8-April-2021 Tea Break သတင္းမ်ား

[UNICODE]

0-Getty-Images-1232165632
IMAGE: GOAL

⚽ ပေါ်တိုနဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်လူ မစ်ဆန်မောင့်ကို နည်းပြတူချယ်နဲ့ ကစားသမားဟောင်း ဂျိုကိုးလ်တို့က ချီးကျူးခဲ့ပါတယ်။ မစ်ဆန်မောင့်ဟာ အသင်းအတွက် အလွန်အရေးပါတဲ့ လူငယ်တစ်ဦးဖြစ်ကြောင်း၊ ပေါ်တိုနဲ့ပွဲက အဆုံးသတ်စွမ်းရည်ဟာ သူ့အတွက် ကြီးမားတဲ့ ခြေလှမ်းဖြစ်ကြောင်း တူချယ်က ဆိုခဲ့တာပါ။

16147034700498
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာဟာ မန်ချက်စတာယူနိုက်တက် ပစ်မှတ်ထားနေတဲ့ တောာင်ပံကစားသမား ဒမ်ဘီလီကို ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်လိုနေပါတယ်။ ဘာစီလိုနာရောက်ပြီးကတည်းကဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ ဒမ်ဘီလီဟာ ဒီရာသီမှာတော့ ခြေစွမ်းကောင်းကို ပြသထားပါတယ်။ ဒမ်ဘီလီရဲ့ စာချုပ်ဟာ ၂၀၂၂ ခုနှစ်အထိ ရှိနေတာပါ။

Arsenal-v-Liverpool-Premier-League-6c19e1556b50df772e66f0d066c8d796
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ ်အာဆင်နယ်ဟာ လာမဲ့အပြောင်းအရွှေ့မှာ တိုက်စစ်မှူးလာကာဇက်ကို သေချာပေါက်ရောင်းချသွားတော့မှာဖြစ်တယ်လို့ 90min က ဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ အပြောင်းအရွှေ့ဘတ်ဂျတ်ရှာဖွေနေတာဖြစ်ပြီး လက်ရှိမှာ လာကာဇက်ကို ရိုးမား၊ ဆီဗီးလ်နဲ့ အက်သလက်တို့က စိတ်ဝင်စားနေပါတယ်။

eric-choupo-moting-bayern-munich-128ii9bt7hdbb152twepi8cf5c
IMAGE: GOAL

⚽ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မိုတင်းဟာ သူ့အနေနဲ့ အသင်းမှာသာ ဆက်နေမယ့်အကြောင်း ဖွင့်ဟလာပါတယ်။ ဘိုင်ယန်မှာ ဆက်နေမလားဆိုတဲ့မေးခွန်းကို မိုတင်းက “ဒါပေါ့။ ဒီအသင်းရဲ့ အစိတ်အပိုင်းဖြစ်ခွင့်ရတာ ကျေနပ်မိပါတယ်။ ကျွန်တော်တို့ဟာ ရည်မှန်းချက်တွေကို အတူတကွ ဖော်ဆောင်ဖို့ ကြိုးပမ်းနေတာပါ”လို့ မိုတင်းက ဆိုခဲ့ပါတယ်။

eric-dier-tottenham-2020-21-1vx9xzwd8iiz717lmlnjlqh4y3
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် စပါးကွင်းလယ်လူ ဒိုင်ယာကတော့ သူ့အနေနဲ့ စပါးအသင်းကို အလွန်ချစ်ခင်တဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။ သူသေသွားခဲ့ရင် သူ့ရဲ့အရိုးပြာကို စပါးကွင်းမှာ ထားရှိသွားမယ်လို့ ဒိုင်ယာက ဆိုခဲ့တာပါ။ ဒိုင်ယာဟာ စပါးကို ၂၀၁၄ ခုနှစ်တုန်းက ပြောင်းလာခဲ့ပြီး ပြိုင်ပွဲစုံ ၂၇၁ ပွဲ ကစားထားပါတယ်။

Imagen-Quay-153739793-kq-VE-U12026436704053-G-624x385-Ideal
IMAGE: GOAL

⚽ ဂရန်နာဒါဝါရင့်တိုက်စစ်မှူး ဆိုဒါဒိုကတော့ ယူရိုပါလိဂ်မှာ မန်ချက်စတာယူနိုက်တက်ကို ဖြုတ်ချသွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။ မန်ယူနဲ့ပွဲမှာ သူတို့ရဲ့ ပုံစံကောင်းကို ပြသသွားမှာဖြစ်ကြောင်း၊ မန်ယူကို ဖြုတ်ချနိုင်ဖို့စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုအပ်ကြောင်း၊ သူတို့ဟာ အသင်းငယ်လေးဖြစ်ပေမဲ့ ရည်မှန်းချက်ကြီးမားကြောင်း ဆိုဒါဒိုက ဆိုခဲ့ပါတယ်။

mbappe-bayern-psg-champions-league-quarterfinals-07042021-x6ij9kdc7ihk14szhc4pjxavy
IMAGE: GOAL

⚽ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကတော့ သူ့အနေနဲ့ ဘိုင်ယန်ကို အလဲထိုးနိုင်ခဲ့တဲ့အပေါ် ကျေနပ်မိကြောင်း၊ ပုံးကွယ်ဖို့အတွက် မြူးနစ်ကို ရောက်လာတာမဟုတ်ကြောင်း၊ အခုလို ပွဲကြီးပွဲကောင်းတွေကို ဆင်နွှဲရတာ နှစ်သက်ကြောင်း၊ ဒုတိယအကျော့မှာလည်း ယုံကြည်ချက်ရှိရှိ တိုက်ခိုက်သွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

pirlo-juventus-lazio-13c87ijanavrh1hk1of9457ua3
IMAGE: GOAL

⚽ စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်နည်းပြ ပီယာလိုကတော့ ပထမဆုံးရာသီမှာ သူ့အနေနဲ့ အမှားများစွာ ကျူးလွန်ခဲ့မိကြောင်း၊ ဒါပေမဲ့ အဲဒီအမှားတွေကနေ သင်ခန်းစာယူပြီး ပြန်လည်စတင်သွားမှာဖြစ်ကြောင်း၊ ပထမဆုံးရာသီမှာ သူ့အနေနဲ့ အတွေ့အကြုံများစွာ ယူခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။

QVNIMTE5-ODU2-Mz-Q5
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် လိဒ်စ်ယူနိုက်တက်ဟာ အဓိက ကစားသမားနှစ်ယောက်ဖြစ်တဲ့ ကွင်း လယ်လူု ဖီလစ်နဲ့ တိုက်စစ်မှူး ဘန်ဖို့ဒ်တို့ကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ကမ်းလှမ်းထားတယ်လို့ Telegraph ကဖော်ပြထားပါတယ်။ ဖီလစ်ရဲ့ လက်ရှိစာချုပ်က ၂၀၂၄ ခုနှစ်အထိ ရှိနေပြီး ဘန်ဖို့ဒ်ကတော့ ၂၀၂၂ ခုနှစ်အထိ ရှိနေတာပါ။

Suarez
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် အက်သလက်တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ကြွက်သားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်ရဦးမှာဖြစ်ပြီး ဘယ်လောက်အထိ အနားယူရမလဲဆိုတာ မသိသေးပါဘူး။ ဆွာရက်ဇ်ဟာ ဘက်တစ်နဲ့ပွဲကိုတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာပါ။

[ZAWGYI]

0-Getty-Images-1232165632
IMAGE: GOAL

⚽ ေပၚတုိနဲ႔ပြဲမွာ ေျခစြမ္းျပႏုိင္ခဲ့တဲ့ ခ်ဲလ္ဆီးကြင္းလယ္လူ မစ္ဆန္ေမာင့္ကို နည္းျပတူခ်ယ္နဲ႔ ကစားသမားေဟာင္း ဂိ်ဳကိုးလ္တို႔က ခ်ီးက်ဴးခဲ့ပါတယ္။ မစ္ဆန္ေမာင့္ဟာ အသင္းအတြက္ အလြန္အေရးပါတဲ့ လူငယ္တစ္ဦးျဖစ္ေၾကာင္း၊ ေပၚတုိနဲ႔ပြဲက အဆံုးသတ္စြမ္းရည္ဟာ သူ႔အတြက္ ႀကီးမားတဲ့ ေျခလွမ္းျဖစ္ေၾကာင္း တူခ်ယ္က ဆုိခဲ့တာပါ။

16147034700498
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ဘာစီလိုနာဟာ မန္ခ်က္စတာယူႏုိက္တက္ ပစ္မွတ္ထားေနတဲ့ ေတာာင္ပံကစားသမား ဒမ္ဘီလီကို ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း တိုးျမွင့္လိုေနပါတယ္။ ဘာစီလိုနာေရာက္ၿပီးကတည္းကဒဏ္ရာေတြနဲ႔ ရုန္းကန္ေနရတဲ့ ဒမ္ဘီလီဟာ ဒီရာသီမွာေတာ့ ေျခစြမ္းေကာင္းကို ျပသထားပါတယ္။ ဒမ္ဘီလီရဲ႕ စာခ်ဳပ္ဟာ ၂၀၂၂ ခုႏွစ္အထိ ရွိေနတာပါ။

Arsenal-v-Liverpool-Premier-League-6c19e1556b50df772e66f0d066c8d796
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ ္အာဆင္နယ္ဟာ လာမဲ့အေျပာင္းအေရႊ႕မွာ တုိက္စစ္မွဴးလာကာဇက္ကို ေသခ်ာေပါက္ေရာင္းခ်သြားေတာ့မွာျဖစ္တယ္လုိ႔ 90min က ေဖာ္ျပထားပါတယ္။ အာဆင္နယ္ဟာ အေျပာင္းအေရႊ႕ဘတ္ဂ်တ္ရွာေဖြေနတာျဖစ္ၿပီး လက္ရွိမွာ လာကာဇက္ကို ရိုးမား၊ ဆီဗီးလ္နဲ႔ အက္သလက္တုိ႔က စိတ္၀င္စားေနပါတယ္။

eric-choupo-moting-bayern-munich-128ii9bt7hdbb152twepi8cf5c
IMAGE: GOAL

⚽ ဘုိင္ယန္ျမဴးနစ္တိုက္စစ္မွဴး မိုတင္းဟာ သူ႔အေနနဲ႔ အသင္းမွာသာ ဆက္ေနမယ့္အေၾကာင္း ဖြင့္ဟလာပါတယ္။ ဘိုင္ယန္မွာ ဆက္ေနမလားဆိုတဲ့ေမးခြန္းကို မိုတင္းက “ဒါေပါ့။ ဒီအသင္းရဲ႕ အစိတ္အပိုင္းျဖစ္ခြင့္ရတာ ေက်နပ္မိပါတယ္။ ကၽြန္ေတာ္တုိ႔ဟာ ရည္မွန္းခ်က္ေတြကို အတူတကြ ေဖာ္ေဆာင္ဖုိ႔ ႀကိဳးပမ္းေနတာပါ”လို႔ မိုတင္းက ဆုိခဲ့ပါတယ္။

eric-dier-tottenham-2020-21-1vx9xzwd8iiz717lmlnjlqh4y3
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ စပါးကြင္းလယ္လူ ဒိုင္ယာကေတာ့ သူ႔အေနနဲ႔ စပါးအသင္းကို အလြန္ခ်စ္ခင္တ့ဲအေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ သူေသသြားခဲ့ရင္ သူ႔ရဲ႕အရုိးျပာကို စပါးကြင္းမွာ ထားရွိသြားမယ္လုိ႔ ဒိုင္ယာက ဆုိခဲ့တာပါ။ ဒိုင္ယာဟာ စပါးကို ၂၀၁၄ ခုႏွစ္တုန္းက ေျပာင္းလာခဲ့ၿပီး ၿပိဳင္ပြဲစံု ၂၇၁ ပြဲ ကစားထားပါတယ္။

Imagen-Quay-153739793-kq-VE-U12026436704053-G-624x385-Ideal
IMAGE: GOAL

⚽ ဂရန္နာဒါ၀ါရင့္တိုက္စစ္မွဴး ဆိုဒါဒိုကေတာ့ ယူရိုပါလိဂ္မွာ မန္ခ်က္စတာယူႏုိက္တက္ကို ျဖဳတ္ခ်သြားမယ္လုိ႔ ႀကံဳး၀ါးလိုက္ပါတယ္။ မန္ယူနဲ႔ပြဲမွာ သူတုိ႔ရဲ႕ ပံုစံေကာင္းကို ျပသသြားမွာျဖစ္ေၾကာင္း၊ မန္ယူကို ျဖဳတ္ခ်ႏုိင္ဖို႔စိတ္ဓာတ္ႀကံ႕ခိုင္ဖုိ႔ လိုအပ္ေၾကာင္း၊ သူတုိ႔ဟာ အသင္းငယ္ေလးျဖစ္ေပမဲ့ ရည္မွန္းခ်က္ႀကီးမားေၾကာင္း ဆုိဒါဒိုက ဆုိခဲ့ပါတယ္။

mbappe-bayern-psg-champions-league-quarterfinals-07042021-x6ij9kdc7ihk14szhc4pjxavy
IMAGE: GOAL

⚽ ဘိုင္ယန္ျမဴးနစ္နဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ပီအက္စ္ဂ်ီတုိက္စစ္မွဴး အမ္ဘာေပကေတာ့ သူ႔အေနနဲ႔ ဘိုင္ယန္ကို အလဲထုိးႏုိင္ခဲ့တဲ့အေပၚ ေက်နပ္မိေၾကာင္း၊ ပံုးကြယ္ဖုိ႔အတြက္ ျမဴးနစ္ကို ေရာက္လာတာမဟုတ္ေၾကာင္း၊ အခုလို ပြဲႀကီးပြဲေကာင္းေတြကို ဆင္ႏႊဲရတာ ႏွစ္သက္ေၾကာင္း၊ ဒုတိယအေက်ာ့မွာလည္း ယံုၾကည္ခ်က္ရွိရွိ တုိက္ခိုက္သြားမွာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

pirlo-juventus-lazio-13c87ijanavrh1hk1of9457ua3
IMAGE: GOAL

⚽ စီးရီးေအထိပ္သီးကလပ္ ဂ်ဴဗင္တပ္နည္းျပ ပီယာလိုကေတာ့ ပထမဆံုးရာသီမွာ သူ႔အေနနဲ႔ အမွားမ်ားစြာ က်ဴးလြန္ခဲ့မိေၾကာင္း၊ ဒါေပမဲ့ အဲဒီအမွားေတြကေန သင္ခန္းစာယူၿပီး ျပန္လည္စတင္သြားမွာျဖစ္ေၾကာင္း၊ ပထမဆံုးရာသီမွာ သူ႔အေနနဲ႔ အေတြ႕အႀကံဳမ်ားစြာ ယူခဲ့ရေၾကာင္း ၀န္ခံခဲ့ပါတယ္။

QVNIMTE5-ODU2-Mz-Q5
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ လိဒ္စ္ယူနုိက္တက္ဟာ အဓိက ကစားသမားႏွစ္ေယာက္ျဖစ္တဲ့ ကြင္း လယ္လူု ဖီလစ္နဲ႔ တိုက္စစ္မွဴး ဘန္ဖို႔ဒ္တုိ႔ကို စာခ်ဳပ္သက္တမ္း တုုိးျမွင့္ဖုိ႔ ကမ္းလွမ္းထားတယ္လုိ႔ Telegraph ကေဖာ္ျပထားပါတယ္။ ဖီလစ္ရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၄ ခုႏွစ္အထိ ရွိေနၿပီး ဘန္ဖို႔ဒ္ကေတာ့ ၂၀၂၂ ခုႏွစ္အထိ ရွိေနတာပါ။

Suarez
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ အက္သလက္တုိက္စစ္မွဴး ဆြာရက္ဇ္ဟာ ၾကြက္သားဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။ ဒဏ္ရာကို စစ္ေဆးမႈေတြ ျပဳလုပ္ရဦးမွာျဖစ္ၿပီး ဘယ္ေလာက္အထိ အနားယူရမလဲဆုိတာ မသိေသးပါဘူး။ ဆြာရက္ဇ္ဟာ ဘက္တစ္နဲ႔ပြဲကိုေတာ့ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္မွာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!