[UNICODE]

⚽ အာဆင်နယ်အသင်းဟာ ကွင်းလယ်ပိုင်းအတွက် လိဂ်ချန်ပီယံရှစ်ကလပ် နော့ဝှစ်ချ်ကွင်းလယ်လူ ဘူဒီယာကို စိတ်ဝင်စားနေဆဲလို့ Express Sport က ဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ အိုဒီဂတ်ကို အပြီးသတ် မခေါ်နိုင်ခဲ့ရင် တခြားကွင်းလယ်လူကို ခေါ်သွားရမှာဖြစ်ပြီး ဘူဒီယာကို ပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။

⚽ ရီးရဲမက်ဒရစ်ကစားသမားဟောင်း မိုက်ကယ်ကတော့ အခုနှစ်ရာသီ အက်သလက်တီကိုရဲ့ လက်ထဲက ချန်ပီယံဆုကို ရီးရဲမက်ဒရစ်တစ်သင်းတည်းကသာ လုယူနိုင်မှာဖြစ်ကြောင်း၊ ဒီရာသီမှာ အက်သလက်အနေနဲ့ ပုံစံပျက်သွားတာကို အံ့အားသင့်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။ အခုနှစ် လာလီဂါကို အစောပိုင်းက အက်သလက်က အမှတ်ဖြတ်ဦးဆောင်နေရာမှ အခုအခါ ဘာစီလိုနာ၊ ရီးရဲတို့နဲ့ အကြိတ်အနယ် ဖြစ်လာခဲ့ပါပြီ။

⚽ မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ သူအနေနဲ့ နည်းပြ ဆိုးလ်ရှားထံကနေ သင်ယူစရာတွေ အများအပြား ရရှိခဲ့ကြောင်း၊ ကစားသမားတစ်ယောက်အတွက် အရေးအကြီးဆုံးက နည်းပြဆီက ယုံကြည်ချက် ရရှိဖု့ိဖြစ်ကြောင်း၊ ဆိုးလ်ရှားဟာ သူ့အပေါ် လွှမ်းမိုးမှု ကြီးမားသူဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

⚽ ပရီးမီးယားလိဂ်ကလပ် လိဒ်စ်ယူနိုက်တက်ကတော့ မန်စီးတီးကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တောင်ပံကစားသမား ဂျက်ဟာရီဆင်ကို အပြီးသတ် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဟာရီဆင်ဟာ မန်စီးတီးကနေ လိဒ်စ်မှာ ၂ နှစ်အထိ အငှားနဲ့ ကစားခဲ့ပြီး လိဒ်စ်ကလာမဲ့ရာသီမှာ အပြီးသတ် ခေါ်တော့မှာပါ။

⚽ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ လိုင်လီနဲ့ပွဲမှာ ပြသခံခဲ့ရတဲ့ အနီကတ်အတွက် ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ နေမာဟာ အဲဒီပွဲမှာ ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရတာဖြစ်ပြီး ပုံမှန်ဆိုရင် တစ်ပွဲသာ ပယ်ခံရမှာဖြစ်ပေမဲ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။

⚽ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ဟာ တိုက်စစ်မှူး ဟာလန်းမရှိတော့မဲ့ အနာဂတ်အတွက ်ကြိုတင်ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။ ဒေ့ါမွန်ဟာ တကယ်လို့ ဟာလန်း ထွက်ခွာသွားရင် စတုဂတ်တိုက်စစ်မှူး Kalajdzic နဲ့ ပြန်လည်အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ တောက်ပတဲ့ စွမ်းဆောင်ရည်ကို ပြသထားပါတယ်။

⚽ လာလီဂါကလပ်ထိပ်သီးသကလပ် ရီးရဲမက်ဒရစ်နောက်ခံလူ ရာမို့စ်ကတော့ အယ်ဂလက်စီကိုပွဲမတိုင်ခင် အဓိကပြိုင်ဘက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ချီးကျူးခဲ့ပါတယ်။ “ဒီနှစ်တွေမှာ မက်ဆီကြောင့် ကျွန်တော်တို့ ဆုံးရှုံးခဲ့ရပါတယ်။ တကယ်လို့ မက်ဆီသာ ဘာစီလိုနာမှာ မကစားဘူးဆိုရင် ကျွန်တော်တို့ ဒီထက် ဖလားတွေ ရမှာပါ”လို့ ရာမို့စ်က ဆိုခဲ့ပါတယ်။

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကစားသမားဟောင်း ဖရန့်လီဘော်ကတော့ အခုနှစ်ရာသီမှာ ချဲလ်ဆီးအနေနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ချေမရှိကြောင်း၊ ချဲလ်ဆီး ချန်ပီယံလိဂ်ဖလားရမယ်လို့ တွေးနေတာ လက်တွေ့နဲ့ ဝေးကွားလွန်းကြောင်း၊ ချဲလ်ဆီးအနေနဲ့ တည်ငြိမ်မှု လိုအပ်နေသေးကြောင်း၊ မန်စီးတီး၊ ဘိုင်ယန်၊ ပီအက်စ်ဂျီတို့က ချဲလ်ဆီးထက် ပိုကောင်းကြောင်း သုံးသပ်ခဲ့ပါတယ်။
[ZAWGYI]

⚽ အာဆင္နယ္အသင္းဟာ ကြင္းလယ္ပိုင္းအတြက္ လိဂ္ခ်န္ပီယံရွစ္ကလပ္ ေနာ့၀ွစ္ခ်္ကြင္းလယ္လူ ဘူဒီယာကို စိတ္၀င္စားေနဆဲလို႔ Express Sport က ေဖာ္ျပထားပါတယ္။ အာဆင္နယ္ဟာ အိုဒီဂတ္ကို အၿပီးသတ္ မေခၚႏုိင္ခဲ့ရင္ တျခားကြင္းလယ္လူကို ေခၚသြားရမွာျဖစ္ၿပီး ဘူဒီယာကို ပစ္မွတ္ထားေနဆဲ ျဖစ္ပါတယ္။

⚽ ရီးရဲမက္ဒရစ္ကစားသမားေဟာင္း မိုက္ကယ္ကေတာ့ အခုႏွစ္ရာသီ အက္သလက္တီကုိရဲ႕ လက္ထဲက ခ်န္ပီယံဆုကို ရီးရဲမက္ဒရစ္တစ္သင္းတည္းကသာ လုယူႏုိင္မွာျဖစ္ေၾကာင္း၊ ဒီရာသီမွာ အက္သလက္အေနနဲ႔ ပံုစံပ်က္သြားတာကို အံ့အားသင့္မိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ အခုႏွစ္ လာလီဂါကို အေစာပိုင္းက အက္သလက္က အမွတ္ျဖတ္ဦးေဆာင္ေနရာမွ အခုအခါ ဘာစီလိုနာ၊ ရီးရဲတုိ႔နဲ႔ အႀကိတ္အနယ္ ျဖစ္လာခဲ့ပါၿပီ။

⚽ မန္ယူကြင္းလယ္လူ ဖာနန္ဒက္စ္ကေတာ့ သူအေနနဲ႔ နည္းျပ ဆိုးလ္ရွားထံကေန သင္ယူစရာေတြ အမ်ားအျပား ရရွိခဲ့ေၾကာင္း၊ ကစားသမားတစ္ေယာက္အတြက္ အေရးအႀကီးဆံုးက နည္းျပဆီက ယံုၾကည္ခ်က္ ရရွိဖု႔ိျဖစ္ေၾကာင္း၊ ဆုိးလ္ရွားဟာ သူ႔အေပၚ လႊမ္းမိုးမႈ ႀကီးမားသူျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

⚽ ပရီးမီးယားလိဂ္ကလပ္ လိဒ္စ္ယူႏုိက္တက္ကေတာ့ မန္စီးတီးကေန အငွားနဲ႔ ေခၚယူထားတဲ့ ေတာင္ပံကစားသမား ဂ်က္ဟာရီဆင္ကို အၿပီးသတ္ ေခၚယူႏုိင္မယ္လုိ႔ ယံုၾကည္ေနပါတယ္။ ဟာရီဆင္ဟာ မန္စီးတီးကေန လိဒ္စ္မွာ ၂ ႏွစ္အထိ အငွားနဲ႔ ကစားခဲ့ၿပီး လိဒ္စ္္ကလာမဲ့ရာသီမွာ အၿပီးသတ္ ေခၚေတာ့မွာပါ။

⚽ ပီအက္စ္ဂ်ီတုိက္စစ္မွဴး ေနမာဟာ လိုင္လီနဲ႔ပြဲမွာ ျပသခံခဲ့ရတဲ့ အနီကတ္အတြက္ ၂ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရပါတယ္။ ေနမာဟာ အဲဒီပြဲမွာ ၂ ၀ါ ၁ နီနဲ႔ အထုတ္ခံခဲ့ရတာျဖစ္ၿပီး ပံုမွန္ဆုိရင္ တစ္ပြဲသာ ပယ္ခံရမွာျဖစ္ေပမဲ့ ျပင္သစ္ေဘာလံုးအဖြဲ႕ခ်ဳပ္က ႏွစ္ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခဲ့တာပါ။

⚽ ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္ဟာ တုိက္စစ္မွဴး ဟာလန္းမရွိေတာ့မဲ့ အနာဂတ္အတြက ္ႀကိဳတင္ျပင္ဆင္ေနၿပီပဲ ျဖစ္ပါတယ္။ ေဒ့ါမြန္ဟာ တကယ္လုိ႔ ဟာလန္း ထြက္ခြာသြားရင္ စတုဂတ္တုိက္စစ္မွဴး Kalajdzic နဲ႔ ျပန္လည္အစားထိုးဖို႔ ျပင္ဆင္ေနပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ကစားသမားဟာ ဒီရာသီမွာ ေတာက္ပတဲ့ စြမ္းေဆာင္ရည္ကို ျပသထားပါတယ္။

⚽ လာလီဂါကလပ္ထိပ္သီးသကလပ္ ရီးရဲမက္ဒရစ္ေနာက္ခံလူ ရာမို႔စ္ကေတာ့ အယ္ဂလက္စီကိုပြဲမတုိင္ခင္ အဓိကၿပိဳင္ဘက္ ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီိကို ခ်ီးက်ဴးခဲ့ပါတယ္။ “ဒီႏွစ္ေတြမွာ မက္ဆီေၾကာင့္ ကၽြန္ေတာ္တုိ႔ ဆံုးရႈံးခဲ့ရပါတယ္။ တကယ္လုိ႔ မက္ဆီသာ ဘာစီလိုနာမွာ မကစားဘူးဆုိရင္ ကၽြန္ေတာ္တုိ႔ ဒီထက္ ဖလားေတြ ရမွာပါ”လို႔ ရာမုိ႔စ္က ဆုိခဲ့ပါတယ္။

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးကစားသမားေဟာင္း ဖရန္႔လီေဘာ္ကေတာ့ အခုႏွစ္ရာသီမွာ ခ်ဲလ္ဆီးအေနနဲ႔ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲႏုိင္ေခ်မရွိေၾကာင္း၊ ခ်ဲလ္ဆီး ခ်န္ပီယံလိဂ္ဖလားရမယ္လုိ႔ ေတြးေနတာ လက္ေတြ႕နဲ႔ ေ၀းကြားလြန္းေၾကာင္း၊ ခ်ဲလ္ဆီးအေနနဲ႔ တည္ၿငိမ္မႈ လိုအပ္ေနေသးေၾကာင္း၊ မန္စီးတီး၊ ဘိုင္ယန္၊ ပီအက္္စ္ဂ်ီတုိ႔က ခ်ဲလ္ဆီးထက္ ပိုေကာင္းေၾကာင္း သံုးသပ္ခဲ့ပါတယ္။