8-April-2021 ယူရိုပါလိဂ်ပွဲကြိုသုံးသပ်ချက်များ

[UNICODE] အာဆင်နယ် – ဆလားဗီးယားပရက် (မြန်မာစံတော်ချိန်ည ၁:၃၀)

arsenal-vs-slavia-praha-liga-europa-169
IMAGE: GOAL

အာဆင်နယ်က နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပိုင်း ယိမ်းယိုင်ပြီး အနည်းငယ် ကျဆင်းလာတာတော့ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီနှစ်ယူရှိုပါလိဂ်က အာဆင်နယ်အတွက ်အဓိပ္ပာယ်များစွာရှိတဲ့ အနေအထားပါ။ ယူရိုပါလိဂ်မှာလည်း အာဆင်နယ်တို့ သေချာအာရုံစိုက်တဲ့ပွဲဆိုရင် သိသာပြီး ရလဒ်ကောင်းတွေ ရယူထားနိုင်ပါတယ်။

0-Getty-Images-1228887559
IMAGE: GOAL

ဆလားဗီးယားကတော့ ပြည်တွင်းလိဂ်မှာ အခြေအနေကောင်းနေပေမဲ့ လတ်တလောမှာ ခံစစ်ပိုင်း ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ အာဆင်နယ်က အဝေးကွင်း မပေးရဖို့ ဦးစားပေး အာရုံစိုက်မှာဖြစ်ပြီး ဆလားဗီးယားရဲ့ တိုက်စစ်ပိုင်းကို ဂိုးမပေးရအောင် ဟန့်တားနိုင်မှာပါ။ ခံစစ်ဒဏ်ရာပြဿနာရှိနေတဲ့ ဆလားဗီးယားက ခံစစ်ကို သေချာအာရုံစိုက်လာဖို့ရှိလို့ ဂိုးအနည်းကို သဘောကျပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: အာဆင်နယ် ၂-၀ ဆလားဗီးယား

ဂရန်နာဒါ – မန်ယူ (မြန်မာစံတော်ချိန်ည ၁:၃၀)

El-Granada-sigue-haciendo-historia-en-Europa
IMAGE: GOAL

ဂရန်နာဒါက ၃ ပွဲဆက် ရှုံးပွဲတွေ့ကြုံပြီး ရလဒ်တွေဆိုးရွားနေပါတယ်။ အဲဒီ ၃ ပွဲမှာ ဂရန်နာဒါရဲ့ ခံစစ်ပိုင်းက ဆိုးရွားနေပြီး ၇ ဂိုးအထိ ခွင့်ပြုခဲ့ရတယ်။ ဒါပေမဲ့ ဒီနှစ် ဂရန်နာဒါရဲ့ ဖြတ်သန်းမှုကို ကြည့်လိုက်ရင် အိမ်ကွင်းအားကို အဓိကအားပြုခဲ့တာ တွေ့ရပါတယ်။

AC-Milan-v-Manchester-United-UEFA-Europa-League-fec58279d9d91e9c152103f8911b3ded
IMAGE: GOAL

မန်ယူကလည်း အိမ်ကွင်းထက် အဝေးကွင်းခြေစွမ်းပိုကောင်းတဲ့အသင်းပါ။ ဒီရာသီ ဖလားပွဲတွေမှာ မန်ယူတို့ ကိုယ့်ထက်နိမ့်တဲ့အသင်းတွေနဲ့ ဆုံတဲ့ပွဲတွေမှာ တည်ငြိမ်မှုရှိပြီး အမှားနည်းပါတယ်။ ဒီပွဲမှာလည်း ဂရန်နာဒါရဲ့ ခံစစ်ကို မန်ယူ တိုက်စစ် ထိုးဖောက်ဖို့ မခက်လောက်ပါဘူး။ အဝေးကွင်းဆိုပေမဲ့ မန်ယူ အနိုင်သေချာပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: ဂရန်နာဒါ ဝ-၂ မန်ယူ

ဒိုင်နမိုဇာဂရက် – ဗီလာရီးရဲ (မြန်မာစံတော်ချိန်ည ၁:၃၀)

fbl-eur-c3-dinamo-zagreb-tottenham
IMAGE: GOAL

ဒိုင်နမိုဇာဂရက်ရဲ့ အိမ်ကွင်းခြေစွမ်းပိုင်းက ကောင်းမွန်ပြီး အိမ်ကွင်းရလဒ်ပိုင်းကလည်း စိတ်ချရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၅ ပွဲဆက် ဒိုင်နမိုဇာဂရက် အနိုင်ရထားပြီး အဲဒီ ၅ ပွဲမှာ ခံစစ်ကလည်း တစ်ဂိုးမှ ခွင့်မပြုထားရပါဘူး။

1001917542-1024x720
IMAGE: GOAL

ဗီလာရီးရဲကလည်း လက်ရှိမှာ ခြေစွမ်းကောင်းတွေ ပြသနေပြီး နည်းပြ အမ်မရီကလည်း ယူရိုပါလိဂ်မှာ ဆရာတစ်ဆူပါ။ အထူးသဖြင့် ဗီလာရီးရဲက လက်ရှိမှာ တိုက်စစ်ထက် ခံစစ်ပိုင်းက ပိုပြီးအားရစရာကောင်းနေတာ တွေ့ရပါတယ်။ ခံစစ်ပိုင်း တည်ငြိမ်နေတဲ့နှစ်သင်း တွေ့ဆုံနေတဲ့ပွဲမှာ ဂိုးအနည်းကိုပဲ ကြိုက်ပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: ဒိုင်နမိုဇာဂရက် ၁-၁ ဗီလာရီးရဲ

အေဂျက်ဇ် – ရိုးမား (မြန်မာစံတော်ချိန်ည ၁:၃၀)

ajax-vs-as-roma-nhan-dinh-bong-da-09-04-2021-chu-nha-ap-dao-1
IMAGE: GOAL

အေဂျက်ဇ်ရဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းက လုံးဝအားရစရာပါပဲ။ ပြည်တွင်းလိဂ်မှာ အမှတ်ဖြတ်ပြီး အခြေအနေကောင်းနေသလို နိုင်ပွဲတွေလည်း ဆက်နေပါတယ်။ဒါ့အပြင် အေဂျက်ဇ်ရဲ့ တိုက်စစ်ပိုင်းက အားရစရာကောင်းသလို ခံစစ်ကလည်း တည်ငြိမ်နေတဲ့ ပုံစံမျိုးပါ။

Prediksi-Ajax-vs-AS-Roma-9-April-2021-2
IMAGE: GOAL

ရိုးမားကတော့ လက်ရှိမှာ ခြေစွမ်းပိုင်း ယိမ်းယိုင်နေပြီး ရလဒ်တွေကလည်း မတည်မငြိမ် ဖြစ်နေပါတယ်။ အထူးသဖြင့် ရိုးမားရဲ့ ခံစစ်ပိုင်းက ဆိုးရွားနေပြီး ဒီပုံစံနဲ့တော့ အဝေးကွင်းမှာ အေဂျက်ဇ်တိုက်စစ်ကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရိုးမား တိုက်စစ်ပိုင်းက ဂိုးရဖို့ စိတ်ချရလို့ အဝေးကွင်းတော့ ရအောင်ယူမှာပါ။ ဒီလိုပွဲမျိုးမှာ ဂိုးအများကို ရွေးရမှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: အေဂျက်ဇ်: ၂-၁ ရိုးမား၊ အေဂျက်ဇ် ၂-၂ ရိုးမား

[ZAWGYI] အာဆင္နယ္ – ဆလားဗီးယားပရက္ (ျမန္မာစံေတာ္ခ်ိန္ည ၁:၃၀)

arsenal-vs-slavia-praha-liga-europa-169
IMAGE: GOAL

အာဆင္နယ္က ေနာက္ပိုင္းပြဲေတြမွာ ေျခစြမ္းပိုင္း ယိမ္းယိုင္ၿပီး အနည္းငယ္ က်ဆင္းလာတာေတာ့ ေတြ႕ရပါတယ္။ ဒါေပမဲ့ ဒီႏွစ္ယူရွုိပါလိဂ္က အာဆင္နယ္အတြက ္အဓိပၸာယ္မ်ားစြာရွိတဲ့ အေနအထားပါ။ ယူရိုပါလိဂ္မွာလည္း အာဆင္နယ္တုိ႔ ေသခ်ာအာရုံစိုက္တဲ့ပြဲဆုိရင္ သိသာၿပီး ရလဒ္ေကာင္းေတြ ရယူထားႏုိင္ပါတယ္။

0-Getty-Images-1228887559
IMAGE: GOAL

ဆလားဗီးယားကေတာ့ ျပည္တြင္းလိဂ္မွာ အေျခအေနေကာင္းေနေပမဲ့ လတ္တေလာမွာ ခံစစ္ပိုင္း ျပႆနာနဲ႔ ႀကံဳေတြ႕ေနရပါတယ္။ အာဆင္နယ္က အေ၀းကြင္း မေပးရဖုိ႔ ဦးစားေပး အာရုံစိုက္မွာျဖစ္ၿပီး ဆလားဗီးယားရဲ႕ တုိက္စစ္ပုိင္းကို ဂိုးမေပးရေအာင္ ဟန္႔တားႏုိင္မွာပါ။ ခံစစ္ဒဏ္ရာျပႆနာရွိေနတဲ့ ဆလားဗီးယားက ခံစစ္ကို ေသခ်ာအာရုံစိုက္လာဖုိ႔ရွိလို႔ ဂိုးအနည္းကို သေဘာက်ပါတယ္။ ျဖစ္ႏုိင္ဖြယ္ရလဒ္: အာဆင္နယ္ ၂-၀ ဆလားဗီးယား

ဂရန္နာဒါ – မန္ယူ (ျမန္မာစံေတာ္ခ်ိန္ည ၁:၃၀)

El-Granada-sigue-haciendo-historia-en-Europa
IMAGE: GOAL

ဂရန္နာဒါက ၃ ပြဲဆက္ ရႈံးပြဲေတြ႕ႀကံဳၿပီး ရလဒ္ေတြဆိုးရြားေနပါတယ္။ အဲဒီ ၃ ပြဲမွာ ဂရန္နာဒါရဲ႕ ခံစစ္ပိုင္းက ဆုိးရြားေနၿပီး ၇ ဂိုးအထိ ခြင့္ျပဳခဲ့ရတယ္။ ဒါေပမဲ့ ဒီႏွစ္ ဂရန္နာဒါရဲ႕ ျဖတ္သန္းမႈကို ၾကည့္လိုက္ရင္ အိမ္ကြင္းအားကို အဓိကအားျပဳခဲ့တာ ေတြ႕ရပါတယ္။

AC-Milan-v-Manchester-United-UEFA-Europa-League-fec58279d9d91e9c152103f8911b3ded
IMAGE: GOAL

မန္ယူကလည္း အိမ္ကြင္းထက္ အေ၀းကြင္းေျခစြမ္းပိုေကာင္းတဲ့အသင္းပါ။ ဒီရာသီ ဖလားပြဲေတြမွာ မန္ယူတို႔ ကိုယ့္ထက္နိမ့္တဲ့အသင္းေတြနဲ႔ ဆံုတဲ့ပြဲေတြမွာ တည္ၿငိမ္မႈရွိၿပီး အမွားနည္းပါတယ္။ ဒီပြဲမွာလည္း ဂရန္နာဒါရဲ႕ ခံစစ္ကို မန္ယူ တုိက္စစ္ ထုိးေဖာက္ဖုိ႔ မခက္ေလာက္ပါဘူး။ အေ၀းကြင္းဆိုေပမဲ့ မန္ယူ အႏုိင္ေသခ်ာပါတယ္။ ျဖစ္ႏုိင္ဖြယ္ရလဒ္: ဂရန္နာဒါ ၀-၂ မန္ယူ

ဒိုင္နမိုဇာဂရက္ – ဗီလာရီးရဲ (ျမန္မာစံေတာ္ခ်ိန္ည ၁:၃၀)

fbl-eur-c3-dinamo-zagreb-tottenham
IMAGE: GOAL

ဒိုင္နမိုဇာဂရက္ရဲ႕ အိမ္ကြင္းေျခစြမ္းပိုင္းက ေကာင္းမြန္ၿပီး အိမ္ကြင္းရလဒ္ပိုင္းကလည္း စိတ္ခ်ရပါတယ္။ ေနာက္ဆံုး ကစားခဲ့တဲ့ အိမ္ကြင္း ၅ ပြဲဆက္ ဒိုင္နမိုဇာဂရက္ အႏုိင္ရထားၿပီး အဲဒီ ၅ ပြဲမွာ ခံစစ္ကလည္း တစ္ဂိုးမွ ခြင့္မျပဳထားရပါဘူး။

1001917542-1024x720
IMAGE: GOAL

ဗီလာရီးရဲကလည္း လက္ရွိမွာ ေျခစြမ္းေကာင္းေတြ ျပသေနၿပီး နည္းျပ အမ္မရီကလည္း ယူရိုပါလိဂ္မွာ ဆရာတစ္ဆူပါ။ အထူးသျဖင့္ ဗီလာရီးရဲက လက္ရွိမွာ တုိက္စစ္ထက္ ခံစစ္ပိုင္းက ပိုၿပီးအားရစရာေကာင္းေနတာ ေတြ႕ရပါတယ္။ ခံစစ္ပိုင္း တည္ၿငိမ္ေနတဲ့ႏွစ္သင္း ေတြ႕ဆံုေနတဲ့ပြဲမွာ ဂိုးအနည္းကိုပဲ ႀကိဳက္ပါတယ္။ ျဖစ္ႏုိင္ဖြယ္ရလဒ္: ဒိုင္နမိုဇာဂရက္ ၁-၁ ဗီလာရီးရဲ

ေအဂ်က္ဇ္ – ရိုးမား (ျမန္မာစံေတာ္ခ်ိန္ည ၁:၃၀)

ajax-vs-as-roma-nhan-dinh-bong-da-09-04-2021-chu-nha-ap-dao-1
IMAGE: GOAL

ေအဂ်က္ဇ္ရဲ႕ ေျခစြမ္းနဲ႔ ရလဒ္ပိုင္းက လံုး၀အားရစရာပါပဲ။ ျပည္တြင္းလိဂ္မွာ အမွတ္ျဖတ္ၿပီး အေျခအေနေကာင္းေနသလို ႏုိင္ပြဲေတြလည္း ဆက္ေနပါတယ္။ဒါ့အျပင္ ေအဂ်က္ဇ္ရဲ႕ တုိက္စစ္ပိုင္းက အားရစရာေကာင္းသလို ခံစစ္ကလည္း တည္ၿငိမ္ေနတဲ့ ပံုစံမ်ိဳးပါ။

Prediksi-Ajax-vs-AS-Roma-9-April-2021-2
IMAGE: GOAL

ရိုးမားကေတာ့ လက္ရွိမွာ ေျခစြမ္းပိုင္း ယိမ္းယိုင္ေနၿပီး ရလဒ္ေတြကလည္း မတည္မၿငိမ္ ျဖစ္ေနပါတယ္။ အထူးသျဖင့္ ရိုးမားရဲ႕ ခံစစ္ပိုင္းက ဆုိးရြားေနၿပီး ဒီပံုစံနဲ႔ေတာ့ အေ၀းကြင္းမွာ ေအဂ်က္ဇ္တုိက္စစ္ကို ေတာင့္ခံႏုိင္မွာ မဟုတ္ပါဘူး။ ဒါေပမဲ့ ရိုးမား တုိက္စစ္ပိုင္းက ဂိုးရဖုိ႔ စိတ္ခ်ရလို႔ အေ၀းကြင္းေတာ့ ရေအာင္ယူမွာပါ။ ဒီလိုပြဲမ်ိဳးမွာ ဂိုးအမ်ားကို ေရြးရမွာပါ။ ျဖစ္ႏုိင္ဖြယ္ရလဒ္: ေအဂ်က္ဇ္: ၂-၁ ရိုးမား၊ ေအဂ်က္ဇ္ ၂-၂ ရိုးမား



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!