8-April-2021 နံနက္ခင္းသတင္းမ်ား

[UNICODE]

1-Getty-Images-1276455390
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနောက်ခံလူ အီမာဆင်က နည်းပြတူချယ်ဟာ အသေးစိတ်ကအစ ဂရုစိုက်တတ်သူဖြစ်ပြီး ခြားနားအောင်ပြုလုပ်နိုင်စွမ်းရှိသူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် စီးရီးအေကို ပြန်မယ်ဆိုတဲ့သတင်းတွေကိုလည်း အီမာဆင်က ငြင်းဆန်ခြင်း မပြုခဲ့ပါဘူး။

41423094-0-image-a-30-1617749355893-1
IMAGE: GOAL

⚽ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်နည်းပြ တာဇစ်ကတော့ သူတို့အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးကို ဖြုတ်ကျပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်မယ်လို့ ယုံကြည်လျက်ရှိနေပါတယ်။ မိမိတို့အနေနဲ့ ဒုတိယအကျော့မှာ မန်စီးတီးထက် ဂိုးပိုသွင်းနိုင်အောင် ပြုလုပ်ရမယ်လို့ တာဇစ်က ဆိုခဲ့တာပါ။

16176501323468
IMAGE: GOAL

⚽ လီဗာပူးနည်းပြ ကလော့ကတော့ ဒုတိယအကျော့မှာ အန်ဖီးလ်ကွင်းထဲမှာ ပရိသတ်တွေ မရှိတဲ့အခြေအနေမှာ ပြနလာနိုင်ဖို့ ခက်ခဲကြောင်း၊ သူတို့အသင်းဟာ Comeback တွေ ပြုလုပ်နေကြဖြစ်ပေမဲ့ အဲဒီတုန်းကတော့ ကွင်းထဲမှာ ပရိသတ်တွေ အပြည့်အ၀ ရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

Gerard-Pique-4
IMAGE: GOAL

⚽ လာလီဂါကလပ် ဘာစီလိုနာနောက်ခံလူ ပီကေးဟာ ဧပြီ ၁၁ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမဲ့ ရီးရဲနဲ့ အယ်ဂလက်စီကိုပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မသေချာဖြစ်နေပါတယ်။ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပီကေးဟာ တစ်ကိုယ်တော်လေ့ကျင့်မှုတွေသာ ပြုလုပ်နိုင်သေးပြီး ကြံ့ခိုင်မှု ပြည့်ဝခြင်း မရှိသေးပါဘူး။

Getty-Images-1228593561
IMAGE: GOAL

⚽ မန်ယူနည်းပြ ဆိုးလ်ရှားကတော့ ဂိုးသမား ဒီဂီယာအနေနဲ့ အသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေလို့ မပျော်မရွှင်ဖြစ်နေကြောင်း၊ ဒါပေမဲ့ ဒီဂီယာဟာ ထိပ်တန်းအဆင့်ဂိုးသမားဖြစ်ပြီး ပွဲထွက်ခွင့်ပြန်ရဖို့ စိန်ခေါ်နိုင်မှာဖြစ်ကြောင်း၊ သူ့အတွက်ကတော့ ဒီဂီယာပဲဖမ်းဖမ်း၊ ဟန်ဒါဆန်ပဲဖမ်းဖမ်း ကိစ္စမရှိကြောင်း၊ ဒီဂီယာနဲ့ ဒိန်းဟန်ဒါဆန်တို့က အပေါင်းလက္ခဏာဆောင်တဲ့ ပြိုင်ဆိုင်မှုမျိုးဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Getty-Images-1307666785
IMAGE: GOAL

⚽ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး သောမတ်မူလာကတော့ ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးလိဂ်ဖြစ်ပေမဲ့ ပရီးမီးယားလိဂ်အသင်းတွေဟာ အလွန်တောင့်တင်းတဲ့အသင်းတွေကို မထင်မှတ်မိကြောင်း၊ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဟာ ဥရောပပြိုင်ပွဲတွေမှာ အမြဲတမ်း အနိုင်မရနိုင်ကြောင်း၊ ရှုံးထွက်အဆင့်ပြိုင်ပွဲတွေမှာ ဘယ်အသင်းမျိုးမဆို အနိုင်ရနိုင်စွမ်းရှိကြောင်း ဆိုခဲ့ပါတယ်။

Josh-king
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်တိုက်စစ်မှူး ဂျိုအာကင်းဟာ ဆဲလ်တစ်ကို ပြောင်းရွှေ့နိုင်ဖွယ်ရှိနေတယ်လို့ The Sun က ဖော်ပြထားပါတယ်။ ဆဲလ်တစ်နည်းပြ ဖြစ်လာတော့မဲ့ အက်ဒီဝုဒ်ဟာ ဘုန်းမောက်မှာ လက်တွဲခဲ့ဖူးတဲ့ သူ့တပည့်ဟောင်းကို တစ်ပါတည်း ခေါ်ယူလိုနေတာပါ။

mikel-arteta-arsenal-2020-21-gaavqxkpqybl194f20c02ivti
IMAGE: GOAL

⚽ အာဆင်နယ်ကစားသမားဟောင်းပီတစ်ကတော့ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုကို ဝေဖန်သွားခဲ့ပြီး အာတီတာအနေနဲ့ လူစာရင်းတစ်ဝက်ခန့်ကို ရှင်းထုတ်ရမယ်လို့ ဆိုခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရူးနှမ်းတဲ့ အပြောင်းအရွှေ့တွေကို ပြုလုပ်ခဲ့ကြောင်း ပီတစ်က ဆိုခဲ့တာပါ။

[ZAWGYI]

1-Getty-Images-1276455390
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးေနာက္ခံလူ အီမာဆင္က နည္းျပတူခ်ယ္ဟာ အေသးစိတ္ကအစ ဂရုစိုက္တတ္သူျဖစ္ၿပီး ျခားနားေအာင္ျပဳလုပ္ႏုိင္စြမ္းရွိသူျဖစ္ေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။ ဒါ့အျပင္ စီးရီးေအကို ျပန္မယ္ဆုိတဲ့သတင္းေတြကိုလည္း အီမာဆင္က ျငင္းဆန္ျခင္း မျပဳခဲ့ပါဘူး။

41423094-0-image-a-30-1617749355893-1
IMAGE: GOAL

⚽ ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္နညး္ျပ တာဇစ္ကေတာ့ သူတို႔အေနနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ မန္စီးတီးကို ျဖဳတ္က်ၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္မယ္လို႔ ယံုၾကည္လ်က္ရွိေနပါတယ္။ မိမိတို႔အေနနဲ႔ ဒုတိယအေက်ာ့မွာ မန္စီးတီးထက္ ဂိုးပိုသြင္းႏုိ္င္ေအာင္ ျပဳလုပ္ရမယ္လုိ႔ တာဇစ္က ဆုိခဲ့တာပါ။

16176501323468
IMAGE: GOAL

⚽ လီဗာပူးနည္းျပ ကေလာ့ကေတာ့ ဒုတိယအေက်ာ့မွာ အန္ဖီးလ္ကြင္းထဲမွာ ပရိသတ္ေတြ မရွိတဲ့အေျခအေနမွာ ျပနလာႏုိင္ဖုိ႔ ခက္ခဲေၾကာင္း၊ သူတုိ႔အသင္းဟာ Comeback ေတြ ျပဳလုပ္ေနၾကျဖစ္ေပမဲ့ အဲဒီတုန္းကေတာ့ ကြင္းထဲမွာ ပရိသတ္ေတြ အျပည့္အ၀ ရွိေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

Gerard-Pique-4
IMAGE: GOAL

⚽ လာလီဂါကလပ္ ဘာစီလိုနာေနာက္ခံလူ ပီေကးဟာ ဧၿပီ ၁၁ ရက္ေန႔မွာ ယွဥ္ၿပိဳင္ကစားမဲ့ ရီးရဲနဲ႔ အယ္ဂလက္စီကိုပြဲစဥ္မွာ ပါ၀င္ကစားႏုိင္ဖို႔ မေသခ်ာျဖစ္ေနပါတယ္။ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ပီေကးဟာ တစ္ကိုယ္ေတာ္ေလ့က်င့္မႈေတြသာ ျပဳလုပ္ႏုိင္ေသးၿပီး ႀကံ႕ခိုင္မႈ ျပည့္၀ျခင္း မရွိေသးပါဘူး။

Getty-Images-1228593561
IMAGE: GOAL

⚽ မန္ယူနည္းျပ ဆိုးလ္ရွားကေတာ့ ဂိုးသမား ဒီဂီယာအေနနဲ႔ အသင္းမွာ ပြဲထြက္ခြင့္ ေပ်ာက္ဆံုးေနလို႔ မေပ်ာ္မရႊင္ျဖစ္ေနေၾကာင္း၊ ဒါေပမဲ့ ဒီဂီယာဟာ ထိပ္တန္းအဆင့္ဂိုးသမားျဖစ္ၿပီး ပြဲထြက္ခြင့္ျပန္ရဖုိ႔ စိန္ေခၚႏုိင္မွာျဖစ္ေၾကာင္း၊ သူ႔အတြက္ကေတာ့ ဒီဂီယာပဲဖမ္းဖမ္း၊ ဟန္ဒါဆန္ပဲဖမ္းဖမ္း ကိစၥမရွိေၾကာင္း၊ ဒီဂီယာနဲ႔ ဒိန္းဟန္ဒါဆန္တုိ႔က အေပါင္းလကၡဏာေဆာင္တဲ့ ၿပိဳင္ဆိုင္မႈမ်ိဳးျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

Getty-Images-1307666785
IMAGE: GOAL

⚽ ဘိုင္ယန္ျမဴးနစ္တုိက္စစ္မွဴး ေသာမတ္မူလာကေတာ့ ပရီးမီးယားလိဂ္ဟာ ကမာၻေပၚမွာ အႀကီးမားဆံုးလိဂ္ျဖစ္ေပမဲ့ ပရီးမီးယားလိဂ္အသင္းေတြဟာ အလြန္ေတာင့္တင္းတဲ့အသင္းေတြကို မထင္မွတ္မိေၾကာင္း၊ ပရီးမီးယားလိဂ္ ထိပ္သီးအသင္းေတြဟာ ဥေရာပၿပိဳင္ပြဲေတြမွာ အၿမဲတမ္း အႏုိင္မရႏုိင္ေၾကာင္း၊ ရႈံးထြက္အဆင့္ၿပိဳင္ပြဲေတြမွာ ဘယ္အသင္းမ်ိဳးမဆို အႏုိင္ရႏုိင္စြမ္းရွိေၾကာင္း ဆုိခဲ့ပါတယ္။

Josh-king
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္တုိက္စစ္မွဴး ဂ်ိဳအာကင္းဟာ ဆဲလ္တစ္ကို ေျပာင္းေရႊ႕ႏိုင္ဖြယ္ရွိေနတယ္လို႔ The Sun က ေဖာ္ျပထားပါတယ္။ ဆဲလ္တစ္နည္းျပ ျဖစ္လာေတာ့မဲ့ အက္ဒီ၀ုဒ္ဟာ ဘုန္းေမာက္မွာ လက္တြဲခဲ့ဖူးတဲ့ သူ႔တပည့္ေဟာင္းကို တစ္ပါတည္း ေခၚယူလိုေနတာပါ။

mikel-arteta-arsenal-2020-21-gaavqxkpqybl194f20c02ivti
IMAGE: GOAL

⚽ အာဆင္နယ္ကစားသမားေဟာင္းပီတစ္ကေတာ့ အာဆင္နယ္ရဲ႕ အေျပာင္းအေရႊ႕လႈပ္ရွားမႈကို ေ၀ဖန္သြားခဲ့ၿပီး အာတီတာအေနနဲ႔ လူစာရင္းတစ္၀က္ခန္႔ကို ရွင္းထုတ္ရမယ္လို႔ ဆုိခဲ့ပါတယ္။ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း ရူးႏွမ္းတဲ့ အေျပာင္းအေရႊ႕ေတြကို ျပဳလုပ္ခဲ့ေၾကာင္း ပီတစ္က ဆုိခဲ့တာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!