8-April-2021 Evening News မ်ား

[UNICODE]

erling-haaland-octavian-sovre-ap16ss1aj34z1dcso1uewsdya
IMAGE: GOAL

⚽ မန်စီးတီးနဲ့ ဒေါ့မွန်တို့ပွဲမှာ ရိုမေးနီးယားဒိုင်အနေနဲ့ ဟာလန်းရဲ့ လက်မှတ်ကို ဘာကြောင့် တောင်းရသလဲဆိုတာ SOS Autism Bihor Association အဖွဲ့ ဥက္ကဋ္ဌဇီဘတ်က ဖွင့်ဟခဲ့ပါတယ်။ အဲဒီဒိုင်ဟာ နာမည်ကျော် ကစားသမားတွေရဲ့ လက်မှတ်ကို တောင်းပြီး လေလံပြန်တင်ကာ သူ့ဒေသတွင်းမှာရှိတဲ့ အထီးကျန်ဝေဒနာ ခံစားနေရသူတွေကို ထောက်ပံ့ပေးတာပါ။ ဒါနဲ့ ပတ်သက်ပြီး ဇီဘတ်က “သူက မြင့်မြတ်တဲ့စိတ်ထားနဲ့ ဒီလက်မှတ်ကိ ုတောင်းဆိုခဲ့တာပါ။ ဒါကိ လူတွေက မသိလို့ ဖြစ်ပါလိမ့်မယ်”လို့ ရှင်းပြခဲ့ပါတယ်။

Getty-Images-1232165902
IMAGE: GOAL

⚽ ချဲလ်ဆီးကွင်းလယ်လူ မစ်ဆန်မောင့်ကတော့ ပေါ်တိုကို အဝေးကွင်းမှာ ၂ ဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ အောင်ပွဲခံမစောကြဖို့ အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။ ပွဲဟာ မပြီးဆုံးသေးကြောင်း၊ သူတို့နိုင်ပွဲသွားပြီ သတ်မှတ်လို့ မရသးကြောင်း၊ အခုမှ တစ်ဝက်ပဲပြီးဆုံးသေးကြောင်း မစ်ဆန်မောင့်က ဆိုခဲ့တာပါ။

i
IMAGE: GOAL

⚽ တာတိုအဝေးချန်ပီယံ အူစိန်ဘော့ကတော့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့နှစ်ဦးထဲမှာ စီရော်နယ်ဒိုကို ရွေးချယ်ခဲ့ပါတယ်။ “ဒါက ကျွန်တော့်အတွက် ခက်ခဲတဲ့ရွေးချယ်မှုပါ။ ကျွန်တော်က အာဂျင်းတီးနားကို အားပေးပြီးစီရော်နယ်ဒိုရဲ့ အမာခံပရိသတ်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုက လိဂ်များစွာမှာ သက်သေပြခဲ့သူပါ။ ဒါကြောင့် စီရော်နယ်ဒိုကို ရွေးပါမယ်”လို့ အူစိန်ဘော့က ဆိုခဲ့တာပါ။

22-01-2021-Fussball-Saison-2020-2021-Training-FC-Schalke-04-Klaas-Jan-Huntelaar-FC- Schalke-04-RHR-FO
IMAGE: GOAL

⚽ နယ်သာလန်ဝါရင့်တိုက်စစ်မှူးကြီး ဟန်တယ်လာကတော့ လာမဲ့ရာသီမှာ ဘွန်ဒက်လီဂါကလပ် ရှော်လ်ကေမှာသာ ဆက်နေဖို့ စီစဉ်နေပါတယ်။ တကယ်လို့ ရှော်လ်ကေးအနေနဲ့ လာမဲ့ရာသီမှာ တန်းဆင်းသွားခဲ့ရင်တောင် ရှော်လ်ကေးမှာသာ ဆက်နေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

lucas-torreira-atletico-madrid-2020-21-10230yfuy4j2a12ese66okhr5n
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလ်ပ အာဆင်နယ်နည်းပြ အာတီတာကတော့ မိမိတို့အနေနဲ့ အက်သလက်ထံ အငှားချထားတဲ့ ကွင်းလယ်လူ တော်ရဲရားနဲ့ ဆက်သွယ်မှုရှိကြောင်း၊ အမေဖြစ်သူဆုံးပါးသွားတဲ့အတွက် ဒီအချိန်ဟာ တော်ရဲရားအတွက် ခက်ခဲတဲ့အချိန်ဖြစ်ကြောင်း၊ မိသားစုနဲ့ နီးကပ်စွာ နေချင်တဲ့ သူ့ဆန္ဒကိုနားလည်ပါကြောင်း၊ တော်ရဲရားနဲ့ ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်မှ မချမှတ်ရသေးကြောင်း အာတီတာက ဖွင့်ဟခဲ့ပါတယ်။

FILES-In-this-file-photo-taken-on-December-01-2019-Manchester-United-s-English-striker-Marcus-Rashfo
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ သူ့အနေနဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ကို အရဲစွန့်အသုံးပြုသွးမှာ မဟုတ်ကြောင်း၊ ရက်ဖို့်ဒ်ကို ပွဲထွက်မှာ သုံး၊ မသုံးဆိုတာ မဆုံးဖြတ်ရသေးကြောင်း၊ ရက်ဖို့ဒ်ဟာ မိနစ် ၉၀ ပြည့် မကစားနိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Phil-Foden
IMAGE: GOAL

⚽ Sky Sports ရဲ့ အပြောင်းအရွှေ့ရေးရာ ကျွမ်းကျင်သူ ဒီမာဇီယိုကတော့ အီတလီကလပ် ပါမားအသင်းဟာ ၂၀၁၉ ခုနှစ်တုန်းက မန်စီးတီးလူငယ်ကြယ်ပွင့် ဖိုဒန်ကို အငှားနဲ့ ခေါ်ယူဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ကြောင်း၊ ဒါပေမဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပယ်ချခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

thomas-muller-bayern-psg-2020-21-qxdninc1uwmf1fhpgdnz33tea
IMAGE: GOAL

⚽ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မူလာကတော့ ပီအက်စ်ဂျီနဲ့ရှုံးပွဲအတွက် အသင်းရဲ့တိုက်စစ်ပိုင်း ဝေဖန်ခဲ့ပါတယ်။ သူတို့အနေနဲ့ အခုထက်ပိုမို ဂိုးသွင်းနိုင်ခဲ့သင့်ကြောင်း၊ ပေးလိုက်ရတဲ့ဂိုးတွေအတွက် ဝေဖန်နေကြပေမဲ့ တကယ်လို့ ၆-၃ ရလဒ်နဲ့သာ ပွဲပြီးခဲ့ရင် သူတို့ကို ဘယ်သူ့မှ အငြင်းပွားမှာ မဟုတ်ကြောင်း မူလာက ညဉ်းတွားခဲ့တာပါ။

[ZAWGYI]

erling-haaland-octavian-sovre-ap16ss1aj34z1dcso1uewsdya
IMAGE: GOAL

⚽ မန္စီးတီးနဲ႔ ေဒါ့မြန္တို႔ပြဲမွာ ရိုေမးနီးယားဒိုင္အေနနဲ႔ ဟာလန္းရဲ႕ လက္မွတ္ကို ဘာေၾကာင့္ ေတာင္းရသလဲဆုိတာ SOS Autism Bihor Association အဖြဲ႕ ဥကၠ႒ဇီဘတ္က ဖြင့္ဟခဲ့ပါတယ္။ အဲဒီဒိုင္ဟာ နာမည္ေက်ာ္ ကစားသမားေတြရဲ႕ လက္မွတ္ကို ေတာင္းၿပီး ေလလံျပန္တင္ကာ သူ႔ေဒသတြင္းမွာရွိတဲ့ အထီးက်န္ေ၀ဒနာ ခံစားေနရသူေတြကို ေထာက္ပံ့ေပးတာပါ။ ဒါနဲ႔ ပတ္သက္ၿပီး ဇီဘတ္က “သူက ျမင့္ျမတ္တဲ့စိတ္ထားနဲ႔ ဒီလက္မွတ္ကိ ုေတာင္းဆုိခဲ့တာပါ။ ဒါကိ လူေတြက မသိလို႔ ျဖစ္ပါလိမ့္မယ္”လို႔ ရွင္းျပခဲ့ပါတယ္။

Getty-Images-1232165902
IMAGE: GOAL

⚽ ခ်ဲလ္ဆီးကြင္းလယ္လူ မစ္ဆန္ေမာင့္ကေတာ့ ေပၚတုိကို အေ၀းကြင္းမွာ ၂ ဂိုးျပတ္အႏုိင္ရခဲ့ေပမဲ့ ေအာင္ပြဲခံမေစာၾကဖို႔ အသင္းေဖာ္ေတြကို သတိေပးလိုက္ပါတယ္။ ပြဲဟာ မၿပီးဆုံးေသးေၾကာင္း၊ သူတုိ႔ႏုိင္ပြဲသြားၿပီ သတ္မွတ္လို႔ မရသးေၾကာင္း၊ အခုမွ တစ္၀က္ပဲၿပီးဆံုးေသးေၾကာင္း မစ္ဆန္ေမာင့္က ဆုိခဲ့တာပါ။

i
IMAGE: GOAL

⚽ တာတိုအေ၀းခ်န္ပီယံ အူစိန္ေဘာ့ကေတာ့ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ႏွစ္ဦးထဲမွာ စီေရာ္နယ္ဒုိကို ေရြးခ်ယ္ခဲ့ပါတယ္။ “ဒါက ကၽြန္ေတာ့္အတြက္ ခက္ခဲတဲ့ေရြးခ်ယ္မႈပါ။ ကၽြန္ေတာ္က အာဂ်င္းတီးနားကို အားေပးၿပီးစီေရာ္နယ္ဒိုရဲ႕ အမာခံပရိသတ္လည္းျဖစ္ပါတယ္။ ဒါေပမဲ့ စီေရာ္နယ္ဒိုက လိဂ္မ်ားစြာမွာ သက္ေသျပခဲ့သူပါ။ ဒါေၾကာင့္ စီေရာ္နယ္ဒုိကို ေရြးပါမယ္”လုိ႔ အူစိန္ေဘာ့က ဆုိခဲ့တာပါ။

22-01-2021-Fussball-Saison-2020-2021-Training-FC-Schalke-04-Klaas-Jan-Huntelaar-FC- Schalke-04-RHR-FO
IMAGE: GOAL

⚽ နယ္သာလန္၀ါရင့္တုိက္စစ္မွဴးႀကီး ဟန္တယ္လာကေတာ့ လာမဲ့ရာသီမွာ ဘြန္ဒက္္လီဂါကလပ္ ေရွာ္လ္ေကမွာသာ ဆက္ေနဖုိ႔ စီစဥ္ေနပါတယ္။ တကယ္လုိ႔ ေရွာ္လ္ေကးအေနနဲ႔ လာမဲ့ရာသီမွာ တန္းဆင္းသြားခဲ့ရင္ေတာင္ ေရွာ္လ္ေကးမွာသာ ဆက္ေနသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

lucas-torreira-atletico-madrid-2020-21-10230yfuy4j2a12ese66okhr5n
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလ္ပ အာဆင္နယ္နည္းျပ အာတီတာကေတာ့ မိမိတုိ႔အေနနဲ႔ အက္သလက္ထံ အငွားခ်ထားတဲ့ ကြင္းလယ္လူ ေတာ္ရဲရားနဲ႔ ဆက္သြယ္မႈရွိေၾကာင္း၊ အေမျဖစ္သူဆံုးပါးသြားတဲ့အတြက္ ဒီအခ်ိန္ဟာ ေတာ္ရဲရားအတြက္ ခက္ခဲတဲ့အခ်ိန္ျဖစ္ေၾကာင္း၊ မိသားစုနဲ႔ နီးကပ္စြာ ေနခ်င္တဲ့ သူ႔ဆႏၵကိုနားလည္ပါေၾကာင္း၊ ေတာ္ရဲရားနဲ႔ ပတ္သက္ၿပီး ဘာဆံုးျဖတ္ခ်က္မွ မခ်မွတ္ရေသးေၾကာင္း အာတီတာက ဖြင့္ဟခဲ့ပါတယ္။

FILES-In-this-file-photo-taken-on-December-01-2019-Manchester-United-s-English-striker-Marcus-Rashfo
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူႏုိက္တက္နည္းျပ ဆုိးလ္ရွားကေတာ့ သူ႔အေနနဲ႔ တုိက္စစ္မွဴး ရက္ဖုိ႔ဒ္ကို အရဲစြန္႔အသံုးျပဳသြးမွာ မဟုတ္ေၾကာင္း၊ ရက္ဖုိ႔္ဒ္ကို ပြဲထြက္မွာ သံုး၊ မသံုးဆိုတာ မဆံုးျဖတ္ရေသးေၾကာင္း၊ ရက္ဖုိ႔ဒ္ဟာ မိနစ္ ၉၀ ျပည့္ မကစားႏုိင္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

Phil-Foden
IMAGE: GOAL

⚽ Sky Sports ရဲ႕ အေျပာင္းအေရႊ႕ေရးရာ ကၽြမ္းက်င္သူ ဒီမာဇီယိုကေတာ့ အီတလီကလပ္ ပါမားအသင္းဟာ ၂၀၁၉ ခုႏွစ္တုန္းက မန္စီးတီးလူငယ္ၾကယ္ပြင့္ ဖုိဒန္ကို အငွားနဲ႔ ေခၚယူဖုိ႔ ႏွစ္ႀကိမ္တုိင္တုိင္ ႀကိဳးပမ္းခဲ့ေၾကာင္း၊ ဒါေပမဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာက ပယ္ခ်ခဲ့ေၾကာင္း ထုတ္ေဖာ္ခဲ့ပါတယ္။

thomas-muller-bayern-psg-2020-21-qxdninc1uwmf1fhpgdnz33tea
IMAGE: GOAL

⚽ ဘုိင္ယန္ျမဴးနစ္တိုက္စစ္မွဴး မူလာကေတာ့ ပီအက္စ္ဂ်ီနဲ႔ရႈံးပြဲအတြက္ အသင္းရဲ႕တုိက္စစ္ပိုင္း ေ၀ဖန္ခဲ့ပါတယ္။ သူတုိ႔အေနနဲ႔ အခုထက္ပိုမို ဂုိးသြင္းႏုိင္ခဲ့သင့္ေၾကာင္း၊ ေပးလိုက္ရတဲ့ဂိုးေတြအတြက္ ေ၀ဖန္ေနၾကေပမဲ့ တကယ္လုိ႔ ၆-၃ ရလဒ္နဲ႔သာ ပြဲၿပီးခဲ့ရင္ သူတုိ႔ကို ဘယ္သူ႔မွ အျငင္းပြားမွာ မဟုတ္ေၾကာင္း မူလာက ညဥ္းတြားခဲ့တာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!