8-April-2021 ပြဲၿပီးႏွင့္ ေနာက္္ဆက္တြဲသတင္းမ်ား

[UNICODE] ဘိုင်ယန် ၂-၃ ပီအက်စ်ဂျီ

2-59056186
IMAGE: GOAL

ပီအက်စ်ဂျီနဲ့ အမ်ဘာပေတု့ိကတော့ နောက်ထပ် အံ့အားသင့်ဖွယ် ချန်ပီယံလိဂ်ညတစ်ညကို ဖန်တီးနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဘိုင်ယန်က လူမစုံတဲ့ တိုက်စစ်က တာဝန်ကျေခဲ့ပေမဲ့ ခံစစ်ပိုင်းကတော့ အားနည်းချက်တွေရှိခဲ့ပါတယ်။ ပီအက်စ်ဂျီဘက်မှာ အမ်ဘာပေက စွမ်းဆောင်ရည်ကောင်းပြခဲ့ပြီး ဘိုင်ယန်နောက်တန်းကို အကောင်းဆုံး မွေနှောက်ထိုးဖောက်ခဲ့ပါတယ်။

mbappe-neymar-bayern-psg-champions-league-quarterfinals-07042021-3t3fst4y6d521gf9288j532fx
IMAGE: GOAL

ပီအက်စ်ဂျီဟာ တန်ပြန်တိုက်စစ်ကို အကောင်းဆုံး ဖော်ဆောင်နိုင်ခဲ့ပြီး ရရှိခဲ့တဲ့ အခွင့်အရေး နည်းနည်းကနေ ၃ ဂိုးအထိ ရယူနိုင်ခဲ့တာပါ။ ဘိုင်ယန်တိုက်စစ်ကလည်း အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ လီဝန်ဒေါစကီး မပါတဲ့အခါ အဆုံးသတ်မဲ့သူကင်းမဲ့သလိုဖြစ်ခဲ့ရပြီး အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် ဘိုင်ယန်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂၀၁၉ ခုနှစ်၊ မတ်လနောက်ပိုင်း ပထမဆုံးအကြိမ် ရှုံးပွဲပြန်လည်ကြုံတွေ့ခဲ့ရပါတယ်။

ပေါ်တို ဝ-၂ ချဲလ်ဆီး

b9325-16178351729618-800
IMAGE: GOAL

နှစ်ဂိုးပြတ် အနိုင်ရခဲ့ပေမဲ့ ချဲလ်ဆီးအတွက် လုံးဝခက်ခဲတဲ့ပွဲစဉ်ဖြစ်ပြီး ပေါ်တိုက လျှော့တွက်လို့မရတဲ့အသင်းဆိုတာ ထပ်ပြီးမြင်တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ ချဲလ်ဆီးတို့ တော်တော်လေး ရုန်းကန်ခဲ့ရပြီး ပေါ်တိုကို မယှဉ်နိုင်ခဲ့ပါဘူး။ ပေါ်တိုဘက်က ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ ဂိုးသမားမန်ဒီ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။

FC-Porto-v-Chelsea-UEFA-Champions-League-40de761585f18ce3a6f845a77b5f3ab7
IMAGE: GOAL

၃၂ မိနစ်မှာတော့ မလွယ်ကူတဲ့ အနေအထားတွေကြားကပဲ ချဲလ်ဆီးတို့ ဦးဆောင်ဂိုးရခဲ့ပြီး မစ်ဆန်မောင့်က သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာ ပေါ်တိုတို့ ချေပဂိုးရဖို့ တိုက်စစ်တင်ကစားလာခဲ့ပေမဲ့ ချဲလ်ဆီးနောက်တန်းနဲ့ ဂိုးသမားမန်ဒီတို့ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ပွဲပြီးခါနီးမှာတော့ နောက်ခံလူ ဘင်ချီဝဲလ်က ဂိုးသမားကိုပါ ကျော်ဖြတ်ကာ ချဲလ်ဆီးအတွက် အနိုင်သေချာစေမဲ့ဂိုးကို လှလှပပ သွင်းပေးခဲ့ပါတယ်။ တူချယ် စတင်ကိုင်တွယ်ပြီးကတည်းက မန်ဒီဟာ Clean Sheets (၁၀) ပွဲအထိ ရယူနိုင်ခဲ့ပြီး ဒီကာလအတွင်း ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ Clean Sheet အများဆုံး ရယူတဲ့ ဂိုးသမားဖြစ်နေတာပါ။

ဂျူဗင်တပ် ၂-၁ နာပိုလီ

TUR805-47-2021-172527
IMAGE: GOAL

အပြန်အလှန် တိုက်စစ်ဆင်မှုတွေနဲ့ အကြိတ်အနယ်ရှိခဲ့တဲ့ပွဲတစ်ပွဲပါပဲ။ ပထမပိုင်းမှာ ဂျူဗင်တပ်ရဲ့ ကစားပုံက ကောင်းခဲ့ပြီး စီရော်နယ်ဒို ဦးဆောင်တဲ့ တိုက်စစ်က နာပိုလီဘက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ၁၃ မိနစ်မှာပဲ ဂျူဗင်တပ် အဖွင့်ဂိုးရခဲ့ပြီး ချီယေဆာရဲ့ တစ်ကိုယ်တော် ကြိုးပမ်းမှုကနေ ရရှိလာတဲ့ အခွင့်အရေးကို စီရော်နယ်ဒိုက သေသပ်စွာ အဆုံးသတ်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ဂျူဗင်တပ်တို့ ခံစစ်ကို ပိုအာရုံစိုက်ခဲ့ပြီး နာပိုလီက တိုက်စစ်ပြန်ဆင်လာပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်နောက်တန်းက ပုံစံကောင်းပြနေခဲ့ပါတယ်။ ၇၃ မိနစ်မှာတော့ ဒိုင်ဘာလာက အနိုင်သေချာစေမဲ့ဂိုး သွင်းခဲ့ပြီး နောက်ဆုံးမိနစ်ကျမှ အင်ဆစ်ဂ်နီက နာပိုလီအတွက်နှစ်သိမ့်ဂိုး သွင်းပေးခဲ့တာပါ။

အင်တာ ၂-၁ ဆာဆူအိုလို

Internazionale-v-Sassuolo-Italian-Serie-A-748a9df8737fed3df16c39669604993b
IMAGE: GOAL

အင်တာတို့ အိမ်ကွင်းမှာ လုံးဝရုန်းကန်ခဲ့ရတာဖြစ်ပြီး ဆာဆူအိုလိုက ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ အသာစီးကနေ ကစားခဲ့ပါတယ်။ အင်တာအတွက် လူကာကူနဲ့ မာတီနက်ဇ်တို့က ဂိုးတွေ သွင်းပေးခဲ့ကြပြီး ဆာအူအိုလိုအတွက် ၈၅ မိနစ်မှာ ထရာအိုရေးက သွင်းပေးခဲ့တာပါ။ ခက်ခဲခဲ့ပေမဲ့လည်း အင်တာတို့ ချန်ပီယံတို့ရဲ့ ပုံစံကို ပြသကာ အနိုင် ၃မှတ်တော့ ရယူနိုင်ခဲ့တာပါ။ ဒီပွဲအနိုင်ကြောင့် အင်တာဟာ ဒုတိယနေရာကအေစီကို ၁၁ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါပြီ။

mauricio-pochettino-bayern-psg-1xx2j0hfeqg891ruhns4tlyfch
IMAGE: GOAL

⚽ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကတော့ ဘိုင်ယန်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့အတွက် ပျော်ရွှင်မိကြောင်း၊ ဒါပေမဲ့ မိမိတို့အသင်းအနေနဲ့ ဘာစီလိုနာနဲ့တုန်းက ဒုတိယအကျော့ထက် အခုကစားမဲ့ ဒုတိယအကျော့မှာ ပိုကောင်းအောင် ပြုလုပ်ရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Mikel-Arteta-Arsenal-v-Liverpool-April-2021-TEAMtalk
IMAGE: GOAL

⚽ အာဆင်နယ်နည်းပြ အာတီတာကတော့ လီဗာပူးကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းအတွက် အံ့အားသင့်မိကြောင်း၊ မိမိအနေနဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို အပြစ်မတင်လိုကြောင်း၊ သူတု့ိအနေနဲ့ လီဗာပူးနဲ့ရှုံးပွဲကနေ ပြန်လည်နိုးထသွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

olivier-giroud-kai-havertz-christian-pulisic-timo-werner-1153bbog1sbdq1xjjy76i1scou
IMAGE: GOAL

⚽ ချဲလ်ဆီးနည်းပြ တူချယ်ကတော့ ပေါ်တိုကို ၂ ဂိုးပြတ်အနိုင်ရခဲ့လို့ ပျော်နေပေမဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ရဲ့ စွမ်းဆောင်ရည်ကိုတော့ စိတ်တိုင်းမကျဖြစ်နေပါတယ်။ ဟာဗက်ဇ်နဲ့ဝါနာတို့ဟာ ပုံစံကောင်း မပြနိုင်ခဲ့ကြောင်း၊ သူတို့နှစ်ယောက်ကြားက ဆက်သွယ်မှုဟာ ပြတ်တောက်နေခဲ့ကြောင်း၊ ဒါကြောင့် လူစားလဲမှုတွေ ပြုလုပ်ခဲ့ရကြောင်း တူချယ်က ဆိုခဲ့တာပါ။

robert-lewandowski-bayern-2020-21-x1luorcqzuuu1a4r94r726o7v
IMAGE: GOAL

⚽ ဒဏ်ရာကြောင့် ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ပထမအကျော့ကို လွဲချော်ခဲ့တဲ့ ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဒုတိယအကျော့ကိုလည်း ထပ်မံလွဲချော်ဦးမှာ ဖြစ်ပါတယ်။ သူအနေနဲ့ လာမဲ့တစ်ပတ်မှာလည်း ကစားနိုင်ဦးမှာ မဟုတ်ကြောင်း၊ စိတ်ချရတဲ့ အနေအထားရောက်မှ ပြန်ကစားမှာဖြစ်ကြောင်း လီဝန်ဒေါစကီးက ဖွင့်ဟခဲ့ပါတယ်။

[ZAWGYI] ဘိုင္ယန္ ၂-၃ ပီအက္စ္ဂ်ီ

2-59056186
IMAGE: GOAL

ပီအက္စ္ဂ်ီနဲ႔ အမ္ဘာေပတု႔ိကေတာ့ ေနာက္ထပ္ အံ့အားသင့္ဖြယ္ ခ်န္ပီယံလိဂ္ညတစ္ညကို ဖန္တီးႏုိင္ခဲ့တယ္လုိ႔ ဆုိရမွာပါ။ ဘိုင္ယန္က လူမစံုတဲ့ တုိက္စစ္က တာ၀န္ေက်ခဲ့ေပမဲ့ ခံစစ္ပိုင္းကေတာ့ အားနည္းခ်က္ေတြရွိခဲ့ပါတယ္။ ပီအက္စ္ဂ်ီဘက္မွာ အမ္ဘာေပက စြမ္းေဆာင္ရည္ေကာင္းျပခဲ့ၿပီး ဘိုင္ယန္ေနာက္တန္းကို အေကာင္းဆံုး ေမြေႏွာက္ထုိးေဖာက္ခဲ့ပါတယ္။

mbappe-neymar-bayern-psg-champions-league-quarterfinals-07042021-3t3fst4y6d521gf9288j532fx
IMAGE: GOAL

ပီအက္စ္ဂ်ီဟာ တန္ျပန္တုိက္စစ္ကို အေကာင္းဆံုး ေဖာ္ေဆာင္ႏုိင္ခဲ့ၿပီး ရရွိခဲ့တဲ့ အခြင့္အေရး နည္းနည္းကေန ၃ ဂိုးအထိ ရယူႏုိင္ခဲ့တာပါ။ ဘုိင္ယန္တုိက္စစ္ကလည္း အခြင့္အေရးေတြ ရရွိခဲ့ေပမဲ့ လီ၀န္ေဒါစကီး မပါတဲ့အခါ အဆံုးသတ္မဲ့သူကင္းမဲ့သလိုျဖစ္ခဲ့ရၿပီး အိမ္ကြင္းမွာ အေရးနိမ့္ခဲ့ရပါတယ္။ ဒါေၾကာင့္ ဘိုင္ယန္ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၂၀၁၉ ခုႏွစ္၊ မတ္လေနာက္ပိုင္း ပထမဆံုးအႀကိမ္ ရႈံးပြဲျပန္လည္ႀကံဳေတြ႕ခဲ့ရပါတယ္။

ေပၚတို ၀-၂ ခ်ဲလ္ဆီး

b9325-16178351729618-800
IMAGE: GOAL

ႏွစ္ဂိုးျပတ္ အႏုိင္ရခဲ့ေပမဲ့ ခ်ဲလ္ဆီးအတြက္ လံုး၀ခက္ခဲတဲ့ပြဲစဥ္ျဖစ္ၿပီး ေပၚတိုက ေလွ်ာ့တြက္လို႔မရတဲ့အသင္းဆိုတာ ထပ္ၿပီးျမင္ေတြ႕ခဲ့ရပါတယ္။ အထူးသျဖင့္ ပထမပိုင္းမွာ ခ်ဲလ္ဆီးတုိ႔ ေတာ္ေတာ္ေလး ရုန္းကန္ခဲ့ရၿပီး ေပၚတုိကို မယွဥ္ႏုိင္ခဲ့ပါဘူး။ ေပၚတုိဘက္က ဂိုးရႏုိင္တဲ့ အခြင့္အေရးေတြ ရရွိခဲ့ေပမဲ့ ဂိုးသမားမန္ဒီ လက္စြမ္းျပ ကာကြယ္ႏုိင္ခဲ့ပါတယ္။

FC-Porto-v-Chelsea-UEFA-Champions-League-40de761585f18ce3a6f845a77b5f3ab7
IMAGE: GOAL

၃၂ မိနစ္မွာေတာ့ မလြယ္ကူတဲ့ အေနအထားေတြၾကားကပဲ ခ်ဲလ္ဆီးတို႔ ဦးေဆာင္ဂိုးရခဲ့ၿပီး မစ္ဆန္ေမာင့္က သြင္းယူခဲ့တာပါ။ ဒုတိယပိုင္းမွာ ေပၚတုိတုိ႔ ေခ်ပဂိုးရဖုိ႔ တုိက္စစ္တင္ကစားလာခဲ့ေပမဲ့ ခ်ဲလ္ဆီးေနာက္တန္းနဲ႔ ဂိုးသမားမန္ဒီတုိ႔ကို မေက်ာ္ျဖတ္ႏုိင္ခဲ့ပါဘူး။ ဒီလိုနဲ႔ ပြဲၿပီးခါနီးမွာေတာ့ ေနာက္ခံလူ ဘင္ခ်ီ၀ဲလ္က ဂိုးသမားကိုပါ ေက်ာ္ျဖတ္ကာ ခ်ဲလ္ဆီးအတြက္ အႏုိင္ေသခ်ာေစမဲ့ဂိုးကို လွလွပပ သြင္းေပးခဲ့ပါတယ္။ တူခ်ယ္ စတင္ကိုင္တြယ္ၿပီးကတည္းက မန္ဒီဟာ Clean Sheets (၁၀) ပြဲအထိ ရယူႏုိင္ခဲ့ၿပီး ဒီကာလအတြင္း ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ Clean Sheet အမ်ားဆံုး ရယူတဲ့ ဂိုးသမားျဖစ္ေနတာပါ။

ဂ်ဴဗင္တပ္ ၂-၁ နာပိုလီ

TUR805-47-2021-172527
IMAGE: GOAL

အျပန္အလွန္ တိုက္စစ္ဆင္မႈေတြနဲ႔ အႀကိတ္အနယ္ရွိခဲ့တဲ့ပြဲတစ္ပြဲပါပဲ။ ပထမပိုင္းမွာ ဂ်ဴဗင္တပ္ရဲ႕ ကစားပံုက ေကာင္းခဲ့ၿပီး စီေရာ္နယ္ဒို ဦးေဆာင္တဲ့ တုိက္စစ္က နာပိုလီဘက္ကို ၿခိမ္းေျခာက္ႏုိင္ခဲ့ပါတယ္။ ၁၃ မိနစ္မွာပဲ ဂ်ဴဗင္တပ္ အဖြင့္ဂိုးရခဲ့ၿပီး ခ်ီေယဆာရဲ႕ တစ္ကိုယ္ေတာ္ ႀကိဳးပမ္းမႈကေန ရရွိလာတဲ့ အခြင့္အေရးကို စီေရာ္နယ္ဒိုက ေသသပ္စြာ အဆံုးသတ္ခဲ့တာပါ။ အဲဒီေနာက္ပိုင္း ဂ်ဴဗင္တပ္တို႔ ခံစစ္ကို ပိုအာရုံစိုက္ခဲ့ၿပီး နာပိုလီက တုိက္စစ္ျပန္ဆင္လာပါတယ္။ ဒါေပမဲ့ ဂ်ဴဗင္တပ္ေနာက္တန္းက ပံုစံေကာင္းျပေနခဲ့ပါတယ္။ ၇၃ မိနစ္မွာေတာ့ ဒိုင္ဘာလာက အႏုိင္ေသခ်ာေစမဲ့ဂိုး သြင္းခဲ့ၿပီး ေနာက္ဆံုးမိနစ္က်မွ အင္ဆစ္ဂ္နီက နာပိုလီအတြက္ႏွစ္သိမ့္ဂိုး သြင္းေပးခဲ့တာပါ။

အင္တာ ၂-၁ ဆာဆူအိုလို

Internazionale-v-Sassuolo-Italian-Serie-A-748a9df8737fed3df16c39669604993b
IMAGE: GOAL

အင္တာတုိ႔ အိမ္ကြင္းမွာ လံုး၀ရုန္းကန္ခဲ့ရတာျဖစ္ၿပီး ဆာဆူအိုလိုက ေဘာလံုးပိုင္ဆုိ္င္မႈ ၇၀ ရာခိုင္ႏႈန္းအထိ အသာစီးကေန ကစားခဲ့ပါတယ္။ အင္တာအတြက္ လူကာကူနဲ႔ မာတီနက္ဇ္တို႔က ဂိုးေတြ သြင္းေပးခဲ့ၾကၿပီး ဆာအူအိုလိုအတြက္ ၈၅ မိနစ္မွာ ထရာအိုေရးက သြင္းေပးခဲ့တာပါ။ ခက္ခဲခဲ့ေပမဲ့လည္း အင္တာတုိ႔ ခ်န္ပီယံတုိ႔ရဲ႕ ပံုစံကို ျပသကာ အႏုိင္ ၃မွတ္ေတာ့ ရယူနုိင္ခဲ့တာပါ။ ဒီပြဲအႏိုင္ေၾကာင့္ အင္တာဟာ ဒုတိယေနရာကေအစီကို ၁၁ မွတ္အထိ ျဖတ္ထားႏုိ္င္ခဲ့ပါၿပီ။

mauricio-pochettino-bayern-psg-1xx2j0hfeqg891ruhns4tlyfch
IMAGE: GOAL

⚽ ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏိုကေတာ့ ဘိုင္ယန္ကို အေ၀းကြင္းမွာ အႏုိင္ရရွိခဲ့တဲ့အတြက္ ေပ်ာ္ရႊင္မိေၾကာင္း၊ ဒါေပမဲ့ မိမိတို႔အသင္းအေနနဲ႔ ဘာစီလိုနာနဲ႔တုန္းက ဒုတိယအေက်ာ့ထက္ အခုကစားမဲ့ ဒုတိယအေက်ာ့မွာ ပိုေကာင္းေအာင္ ျပဳလုပ္ရမွာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

Mikel-Arteta-Arsenal-v-Liverpool-April-2021-TEAMtalk
IMAGE: GOAL

⚽ အာဆင္နယ္နည္းျပ အာတီတာကေတာ့ လီဗာပူးကို အိမ္ကြင္းမွာ ဂိုးျပတ္ရႈံးနိမ့္ခဲ့ျခင္းအတြက္ အံ့အားသင့္မိေၾကာင္း၊ မိမိအေနနဲ႔ ကစားသမားေတြရဲ႕ ႀကိဳးစားအားထုတ္မႈကို အျပစ္မတင္လိုေၾကာင္း၊ သူတု႔ိအေနနဲ႔ လီဗာပူးနဲ႔ရႈံးပြဲကေန ျပန္လည္ႏိုးထသြားမွာျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

olivier-giroud-kai-havertz-christian-pulisic-timo-werner-1153bbog1sbdq1xjjy76i1scou
IMAGE: GOAL

⚽ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္ကေတာ့ ေပၚတုိကို ၂ ဂိုးျပတ္အႏုိင္ရခဲ့လို႔ ေပ်ာ္ေနေပမဲ့ အဓိက ကစားသမားေတြျဖစ္တဲ့ ၀ါနာနဲ႔ ကိုင္ဟာဗက္ဇ္တုိ႔ရဲ႕ စြမ္းေဆာင္ရည္ကိုေတာ့ စိတ္တိုင္းမက်ျဖစ္ေနပါတယ္။ ဟာဗက္ဇ္နဲ႔၀ါနာတုိ႔ဟာ ပံုစံေကာင္း မျပႏုိင္ခဲ့ေၾကာင္း၊ သူတုိ႔ႏွစ္ေယာက္ၾကားက ဆက္သြယ္မႈဟာ ျပတ္ေတာက္ေနခဲ့ေၾကာင္း၊ ဒါေၾကာင့္ လူစားလဲမႈေတြ ျပဳလုပ္ခဲ့ရေၾကာင္း တူခ်ယ္က ဆုိခဲ့တာပါ။

robert-lewandowski-bayern-2020-21-x1luorcqzuuu1a4r94r726o7v
IMAGE: GOAL

⚽ ဒဏ္ရာေၾကာင့္ ပီအက္စ္ဂ်ီနဲ႔ ခ်န္ပီယံလိဂ္ ပထမအေက်ာ့ကို လြဲေခ်ာ္ခဲ့တဲ့ ဘိုင္ယန္တုိက္စစ္မွဴး လီ၀န္ေဒါစကီးဟာ ဒုတိယအေက်ာ့ကိုလည္း ထပ္မံလြဲေခ်ာ္ဦးမွာ ျဖစ္ပါတယ္။ သူအေနနဲ႔ လာမဲ့တစ္ပတ္မွာလည္း ကစားႏုိင္ဦးမွာ မဟုတ္ေၾကာင္း၊ စိတ္ခ်ရတဲ့ အေနအထားေရာက္မွ ျပန္ကစားမွာျဖစ္ေၾကာင္း လီ၀န္ေဒါစကီးက ဖြင့္ဟခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!