25-February-2021 ညပိုင်းသတင်းတိုများ

[UNICODE]

df9aa690f35e4d13b83ed9be30e28375500x500-2x
IMAGE – Goal.com

⚽ လီဗာပူးနောက်ခံလူဟောင်း ဂျွန်ဆင်ကတော့ နည်းပြ ကလော့ပ်ရဲ့ လက်ရှိအခြေအနေဟာ စိတ်ပူစရာကောင်းလောက်အောင် မဟုတ်ပေမယ့် လာမယ့်ရာသီအထိပါ ဒီလိုဆက်ဖြစ်နေမယ်ဆိုရင်တော့ ရာထူးကနေ ထုတ်ပယ်ခံရနိုင်တဲ့အထိ ဖြစ်သွားနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

skysports-man-city-premier-league-5284593
IMAGE – Goal.com

⚽ မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက ဒီရာသီ မိမိတို့အသင်း ပုံစံကောင်းတွေ ပြသနိုင်ခြင်းမှာ ပိုက်ဆံအများအပြား သုံးစွဲနိုင်ကြောင်း ၊ အဓိကနေရာတွေကို ပိုက်ဆံသုံးပြီး အင်အားဖြည့်တင်းနိုင်ခဲ့တဲ့အတွက် ရလဒ်တွေ ပိုကောင်းခဲ့တာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

daniel-james-amad-man-utd-gfx-1sjtu15sjp2x215tu0axiz5866
IMAGE – Goal.com

⚽ မန်ယူတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်က အသင်းထံ လူငယ်တောင်ပံကစားသမားလေး ဒီရယ်လိုရောက်ရှိလာခြင်းက မိမိအတွက် စိန်ခေါ်မှုဖြစ်ပြီး သူရောက်လာခဲ့လို့ မိမိရဲ့ခြေစွမ်းက ပိုမိုတိုးတက်လာတာဖြစ်ကြောင်း ဆိုပါတယ်။

1303224913-1257685418
IMAGE – Goal.com

⚽ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး မာနေးက မိမိတို့အနေနဲ့ ဒီရာသီမှာ မန်စီးတီးကိုကျော်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ကြောင်း ၊ လက်ရှိအဓိကပစ်မှတ်ထားရမှာ ချန်ပီယံလိဂ်သာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

youri-tielemans-im-trikot-von-leicester-city-1575976947-28150-1
IMAGE – Goal.com

⚽ လက်စတာစီးတီးအသင်းရဲ့ ဘယ်ဂျီယံကွင်းလယ်ကစားသမား တိုင်လီမန်းစ်ဟာ အသင်းနဲ့ ကာလရှည် သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ အဆင်သင့်ဖြစ်နေပါတယ်။

NINTCHDBPICT000609631571-e1600720779350
IMAGE – Goal.com

⚽ PSG အသင်းဟာ အဓိကတိုက်စစ်မှူးလေး အမ်ဘက်ပီကို စာချုပ်သက်တမ်းတိုးဖို့ အမြန်ဆုံး သဘောတူညီမှု ရရှိလိုနေပါတယ်။ PSG အနေနဲ့ အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ နေမာ ၊ ဒီမာရီယာနဲ့ ဘားနက်တို့ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေတာပါ။

Real-Madrid-v-Granada-La-Liga-Santander-085b287096525bacb4d47158cc915ecc
IMAGE – Goal.com

⚽ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက အတ္တလန်တာအသင်းကို အဝေးကွင်းမှာ ကပ်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အသင်းရဲ့ ဂိုးဖန်တီးမှုစွမ်းရည်နည်းပါးခဲ့ပေမယ့် ကွင်းလယ်လူ အစ္စကို ပြသခဲ့တဲ့ ခြေစွမ်းကိုတော့ အသိအမှတ်ပြု ချီးကျူးသွားခဲ့ပါတယ်။

Douglas-Costa
IMAGE – Goal.com

⚽ ဂျူဗင်တပ်စ် အသင်းကနေ ဘိုင်ယန်မြူးနစ်မှာ အငှားသွားရောက်ကစားနေပေမယ့် ပွဲထွက်ကစားခွင့်နည်းပါးနေတဲ့ တောင်ပံကစားသမား ဒေါက်ဂလပ်ကော်စတာက စီးရီးအေကို အမြန်ဆုံးပြန်ဖို့ ဆန္ဒရှိနေပါတယ်။

[ZAWGYI]

df9aa690f35e4d13b83ed9be30e28375500x500-2x
IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


Douglas-Costa
IMAGE – Goal.com




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!