9-April-2021 နံနက္ခင္းသတင္းမ်ား

[UNICODE]

1308167159-850x560
IMAGE: GOAL

⚽ စပါးကွင်းလယ်လူဟောင်း အိုဟာရာကတော့ မန်ယူအနေနဲ့ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူနိုင်မှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုသုံးသပ်ခဲ့ပါတယ်။ “မန်ယူအနေနဲ့ ဟာလန်းကို ခေါ်နိုင်မှာ မဟုတ်ပါဘူး။ ဟာလန်းက ဘာလို့ မန်ယူကို ပြောင်းရမှာလဲ။ ရီးရဲ၊ ဘာစီနဲ့ မန်စီးတီးတို့ကိုပဲ သွားမှာပေါ့”လို့ အိုဟာရာက ဆိုခဲ့တာပါ။

1310643840-0
IMAGE: GOAL

⚽ ရီးရဲမက်ဒရစ် ကစားသမားဟောင်း မက်မာနာမန်ကတော့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေအနေနဲ့ မက်ဆီ၊ စီရော်နယ်ဒိုရဲ့ ခြေရာကို လိုက်နင်းချင်ရင် ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ လိုအပ်ကြောင်း၊ ပီအက်စ်ဂျီမှာဆိုရင် အမ်ဘာပေအနေနဲ့ တိုးတက်မယ်လို့ မထင်မှတ်မိတော့ကြောင်း သတိပေးခဲ့ပါတယ်။ လက်ရှိမှာ အမ်ဘာပေရဲ့ အနာဂတ်ဟာ ေ၀ဝါးနေပြီး ရီးရဲမက်ဒရစ်က သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်

chelsea-porto-celebrate-2020-21-cbdv273t7wt51xtpql0zs6kp3
IMAGE: GOAL

⚽ ချဲလ်ဆီးနည်းပြ တူချယ်လ်ကတော့ ဝက်စ်ဘရွန်းကို အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့ပြီးနောက် ပေါ်တိုနဲ့ပွဲမှာ သူ့အသင်းဟာ အကောင်းဆုံး တုံ့ပြန်လာတာ သိရှိခဲ့ကြောင်း၊ အဝတ်လဲခန်းမှာ ကစားသမားတွေရဲ့ တုံ့ပြန်ပုံကိုတွေ့မြင်ရတာ အားရစရာကောင်းကြောင်း၊ သူတို့အသင်းဟာ အဆင်သင့်ဖြစ်နေခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

jordan-larsson-borussia-dortmund-1sj59sfbuoirf1cw7bhnebwzag
IMAGE: GOAL

⚽ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ဟာ စပါးတပ်မော်စကိုတိုက်စစ်မှူး ဂျော်ဒန်လာဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂျော်ဒန်လာဆင်ဟာ နာမည်ကျော် ဘာစီလိုနာ ကစားသမားဟောင်း ဟန်ရစ်လာဆင်ရဲ့ သားဖြစ်သူဖြစ်ပြီး ဒေါ့မွန်က သူ့ကို ဟာလန်းရဲ့နေရာမှာ အစားထိုးနေတာပါ။

lucas
IMAGE: GOAL

⚽ မက်ဒရစ်ဒါဘီပြိုင်ဘက်တွေဖြစ်ကြတဲ့ အက်သလက်နဲ့ ရီးရဲမက်ဒရစ်တို့ဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလျက်ရှိနေကြတယ်လို့ သိရပါတယ်။ လူးကပ်စ်ဟာနန်ဒက်ဇ်ဟာ အက်သလက်မှာ ၁၂ နှစ်ခန့် ကျင်လည်ခဲ့သူဖြစ်ပြီး အခုအခါ အက်သလက်က ပြန်လည်ခေါ်ဖို့ စိတ်ဝင်စားနေတာပါ။

sergio-ramos-real-madrid-1cx952an6s8xm100di9exrxg0j
IMAGE: GOAL

⚽ ရီးရဲမက်ဒရစ် ကစားသမားဟောင်း အော်တင်တော့ကတော့ ရီးရဲမက်ဒရစ်အနေနဲ့ အသင်းခေါင်းဆောင် ရာမို့စ်ကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းသွားရမှာဖြစ်ကြောင်း၊ ရာမို့စ်ဟာ ကွင်းတွင်း၊ ကွင်းပြင်မှာအံ့အားသင့်ဖွယ် ကစားသမားတစ်ဦးဖြစ်ကြောင်း၊ မိမိအနေနဲ့ ရာမို့စ်အပေါ် အလွန်လေးစားမှုရှိကြောင်း ဆိုခဲ့ပါတယ်။

Untitled-collage-10-6f86-e1617733846729
IMAGE: GOAL

⚽ အာဆင်နယ်ရဲ့ ပုံစံဟာ စိတ်ပျက်စရာကောင်းတယ်ဆိုတဲ့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ရဲ့ဝေဖန်ချက်ကို အာဆင်နယ်ဂိုးသမားဟောင်း ယန်းလေမန်းက ထောက်ခံခဲ့ပါတယ်။ ဂယ်ရီနဗီးလ်ကို ပြိုင်ဘက်အနေနဲ့နှစ်မြို့ပေမဲ့ တစ်ခါတလေ သူပြောတဲ့စကားတွေက မှန်ကန်ကြောင်း၊ အခုနှစ်ရာသီမှာ အာဆင်နယ်ရဲ့ လုပ်ဆောင်ချက်တွေကို စိတ်ပျက်ရကြောင်း၊ လူငယ်ကစားသမားတွေများပြားနေတာကို ဆင်ခြေပေးလို့ မရကြောင်း၊ အာဆင်နယ်အနေနဲ့ အဆင့်လေးအတွင်းဝင်နိုင်ဖို့ လိုကြောင်း လေမန်းက ဆိုခဲ့ပါတယ်။

Weston-Mc-Kennie-Juventus-Barcelona-2020-e1607474077856
IMAGE: GOAL

⚽ ဂျူဗင်တပ်ကွင်းလယ်လူ မက်ကင်နေးဟာ နာပိုလီနဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး ဥရောပထိပ်တန်းလိဂ် (၄) ခုမှာ ပွဲ (၁၀၀) ပြည့်မြောက်တဲ့ ဒုတိယအသက်ငယ်ဆုံး အမေရိကန်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ မက်ကင်နေးဟာ ဂျူဗင်တပ်အတွက် ၂၅ ပွဲ၊ ရှော်လ်ကေးအတွက် ၇၅ ပွဲ ကစားထားတာပါ။ သူ့အရင် အဲဒီစံချိန်ကို အရင်ဆုံး ရထားတာက ချဲလ်ဆီး ကစားသမားပူလီဆစ်ပဲ ဖြစ်ပါတယ်။

[ZAWGYI]

1308167159-850x560
IMAGE: GOAL

⚽ စပါးကြင္းလယ္လူေဟာင္း အိုဟာရာကေတာ့ မန္ယူအေနနဲ႔ ေဒါ့မြန္တုိက္စစ္မွဴးဟာလန္းကို ေခၚယူႏုိင္မွာ မဟုတ္ဘူးလုိ႔ မွတ္ခ်က္ျပဳသံုးသပ္ခဲ့ပါတယ္။ “မန္ယူအေနနဲ႔ ဟာလန္းကို ေခၚႏိုင္မွာ မဟုတ္ပါဘူး။ ဟာလန္းက ဘာလို႔ မန္ယူကို ေျပာင္းရမွာလဲ။ ရီးရဲ၊ ဘာစီနဲ႔ မန္စီးတီးတုိ႔ကိုပဲ သြားမွာေပါ့”လို႔ အိုဟာရာက ဆုိခဲ့တာပါ။

1310643840-0
IMAGE: GOAL

⚽ ရီးရဲမက္ဒရစ္ ကစားသမားေဟာင္း မက္မာနာမန္ကေတာ့ ပီအက္စ္ဂ်ီတုိက္စစ္မွဴး အမ္ဘာေပအေနနဲ႔ မက္ဆီ၊ စီေရာ္နယ္ဒိုရဲ႕ ေျခရာကို လိုက္နင္းခ်င္ရင္ ပီအက္စ္ဂ်ီကေန ထြက္ခြာဖုိ႔ လိုအပ္ေၾကာင္း၊ ပီအက္စ္ဂ်ီမွာဆုိရင္ အမ္ဘာေပအေနနဲ႔ တုိးတက္မယ္လို႔ မထင္မွတ္မိေတာ့ေၾကာင္း သတိေပးခဲ့ပါတယ္။ လက္ရွိမွာ အမ္ဘာေပရဲ႕ အနာဂတ္ဟာ ေ၀၀ါးေနၿပီး ရီးရဲမက္ဒရစ္က သူ႔ကို ေခၚယူဖို႔ ႀကိဳးပမ္းေနပါတယ္

chelsea-porto-celebrate-2020-21-cbdv273t7wt51xtpql0zs6kp3
IMAGE: GOAL

⚽ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္လ္ကေတာ့ ၀က္စ္ဘရြန္းကို အံ့အားသင့္ဖြယ္ အေရးနိမ့္ခဲ့ၿပီးေနာက္ ေပၚတုိနဲ႔ပြဲမွာ သူ႔အသင္းဟာ အေကာင္းဆံုး တု႔ံ႔ျပန္လာတာ သိရွိခဲ့ေၾကာင္း၊ အ၀တ္လဲခန္းမွာ ကစားသမားေတြရဲ႕ တုံ႔ျပန္ပံုကိုေတြ႕ျမင္ရတာ အားရစရာေကာင္းေၾကာင္း၊ သူတုိ႔အသင္းဟာ အဆင္သင့္ျဖစ္ေနခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

jordan-larsson-borussia-dortmund-1sj59sfbuoirf1cw7bhnebwzag
IMAGE: GOAL

⚽ ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္ဟာ စပါးတပ္ေမာ္စကိုတုိက္စစ္မွဴး ေဂ်ာ္ဒန္လာဆင္ကို ေခၚယူဖုိ႔ စိတ္၀င္စားေနတယ္လုိ႔ သိရပါတယ္။ ေဂ်ာ္ဒန္လာဆင္ဟာ နာမည္ေက်ာ္ ဘာစီလုိနာ ကစားသမားေဟာင္း ဟန္ရစ္လာဆင္ရဲ႕ သားျဖစ္သူျဖစ္ၿပီး ေဒါ့မြန္က သူ႔ကို ဟာလန္းရဲ႕ေနရာမွာ အစားထိုးေနတာပါ။

lucas
IMAGE: GOAL

⚽ မက္ဒရစ္ဒါဘီၿပိဳင္ဘက္ေတြျဖစ္ၾကတဲ့ အက္သလက္နဲ႔ ရီးရဲမက္ဒရစ္တို႔ဟာ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ လူးကပ္စ္ဟာနန္ဒက္ဇ္ကို ေခၚယူဖို႔ အၿပိဳင္ႀကိဳးပမ္းလ်က္ရွိေနၾကတယ္လုိ႔ သိရပါတယ္။ လူးကပ္စ္ဟာနန္ဒက္ဇ္ဟာ အက္သလက္မွာ ၁၂ ႏွစ္ခန္႔ က်င္လည္ခဲ့သူျဖစ္ၿပီး အခုအခါ အက္သလက္က ျပန္လည္ေခၚဖုိ႔ စိတ္၀င္စားေနတာပါ။

sergio-ramos-real-madrid-1cx952an6s8xm100di9exrxg0j
IMAGE: GOAL

⚽ ရီးရဲမက္ဒရစ္ ကစားသမားေဟာင္း ေအာ္တင္ေတာ့ကေတာ့ ရီးရဲမက္ဒရစ္အေနနဲ႔ အသင္းေခါင္းေဆာင္ ရာမုိ႔စ္ကို ဆက္လက္ထိန္းသိမ္းဖုိ႔ ႀကိဳးပမ္းသြားရမွာျဖစ္ေၾကာင္း၊ ရာမုိ႔စ္ဟာ ကြင္းတြင္း၊ ကြင္းျပင္မွာအံ့အားသင့္ဖြယ္ ကစားသမားတစ္ဦးျဖစ္ေၾကာငး္၊ မိမိအေနနဲ႔ ရာမုိ႔စ္အေပၚ အလြန္ေလးစားမႈရွိေၾကာင္း ဆုိခဲ့ပါတယ္။

Untitled-collage-10-6f86-e1617733846729
IMAGE: GOAL

⚽ အာဆင္နယ္ရဲ႕႔ ပံုစံဟာ စိတ္ပ်က္စရာေကာင္းတယ္ဆုိတဲ့ မန္ယူေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္ရဲ႕ေ၀ဖန္ခ်က္ကို အာဆင္နယ္ဂိုးသမားေဟာင္း ယန္းေလမန္းက ေထာက္ခံခဲ့ပါတယ္။ ဂယ္ရီနဗီးလ္ကို ၿပိဳင္ဘက္အေနနဲ႔ႏွစ္ၿမိဳ႕ေပမဲ့ တစ္ခါတေလ သူေျပာတဲ့စကားေတြက မွန္ကန္ေၾကာင္း၊ အခုႏွစ္ရာသီမွာ အာဆင္နယ္ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို စိတ္ပ်က္ရေၾကာင္း၊ လူငယ္ကစားသမားေတြမ်ားျပားေနတာကို ဆင္ေျခေပးလို႔ မရေၾကာင္း၊ အာဆင္နယ္အေနနဲ႔ အဆင့္ေလးအတြင္း၀င္ႏုိင္ဖုိ႔ လိုေၾကာင္း ေလမန္းက ဆုိခဲ့ပါတယ္။

Weston-Mc-Kennie-Juventus-Barcelona-2020-e1607474077856
IMAGE: GOAL

⚽ ဂ်ဴဗင္တပ္ကြင္းလယ္လူ မက္ကင္ေနးဟာ နာပိုလီနဲ႔ပြဲမွာ ပါ၀င္ကစားခဲ့ၿပီး ဥေရာပထိပ္တန္းလိဂ္ (၄) ခုမွာ ပြဲ (၁၀၀) ျပည့္ေျမာက္တဲ့ ဒုတိယအသက္ငယ္ဆံုး အေမရိကန္ကစားသမားအျဖစ္ မွတ္တမ္း၀င္သြားခဲ့ပါတယ္။ မက္ကင္ေနးဟာ ဂ်ဴဗင္တပ္အတြက္ ၂၅ ပြဲ၊ ေရွာ္လ္ေကးအတြက္ ၇၅ ပြဲ ကစားထားတာပါ။ သူ႔အရင္ အဲဒီစံခ်ိန္ကို အရင္ဆံုး ရထားတာက ခ်ဲလ္ဆီး ကစားသမားပူလီဆစ္ပဲ ျဖစ္ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!