7-April-2021 Evening News မ်ား

[UNICODE]

federico-bernardeschi-alessio-romagnoli-juventus-milan-18c28jueoq5dx1tvyv6af7v9l1
IMAGE: GOAL

⚽ စီးရီးအေထိပ်သီးကလပ်တွေဖြစ်ကြတဲ့ အေစီမီလန်နဲ့ ဂျူဗင်တပ်တို့ဟာ ဘာနာဒက်ရှ်ချီနဲ့ ရိုမန်နိုလီတို့ကို အလဲအထပ်ပြုလုပ်ဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ ကစားသမားနှစ်ယောက်စလုံးဟာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်လာပြီ ဖြစ်ပါတယ်။

Getty-Images-1026662224
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးဟာ ရှက်ဖီးလ်ယူနိုက်တက်ကွင်းလယ်လူ ဆန်ဒါဘတ်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မန်စီးတီးဟာ လာမဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဆန်ဒါဘတ်ချ်ကို ပစ်မှတ်ထားနေတာပါ။

Getty-Images-1255297763
IMAGE: GOAL

⚽ မန်ယူလူငယ်ကြယ်ပွင့် ဘရန်ဒန်ဝီလီယံကတော့ မြို့ခံပြိုင်ဘက် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းဟာ ရင်ဆိုင်ရ အခက်ခဲဆုံးပြိုင်ဘက်လို့ ဆိုခဲ့ပါတယ်။ ဒီဘရိုင်းရဲ့ ဘောလုံးရွေ့လျားမှုတွေဟာ အံ့အားသင့်ဖွယ်ကောင်းကြောင်း ဝီလီယံကဆိုခဲ့ပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ်တော့ ဝီလီယံက မက်ဆီကို ရွေးချယ်ခဲ့ပါတယ်။

Getty-Images-1307590230-1
IMAGE: GOAL

⚽ အာဆင်နယ်ကစားသမားဟောင်း မိုက်ကယ်သောမတ်ကတော့ အာဆင်နယ်အနေနဲ့ နည်းပြအာတီတာကို ထုတ်ပယ်လို့ မလိုအပ်သေးကြောင်း၊ တကယ်လို့ နည်းပြသစ် ခန့်အပ်ခဲ့ရင်လည်း အချိန်ပြန်ပေးရဦးမှာဖြစ်ကြောင်း၊ အာတီတာအနေနဲ့ အခုနှစ်ယူရိုပါလိဂ်မှာ အောင်မြင်မှုရဖို့ လိုအပ်ကြောင်း၊ အာဆင်နယ်ဟာ ညာနောက်ခံအတွက် ဟာကီမီ၊ ဘယ်အစွန်အတွက် ဘရန်ုဖို့ဒ်၊ ကွင်းလယ်အတွက် ဘစ်ဆိုမာနဲ့ အိုဒီဂတ်တို့ထဲကတစ်ဦးဦး၊ ဘယ်တောင်ပံကစားသမားတို့ကိုသာ ခေါ်လိုက်ရင် တောင့်တင်းသွားမှာဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

junior-firpo-ida
IMAGE: GOAL

⚽ စီးရီးအေကလပ် အေစီမီလန်အသင်းဟာ လာမဲ့အပြော်ငးအရွှေ့မှာ Full Back ကို အားဖြည့်လိုလျက်ရှိနေပြီး လက်ရှိမှာတော့ ကစားသမား ၃ ယောက်ကို ပစ်မှတ်ထားနေပါတယ်။ ပယ်မီးယက်စ်က ဗီနာ၊ ဘာစီလိုနာနောက်ခံလူ ဖာပိုနဲ့ နာပိုလီက ဟယ်ဆေးတို့ကို အေစီက ပစ်မှတ်ထားနေတာပါ။

kevin-de-bruyne-man-city-2020-21-lmb7tyhhvzl018d4l89bkx2m6
IMAGE: GOAL

⚽ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းဟာ အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ပြီး အပြောင်းအရွှေ့ကောလဟလတွေကို အဆုံးသတ်ခဲ့ပါပြီ။ စာချုပ်အရ ဒီဘရိုင်းဟာ အသက် ၃၄ နှစ်အရွယ်အထိ မန်စီးတီးမှာ ဆက်ရှိမှာဖြစ်ပြီး မန်စီးတီးဟာအိမ်လိုဖြစ်နေပြီဖြစ်ကြောင်း၊ စာချုပ်သစ် ချုပ်ဆိုတဲ့နေရာမှာ နည်းပြဂွါဒီယိုလာနဲ့ ဆက်ဆံရေးက အရေးပါခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

lucas-vazquez-real-madrid-2020-21-71oukpb0v3c716lt5idbo46cp
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ရီးရဲကွင်းလယ်လူ ဗက်ကွက်ဇ်ကတော့ အပြောင်းအရွှေ့သတင်းတွေကို တရားဝင် ပြောဆိုခဲ့ပါပြီ။ လက်ရှိမှာ ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ထားကြောင်း၊ သူဟာ အမြဲတမ်း ရီးရဲမက်ဒရစ်လူပဲဖြစ်ကြောင်း ဗက်ကွက်ဇ်က ဖွင့်ဟခဲ့ပါတယ်။

ngolo-kante-and-christian-pulisic-split-main-mq6exgfxx8pj1iv6ojy2anzrt
IMAGE: GOAL

⚽ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ချဲလ်ဆီးကစားသမားတွေဖြစ်တဲ့ ကန်တီနဲ့ ပူလီဆစ်တို့ဟာ ပေါ်တိုနဲ့ ကစားမဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပါဝင်မယ်လို့ နည်းပြတူချယ်က အတည်ပြုခဲ့ပါတယ်။

robert-lewandowski-bayern-munich-2020-21-1livbqd5b38at1cvgoudaa48of
IMAGE: GOAL

⚽ ပီအက်စ်ဂျီနဲ့ပွဲမှာ အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီး ဒဏ်ရာကြောင့် ပါဝင်ခြင်း မရှိတဲ့ အခြေအနေကို ဘိုင်ယန်ကစားသမားဟောင်း အော်တင်တော့က စိုးရိမ်လျက် ရှိနေပါတယ်။ “ဒါက ဘိုင်ယန်အတွက် အလွန်ဆိုးတဲ့ သတင်းပါပဲ။ တစ်ဖက်မှာလည်း လီဝန်ဒေါစကီးမပါဝင်တဲ့ ဘိုင်ယန်က ကြည့်ရတာ စိတ်ဝင်စားစရာကောင်းမှာပါ”လို့ သူက ဆိုခဲ့ပါတယ်။

sergio-conceicao-porto-iwzl4r2clbgh1m86ivhvt9av1
IMAGE: GOAL

⚽ ပေါ်တိုနည်းပြ ကွန်စီကာယိုကတော့ ချဲလ်ဆီးအနေနဲ့ ဝက်စ်ဘရွန်းကို အရေးနိမ့်ထားတဲ့ဒဏ်ရာကြောင့် ပေါက်ကွဲလာနိုင်ကြောင်း၊ ဒီအခြေအနေက သူတို့အတွက် ပိုမိုအန္တရာယ်ရှိကြောင်း၊ ချဲလ်ဆီးဟာ အသင်းကောင်းတစ်သင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

[ZAWGYI]

federico-bernardeschi-alessio-romagnoli-juventus-milan-18c28jueoq5dx1tvyv6af7v9l1
IMAGE: GOAL


IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးဟာ ရှက်ဖီးလ်ယူနိုက်တက်ကွင်းလယ်လူ ဆန်ဒါဘတ်ခ်ျကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မန်စီးတီးဟာ လာမဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ၀ါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဆန်ဒါဘတ်ခ်ျကို ပစ်မှတ်ထားနေတာပါ။

IMAGE: GOAL


IMAGE: GOAL


junior-firpo-ida
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!