7-April-2021 ချန်ပီယံလိဂ်ပွဲပြီးနှင့် နောက်ဆက်တွဲသတင်းများ

[UNICODE] မန်စီးတီး ၂-၁ ဒေါ့မွန်

maxresdefault-1
IMAGE: GOAL

မန်စီးတီးကတော့ အိမ်ကွင်းမှာ မပြတ်သားတဲ့ရလဒ်နဲ့ပဲ အနိုင်ရခဲ့လို့ နောက်တစ်ဆင့်မှာ ရုန်းကန်ရဦးမှာပါ။ မန်စီးတီးဟာ တိုက်စစ်မှာ ဖိုဒန်၊ မာရက်ဇ်၊ ဘာနာဒိုဆေးလ်ဗားတို့ကို ထားကစားခဲ့ပြီး ဒေ့ါမွန်ကလည်း မာကို့ရုစ်၊ဟာလန်း၊ ဘယ်လင်ဟမ်တို့ကို အသုံးပြုခဲ့ပါတယ်။ ဒေါ့မွန်ဟာ High Pressure ပုံစံနဲ့ မန်စီးတီးတိုက်စစ်ကို ကွင်းလယ်လောက်ကတည်း အသည်းအသန် လိုက်ဖျက်ကစားခဲ့ပါတယ်။

manchester-city-vs-borussia-dortmund-1-169
IMAGE: GOAL

ဒါကြောင့် မန်စီးတီးကွင်းလယ်နဲ့ တိုက်စစ် ချိတ်ဆက်မှုက အခက်အခဲရှိခဲ့ပြီး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒေါ့မွန်ကစားသမားတွေ ပိတ်ဆို့ထားတဲ့ကြားက ၁၉ မိနစ်မှာ မာရက်ဇ်ရဲ့ အကွက်မြင်မြင်ဖန်တီးပေးမှုကိုဒီဘရိုင်းက အဆုံးသတ်သေချာစွာ ပိတ်သွင်းခဲ့ပါတယ်။ မန်စီးတီးကလည်း ဟာလန်းကို သေချာလူကပ်ထိန်းချုပ်ထားလို့ ဒေါ့မွန်တိုက်စစ်က သိပ်လှုပ်မရဖြစ်ခဲ့ပါတယ်။

TALKSPORT-MAN-CITY-V-DORTMUND-FT
IMAGE: GOAL

ဒုတိယပိုင်းမှာတော့ ဒေါ့မွန်တိုက်စစ်လမ်းကြောင်းတွေ ပိုသွက်လာတာတွေ့ရပြီး မန်စီးတီးကို ဖိအားပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ မန်စီးတီးနောက်တန်းကို မကျော်နိုင်ခဲ့ပါဘူး။ မန်စီးတီးကလည်း အခွင့်အရေးတွေ ထပ်ရခဲ့ပေမဲ့တိုက်က်စစ်ကစားသမားတွေ အသုံးမချနိုင်ခဲ့ပါဘူး။ ၈၄ မိနစ်မှာ မာကိုရုစ်က ဒေါ့မွန်အတွက် ချေပဂိုးသွင်းခဲ့ပါတယ်။ ဒီဂိုးဟာ အခုနှစ်ချန်ပီယံလိဂ်မှာ ၇၈၈ မိနစ်အကြာမှာ မန်စီးတီးဘက်ကို ပထမဆုံးသွင်းနိုင်ခဲ့တဲ့ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလို မန်စီးတီး တိုက်စစ်မြှင့်ခဲ့ပြီး မိနစ် ၉၀ မှာတော့ ဖိုဒန်က အနိုင်ဂိုး သွင်းခဲ့ပါတယ်။

ရီးရဲ ၃-၁ လီဗာပူး

maxresdefault
IMAGE: GOAL

လီဗာပူးကတော့ ၂၀၁၈ ဗိုလ်လုပွဲ ရှုံးကြွေးမဆပ်နိုင်ခဲ့တဲ့အပြင် အဲဒီတုန်းက ရလဒ်အတိုင်း ထပ်မံရှုံးနိမ့်သွားခဲ့ပါတယ်။ ရီးရဲနောက်တန်းမှာ အဓိက ကစားသမားတွေ အစုံအလင်မပါဝင်ပေမဲ့ လီဗာပူးတိုက်စစ်က ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိပါဘူး။

Ey-USis6-WYAMCCo
IMAGE: GOAL

လီဗာပူးနောက်တန်းကတော့ ဒီပွဲမှာ ဟာကွက်တွေများနေခဲ့ပြီး နေရာလွတ်များစွာ ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ တိုနီခရူးစ်ဦးဆောင်တဲ့ ရီးရဲကွင်းလယ်ပိုင်းကိုလည်း လီဗာပူး မယှဉ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ပထမပိုင်းမှာပဲ ရီးရဲတို့နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပြီး ဗင်နီဆီးယက်စ်နဲ့ အဆန်စီယိုတို့က သွင်းပေးခဲ့ကြတာပါ။ ဒုတိယပိုင်းမှာတော့ လီဗာပူးက ပိုမိုဖိအားပေးကစားလာနိုင်ခဲ့ပြီး ၅၁ မိနစ်မှာဆာလတ်က ခက်ခက်ခဲခဲ အနေအထားကနေ ချေပဂိုးတစ်ဂိုး သွင်းပေးခဲ့ပါတယ်။

1232150106-0
IMAGE: GOAL

ဒါပေမဲ့ လီဗာပူးတို့ရဲ့အပျော်ဟာ သိပ်မခံခဲ့ဘဲ ၆၅ မိနစ်မှာ ဗင်နီဆီးယက်စ်က ရီးရဲအတွက် အနိုင်သေချာစေမဲ့ဂိုးကိုသွင်းပေးခဲ့ပါတယ်။ ရီးရဲကွင်းလယ်လူ မိုဒရစ် (၃၅ နှစ်၊ ၂၀၉ ရက်)ကတော့ ၂၀၁၁ခုနှစ်၊ ဧပြီလနောက်ပိုင်း ချန်ပီယံလိဂ်မှာ ၃ ပွဲဆက် ဂိုးဖန်တီးမှု လုပ်နိုင်တဲ့ အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ederson-jude-bellingham-manchester-city-borussia-dortmund-17ugaab89ziur1vqgxqdbra2s0
IMAGE: GOAL

⚽ ဒေါ့မွန်တိုက်စစ်မှူးဆန်ချိုကတော့ မန်စီးတီးနဲ့ပွဲမှာ ဘယ်လင်ဟမ်သွင်းယူသွားခဲ့တဲ့ဂိုးကို ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ခဲ့ခြင်းအတွက် ကွင်းလယ်ဒိုင်ကို မေးခွန်းထုတ်ခဲ့ပါတ်ယ။ ကွင်းလယ်ဒိုင်အနေနဲ့ ဒီဖြစ်ရပ်ကိုပြန်စစ်ဆေးဖို့လိုကြောင်း ဆန်ချိုက ဆိုခဲ့တာပါ။ ဘယ်လင်ဟမ်ကိုယ်တိုင်ကလည်း ဒီဂိုး မရခဲ့တဲ့အပေါ် မကျေမနပ်ဖြစ်နေပါတယ်။

kevin-de-bruyne-manchester-city-champions-league-2020-21-er47b19oob016g43mf3pkdnr
IMAGE: GOAL

⚽ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းကတော့ သူတို့အနေနဲ့ ဒေါ့မွန်နဲ့ပွဲစဉ်မှာ အခုထက်ဂိုးပိုမိုသွင်းနိုင်ခဲ့သင့်ကြောင်း၊ သူတို့ရဲ့ ကစားပုံက ကောင်းမွန်ခဲ့ကြောင်း၊ ၂-၁ ဆိုတဲ့ရလဒ်ဟာ အန္တရာယ်များကြောင်း၊ ဒါပေမဲ့ သူတို့ဟာဒုတိယအကျော့မှာ အနိုင်ရလဒ်နဲ့ ဦးဆောင်ကစားရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

sadio-mane-liverpool-real-madrid-champions-league-2020-21-11cwkwvmxw6i61ti473tcgf3d3
IMAGE: GOAL

⚽ လီဗာပူးနည်းပြကလော့ကတော့ မာနေးနဲ့ ဗက်ကွက်ဇ်တို့ရဲ့ဖြစ်ရပ်မှာ ပြစ်ဒဏ်ဘောမပေးခဲ့တဲ့အပေါ် ကွင်းလယ်ဒိုင်ကိုဝေဖန်ခဲ့ပါတယ်။ “ဒီနေ့ညမှာ ဒိုင်လူကြီးရဲ့လုပ်ဆောင်ချက်ကို ကျွန်တော် နားမလည်နိုင်ပါဘူး။ကျွန်တော့်အမြင်မှာတော့ ဒိုင်အနေနဲ့ မာနေနဲ့ ပုဂ္ဂိုလ်ရေးတွေ ပါနေမှာပါ။ ဒါက ပြစ်ဒဏ်ဘောလား၊ ဒိုင်ဗင်ပစ်သလားဆိုတာ ရှင်းရှင်းလေးပါ”လို့ ကလော့က ဆိုခဲ့တာပါ။

vinicius-kroos-real-madrid-liverpool-2020-21-lajrsdj5ctv81qi8vmhnezstc
IMAGE: GOAL

⚽ ရီးရဲမက်ဒရစ် တိုက်စစ်မှူး ဗင်နီဆီးယက်စ်ကတော့ ကွင်းလယ်လူ တိုနီခရူးစ်ကို ချီးကျူးသွားခဲ့ပါတယ်။ တိုနီခရူးစ်ဟာ အံ့အားသင့်ဖွယ်ကောင်းပြီး ဂန္ထဝင်တစ်ယောက်ဖြစ်ကြောင်း၊ တိုနီခရူးစ်လို ဘယ်သူမှ လိုက်မကစားနိုင်ကြောင်း ဗင်နီဆီးယက်စ်က ဆိုခဲ့တာပါ။

[ZAWGYI] မန္စီးတီး ၂-၁ ေဒါ့မြန္

maxresdefault-1
IMAGE: GOAL

မန္စီးတီးကေတာ့ အိမ္ကြင္းမွာ မျပတ္သားတဲ့ရလဒ္နဲ႔ပဲ အႏိုင္ရခဲ့လို႔ ေနာက္တစ္ဆင့္မွာ ရုန္းကန္ရဦးမွာပါ။ မန္စီးတီးဟာ တုိက္စစ္မွာ ဖိုဒန္၊ မာရက္ဇ္၊ ဘာနာဒိုေဆးလ္ဗားတို႔ကို ထားကစားခဲ့ၿပီး ေဒ့ါမြန္ကလည္း မာကို႔ရုစ္၊ဟာလန္း၊ ဘယ္လင္ဟမ္တုိ႔ကို အသံုးျပဳခဲ့ပါတယ္။ ေဒါ့မြန္ဟာ High Pressure ပံုစံနဲ႔ မန္စီးတီးတိုက္စစ္ကို ကြင္းလယ္ေလာက္ကတည္း အသည္းအသန္ လိုက္ဖ်က္ကစားခဲ့ပါတယ္။

manchester-city-vs-borussia-dortmund-1-169
IMAGE: GOAL

ဒါေၾကာင့္ မန္စီးတီးကြင္းလယ္နဲ႔ တုိက္စစ္ ခ်ိတ္ဆက္မႈက အခက္အခဲရွိခဲ့ၿပီး ရုန္းကန္ခဲ့ရပါတယ္။ ဒါေပမဲ့ ေဒါ့မြန္ကစားသမားေတြ ပိတ္ဆို႔ထားတဲ့ၾကားက ၁၉ မိနစ္မွာ မာရက္ဇ္ရဲ႕ အကြက္ျမင္ျမင္ဖန္တီးေပးမႈကိုဒီဘရိုင္းက အဆံုးသတ္ေသခ်ာစြာ ပိတ္သြင္းခဲ့ပါတယ္။ မန္စီးတီးကလည္း ဟာလန္းကို ေသခ်ာလူကပ္ထိန္းခ်ဳပ္ထားလို႔ ေဒါ့မြန္တုိက္စစ္က သိပ္လႈပ္မရျဖစ္ခဲ့ပါတယ္။

TALKSPORT-MAN-CITY-V-DORTMUND-FT
IMAGE: GOAL

ဒုတိယပိုင္းမွာေတာ့ ေဒါ့မြန္တုိက္စစ္လမ္းေၾကာင္းေတြ ပိုသြက္လာတာေတြ႕ရၿပီး မန္စီးတီးကို ဖိအားေပးႏုိင္ခဲ့တယ္။ ဒါေပမဲ့ မန္စီးတီးေနာက္တန္းကို မေက်ာ္ႏုိင္ခဲ့ပါဘူး။ မန္စီးတီးကလည္း အခြင့္အေရးေတြ ထပ္ရခဲ့ေပမဲ့တိုက္က္စစ္ကစားသမားေတြ အသံုးမခ်ႏုိင္ခဲ့ပါဘူး။ ၈၄ မိနစ္မွာ မာကိုရုစ္က ေဒါ့မြန္အတြက္ ေခ်ပဂိုးသြင္းခဲ့ပါတယ္။ ဒီဂိုးဟာ အခုႏွစ္ခ်န္ပီယံလိဂ္မွာ ၇၈၈ မိနစ္အၾကာမွာ မန္စီးတီးဘက္ကို ပထမဆံုးသြင္းႏုိင္ခဲ့တဲ့ဂိုးလည္း ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ခ်က္ခ်င္းဆုိသလို မန္စီးတီး တုိက္စစ္ျမွင့္ခဲ့ၿပီး မိနစ္ ၉၀ မွာေတာ့ ဖုိဒန္က အႏုိင္ဂိုး သြင္းခဲ့ပါတယ္။

ရီးရဲ ၃-၁ လီဗာပူး

maxresdefault
IMAGE: GOAL

လီဗာပူးကေတာ့ ၂၀၁၈ ဗိုလ္လုပြဲ ရႈံးေၾကြးမဆပ္ႏုိင္ခဲ့တဲ့အျပင္ အဲဒီတုန္းက ရလဒ္အတုိင္း ထပ္မံရႈံးနိမ့္သြားခဲ့ပါတယ္။ ရီးရဲေနာက္တန္းမွာ အဓိက ကစားသမားေတြ အစံုအလင္မပါ၀င္ေပမဲ့ လီဗာပူးတုိက္စစ္က ထိထိေရာက္ေရာက္ ထိုးေဖာက္ႏုိင္ျခင္း မရွိပါဘူး။

Ey-USis6-WYAMCCo
IMAGE: GOAL

လီဗာပူးေနာက္တန္းကေတာ့ ဒီပြဲမွာ ဟာကြက္ေတြမ်ားေနခဲ့ၿပီး ေနရာလြတ္မ်ားစြာ ျဖစ္ေပၚခဲ့တာ ေတြ႕ရပါတယ္။ တုိနီခရူးစ္ဦးေဆာင္တဲ့ ရီးရဲကြင္းလယ္ပိုင္းကိုလည္း လီဗာပူး မယွဥ္ႏုိင္ခဲ့ပါဘူး။ ဒါေၾကာင့္ ပထမပိုင္းမွာပဲ ရီးရဲတုိ႔ႏွစ္ဂိုးျပတ္နဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဗင္နီဆီးယက္စ္နဲ႔ အဆန္စီယိုတုိ႔က သြင္းေပးခဲ့ၾကတာပါ။ ဒုတိယပိုင္းမွာေတာ့ လီဗာပူးက ပိုမိုဖိအားေပးကစားလာႏုိင္ခဲ့ၿပီး ၅၁ မိနစ္မွာဆာလတ္က ခက္ခက္ခဲခဲ အေနအထားကေန ေခ်ပဂိုးတစ္ဂိုး သြင္းေပးခဲ့ပါတယ္။

1232150106-0
IMAGE: GOAL

ဒါေပမဲ့ လီဗာပူးတုိ႔ရဲ႕အေပ်ာ္ဟာ သိပ္မခံခဲ့ဘဲ ၆၅ မိနစ္မွာ ဗင္နီဆီးယက္စ္က ရီးရဲအတြက္ အႏုိင္ေသခ်ာေစမဲ့ဂိုးကိုသြင္းေပးခဲ့ပါတယ္။ ရီးရဲကြင္းလယ္လူ မုိဒရစ္ (၃၅ ႏွစ္၊ ၂၀၉ ရက္)ကေတာ့ ၂၀၁၁ခုႏွစ္၊ ဧၿပီလေနာက္ပိုင္း ခ်န္ပီယံလိဂ္မွာ ၃ ပြဲဆက္ ဂိုးဖန္တီးမႈ လုပ္ႏုိင္တဲ့ အသက္အႀကီးဆံုး ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

ederson-jude-bellingham-manchester-city-borussia-dortmund-17ugaab89ziur1vqgxqdbra2s0
IMAGE: GOAL

⚽ ေဒါ့မြန္တုိက္စစ္မွဴးဆန္ခ်ိဳကေတာ့ မန္စီးတီးနဲ႔ပြဲမွာ ဘယ္လင္ဟမ္သြင္းယူသြားခဲ့တဲ့ဂိုးကို ျပစ္ဒဏ္ေဘာအျဖစ္ သတ္မွတ္ခဲ့ျခင္းအတြက္ ကြင္းလယ္ဒိုင္ကို ေမးခြန္းထုတ္ခဲ့ပါတ္ယ။ ကြင္းလယ္ဒိုင္အေနနဲ႔ ဒီျဖစ္ရပ္ကိုျပန္စစ္ေဆးဖို႔လိုေၾကာင္း ဆန္ခ်ိဳက ဆုိခဲ့တာပါ။ ဘယ္လင္ဟမ္ကိုယ္တုိင္ကလည္း ဒီဂိုး မရခဲ့တဲ့အေပၚ မေက်မနပ္ျဖစ္ေနပါတယ္။

kevin-de-bruyne-manchester-city-champions-league-2020-21-er47b19oob016g43mf3pkdnr
IMAGE: GOAL

⚽ မန္စီးတီးကြင္းလယ္လူ ဒီဘရိုင္းကေတာ့ သူတုိ႔အေနနဲ႔ ေဒါ့မြန္နဲ႔ပြဲစဥ္မွာ အခုထက္ဂိုးပိုမိုသြင္းႏုိင္ခဲ့သင့္ေၾကာင္း၊ သူတုိ႔ရဲ႕ ကစားပံုက ေကာင္းမြန္ခဲ့ေၾကာင္း၊ ၂-၁ ဆိုတဲ့ရလဒ္ဟာ အႏၱရာယ္မ်ားေၾကာင္း၊ ဒါေပမဲ့ သူတုိ႔ဟာဒုတိယအေက်ာ့မွာ အႏိုင္ရလဒ္နဲ႔ ဦးေဆာင္ကစားရမွာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

sadio-mane-liverpool-real-madrid-champions-league-2020-21-11cwkwvmxw6i61ti473tcgf3d3
IMAGE: GOAL

⚽ လီဗာပူးနည္းျပကေလာ့ကေတာ့ မာေနးနဲ႔ ဗက္ကြက္ဇ္တုိ႔ရဲ႕ျဖစ္ရပ္မွာ ျပစ္ဒဏ္ေဘာမေပးခဲ့တဲ့အေပၚ ကြင္းလယ္ဒိုင္ကိုေ၀ဖန္ခဲ့ပါတယ္။ “ဒီေန႔ညမွာ ဒိုင္လူႀကီးရဲ႕လုပ္ေဆာင္ခ်က္ကို ကၽြန္ေတာ္ နားမလည္ႏုိင္ပါဘူး။ကၽြန္ေတာ့္အျမင္မွာေတာ့ ဒိုင္အေနနဲ႔ မာေနနဲ႔ ပုဂၢိဳလ္ေရးေတြ ပါေနမွာပါ။ ဒါက ျပစ္ဒဏ္ေဘာလား၊ ဒိုင္ဗင္ပစ္သလားဆုိတာ ရွင္းရွင္းေလးပါ”လို႔ ကေလာ့က ဆုိခဲ့တာပါ။

vinicius-kroos-real-madrid-liverpool-2020-21-lajrsdj5ctv81qi8vmhnezstc
IMAGE: GOAL

⚽ ရီးရဲမက္ဒရစ္ တုိက္စစ္မွဴး ဗင္နီဆီးယက္စ္ကေတာ့ ကြင္းလယ္လူ တုိနီခရူးစ္ကို ခ်ီးက်ဴးသြားခဲ့ပါတယ္။ တုိနီခရူးစ္ဟာ အံ့အားသင့္ဖြယ္ေကာင္းၿပီး ဂႏၳ၀င္တစ္ေယာက္ျဖစ္ေၾကာင္း၊ တုိနီခရူးစ္လို ဘယ္သူမွ လိုက္မကစားႏုိင္ေၾကာင္း ဗင္နီဆီးယက္စ္က ဆုိခဲ့တာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!