[UNICODE]

⚽ ယူအီးအက်ဖ်အေနဲ့ ဖီဖာတို့ဟာ ကစားသမားတွေကို သတ်နေတယ်ဆိုတဲ့ ဂွါဒီယိုလာရဲ့ ပြောဆိုချက်ကို အလုံးစုံထောက်ခံပါကြောင်း နာပိုလီဥက္ကဋ္ဌဒီလော်ရန်တေးက ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် ဒီလော်ရန်တေးက ဂွါဒီယိုလာဟာ ဉာဏ်ရည်ဉာဏ်သွေးမြင့်သူလို့လည်း ချီးကျူးခဲ့ပါတယ်။

⚽ တကယ်လို့ လီဗာပူးနည်းပြ ကလော့ကသာ အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ်ကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ရင် အိုဒီဂတ်အနေနဲ့ လီဗာပူးကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ AS က ဖော်ပြထားပါတယ်။ အိုဒီဂတ်ဟာ အတိတ်တုန်းက လီဗာပးူကို ပြောင်းရွှေ့ချင်တယ်လို့ ဖွင့်ဟထားပါတယ်။

⚽ အင်တာမီလန်နည်းပြ ကွန်တီဟာ လီဗာပူးကွင်းလယ်လူ ဝီနယ်ဒမ်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်လျက် ရှိနေပါတယ်။ ဝီနယ်ဒမ်ဟာ လက်ရှိရာသီအကုန်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အလွတ်နဲ့ အသင်းပြောင်းဖို့ စီစဉ်နေပါတယ်။ ဝီနယ်ဒမ်ကို ခေါ်ယူဖို့ ဘာစီလိုနာ၊ နာပိုလီနဲ့ အင်တာတို့က အပြိုင်ကြိုးပမ်းနေပါတယ်။

⚽ မိမိတို့အသင်းနဲ့ တွေ့ဆုံနေတာကို ချဲလ်ဆီးကစားသမားတွေအနေနဲ့ အောင်ပွဲခံလိမ့်မယ်ဆိုတဲ့ ပေါ်တိုနောက်ခံလူ ပီပီရဲ့ ပြောဆိုချက်ကို ချဲလ်ဆီးကွင်းလယ်လူ ကိုဗာဆစ်က ငြင်းဆန်သွားခဲ့ပါတယ်။ ပီပီအနေနဲ့ဘာကြောင့် အဲဒီလိုပြောဆိုသလဲဆိုတာ မသိရှိကြောင်း၊ မိမိတို့အနေနဲ့ ပြိုင်ဘက်အသင်းကို လေးစားကြောင်း၊ ပေါ်တိုနဲ့ တွေ့ဆုံတဲ့အပေါ် မိမိတို့အနေနဲ့ အောင်ပွဲခံခြင်းမရှိကြောင်း ကိုဗာဆစ်က ဖွင့်ဟခဲ့ပါတယ်။

⚽ မန်ယူကွင်းလယ်လူ ဖရက်ဒ်ကတော့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ သူ့အတွက်တော့ ရင်ဆိုင်ရအခက်ခဲဆုံး ပြိုင်ဘက်ဖြစ်ကြောင်း၊ မက်ဆီက ကမ္ဘာ့ပြင်ဘက်က လာသူဖြစ်တဲ့ Genius ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ နောက်ခံလူ တဲလက်စ်ကတော့ သူ့အတွက် အခက်ခဲဆုံးပြိုင်ဘက်က နေမာလို့ ဆိုခဲ့ပါတယ်။

⚽ အီဂျစ်နည်းပြဟောင်း ဟန်ဒီနော့ချ်ကတော့ တိုက်စစ်မှူးဆာလတ်အနေနဲ့ ကောင်းမွန်တဲ့ကမ်းလှမ်းမှုတွေ ရှိလာပါက လီဗာပူးကနေ ထွက်ခွာနိုင်ချေရှိကြောင်း၊ ဆာလတ်အနေနဲ့ ဘာစီလိုနာ၊ ရီးရဲတို့နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် မအံ့သြမိကြောင်း၊ ဆာလတ်အနေနဲ့ စပိန်ကို ပြောင်းရွှေ့သွားခဲ့ရင် မိမိအနေနဲ့ ပျော်ရွှင်မိမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

⚽ ဂျူဗင်တပ်ကစားသမားဟောင်း ကန်နာဗာရိုကတော့ ဂျူဗင်တပ်အနေနဲ့ ပီယာလိုကို ထုတ်ပယ်လိုက်ပါက အမှားကြီးမှားမှာဖြစ်ကြောင်း၊ ပီယာလိုလို အတွေ့အကြုံမရှိတဲ့ နည်းပြမျိုးကို စိတ်ရှည်သည်းခံရမှာဖြစ်ကြောင်း၊ ပီယာလိုကလည်း သူ့ဘာသာသူ အကောင်းဆုံး လုပ်ဆောင်နေကြောင်း သတိပေးခဲ့ပါတယ်။

⚽ စီးရီးအေကလပ် အေစီမီလန်ဟာ လူငယ်တိုက်စစ်မှူး ရာဖေးလီယိုကို ယူရိုသန်း ၄၀ ရရှိရင် လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ရောင်းချသွားဖွယ် ရှိနေပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီမှာ အေစီအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲကစားပြီး ၆ ဂိုးသွင်းယူထားပါတယ်။
[ZAWGYI]

⚽ ယူအီးအက္ဖ္ေအနဲ႔ ဖီဖာတုိ႔ဟာ ကစားသမားေတြကို သတ္ေနတယ္ဆုိတဲ့ ဂြါဒီယိုလာရဲ႕ ေျပာဆုိခ်က္ကို အလံုးစံုေထာက္ခံပါေၾကာင္း နာပိုလီဥကၠ႒ဒီေလာ္ရန္ေတးက ဖြင့္ဟခဲ့ပါတယ္။ ဒါ့အျပင္ ဒီေလာ္ရန္ေတးက ဂြါဒီယိုလာဟာ ဥာဏ္ရည္ဥာဏ္ေသြးျမင့္သူလို႔လည္း ခ်ီးက်ဴးခဲ့ပါတယ္။

⚽ တကယ္လုိ႔ လီဗာပူးနညး္ျပ ကေလာ့ကသာ အာဆင္နယ္ကြင္းလယ္လူ အိုဒီဂတ္ကို ေခၚယူဖုိ႔ ဆံုးျဖတ္လိုက္ရင္ အုိဒီဂတ္အေနနဲ႔ လီဗာပူးကို ေျပာင္းေရႊ႕ဖို႔ စိတ္၀င္စားေနတယ္လို႔ AS က ေဖာ္ျပထားပါတယ္။ အိုဒီဂတ္ဟာ အတိတ္တုန္းက လီဗာပးူကို ေျပာင္းေရႊ႕ခ်င္တယ္လို႔ ဖြင့္ဟထားပါတယ္။

⚽ အင္တာမီလန္နည္းျပ ကြန္တီဟာ လီဗာပူးကြင္းလယ္လူ ၀ီနယ္ဒမ္ကို ေခၚယူႏုိင္ဖုိ႔ ေမွ်ာ္လင့္လ်က္ ရွိေနပါတယ္။ ၀ီနယ္ဒမ္ဟာ လက္ရွိရာသီအကုန္မွာ လီဗာပူးနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးမွာျဖစ္ၿပီး အလြတ္နဲ႔ အသင္းေျပာင္းဖို႔ စီစဥ္ေနပါတယ္။ ၀ီနယ္ဒမ္ကို ေခၚယူဖုိ႔ ဘာစီလိုနာ၊ နာပိုလီနဲ႔ အင္တာတို႔က အၿပိဳင္ႀကိဳးပမ္းေနပါတယ္။

⚽ မိမိိတို႔အသင္းနဲ႔ ေတြ႕ဆံုေနတာကို ခ်ဲလ္ဆီးကစားသမားေတြအေနနဲ႔ ေအာင္ပြဲခံလိမ့္မယ္ဆုိတဲ့ ေပၚတိုေနာက္ခံလူ ပီပီရဲ႕ ေျပာဆိုခ်က္ကို ခ်ဲလ္ဆီးကြင္းလယ္လူ ကိုဗာဆစ္က ျငင္းဆန္သြားခဲ့ပါတယ္။ ပီပီအေနနဲ႔ဘာေၾကာင့္ အဲဒီလိုေျပာဆုိသလဲဆုိတာ မသိရွိေၾကာင္း၊ မိမိတို႔အေနနဲ႔ ၿပိဳင္ဘက္အသင္းကို ေလးစားေၾကာင္း၊ ေပၚတုိနဲ႔ ေတြ႕ဆံုတဲ့အေပၚ မိမိတို႔အေနနဲ႔ ေအာင္ပြဲခံျခင္းမရွိေၾကာင္း ကိုဗာဆစ္က ဖြင့္ဟခဲ့ပါတယ္။

⚽ မန္ယူကြင္းလယ္လူ ဖရက္ဒ္ကေတာ့ ဘာစီလိုနာတုိက္စစ္မွဴး မက္ဆီဟာ သူ႔အတြက္ေတာ့ ရင္ဆုိင္ရအခက္ခဲဆံုး ၿပိဳင္ဘက္ျဖစ္ေၾကာင္း၊ မက္ဆီက ကမာၻ႕ျပင္ဘက္က လာသူျဖစ္တဲ့ Genius ျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။ ေနာက္ခံလူ တဲလက္စ္ကေတာ့ သူ႔အတြက္ အခက္ခဲဆံုးၿပိဳင္ဘက္က ေနမာလို႔ ဆုိခဲ့ပါတယ္။

⚽ အီဂ်စ္နည္းျပေဟာင္း ဟန္ဒီေနာ့ခ်္ကေတာ့ တုိက္စစ္မွဴးဆာလတ္အေနနဲ႔ ေကာင္းမြန္တဲ့ကမ္းလွမ္းမႈေတြ ရွိလာပါက လီဗာပူးကေန ထြက္ခြာႏုိင္ေခ်ရွိေၾကာင္း၊ ဆာလတ္အေနနဲ႔ ဘာစီလိုနာ၊ ရီးရဲတုိ႔နဲ႔ အေျပာင္းအေရႊ႕သတင္းေတြ ထြက္ေပၚေနတဲ့အေပၚ မအံ့ၾသမိေၾကာင္း၊ ဆာလတ္အေနနဲ႔ စပိန္ကို ေျပာင္းေရႊ႕သြားခဲ့ရင္ မိမိအေနနဲ႔ ေပ်ာ္ရႊင္မိမွာျဖစ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

⚽ ဂ်ဴဗင္တပ္ကစားသမားေဟာင္း ကန္နာဗာရိုကေတာ့ ဂ်ဴဗင္တပ္အေနနဲ႔ ပီယာလိုကို ထုတ္ပယ္လိုက္ပါက အမွားႀကီးမွားမွာျဖစ္ေၾကာင္း၊ ပီယာလိုလို အေတြ႕အႀကံဳမရွိတဲ့ နညး္ျပမ်ိဳးကို စိတ္ရွည္သည္းခံရမွာျဖစ္ေၾကာင္း၊ ပီယာလိုကလည္း သူ႔ဘာသာသူ အေကာင္းဆံုး လုပ္ေဆာင္ေနေၾကာင္း သတိေပးခဲ့ပါတယ္။

⚽ စီးရီးေအကလပ္ ေအစီမီလန္ဟာ လူငယ္တုိက္စစ္မွဴး ရာေဖးလီယိုကို ယူရိုသန္း ၄၀ ရရွိရင္ လာမဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ေရာင္းခ်သြားဖြယ္ ရွိေနပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ တုိက္စစ္မွဴးဟာ ဒီရာသီမွာ ေအစီအတြက္ ၿပိဳင္ပြဲစံု ၃၂ ပြဲကစားၿပီး ၆ ဂိုးသြင္းယူထားပါတယ္။