8-April-2021 အေျပာင္းအေရႊ႕သတင္းမ်ား

[UNICODE]

Andrea-Belotti-of-Torino-FC-during-the-warm-up-looks-on-prior-to-the-Serie-A-football-match-between
IMAGE: GOAL

⚽ စီးရီးအေထိပ်သီးကလပ်တွေဖြစ်ကြတဲ့ ရိုးမားနဲ့ အေစီမီလန်တို့ဟာ တိုရီနိုတိုက်စစ်မှူး ဘီလော့တီကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေကြပါတယ်။ ဘီလော့တီဟာ တိုရီနိုမှာ ကာလရှည်နေခဲံ့ပြီးနောက် ဥရောပပြိုင်ပွဲတွေကစားရမဲ့ အသင်းကို ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။

brandon-williams
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းဟာ မန်ချက်စတာယူနိုက်တက်လူငယ်ကြယ်ပွင့် ဘရန်ဒန်ဝီလီယံကို အငှားနဲ့ ခေါ်ယူချင်နေကြောင်း The Sun က ဖော်ပြထားပါတယ်။ ဆောက်သမ်တန်ဟာ ဝီလီယံကို ပြီးခဲ့တဲ့ ဇန်နဝါရီကလည်း အငှားနဲ့ ခေါ်ဖို့ ကြိုးပမ်းခဲ့သေးတာပါ။

f3t6vkuhsrchq674mctp
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးဟာ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းကို စာချုပ်သက်တမ်း တိုးမြှင့်ပြီးနောက် ဖိုဒန်နဲ့ စတာလင်တို့ကိုလည်း စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ဖို့ စီစဉ်နေပါတယ်။ အဂူရို ထွက်ခွာဖွယ်ရှိနေတဲ့ အနေအထားမှာ မန်စီးတီးက တခြား အဓိက ကစားသမားတွေကို ဆက်ထိန်းလိုနေပြီး အခုနှစ်ရာသီမကုန်ခင် သူတို့နှစ်ယောက်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ စီစဉ်နေတာပါ။

internazionale-cinema-App
IMAGE: GOAL

⚽ ချဲလ်ဆီးအသင်းဟာ အင်တာမီလန်တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ မျက်စီကျနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ ဟာလန်းကို မခေါ်နိုင်ခဲ့ရင် လူကာကူကို မြားဦးလှည့်ဖို့ ရှိနေပါတယ်။ ဒါပေမဲ့ လူကာကူကိုခေါ်ချင်ရင်တော့ ယူရိုသန်း ၁၀၀ ကျော်အသုံးပြုဖို့ ရှိနေပါတယ်။ ချဲလ်ဆီးဟာ လူကာကူကို ၂၀၁၄ ခုနှစ်မှာ ပေါင် ၂၈ သန်းတည်းနဲ့ ရောင်းချခဲ့တာပါ။

BURNLEY-ENGLAND-SEPTEMBER-26-Jannik-Vestergaard-of-Southampton-looks-on-during-the-Premier-League-ma
IMAGE: GOAL

⚽ စပါးအသင်းဟာ ဆောက်သမ်တန်နောက်ခံလူ ဗတ်စတာဂတ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ စပါးဟာ လာမဲ့အပြောင်းအရွှေ့မှာ နောက်တန်းကို အားဖြည့်ဖို့ စီစဉ်နေပြီးအင်တာနောက်ခံလူ ရှရီနီယာကိုလည်း ပစ်မှတ်ထားနေတာပါ။ ဗတ်စတာဂတ်ရဲ့ တန်ကြေးက ပေါင် ၁၈ သန်း ဝန်ကျင်ရှိနေတာ ဖြစ်ပါတယ်။

jerome-boateng-bayern-munich-2020-21-1cv5fqhefio8k1fb8wkvxzvq5r
IMAGE: GOAL

⚽ ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်ကတော့ နောက်ခံလူ ဘိုတန်အနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ “ဘိုတန်ရဲ့ စာချုပ်ကနွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးမှာ မဟုတ်ပါဘူး”လို့ သူက ဆိုခဲ့တာပါ။ ဘိုင်ယန်ဟာ အလာဘာကိုလည်း အလွတ်နဲ့ ထွက်ခွာခွင့်ပြုရမှာပါ။

jesse-lingard-west-ham-2020-21-vv6dlm8ux79g1l1kvlfd15a2w
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်ဟာ ဝက်စ်ဟမ်းကို အငှားချထားတဲ့ ကွင်းလယ်လူ လင်ဂတ်အတွက် ပေါင်သန်း ၃၀ ဈေးသတ်မှတ်ခဲ့တယ်လို့ Mirror က ဖော်ပြထားပါတယ်။ မန်ယူဟာ လင်ဂတ်အတွက် ပေါင်သန်း ၃၀ လုံးကို တစ်ပါတည်း အပြည့်အ၀ ရလိုနေတာပါ။ ဝက်စ်ဟမ်းအနေနဲ့ လင်ဂတ်ကို အပြီးသတ် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

keylor-navas-psg-barca-in5cp09xrzqh1a2swes1k91mi
IMAGE: GOAL

⚽ ပီအက်စ်ဂျီဂိုးသမား နာဗက်စ်ကတော့ ၂၀၀၁၉ ခုနှစ်တုန်းက မိမိကို ရီးရဲကနေ ထွက်ခွာစေဖို့ ဘုရားသခင်က လမ်းညွှန်ပေးခဲ့တာဖြစ်ကြောင်း၊ ရီးရဲအသင်းကနေ ထွက်ခွာခဲ့တဲ့အချိန်တုန်းက ရှုပ်ထွေးခဲ့ကြောင်း၊ သူ့အနေနဲ့ ရီးရဲအသင်းဖော်တွေအားလုံးနဲ့ အဆင်ပြေကြောင်း ဖွင့်ဟခဲ့ပါတယ်။

SPORT-PREVIEW-Wilfried-Zaha
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ဟာ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို ပြန်လည်စိတ်ဝင်စားလာခဲ့ပြီလို့ 90min က ဖောြ်ပထားပါတယ်။ အာဆင်နယ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ဇာဟာကို ပေါင်သန်း ၄၀ နဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းဆန်ခံခဲ့ရပါတယ်။ လာမဲ့နွေရာသီမှာ ပဲလေ့စ်က ဇာဟာကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး အာဆင်နယ်က ပြန်ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။

yangel-herrera-10usogtw420bt17vd9zfq4td2x
IMAGE: GOAL

⚽ မန်စီးတီးဟာ လာလီဂါကလပ် ဂရန်နာဒါကို အငှားချထားတဲ့ ကွင်းလယ်လူ ဟာရဲရားကို လာမဲ့ရာသီမှာ ပြန်လည်ခေါ်ယူသွားမယ်လို့ သိရပါတယ်။ ဂွါဒီယိုလာဟာ လာမဲ့ရာသီမှာ ဟာရဲရားကို နေရာပေးဖို့ စီစဉ်နေပြီး သူု့ကို ဆောက်သမ်တန်နဲ့ ဝက်စ်ဟမ်းတို့ကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတာပါ။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ဒီနှစ်ရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားပါတယ်။

[ZAWGYI]

Andrea-Belotti-of-Torino-FC-during-the-warm-up-looks-on-prior-to-the-Serie-A-football-match-between
IMAGE: GOAL

⚽ စီးရီးေအထိပ္သီးကလပ္ေတြျဖစ္ၾကတဲ့ ရိုးမားနဲ႔ ေအစီမီလန္တုိ႔ဟာ တုိရီႏိုတုိက္စစ္မွဴး ဘီေလာ့တီကို ေခၚယူဖုိ႔ အၿပိဳင္ႀကိဳးပမ္းေနၾကပါတယ္။ ဘီေလာ့တီဟာ တုိရီႏိုမွာ ကာလရွည္ေနခဲံ့ၿပီးေနာက္ ဥေရာပၿပိဳင္ပြဲေတြကစားရမဲ့ အသင္းကို ေျပာင္းေရႊ႕လိုေနတယ္လုိ႔ သိရပါတယ္။

brandon-williams
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ေဆာက္သမ္တန္အသင္းဟာ မန္ခ်က္စတာယူႏုိက္တက္လူငယ္ၾကယ္ပြင့္ ဘရန္ဒန္၀ီလီယံကို အငွားနဲ႔ ေခၚယူခ်င္ေနေၾကာင္း The Sun က ေဖာ္ျပထားပါတယ္။ ေဆာက္သမ္တန္ဟာ ၀ီလီယံကို ၿပီးခဲ့တဲ့ ဇန္န၀ါရီကလည္း အငွားနဲ႔ ေခၚဖို႔ ႀကိဳးပမ္းခဲ့ေသးတာပါ။

f3t6vkuhsrchq674mctp
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးဟာ ကြင္းလယ္ဖန္တီးရွင္ ဒီဘရိုင္းကို စာခ်ဳပ္သက္တမ္း တုိးျမွင့္ၿပီးေနာက္ ဖုိဒန္နဲ႔ စတာလင္တုိ႔ကိုလည္း စာခ်ဳပ္သက္တမ္း ထပ္မံတိုးျမွင့္ဖုိ႔ စီစဥ္ေနပါတယ္။ အဂူရို ထြက္ခြာဖြယ္ရွိေနတဲ့ အေနအထားမွာ မန္စီးတီးက တျခား အဓိက ကစားသမားေတြကို ဆက္ထိန္းလိုေနၿပီး အခုႏွစ္ရာသီမကုန္ခင္ သူတုိ႔ႏွစ္ေယာက္ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏုိင္ဖုိ႔ စီစဥ္ေနတာပါ။

internazionale-cinema-App
IMAGE: GOAL

⚽ ခ်ဲလ္ဆီးအသင္းဟာ အင္တာမီလန္တုိက္စစ္မွဴး လူကာကူကို ေခၚယူဖို႔ မ်က္စီက်ေနတယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးဟာ ဟာလန္းကို မေခၚႏုိင္ခဲ့ရင္ လူကာကူကို ျမားဦးလွည့္ဖုိ႔ ရွိေနပါတယ္။ ဒါေပမဲ့ လူကာကူကိုေခၚခ်င္ရင္ေတာ့ ယူရိုသန္း ၁၀၀ ေက်ာ္အသံုးျပဳဖုိ႔ ရွိေနပါတယ္။ ခ်ဲလ္ဆီးဟာ လူကာကူကို ၂၀၁၄ ခုႏွစ္မွာ ေပါင္ ၂၈ သန္းတည္းနဲ႔ ေရာင္းခ်ခဲ့တာပါ။

BURNLEY-ENGLAND-SEPTEMBER-26-Jannik-Vestergaard-of-Southampton-looks-on-during-the-Premier-League-ma
IMAGE: GOAL

⚽ စပါးအသင္းဟာ ေဆာက္သမ္တန္ေနာက္ခံလူ ဗတ္စတာဂတ္ကို ေခၚယူႏုိင္ဖုိ႔ ႀကိဳးပမး္ေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ စပါးဟာ လာမဲ့အေျပာင္းအေရႊ႕မွာ ေနာက္တနး္ကို အားျဖည့္ဖုိ႔ စီစဥ္ေနၿပီးအင္တာေနာက္ခံလူ ရွရီနီယာကိုလည္း ပစ္မွတ္ထားေနတာပါ။ ဗတ္စတာဂတ္ရဲ႕ တန္ေၾကးက ေပါင္ ၁၈ သန္း ၀န္က်င္ရွိေနတာ ျဖစ္ပါတယ္။

jerome-boateng-bayern-munich-2020-21-1cv5fqhefio8k1fb8wkvxzvq5r
IMAGE: GOAL

⚽ ဘိုင္ယန္ျမဴးနစ္ အားကစားဒါရိုက္တာ ဆာလီဟာမစ္ဇစ္ကေတာ့ ေနာက္ခံလူ ဘိုတန္အေနနဲ႔ လာမဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကေန ထြက္ခြာမွာျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။ “ဘိုတန္ရဲ႕ စာခ်ဳပ္ကေႏြရာသီမွာ ကုန္ဆံုးမွာျဖစ္ၿပီး သက္တမ္းတုိးမွာ မဟုတ္ပါဘူး”လုိ႔ သူက ဆုိခဲ့တာပါ။ ဘိုင္ယန္ဟာ အလာဘာကိုလည္း အလြတ္နဲ႔ ထြက္ခြာခြင့္ျပဳရမွာပါ။

jesse-lingard-west-ham-2020-21-vv6dlm8ux79g1l1kvlfd15a2w
IMAGE: GOAL

⚽ မန္ခ်က္စတာယူႏုိက္တက္ဟာ ၀က္စ္ဟမ္းကို အငွားခ်ထားတဲ့ ကြင္းလယ္လူ လင္ဂတ္အတြက္ ေပါင္သန္း ၃၀ ေစ်းသတ္မွတ္ခဲ့တယ္လုိ႔ Mirror က ေဖာ္ျပထားပါတယ္။ မန္ယူဟာ လင္ဂတ္အတြက္ ေပါင္သန္း ၃၀ လံုးကို တစ္ပါတည္း အျပည့္အ၀ ရလိုေနတာပါ။ ၀က္စ္ဟမ္းအေနနဲ႔ လင္ဂတ္ကို အၿပီးသတ္ ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။

keylor-navas-psg-barca-in5cp09xrzqh1a2swes1k91mi
IMAGE: GOAL

⚽ ပီအက္စ္ဂ်ီဂိုးသမား နာဗက္စ္ကေတာ့ ၂၀၀၁၉ ခုႏွစ္တုန္းက မိမိကို ရီးရဲကေန ထြက္ခြာေစဖုိ႔ ဘုရားသခင္က လမ္းညႊန္ေပးခဲ့တာျဖစ္ေၾကာင္း၊ ရီးရဲအသင္းကေန ထြက္ခြာခဲ့တဲ့အခ်ိန္တုန္းက ရႈပ္ေထြးခဲ့ေၾကာင္း၊ သူ႔အေနနဲ႔ ရီးရဲအသင္းေဖာ္ေတြအားလံုးနဲ႔ အဆင္ေျပေၾကာင္း ဖြင့့္ဟခဲ့ပါတယ္။

SPORT-PREVIEW-Wilfried-Zaha
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္ဟာ ပဲေလ့စ္တုိက္စစ္မွဴး ဇာဟာကို ျပန္လည္စိတ္၀င္စားလာခဲ့ၿပီလုိ႔ 90min က ေဖာျ္ပထားပါတယ္။ အာဆင္နယ္ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ခန္႔က ဇာဟာကို ေပါင္သန္း ၄၀ နဲ႔ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမဲ့ ျငင္းဆန္ခံခဲ့ရပါတယ္။ လာမဲ့ေႏြရာသီမွာ ပဲေလ့စ္က ဇာဟာကို ေရာင္းထုတ္ဖုိ႔ ျပင္ဆင္ေနၿပီး အာဆင္နယ္က ျပန္ႀကိဳးပမ္းလာဖြယ္ ရွိေနပါတယ္။

yangel-herrera-10usogtw420bt17vd9zfq4td2x
IMAGE: GOAL

⚽ မန္စီးတီးဟာ လာလီဂါကလပ္ ဂရန္နာဒါကို အငွားခ်ထားတဲ့ ကြင္းလယ္လူ ဟာရဲရားကို လာမဲ့ရာသီမွာ ျပန္လည္ေခၚယူသြားမယ္လုိ႔ သိရပါတယ္။ ဂြါဒီယိုလာဟာ လာမဲ့ရာသီမွာ ဟာရဲရားကို ေနရာေပးဖုိ႔ စီစဥ္ေနၿပီး သူု႔ကို ေဆာက္သမ္တန္နဲ႔ ၀က္စ္ဟမ္းတုိ႔ကလည္း ေခၚယူဖုိ႔ ေစာင့္ၾကည့္ေနတာပါ။ အသက္ ၂၂ ႏွစ္အရြယ္ ကစားသမားဟာ ဒီႏွစ္ရာသီမွာ ေျခစြမ္းေကာင္းေတြ ျပသထားပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!