ လာမဲ့နွေရာသီမှာ အသင်းပြောင်းရွှေ့ဖွယ်ရှိနေကြောင်း၊ ဒီနှစ်က ဆက်ဆူအိုလိုမှာ သူ့ရဲ့နောက်ဆုံးနှစ်လားဆိုတာ မသိရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

skysports-paul-pogba-man-utd-5204805
IMAGE: GOAL

⚽ စူပါအေဂျင်း ရွိုင်အိုလာအနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်ထံ ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ အစီအစဉ်ရှိနေပြီး အဲဒီအထဲမှာ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာ ပါဝင်နေတယ်လို့ သိရပါတယ်။ပေါ့ဂ်ဘာရဲ့ အနာဂတ်ဟာ မရေမရာဖြစ်လျက် ရှိနေတာပါ။

ziyech-werner-chelsea-2021-16tcuu7oy0ubg1lrf1g7vnnzse
IMAGE: GOAL

⚽ အေဂျက်ဇ်ကွင်းလယ်လူဟောင်း ဗန်ဒါဘတ်ချ်ကတော့ ချဲလ်ဆီးနည်းပြတူချယ်လ်အနေနဲ့ ဝါနာထက် ဇီးယက်ချ်ကို ဦးစားပေးအသုံးပြုသင့်တယ်လို့ အကြံပြု တိုက်တွန်းခဲ့ပါတယ်။ “ဇီးယက်ချ်က တိုက်စစ်မှူးတွေကို အကူအညီပေးနိုင်သူပါ။ သူ့ရဲ့ ဖြတ်တင်ဘောတွေက ဂျရူးလို တိုက်စစ်မှူးမျိုးတွေအတွက် လိုအပ်ပါတယ်”လို့ ဗန်ဒီဘတ်ချ်က ဆိုခဲ့တာပါ။

[ZAWGYI]

alessio-romagnoli-18102018-1200x675
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကကလပ္ ဘာစီလိုနာအသင္းဟာ လာမဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ဘယ္ေျခသန္ဗဟိုေနာက္ခံလူတစ္ဦးေခၚယူသြားဖုိ႔ ျပင္ဆင္လ်က္ ရွိေနပါတယ္။ ဘာစီလိုနာရဲ႕ ပစ္မွတ္ထဲမွာ ေအစီေနာက္ခံလူ ရိုမန္ႏိုလီ၊ ဆန္ဆီတုိ႔ ပါ၀င္ေနတယ္လို႔ သိရပါတယ္။

arsenal-celebrate-slavia-praha-2021-1k350uxiqh8di1u5kmae0u5jw7
IMAGE: GOAL

⚽ အာဆင္နယ္ဟာ ဆလားဗီးယားပရက္ကို အေ၀းကြင္းမွာ ၄ ဂိုးျပတ္အႏုိင္ရရွိၿပီးေနာက္ (၈၉) ႏွစ္အတြင္း စံခ်ိန္ေကာင္းႀကီးတစ္ခုကို ပိုင္ဆုိင္ခဲ့ပါတယ္။ ဒါကေတာ့ အာဆင္နယ္ဟာ ၁၉၃၂ ခုႏွစ္၊ ဒီဇင္ဘာလေနာက္ပိုင္းၿပိဳင္ပြဲစံု အေ၀းကြင္း (၄)ပြဲဆက္ အနည္းဆံုး ၃ ဂိုးသြင္းႏုိင္တာ ပထမဆံုးအႀကိမ္ ျပန္ျဖစ္ခဲ့တာပါ။

bukayo-saka-arsenal-southampton-15n3vo4775toe1njt89avnj0rm
IMAGE: GOAL

⚽ အာဆင္နယ္လူငယ္ၾကယ္ပြင့္ ဆာကာကေတာ့ မိမိတုိ႔အသင္းအေနနဲ႔ ယူရိုပါလိဂ္ဖလားကို ရယူႏုိင္ေခ်ရွိေၾကာငး္၊ ဆလားဗီးယားနဲ႔ပြဲမွာ သူတုိ႔ဟာ စိတ္လႈပ္ရွားစရာေကာင္းတဲ့အသင္းဆိုတာ ျပသႏုိင္ခဲ့ေၾကာင္း၊ ဗိုလ္လုပြဲကို တက္ေရာက္ၿပီး ယူရိုပါလိဂ္ဖလားကို ေရာကၤ္ႏုိင္ေအာင္ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

Ek-OUi-SUw-AMy-Wg-Y
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ၀ုဖ္အသင္းဟာ စပါးမွာ အငွားနဲ႔ ကစားေနတဲ့ ဘင္ဖီကာတုိက္စစ္မွဴး ဗင္နီးဆီးယက္စ္ကို ေခၚယူဖုိ႔ ႀကိဳးပမ္းသြားေတာ့မွာ ျဖစ္ပါတယ္။ စပါးဟာ ဗင္နီဆီးယက္စ္ကို ေျပာင္းေရႊ႕ေၾကး ျမင့္မားမႈေၾကာင့္ အၿပီးသတ္ေခၚဖြယ္ မရွိျဖစ္ေနတာပါ။ ဘင္ဖီကာဟာ ဗင္နီဆီးယက္စ္အတြက္ အနည္းဆံုးယူရို ၄၅ သန္း အလုိရွိေနၿပီး ၀ုဖ္ကေတာ့ ယူရိုသန္း ၃၀ ထက္ ပိုမေပးခ်င္ဘူးလို႔ သိရပါတယ္။

emre-can-dortmund-2020-21-1e25dqua48fjt1upim8ajt65ib
IMAGE: GOAL

⚽ အဂၤလန္နည္းျပေဟာငး္ ကာပယ္လိုကေတာ့ မန္စီးတီးနဲ႔ ေဒါ့မြန္တုိ႔ရဲ႕ ခ်န္ပီယံလိဂ္ပြဲမွာ ေဒါ့မြန္ကြင္းလယ္လူ အမ္မရီကန္ရဲ႕လက္ထိေဘာဟာ ပင္နယ္တီဆိုတာ ရွင္းရွင္းေလးျဖစ္ေၾကာင္း၊ အမ္မရီကန္အေနနဲ႔လက္ေမာင္းကို အဲဒီလိုမ်ိဳး ျပဳလုပ္လုိ႔ မရေၾကာင္း သံးုသပ္ခဲ့ပါတယ္။

Getty-Images-1232251246
IMAGE: GOAL

⚽ မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ ဖာနန္ဒက္စ္ကေတာ့ ရိုးမားနဲ႔ ျပန္လည္ေတြ႕ဆံုေနမႈနဲ႔ ပတ္သက္ၿပီး အသင္းရဲ႕ ကစားသမားေဟာင္းေတြကို သတိထားရမွာျဖစ္ေၾကာင္း၊ ပံုမွန္အားျဖင့္ အီတလီအသင္းေတြဟာ ကစားပံုေကာင္းမြန္ေၾကာငး္၊ သူတုိ႔အေနနဲ႔ ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္ေအာင္ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

hugo-lloris-tottenham-2020-21-16g0b1f7o3kgq10blpywuj6r1m
IMAGE: GOAL

⚽ စပါးအသင္းေခါင္းေဆာင္ ဟူဂိုလုိရစ္ကေတာ့ သူတုိ႔အေနနဲ႔ ဒီရာသီမွာ ယူရိုပါလိဂ္ကေန အရွက္တကြဲ ထြက္ခြာခဲ့ရျခင္းအတြက္ ကာကြယ္ခဲ့ပါတယ္။ သူတုိ႔အေနနဲ႔လည္း အဲဒီရလဒ္ပိုင္းကို လက္မခံႏုိင္ၾကေၾကာင္း၊ ဒီအတြက္ သူ႔မွာ တာ၀န္အျပည့္အ၀ရွိေၾကာင္း၊ ဆုဖလားေအာင္ျမင္မႈ ရရွိေအာင္ ဆက္လက္ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း လိုရစ္က ဆုိခဲ့ပါတယ္။

manuel-locatelli-sassuolo-2020-21-cpo2599z06f71ten1vyt4l9bb
IMAGE: GOAL

⚽ မန္စီးတီးနဲ႔ ဂ်ဴဗင္တပ္အသင္းတုိ႔ ပစ္မွတ္ထားေနတဲ့ ဆက္ဆူအိုလိုကြင္းလယ္လူ လိုကာတယ္လီကေတာ့ မိမိ္အေနနဲ႔ လာမဲ့ေႏြရာသီမွာ အသင္းေျပာင္းေရႊ႕ဖြယ္ရွိေနေၾကာင္း၊ ဒီႏွစ္က ဆက္ဆူအိုလိုမွာ သူ႔ရဲဲ႕ေနာက္ဆံုးႏွစ္လားဆုိတာ မသိရွိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

skysports-paul-pogba-man-utd-5204805
IMAGE: GOAL

⚽ စူပါေအဂ်င္း ရိြဳင္အိုလာအေနနဲ႔ လာမဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ဂ်ဴဗင္တပ္ထံ ကစားသမားသစ္ေတြ ေခၚယူေပးဖုိ႔ အစီအစဥ္ရွိေနၿပီး အဲဒီအထဲမွာ မန္ယူကြင္းလယ္လူ ေပါ့ဂ္ဘာ ပါ၀င္ေနတယ္လို႔ သိရပါတယ္။ေပါ့ဂ္ဘာရဲ႕ အနာဂတ္ဟာ မေရမရာျဖစ္လ်က္ ရွိေနတာပါ။

ziyech-werner-chelsea-2021-16tcuu7oy0ubg1lrf1g7vnnzse
IMAGE: GOAL

⚽ ေအဂ်က္ဇ္ကြငး္လယ္လူေဟာင္း ဗန္ဒါဘတ္ခ်္ကေတာ့ ခ်ဲလ္ဆီးနညး္ျပတူခ်ယ္လ္အေနနဲ႔ ၀ါနာထက္ ဇီးယက္ခ်္ကို ဦးစားေပးအသံုးျပဳသင့္တယ္လို႔ အႀကံျပဳ တုိက္တြန္းခဲ့ပါတယ္။ “ဇီးယက္ခ်္က တိုက္စစ္မွဴးေတြကို အကူအညီေပးႏုိင္သူပါ။ သူ႔ရဲ႕ ျဖတ္တင္ေဘာေတြက ဂ်ရူးလို တုိက္စစ္မွဴးမ်ိဳးေတြအတြက္ လိုအပ္ပါတယ္”လုိ႔ ဗန္ဒီဘတ္ခ်္က ဆုိခဲ့တာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!