25-Feb-2021 ယူရိုပါလိဂ္ပြဲႀကိဳသံုးသပ္ခ်က္မ်ား

[UNICODE] အာဆင်နယ် – ဘင်ဖီကာ (မြန်မာစံတော်ချိန် ည ၁၂:၂၅)

Pierre-Emerick-Aubameyang-of-Arsenal-FC-during-the-UEFA-Europa-League-round-of-32-Leg-1-match-betwee
IMAGE: GOAL

ဒီပွဲစဉ်ကိုလည်း အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အမ်းမရိတ်စ်မှာ ကစားမှာ မဟုတ်ဘဲ ကြားကွင်းမှာ ယှဉ်ပြိုင်သွားမှာပါ။ လက်ရှိအချိန်မှာတော့ အာဆင်နယ်ရဲ့ ခြေစွမ်းက တစ်ပွဲနဲ့တစ်ပွဲ တည်ငြိမ်မှု မရှိတာ တွေ့ရပါတယ်။ ကောင်းတဲ့ပွဲဆိုရင် အသားကုန်စွတ်ကောင်းပြီး ထဖောက်ပြီဆိုလည်း တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်နေတာ တွေ့ရပါတယ်။

SL-Benfica-v-Arsenal-FC-UEFA-Europa-League-Roun-7f2328288fd47dde3df3539fe3e71897
IMAGE: GOAL

ဘင်ဖီကာရဲ့ ခြေစွမ်းကလည်း အားရစရာ မရှိဘဲ ပထမအကျော့မှာလည်း ကံကောင်းလို့သာ ရှုံးပွဲမတွေ့ခဲ့ရတာပါ။ ပရီးမီးယားလိဂ်မှာ အခြေအနေမလှတဲ့အာဆင်နယ်အတွက် ဒီရာသီ ယူရိုပါလိဂ်က အဓိကပစ်မှတ်ပါ။ နောက်တစ်ဆင့်အတွက် အာဆင်နယ် အမှားခံမှာ မဟုတ်ဘဲ အနိုင်ကစားမှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: အာဆင်နယ် ၂-၀ ဘင်ဖီကာ

မန်ယူ – ဆိုစီဒက် (မြန်မာစံတော်ချိန် ည ၂:၃၀)

Untitled
IMAGE: GOAL

ဒီပွဲစဉ်ကတော့ အဖြေပေါ်သလောက်ဖြစ်သွားခဲ့ပြီး ဆိုစီဒက်အနေနဲ့ အံ့အားသင့်ဖွယ် Comeback တွေ လုပ်ပြနိုင်ဖို့ အခြေအနေ မရှိပါဘူး။ မန်ယူအနေနဲ့ ကွင်းလယ်ပိုင်းကို ထိန်းချုပ်ပြီးပဲ ဆိုစီဒက်ရဲ့ အမှားကို ချောင်းကစားလာဖို့ ရှိနေပါတယ်။ ဒီနေရာမှာ ဆိုစီဒက်က မထူးဇာတ်ခင်းပြီး ဖွင့်ကစားမယ်ဆိုရင် ဆိုစီဒက် ခံစစ်က မကောင်းဘဲ မန်ယူရဲ့တန်ပြန်တိုက်စစ်ကို ပြန်ခံရသွားနိုင်ပါတယ်။

skysports-daniel-james-manchester-united-5280840
IMAGE: GOAL

ဒါပေမဲ့ တစ်ခုရှိတာက ဆိုစီဒက်တိုက်စစ်သာ ဖွင့်ကစားလာရင် မန်ယူခံစစ်ကလည်း အကောင်းကြီး မဟုတ်လို့ ဆိုစီဒက်ဂိုးရနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ ဂိုးအများကိုပဲ နှစ်သက်ပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: မန်ယူ ၂-၂- ဆိုစီဒက်

လက်စတာ – ဆလားဗီးယားပရက် (မြန်မာစံတော်ချိန် ည ၂:၃၀)

1229824159
IMAGE: GOAL

လက်စတာအသင်းရဲ့ လက်ရှိပုံစံကတော့ အားရစရာကောင်းပါတယ်။ အထူးသဖြင့် လက်စတာရဲ့ တိုက်စစ်ပိုင်းက အားရစရာကောင်းနေပြီး အိမ်ကွင်းမှာဆို ဂိုးမြူးတတ်တာ တွေ့ရပါတယ်။ ဆလားဗီးယားက ပြည်တွင်းမှာခြေထက်နေပေမဲ့ ကင်းပါဝါမှာတော့ လက်စတာကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။ လက်စတာ ၂ ဂိုးပြတ်နိုင်ဖို့ မခက်ပါဘူး။ ဖြစ်နိုင်ဖွယ်ရလဒ်: လက်စတာ ၃-၁ ဆလားဗီးယားပရက်စ်

အေဂျက်ဇ်- လိုင်လီ (မြန်မာစံတော်ချိန် ည ၁၂:၂၅)

hallerkudus
IMAGE: GOAL

အေဂျက်ဇ်တို့ လက်ရှိအချိန်မှာ နိုင်ပွဲတွေဆက်နေကာ အကောင်းဆုံးပုံစံကို ပြသထားပါတယ်။ လိုင်လီကတော့ ခြေစွမ်းတည်ငြိမ်မှုပိုင်း အားနည်းနေပြီး ခံစစ်ကြောင်းကလည်း အားရစရာ မကောင်းပါဘူး။ အိမ်ရှင်အေဂျက်ဇ် အနိုင်သေချာပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: အေဂျက်ဇ် ၂-၁ လိုင်လီ

အေစီ – ဇီဗက်ဒါ (မြန်မာစံတော်ချိန် ည ၂:၃၀)

pjimage-2021-02-21-T163546-127
IMAGE: GOAL

လက်ရှိအချိန်မှာ အေစီတို့ ခြေစွမ်းပိုင်း ပြန်လည်ကျဆင်းချင်သလို ဖြစ်နေပါတယ်။ ဒါပေမဲ့ အေစီရဲ့တိုက်စစ်ပိုင်းက အားရစရာကောင်းပြီး ပထမအကျော့မှာ အဝေးဂိုး ၂ ဂိုး ရခဲ့တာကလည်း အထောက်အကူပြုမှာပါ။ ဒါပေမဲ့ အေစီခံစစ်က အားနည်းချက်ရှိပြီး ဇီဗက်ဒါက ဂိုးသွင်းခြေရှိလို့ ဒီပွဲလည်း ဂိုးပေါ်ပဲ ကြိုက်ပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: အေစီ ၃-၁ ဇီဗက်ဒါ

နာပိုလီ – ဂရန်နာဒါ (မြန်မာစံတော်ချိန် ည ၁၂:၂၅)

vernap-1
IMAGE: GOAL

နာပိုလီရဲ့ အခြေအနေတွေက ဆိုးရွားနေပြီး နောက်ဆုံး ၅ ပွဲမှာလည်း တစ်ပွဲသာ အနိုင်ရရှိထားပါတယ်။ အထူးသဖြင့် နာပိုလီရဲ့ ခံစစ်ပိုင်းက ဆိုးရွားနေပြီး ပေးဂိုးတွေများနေပါတယ်။ ဂရန်နာဒါကလည်း ဒီပွဲမှာ ခံစစ်ပိတ်ပြီး ကစားလာဖို့ ရှိနေလို့ ဂိုးအနည်းကို ကြိုက်ပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: နာပိုလီ ၁-ဝ၊ နာပိုလီ ၂-၀ ဂရန်နာဒါ

[ZAWGYI] အာဆင္နယ္ – ဘင္ဖီကာ (ျမန္မာစံေတာ္ခ်ိန္ ည ၁၂:၂၅)

Pierre-Emerick-Aubameyang-of-Arsenal-FC-during-the-UEFA-Europa-League-round-of-32-Leg-1-match-betwee
IMAGE: GOAL

ဒီပြဲစဥ္ကိုလည္း အာဆင္နယ္အသင္းရဲ႕ အိမ္ကြင္း အမ္းမရိတ္စ္မွာ ကစားမွာ မဟုတ္ဘဲ ၾကားကြင္းမွာ ယွဥ္ၿပိဳင္သြားမွာပါ။ လက္ရွိအခ်ိန္မွာေတာ့ အာဆင္နယ္ရဲ႕ ေျခစြမ္းက တစ္ပြဲနဲ႔တစ္ပြဲ တည္ၿငိမ္မႈ မရွိတာ ေတြ႕ရပါတယ္။ ေကာင္းတဲ့ပြဲဆုိရင္ အသားကုန္စြတ္ေကာငး္ၿပီး ထေဖာက္ၿပီဆုိလည္း ေတာ္ေတာ္ေလး ဆုိးဆုိးရြားရြား ျဖစ္ေနတာ ေတြ႕ရပါတယ္။

SL-Benfica-v-Arsenal-FC-UEFA-Europa-League-Roun-7f2328288fd47dde3df3539fe3e71897
IMAGE: GOAL

ဘင္ဖီကာရဲ႕ ေျခစြမ္းကလည္း အားရစရာ မရွိဘဲ ပထမအေက်ာ့မွာလည္း ကံေကာင္းလို႔သာ ရႈံးပြဲမေတြ႕ခဲ့ရတာပါ။ ပရီးမီးယားလိဂ္မွာ အေျခအေနမလွတဲ ့အာဆင္နယ္အတြက္ ဒီရာသီ ယူရိုပါလိဂ္က အဓိကပစ္မွတ္ပါ။ ေနာက္တစ္ဆင့္အတြက္ အာဆင္နယ္ အမွားခံမွာ မဟုတ္ဘဲ အႏုိင္ကစားမွာပါ။ ျဖစ္ႏိုင္ဖြယ္ရလဒ္: အာဆင္နယ္ ၂-၀ ဘင္ဖီကာ

မန္ယူ – ဆုိစီဒက္ (ျမန္မာစံေတာ္ခ်ိန္ ည ၂:၃၀)

Untitled
IMAGE: GOAL

ဒီပြဲစဥ္ကေတာ့ အေျဖေပၚသေလာက္ျဖစ္သြားခဲ့ၿပီး ဆိုစီဒက္အေနနဲ႔ အံ့အားသင့္ဖြယ္ Comeback ေတြ လုပ္ျပႏုိင္ဖုိ႔ အေျခအေန မရွိပါဘူး။ မန္ယူအေနနဲ႔ ကြငး္လယ္ပိုင္းကို ထိန္းခ်ဳပ္ၿပီးပဲ ဆုိစီဒက္ရဲ႕ အမွားကို ေခ်ာင္းကစားလာဖုိ႔ ရွိေနပါတယ္။ ဒီေနရာမွာ ဆုိစီဒက္က မထူးဇာတ္ခင္းၿပီး ဖြင့္ကစားမယ္ဆုိရင္ ဆုိစီဒက္ ခံစစ္က မေကာင္းဘဲ မန္ယူရဲ႕တန္ျပန္တိုက္စစ္ကို ျပန္ခံရသြားႏုိင္ပါတယ္။

skysports-daniel-james-manchester-united-5280840
IMAGE: GOAL

ဒါေပမဲ့ တစ္ခုရွိတာက ဆုိစီဒက္တိုက္စစ္သာ ဖြင့္ကစားလာရင္ မန္ယူခံစစ္ကလည္း အေကာင္းႀကီး မဟုတ္လို႔ ဆုိစီဒက္ဂိုးရႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီပြဲမွာေတာ့ ဂိုးအမ်ားကိုပဲ ႏွစ္သက္ပါတယ္။ ျဖစ္ႏုိင္ဖြယ္ရလဒ္: မန္ယူ ၂-၂- ဆုိစီဒက္

လက္စတာ – ဆလားဗီးယားပရက္ (ျမန္မာစံေတာ္ခ်ိန္ ည ၂:၃၀)

1229824159
IMAGE: GOAL

လက္စတာအသင္းရဲ႕ လက္ရွိပုံစံကေတာ့ အားရစရာေကာင္းပါတယ္။ အထူးသျဖင့္ လက္စတာရဲ႕ တုိက္စစ္ပိုငး္က အားရစရာေကာင္းေနၿပီး အိမ္ကြင္းမွာဆုိ ဂိုးျမဴးတတ္တာ ေတြ႕ရပါတယ္။ ဆလားဗီးယားက ျပည္တြင္းမွာေျခထက္ေနေပမဲ့ ကင္းပါ၀ါမွာေတာ့ လက္စတာကို ေတာင့္ခံႏုိင္မွာ မဟုတ္ပါဘူး။ လက္စတာ ၂ ဂိုးျပတ္ႏုိင္ဖုိ႔ မခက္ပါဘူး။ ျဖစ္ႏုိင္ဖြယ္ရလဒ္: လက္စတာ ၃-၁ ဆလားဗီးယားပရက္စ္

ေအဂ်က္ဇ္- လိုင္လီ (ျမန္မာစံေတာ္ခ်ိန္ ည ၁၂:၂၅)

hallerkudus
IMAGE: GOAL

ေအဂ်က္ဇ္တို႔ လက္ရွိအခ်ိန္မွာ ႏုိင္ပြဲေတြဆက္ေနကာ အေကာင္းဆံုးပံုစံကို ျပသထားပါတယ္။ လိုင္လီကေတာ့ ေျခစြမ္းတည္ၿငိမ္မႈပိုင္း အားနည္းေနၿပီး ခံစစ္ေၾကာင္းကလည္း အားရစရာ မေကာင္းပါဘူး။ အိမ္ရွင္ေအဂ်က္ဇ္ အႏုိင္ေသခ်ာပါတယ္။ ျဖစ္ႏုိင္ဖြယ္ရလဒ္: ေအဂ်က္ဇ္ ၂-၁ လိုင္လီ

ေအစီ – ဇီဗက္ဒါ (ျမန္မာစံေတာ္ခ်ိန္ ည ၂:၃၀)

pjimage-2021-02-21-T163546-127
IMAGE: GOAL

လက္ရွိအခ်ိန္မွာ ေအစီတို႔ ေျခစြမ္းပိုင္း ျပန္လည္က်ဆင္းခ်င္သလို ျဖစ္ေနပါတယ္။ ဒါေပမဲ့ ေအစီရဲ႕တိုက္စစ္ပိုင္းက အားရစရာေကာင္းၿပီး ပထမအေက်ာ့မွာ အေ၀းဂိုး ၂ ဂိုး ရခဲ့တာကလည္း အေထာက္အကူျပဳမွာပါ။ ဒါေပမဲ့ ေအစီခံစစ္က အားနည္းခ်က္ရွိၿပီး ဇီဗက္ဒါက ဂိုးသြင္းေျခရွိလုိ႔ ဒီပြဲလည္း ဂိုးေပၚပဲ ႀကိဳက္ပါတယ္။ ျဖစ္ႏုိင္ဖြယ္ရလဒ္: ေအစီ ၃-၁ ဇီဗက္ဒါ

နာပိုလီ – ဂရန္နာဒါ (ျမန္မာစံေတာ္ခ်ိန္ ည ၁၂:၂၅)

vernap-1
IMAGE: GOAL

နာပိုလီရဲ႕ အေျခအေနေတြက ဆုိးရြားေနၿပီး ေနာက္ဆံုး ၅ ပြဲမွာလည္း တစ္ပြဲသာ အႏုိင္ရရွိထားပါတယ္။ အထူးသျဖင့္ နာပိုလီရဲ႕ ခံစစ္ပိုင္းက ဆုိးရြားေနၿပီး ေပးဂိုးေတြမ်ားေနပါတယ္။ ဂရန္နာဒါကလည္း ဒီပြဲမွာ ခံစစ္ပိတ္ၿပီး ကစားလာဖုိ႔ ရွိေနလုိ႔ ဂိုးအနည္းကို ႀကိဳက္ပါတယ္။ ျဖစ္ႏုိင္ဖြယ္ရလဒ္: နာပိုလီ ၁-၀၊ နာပိုလီ ၂-၀ ဂရန္နာဒါ



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!