7-April-2021 အေျပာင္းအေရႊ႕သတင္းမ်ား

[UNICODE]

7b7da2d6df75449f90e9531d2408ea1f500x500-2x
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနည်းပြတူချယ်ဟာ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ အသင်းကို မြေလှန်ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ တူချယ်ဟာ ပထမအသင်းက ကစားသမား ၉ ယောက်ခန့်ကို ရောင်းထုတ်သွားဖို့ စီစဉ်နေတာဖြစ်ပြီး အေဘရာဟမ်ချ်၊ ကီပါတို့ကိုလည်း သင့်တော်တဲ့ဈေးနှုန်းရပါက ရောင်းဖို့ ရှိနေပါတယ်။

2876770-59243408-2560-1440
IMAGE: GOAL

⚽ အီတလီနာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုကတော့ အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ဟာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုဟာ လွန်ခဲ့တဲ့ တစ်နှစ်က ဘယ်လာရင်ကို ခေါ်လိုချင်ခဲ့ပေမဲ့ အသင်းနှစ်သင်းကြား သဘောတူညီမှု မရခဲ့ဘူးလို့ သိရပါတယ်။ ဘယ်လာရင်ကို ဘာစီလိုနာကလည်း ပြန်လည်ခေါ်ချင်နေတာပါ။

Atletico-Madrid-v-Sevilla-La-Liga-Santander-ba95afe370d3105831249dc6d0e23e7a
IMAGE: GOAL

⚽ လာမဲ့အပြောင်းအရွှေ့မှာ နောက်တန်းကို အားဖြည့်ဖို့ ကြံရွယ်နေတဲ့ စပါးနည်းပြ မော်ရင်ဟိုဟာ ဆီဗီးလ်နောက်ခံလူ ဒီယေဂိုကားလို့စ်ကို စိတ်ဝင်စားနေပါတယ်။ ဒီယေဂိုကားလို့စ်ဟာ အသင်းနဲ့ လိုက်ဖက်မဲ့သူလို့မော်ရင်ဟိုက ယူဆထားလျက် ရှိနေပါတယ်။

Blackburn-Rovers-v-Northampton-Town-Sky-Bet-League-One
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ဟာ ဘလက်ဘန်းတိုက်စစ်မှူး အမ်းထရောင်းကို ခေါ်ယူချင်တဲ့အသင်းတွေထဲ ပါဝင်လာခဲ့ပါပြီ။ အမ်းထရောင်းဟာ အခုနှစ်ရာသီမှာ ဘလက်ဘန်းအတွက် ခြေစွမ်းပြသလျက်ရှိနေပြီး ၁၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

gareth-bale-tottenham-europe-league-2020-21-z7kd5swybt691wzpm7yarc0vp
IMAGE: GOAL

⚽ ရီးရဲမက်ဒရစ်နည်းပြဟောင်း တိုဆစ်ကတော့ ဂါရတ်ဘေးလ်အနေနဲ့ အနာဂတ်အတွက် အေးဂျင့်ပြောတာကို ဂရုမစိုက်ဘဲ ကိုယ်ပိုင်အတွေးအတိုင်းသာ လုပ်ဆောင်သင့်ကြောင်း၊ ဂါရတ်ဘေးလ်အနေနဲ့ အနာဂတ်အတွက် မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချဖို့ လိုအပ်နေကြောင်း အကြံပြုခဲ့ပါတယ်။

VILLAREAL-SPAIN-DECEMBER-06-Gerard-Moreno-of-Villarreal-CF-looks-on-during-the-La-Liga-Santander-mat
IMAGE: GOAL

⚽ လာလီဂါကလပ် အက်သလက်တီကိုဟာ ဗီလာရီးရဲတိုက်စစ်မှူး မိုရီနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Marca က ဖော်ပြထားပါတယ်။ ဆီမြွန်နီဟာ လာမဲ့ရာသီမှာ တိုက်စစ်ပိုင်းကို အားဖြည့်လိုနေပြီး မိုရီနိုကို အဓိကပစ်မှတ်ထားနေတာပါ။ ဒါပေမဲ့ ဗီလာရီးရဲကလည်း သူ့ကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၀၀ မရရင် ရောင်းချဖွယ် မရှိပါဘူး။

jesse-lingard-west-ham-2020-21-ff3p5vj91rtr1o73zzt3ost66
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းဟာ မန်ချက်စတာယူနိုက်တက်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူလင်ဂတ်ကို အပြီးသတ် ခေါ်ယူလိုပေမဲ့ မန်ယူဘက်က တောင်းဆိုမဲ့ ပြောင်းရွှေ့ကြေးကအခက်တွေ့ဖွယ်ရှိနေပါတယ်။ လင်ဂတ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ အသင်းနှစ်သင်းကြား ဆွေးနွေးမှုမလုပ်ရသေးပါဘူး။

lionel-messi-barcelonaman-city-logo-2019-20-1vryakvk55e9f18874hopz389i
IMAGE: GOAL

⚽ မန်စီးတီးဟာ လာလီဂါကလပ် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ခေါ်ယူရေး လက်မလျှော့သေးဘူးလို့ Marca က ဖော်ပြထားပါတယ်။ လာမဲ့နွေရာသီမှာ အလွတ်နဲ့ ရနိုင်မဲ့ မက်ဆီကို မန်စီးတီးနည်းပြ ဂွါဒီယိုလာက ခေါ်ယူလိုနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဥက္ကဋ္ဌသစ်လာပေါ်တာကြောင့် မက်ဆီဟာ ဘာစီလိုနာမှာသာ ဆက်ရှိဖို့ နီးစပ်နေပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Man-Utd-and-Chelsea-in-Ibrahima-Konate-transfer-fight-with
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်ဟာ လီဗာပူးပစ်မှတ်ထားနေတဲ့ လိုက်ပဇစ်နောက်ခံလူ ကိုနာတီကို စိတ်ဝင်စားလာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ကိုနာတီအတွက် လီဗာပူးနဲ့ မန်ယူတို့ဟာ အပြိုင်ကြိုးပမ်းသွားရတော့မှာပါ။ အသက် ၂၁ နှစ်အရွယ် လိုက်ပဇစ်နောက်ခံ လူဟာ အူပါမီကာနိုကြောင့် ပွဲကစားခွင့် လုံလုံလောက်လောက် ရရှိခြင်း မရှိသူပါ။

skysports-eddie-howe-pa-pics-5331814-1
IMAGE: GOAL

⚽ စကော့တလန်ကလပ် ဆဲလ်တစ်ဟာ ဘုန်းမောက်နည်းပြဟောင်း အက်ဒီဝုဒ်ကို နည်းပြသစ်အဖြစ် ခန့်အပ်တော့မှာဖြစ်တယ်လို့ The Sun က ဖော်ပြထားပါတယ်။ အက်ဒီဝုဒ်ဟာ ၂၀၂၀ ခုနှစ်အတွင်း ဘုန်းမောက်ကနေ ထုတ်ပယ်ခံရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူပါ။

[ZAWGYI]

7b7da2d6df75449f90e9531d2408ea1f500x500-2x
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးနည္းျပတူခ်ယ္ဟာ လာမဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကို ေျမလွန္ေျပာင္းလဲမႈေတြ ျပဳလုပ္သြားဖုိ႔ ရွိေနပါတယ္။ တူခ်ယ္ဟာ ပထမအသင္းက ကစားသမား ၉ ေယာက္ခန္႔ကို ေရာင္းထုတ္သြားဖုိ႔ စီစဥ္ေနတာျဖစ္ၿပီး ေအဘရာဟမ္ခ်္၊ ကီပါတုိ႔ကိုလည္း သင့္ေတာ္တဲ့ေစ်းႏႈန္းရပါက ေရာင္းဖုိ႔ ရွိေနပါတယ္။

2876770-59243408-2560-1440
IMAGE: GOAL

⚽ အီတလီနာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယိုကေတာ့ အာဆင္နယ္ေနာက္ခံလူ ဘယ္လာရင္ဟာ အသင္းကေန ထြက္ခြာဖုိ႔ နီးစပ္ေနၿပီလို႔ ေျပာဆုိလိုက္ပါတယ္။ ပီအက္စ္ဂ်ီ အားကစားဒါရိုက္တာ လီယိုနာဒိုဟာ လြႏ္ခဲ့တဲ့ တစ္ႏွစ္က ဘယ္လာရင္ကို ေခၚလိုခ်င္ခဲ့ေပမဲ့ အသင္းႏွစ္သင္းၾကား သေဘာတူညီမႈ မရခဲ့ဘူးလုိ႔ သိရပါတယ္။ ဘယ္လာရင္ကို ဘာစီလုိနာကလည္း ျပန္လည္ေခၚခ်င္ေနတာပါ။

Atletico-Madrid-v-Sevilla-La-Liga-Santander-ba95afe370d3105831249dc6d0e23e7a
IMAGE: GOAL

⚽ လာမဲ့အေျပာင္းအေရႊ႕မွာ ေနာက္တန္းကို အားျဖည့္ဖုိ႔ ႀကံရြယ္ေနတဲ့ စပါးနည္းျပ ေမာ္ရင္ဟိုဟာ ဆီဗီးလ္ေနာက္ခံလူ ဒီေယဂိုကားလို႔စ္ကို စိတ္၀င္စားေနပါတယ္။ ဒီေယဂိုကားလို႔စ္ဟာ အသင္းနဲ႔ လိုက္ဖက္မဲ့သူလို႔ေမာ္ရင္ဟိုက ယူဆထားလ်က္ ရွိေနပါတယ္။

Blackburn-Rovers-v-Northampton-Town-Sky-Bet-League-One
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္ဟာ ဘလက္ဘန္းတိုက္စစ္မွဴး အမ္းထေရာငး္ကို ေခၚယူခ်င္တဲ့အသင္းေတြထဲ ပါ၀င္လာခဲ့ပါၿပီ။ အမ္းထေရာင္းဟာ အခုႏွစ္ရာသီမွာ ဘလက္ဘန္းအတြက္ ေျခစြမ္းျပသလ်က္ရွိေနၿပီး ၁၉ ဂိုးအထိ သြင္းယူထားႏုိင္ခဲ့ပါတယ္။

gareth-bale-tottenham-europe-league-2020-21-z7kd5swybt691wzpm7yarc0vp
IMAGE: GOAL

⚽ ရီးရဲမက္ဒရစ္နည္းျပေဟာင္း တုိဆစ္ကေတာ့ ဂါရတ္ေဘးလ္အေနနဲ႔ အနာဂတ္အတြက္ ေအးဂ်င့္ေျပာတာကို ဂရုမစိုက္ဘဲ ကိုယ္ပိုင္အေတြးအတုိင္းသာ လုပ္ေဆာင္သင့္ေၾကာင္း၊ ဂါရတ္ေဘးလ္အေနနဲ႔ အနာဂတ္အတြက္ မွန္မွန္ကန္ကန္ ဆံုးျဖတ္ခ်က္ခ်ဖို႔ လိုအပ္ေနေၾကာင္း အႀကံျပဳခဲ့ပါတယ္။

VILLAREAL-SPAIN-DECEMBER-06-Gerard-Moreno-of-Villarreal-CF-looks-on-during-the-La-Liga-Santander-mat
IMAGE: GOAL

⚽ လာလီဂါကလပ္ အက္သလက္တီကိုဟာ ဗီလာရီးရဲတုိက္စစ္မွဴး မိုရီႏိုကို ေခၚယူဖုိ႔ စိတ္၀င္စားေနတယ္လုိ႔ Marca က ေဖာ္ျပထားပါတယ္။ ဆီျမြန္နီဟာ လာမဲ့ရာသီမွာ တိုက္စစ္ပိုင္းကို အားျဖည့္လိုေနၿပီး မိုရီႏုိကို အဓိကပစ္မွတ္ထားေနတာပါ။ ဒါေပမဲ့ ဗီလာရီးရဲကလည္း သူ႔ကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူရိုသန္း ၁၀၀ မရရင္ ေရာင္းခ်ဖြယ္ မရွိပါဘူး။

jesse-lingard-west-ham-2020-21-ff3p5vj91rtr1o73zzt3ost66
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ၀က္စ္ဟမ္းဟာ မန္ခ်က္စတာယူႏုိက္တက္ကေန အငွားနဲ႔ ေခၚယူထားတဲ့ ကြင္းလယ္လူလင္ဂတ္ကို အၿပီးသတ္ ေခၚယူလိုေပမဲ့ မန္ယူဘက္က ေတာင္းဆိုမဲ့ ေျပာင္းေရႊ႕ေၾကးကအခက္ေတြ႕ဖြယ္ရွိေနပါတယ္။ လင္ဂတ္ရဲ႕ အေျပာင္းအေရႊ႕နဲ႔ ပတ္သက္လို႔ အသင္းႏွစ္သင္းၾကား ေဆြးေႏြးမႈမလုပ္ရေသးပါဘူး။

lionel-messi-barcelonaman-city-logo-2019-20-1vryakvk55e9f18874hopz389i
IMAGE: GOAL

⚽ မန္စီးတီးဟာ လာလီဂါကလပ္ ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီကို ေခၚယူေရး လက္မေလွ်ာ့ေသးဘူးလုိ႔ Marca က ေဖာ္ျပထားပါတယ္။ လာမဲ့ေႏြရာသီမွာ အလြတ္နဲ႔ ရႏုိင္မဲ့ မက္ဆီကို မန္စီးတီးနည္းျပ ဂြါဒီယိုလာက ေခၚယူလိုေနဆဲ ျဖစ္ပါတယ္။ ဒါေပမဲ့ ဥကၠ႒သစ္လာေပၚတာေၾကာင့္ မက္ဆီဟာ ဘာစီလိုနာမွာသာ ဆက္ရွိဖုိ႔ နီးစပ္ေနၿပီလုိ႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။

Man-Utd-and-Chelsea-in-Ibrahima-Konate-transfer-fight-with
IMAGE: GOAL

⚽ မန္ခ်က္စတာယူႏုိက္တက္ဟာ လီဗာပူးပစ္မွတ္ထားေနတဲ့ လိုက္ပဇစ္ေနာက္ခံလူ ကိုနာတီကို စိတ္၀င္စားလာခဲ့ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုနာတီအတြက္ လီဗာပူးနဲ႔ မန္ယူတုိ႔ဟာ အၿပိဳင္ႀကိဳးပမ္းသြားရေတာ့မွာပါ။ အသက္ ၂၁ ႏွစ္အရြယ္ လိုက္ပဇစ္ေနာက္ခံ လူဟာ အူပါမီကာႏုိေၾကာင့္ ပြဲကစားခြင့္ လံုလံုေလာက္ေလာက္ ရရွိျခင္း မရွိသူပါ။

skysports-eddie-howe-pa-pics-5331814-1
IMAGE: GOAL

⚽ စေကာ့တလန္ကလပ္ ဆဲလ္တစ္ဟာ ဘုန္းေမာက္နည္းျပေဟာင္း အက္ဒီ၀ုဒ္ကို နည္းျပသစ္အျဖစ္ ခန္႔အပ္ေတာ့မွာျဖစ္တယ္လို႔ The Sun က ေဖာ္ျပထားပါတယ္။ အက္ဒီ၀ုဒ္ဟာ ၂၀၂၀ ခုႏွစ္အတြင္း ဘုန္းေမာက္ကေန ထုတ္ပယ္ခံရၿပီးကတည္းက အသင္းလက္မဲ့ျဖစ္ေနသူပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!