7-April-2021 Tea Break သတင္းမ်ား

[UNICODE]

1231853415-0
IMAGE: GOAL

⚽ ချဲလ်ဆီးနည်းပြ တူချယ်လ်ကတော့ အသင်းဟောင်း ပီအက်စ်ဂျီကနေ ထွက်ခွာခဲ့ရပုံကို ထုတ်ဖော်ခဲ့ပါတယ်။ သူ့အနေနဲ့ ထုတ်ပယ်မရခံခင်ရက်ပိုင်းအလိုလောက်မှာကတည်းက ကြိုတင်ခံစားခဲ့ရကြောင်း၊ ဒါပေမဲ့စထရက်ဘော့ဂ်ကို ၄ ဂိုးပြတ်အနိုင်ရပြီးချိန်မှာ ထုတ်ပယ်ခံခဲ့ရတာကို မယုံနိုင်ကြောင်း၊ သူ့ကို ထုတ်ပယ်လိုက်ကြောင်းကို အားကစားဒါရိုက်တာ လီယိုနာဒိုက များများစားစား မပြောဘဲ နှစ်မိနစ်သာကြာခဲ့ကြောင်း တူချယ်က ဖွင့်ဟခဲ့ပါတယ်။

frenkie-de-jong-barcelona-2020-21-1s1bxv4d7u9pf1vsvbfj4tc6n2
IMAGE: GOAL

⚽ ဘာစီလိုနာကွင်း လယ်လူ ဒီဂျောင်ကတော့ ဗယ်လာဒိုးလစ်နဲ့ပွဲစဉ်မှာ ဗဟိုနောက်ခံလူအဖြစ်ကစားခဲ့ရပြီးနောက် ကွင်းလယ်မှာပြန်ကစားဖို့ နည်းပြကိုးမန်းကို တောင်းဆိုခဲ့ပါတယ်။ သူ့အနေနဲ့ ကွင်းလယ်မှာ ကစားလိုကြောင်း၊ ဒါပေမဲ့ အသင်းကောင်းဖို့အတွက်ဆိုရင် ဘယ်နေရာမှာ ကစားရရ အဆင်ပြေကြောင်း ဒီဂျောင်က ဖွင့်ဟခဲ့တာပါ။

Getty-Images-1230383510-e1617695100822
IMAGE: GOAL

⚽ ယူရို ၂၀၂၀ ပြိုင်ပွဲကျရင် အင်္ဂလန်အသင်းမှာ ပွဲထွက်ပါဝင်သင့်တဲ့ ကစားသမား ၁၁ ယောက်ကို ကာရေဂါနဲ့ ဂယ်ရီနီဗီးလ်တို့က ကိုယ်စီ ရွေးချယ်ခဲ့ကြပါတယ်။ တိုက်စစ်ပိုင်းမှာ ကာရေဂါက ဂရီးလစ်ရှ် ပွဲထွက်သင့်တယ်လို့ ရွေးချယ်ခဲ့ပြီး ဂယ်ရီနဗီးလ်ကတော့ ရက်ဖို့ဒ်ပွဲထွက်သင့်တယ်လို့ ရွေးခဲ့ပါတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းမှာတော့ မက်ဂွဲရားနဲ့ လုရှောခ်တို့နှစ်ယောက်စလုံး ပွဲထွက်သင့်တယ်လို့ နှစ်ယောက်စလုံးက သဘောတူခဲ့ပါတယ်။

Getty-Images-1302678141
IMAGE: GOAL

⚽ အက်သလက်မှာ အငှားနဲ့ ကစားနေတဲ့ အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားဟာ လာမဲ့အပြောင်းအရွှေ့မှာ ဘိုကာဂျူနီယာကို စီစဉ်လျက်ရှိနေပါတယ်။ အမေဖြစ်သူ ရုတ်တရက်ကွယ်လွန်ပြီးနောက် တော်ရဲရားဟာ ဥရောပမှာ မနေလိုတော့ဘဲ အမေရိကကို ပြန်ချင်နေတယ်လို့ သိရပါတယ်။

Getty-Images-1311128903-e1617734145955
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက် ဝါရင့်တောင်ပံကစားသမား မာတာဟာ ဂရန်နာဒါနဲ့ ပွဲမတိုင်ခင် လေ့ကျင့်ခန်း အစီအစဉ်မှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ မာတာဟာ ဒီရာသီမှာ မန်ယူအတွက် ၃ ပွဲသာ ပါဝင်ကစားထားခဲ့သူပါ။ ဂရန်နာဒါနဲ့ပွဲမှာ မာတာ ပါဝင်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

naby-keita-liverpool-2020-21-1nva2j3tx49ik1ve9q7p5cmkde
IMAGE: GOAL

⚽ လီဗာပူးနည်းပြ ကလော့ကတော့ ကွင်းလယ်လူ ကီတာကို ၄၂ မိနစ်မှာပဲ လူစားလဲခဲ့ရခြင်းအကြောင်းမှာ နည်းစနစ်ပိုင်း ဆုံးဖြတ်ချက်ကြောင့်ဖြစ်ကြောင်း၊ ဒီလိုမျိုးလူစားလဲမှုတွေကို သူ့အနေနဲ့ မလုပ်ချင်ကြောင်း၊ ဒါပေမဲ့ ကီတာဟာ ပထမပိုင်းမှာ ကောင်းမွန်စွာ ကစားနိုင်ခြင်း မရှိကြောင်း ဆိုခဲ့ပါတယ်။

Screen-Shot-2021-04-06-at-2-59-44-PM
IMAGE: GOAL

⚽ မန်စီးတီးနဲ့ ဒေါ့မွန်တို့ပွဲစဉ်မှာ လက်ထောက်ဒိုင်လူကြီးအနေနဲ့ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းထံ လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုခဲ့မှုဟာ ဝေဖန်မှု မြင့်တက်လျက် ရှိနေပါတယ်။ ဒါပေမဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ဒီဖြစ်ရပ်ကို အပြစ်မမြင်ခဲ့ဘဲ “သူက ဟာလန်းရဲ့ပရိသတ်ဖြစ်ရင် ဘာလို့ တောင်းလို့မရရမှာလဲ။ ဒါက သူ့သားလေးအတွက်၊ သမီးလေးအတွက်လည်း ဖြစ်နိုင်တာပဲ” လို့ ဆိုခဲ့ပါတယ်။

serge-gnabry-bayern-munich-2020-21-e6d8kqort4811x528xit5xoro
IMAGE: GOAL

⚽ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ် အဓိက တိုက်စစ်မှူး ဂနာဘရီဟာ ကိုဗစ်ကူးစက်ခဲ့လို့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ “ဂနာဘရီဟာ ကိုဗစ် Positive ဖြစ်ခဲ့ပါတယ်။ အခုတော့ သူဟာ ကောင်းကောင်းမွန်မွန်ရှိနေပြီး Quarantine ဝင်နေပါတယ်”လို့ ဘိုင်ယန်မြူးနစ်က ထုတ်ပြန်ခဲ့ပါတယ်။

sergio-aguero-chelsea-fc-badge
IMAGE: GOAL

⚽ မန်စီးတီးတိုက်စစ်မှူး အဂူရိုဟာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ Standard Sport ကဖော်ပြထားပါတယ်။ အဂူရိုဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အလွတ်နဲ့ ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။ အဂူရိုကို ချဲလ်ဆီး၊ ဘာစီလိုနာတို့က ပစ်မှတ်ထားနေပြီး အခုအခါမှာတော့ အဂူရိုအနေနဲ့ အင်္ဂလန်မှာ ဆက်နေဖွယ် ရှိနေပါတယ်။

Zinedine-Zidane-5
IMAGE: GOAL

⚽ ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းကတော့ ဂျူဗင်တပ်အသင်းကို ကိုင်တွယ်မယ်ဆိုပြီး ထွက်ပေါ်နေတဲ့သတင်းတွေကို ပြတ်ပြတ်သားသား ပြောကြားသွားခြင်း မရှိပါဘူး။ ူ့အနေနဲ့ တူရင်မှာ ၅ နှစ်ခန့် ကျင်လည်ခဲ့ကြောင်း၊ အီတလီဟာ သူ့ရဲ့နှလုံးသားထဲမှာ အမြဲရှိနေပြီး ဂျူဗင်တပ်ဟာ သူ့အတွက် အရေးပါဆဲဖြစ်နေကြောင်း၊ အနာဂတ်ကိုတော့ ဘာမှမပြောနိုင်ကြောင်း ဇီဒန်းက ဆိုခဲ့ပါတယ်။

[ZAWGYI]

1231853415-0
IMAGE: GOAL

⚽ ခ်ဲလ္ဆီးနညး္ျပ တူခ်ယ္လ္ကေတာ့ အသင္းေဟာင္း ပီအက္စ္ဂ်ီကေန ထြက္ခြာခဲ့ရပံုကို ထုတ္ေဖာ္ခဲ့ပါတယ္။ သူ႔အေနနဲ႔ ထုတ္ပယ္မရခံခင္ရက္ပိုင္းအလိုေလာက္မွာကတည္းက ႀကိဳတင္ခံစားခဲ့ရေၾကာင္း၊ ဒါေပမဲ့စထရက္ေဘာ့ဂ္ကို ၄ ဂိုးျပတ္အႏိုင္ရၿပီးခ်ိန္မွာ ထုတ္ပယ္ခံခဲ့ရတာကို မယံုႏိုင္ေၾကာင္း၊ သူ႔ကို ထုတ္ပယ္လိုက္ေၾကာငး္ကို အားကစားဒါရိုက္တာ လီယိုနာဒိုက မ်ားမ်ားစားစား မေျပာဘဲ ႏွစ္မိနစ္သာၾကာခဲ့ေၾကာင္း တူခ်ယ္က ဖြင့္ဟခဲ့ပါတယ္။

frenkie-de-jong-barcelona-2020-21-1s1bxv4d7u9pf1vsvbfj4tc6n2
IMAGE: GOAL

⚽ ဘာစီလိုနာကြင္း လယ္လူ ဒီေဂ်ာင္ကေတာ့ ဗယ္လာဒိုးလစ္နဲ႔ပြဲစဥ္မွာ ဗဟိုေနာက္ခံလူအျဖစ္ကစားခဲ့ရၿပီးေနာက္ ကြင္းလယ္မွာျပန္ကစားဖုိ႔ နည္းျပကိုးမန္းကို ေတာင္းဆုိခဲ့ပါတယ္။ သူ႔အေနနဲ႔ ကြင္းလယ္မွာ ကစားလိုေၾကာင္း၊ ဒါေပမဲ့ အသင္းေကာင္းဖို႔အတြက္ဆုိရင္ ဘယ္ေနရာမွာ ကစားရရ အဆင္ေျပေၾကာင္း ဒီေဂ်ာင္က ဖြင့္ဟခဲ့တာပါ။

Getty-Images-1230383510-e1617695100822
IMAGE: GOAL

⚽ ယူရို ၂၀၂၀ ၿပိဳင္ပြဲက်ရင္ အဂၤလန္အသင္းမွာ ပြဲထြက္ပါ၀င္သင့္တဲ့ ကစားသမား ၁၁ ေယာက္ကို ကာေရဂါနဲ႔ ဂယ္ရီနီဗီးလ္တို႔က ကိုယ္စီ ေရြးခ်ယ္ခဲ့ၾကပါတယ္။ တုိက္စစ္ပိုင္းမွာ ကာေရဂါက ဂရီးလစ္ရွ္ ပြဲထြက္သင့္တယ္လုိ႔ ေရြးခ်ယ္ခဲ့ၿပီး ဂယ္ရီနဗီးလ္ကေတာ့ ရက္ဖုိ႔ဒ္ပြဲထြက္သင့္တယ္လို႔ ေရြးခဲ့ပါတယ္။ ဒါေပမဲ့ ခံစစ္ပိုင္းမွာေတာ့ မက္ဂြဲရားနဲ႔ လုေရွာခ္တို႔ႏွစ္ေယာက္စလံုး ပြဲထြက္သင့္တယ္လုိ႔ ႏွစ္ေယာက္စလံုးက သေဘာတူခဲ့ပါတယ္။

Getty-Images-1302678141
IMAGE: GOAL

⚽ အက္သလက္မွာ အငွားန႔ဲ ကစားေနတဲ့ အာဆင္နယ္ကြင္းလယ္လူ ေတာ္ရဲရားဟာ လာမဲ့အေျပာင္းအေရႊ႕မွာ ဘိုကာဂ်ဴနီယာကို စီစဥ္လ်က္ရွိေနပါတယ္။ အေမျဖစ္သူ ရုတ္တရက္ကြယ္လြန္ၿပီးေနာက္ ေတာ္ရဲရားဟာ ဥေရာပမွာ မေနလိုေတာ့ဘဲ အေမရိကကို ျပန္ခ်င္ေနတယ္လို႔ သိရပါတယ္။

Getty-Images-1311128903-e1617734145955
IMAGE: GOAL

⚽ မန္ခ်က္စတာယူႏုိက္တက္ ၀ါရင့္ေတာင္ပံကစားသမား မာတာဟာ ဂရန္နာဒါနဲ႔ ပြဲမတုိင္ခင္ ေလ့က်င့္ခန္း အစီအစဥ္မွာ ျပန္လည္ပါ၀င္လာခဲ့ပါတယ္။ မာတာဟာ ဒီရာသီမွာ မန္ယူအတြက္ ၃ ပြဲသာ ပါ၀င္ကစားထားခဲ့သူပါ။ ဂရန္နာဒါနဲ႔ပြဲမွာ မာတာ ပါ၀င္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

naby-keita-liverpool-2020-21-1nva2j3tx49ik1ve9q7p5cmkde
IMAGE: GOAL

⚽ လီဗာပူးနည္းျပ ကေလာ့ကေတာ့ ကြင္းလယ္လူ ကီတာကို ၄၂ မိနစ္မွာပဲ လူစားလဲခဲ့ရျခင္းအေၾကာင္းမွာ နည္းစနစ္ပိုင္း ဆံုးျဖတ္ခ်က္ေၾကာင့္ျဖစ္ေၾကာင္း၊ ဒီလိုမ်ိဳးလူစားလဲမႈေတြကို သူ႔အေနနဲ႔ မလုပ္ခ်င္ေၾကာင္း၊ ဒါေပမဲ့ ကီတာဟာ ပထမပိုင္းမွာ ေကာင္းမြန္စြာ ကစားႏုိင္ျခင္း မရွိေၾကာင္း ဆုိခဲ့ပါတယ္။

Screen-Shot-2021-04-06-at-2-59-44-PM
IMAGE: GOAL

⚽ မန္စီးတီးနဲ႔ ေဒါ့မြန္တုိ႔ပြဲစဥ္မွာ လက္ေထာက္ဒိုင္လူႀကီးအေနနဲ႔ ေဒါ့မြန္တုိက္စစ္မွဴးဟာလန္းထံ လက္မွတ္ေရးထုိးေပးဖို႔ ေတာင္းဆိုခဲ့မႈဟာ ေ၀ဖန္မႈ ျမင့္တက္လ်က္ ရွိေနပါတယ္။ ဒါေပမဲ့ မန္စီးတီးနညး္ျပ ဂြါဒီယိုလာကေတာ့ ဒီျဖစ္ရပ္ကို အျပစ္မျမင္ခဲ့ဘဲ “သူက ဟာလန္းရဲ႕ပရိသတ္ျဖစ္ရင္ ဘာလို႔ ေတာင္းလို႔မရရမွာလဲ။ ဒါက သူ႔သားေလးအတြက္၊ သမီးေလးအတြက္လည္း ျဖစ္ႏုိင္တာပဲ” လုိ႔ ဆုိခဲ့ပါတယ္။

serge-gnabry-bayern-munich-2020-21-e6d8kqort4811x528xit5xoro
IMAGE: GOAL

⚽ ဘြန္ဒက္လီဂါကလပ္ ဘို္င္ယန္ျမဴးနစ္ အဓိက တုိက္စစ္မွဴး ဂနာဘရီဟာ ကိုဗစ္ကူးစက္ခဲ့လုိ႔ ပီအက္စ္ဂ်ီနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ကို လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။ “ဂနာဘရီဟာ ကိုဗစ္ Positive ျဖစ္ခဲ့ပါတယ္။ အခုေတာ့ သူဟာ ေကာင္းေကာင္းမြန္မြန္ရွိေနၿပီး Quarantine ၀င္ေနပါတယ္”လို႔ ဘိုင္ယန္ျမဴးနစ္က ထုတ္ျပန္ခဲ့ပါတယ္။

sergio-aguero-chelsea-fc-badge
IMAGE: GOAL

⚽ မန္စီးတီးတုိက္စစ္မွဴး အဂူရိုဟာ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေရႊ႕ဖုိ႔ စိတ္၀င္စားေနတယ္လုိ႔ Standard Sport ကေဖာ္ျပထားပါတယ္။ အဂူရိုဟာ မန္စီးတီးနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးေတာ့မွာျဖစ္ၿပီး အလြတ္နဲ႔ ေျပာင္းေရႊ႕ဖုိ႔ စီစဥ္ေနပါတယ္။ အဂူရိုကို ခ်ဲလ္ဆီး၊ ဘာစီလိုနာတုိ႔က ပစ္မွတ္ထားေနၿပီး အခုအခါမွာေတာ့ အဂူရိုအေနနဲ႔ အဂၤလန္မွာ ဆက္ေနဖြယ္ ရွိေနပါတယ္။

Zinedine-Zidane-5
IMAGE: GOAL

⚽ ရီးရဲမက္ဒရစ္နည္းျပ ဇီဒန္းကေတာ့ ဂ်ဴဗင္တပ္အသင္းကို ကိုင္တြယ္မယ္ဆုိၿပီး ထြက္ေပၚေနတဲ့သတင္းေတြကို ျပတ္ျပတ္သားသား ေျပာၾကားသြားျခင္း မရွိပါဘူး။ ူ႔အေနနဲ႔ တူရင္မွာ ၅ ႏွစ္ခန္႔ က်င္လည္ခဲ့ေၾကာင္း၊ အီတလီဟာ သူ႔ရဲ႕ႏွလံုးသားထဲမွာ အၿမဲရွိေနၿပီး ဂ်ဴဗင္တပ္ဟာ သူ႔အတြက္ အေရးပါဆဲျဖစ္ေနေၾကာင္း၊ အနာဂတ္ကိုေတာ့ ဘာမွမေျပာႏုိင္ေၾကာင္း ဇီဒန္းက ဆုိခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!