8-April-2021 အေစာဆံုးသတင္းမ်ား
[UNICODE]
1001939353-scaled
IMAGE: GOAL
⚽ နယ်သာလန်ကြယ်ပွင့်တိုက်စစ်မှူး ကလွိုက်ဗက်ဟာ လိုက်ပဇစ်အသင်းမှာသာ ဆက်နေလိုလျက်ရှိနေပါတယ်။ ကလွိုက်ဗက်ဟာ ပြီးခဲ့တဲ့နွေတုန်းက ရိုးမားကနေ လိုက်ပဇစ်ကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မိမိအနေနဲ့ လိုက်ပဇစ်မှာ ပျော်ရွှင်နေကြောင်း၊ လိုက်ပဇစ်မှာ ဆက်နေလိုကြောင်း ဝန်ခံခဲ့ပါတယ်။
bruno-fernandes-man-utd-premier-league-2020-21-1bjgjn87uhuch1bc0o6e2pu57k
IMAGE: GOAL
⚽ မန်စီးတီးကို လိုက်မီဖို့ မဖြစ်နိုင်တော့ပေမဲ့ မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်မလျှော့သေးပါဘူး။ သင်္ချာနည်းအရ ဖြစ်နိုင်သမျှ လက်မလျှော့သေးကြောင်း၊ နောက်ဆုံး မန်စီးတီးကို လိုက်မမှီနိုင်တော့တဲ့အချိန်ကျမှ ချန်ပီယံဆုကို မေ့လိုက်မှာဖြစ်ကြောင်း၊ သူတို့အသင်းဟာ တိုးတက်နေကြောင်း ဖာနန်ဒက်စ်က ဆိုခဲ့တာပါ။
dragusin
IMAGE: GOAL
⚽ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ အသက် ၂၁ နှစ်အရွယ်ကြယ်ပွင့်နောက်ခံလူ ဒရာကူဆင်ကို စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒရာကူဆင်ဟာ ဇွန်လအကုန်ပိုင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာြဖ်စ်ပြီး လာမဲ့သောကြာနေ့လောက်မှာ ဂျူဗင်တပ်က တရားဝင်ကြေညာနိုင်ဖို့ စီစဉ်နေပါတယ်။
Getty-Images-1306011637
IMAGE: GOAL
⚽ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုကတော့ သူ့အနေနဲ့ လက်ရှိချဲလ်ဆီးမှာ ပျော်ရွှင်လျက်ရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဂျော်ဂျင်ဟိုက “ကျွန်တော် ချဲလ်ဆီးမှာ အလွန်ပျော်ရွှင်နေပါတယ်။ ဒါကြောင့်တခြားအကြောင်း မတွေးချင်ပါဘူး”လို့ ဖွင့်ဟခဲ့ပါတယ်။
kieran-tierney-arsenal-2020-21-1i7poc94wiw0e1bafudkqd44wy
IMAGE: GOAL
⚽ တီယာနေးရဲ့ ဒဏ်ရာပြဿနာကတော့ အာဆင်နယ်အတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာခဲ့ပါပြီ။ တီယာနေးဟာ လီဗာပူးရဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ၆ ပတ်ခန့်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ တီယာနေးဟာ အာဆင်နယ်အသင်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်ခဲ့ရင် အဲဒီပွဲစဉ်တွေကိုပါ လွဲချော်ရဖို့ ရှိနေပါတယ်။
marcelo-bielsa-pep-guardiola-leeds-manchester-city-1hyhyoeft46vu16env90be7h0y
IMAGE: GOAL
⚽ လိဒ်စ်ယူနိုက်တက်နည်းပြ ဘီယက်ဆာကတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ မှော်ဆန်တဲ့နည်းပြဖြစ်ကြောင်း၊ မိမိအနေနဲ့ ဂွါဒီယိုလာ လုပ်နေတာတွေကို လေးစားမှုရှိကြောင်း ချီးကျူးခဲ့ပါတယ်။
skysports-yerry-mina-everton-5004514
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ဟာ နောက်ခံလူ မီနာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်းတောင်းဆိုထားတယ်လို့ Tuttomercatoweb က ဖော်ပြထားပါတယ်။ အဲဗာတန်ဟာ အပြောင်းအရွှေ့ ဘတ်ဂျတ်ရရှိဖို့အတွက် မီနာကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး သူ့ကို နာပိုလီက စိတ်ဝင်စားနေပါတယ်။
zinedine-zidane-andrea-pirlo-2020-21-1t6att4k23s8h12gvc4v03atnq
IMAGE: GOAL
⚽ ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းကတော့ အသင်းဟောင်း ဂျူဗင်တပ်ကို ပြန်လိုတဲ့အကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။ သူ့ရင်ထဲမှာ ဂျူဗင်တပ်နဲ့ တူုရင်က အမြဲတမ်းရှိနေကြောင်း၊ ဂျူဗင်တပ်ဟာ သူ့အတွက် အလွန်အရေးပါကြောင်း ဇီဒန်းက ဖွင့်ဟခဲ့တာပါ။ လက်ရှိမှာ ဂျူဗင်တပ်နည်းပြ ပီယာလိုဟာ ဖိအားတွေများနေပြီး အထုတ်ခံရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
[ZAWGYI]
1001939353-scaled
IMAGE: GOAL
IMAGE: GOAL
dragusin
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!