24-Feb-2021 မန်ချက်စတာယူနိုက်တက်သတင်းတိုများ

[UNICODE]

SPORT-PREVIEW-Andre-Silva
IMAGE – Goal.com

⚽ မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး ကာဗာနီကို စာချုပ်သက်တမ်း တိုးနိုင်ခြင်းမရှိပါက ဖရန့်ဖတ်အသင်းရဲ့ အသက်(၂၅)နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူး အန်ဒရေဆေးလ်ဗားကို အစားထိုးခေါ်ယူသွားမှာ ဖြစ်ပါတယ်။

Getty-Images-1204045090
IMAGE – Goal.com

⚽ မိုနာကိုအသင်းရဲ့ နောက်ခံကစားသမားလေး ဘာဒီယာရှိုင်းလ်က မိမိကို ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက မန်ယူအသင်းကခေါ်ယူဖို့ ဆက်သွယ်လာခဲ့ကြောင်း ၊ မိမိအနေနဲ့ မန်ယူကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် နောင်တရမှာ မဟုတ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

skysports-jesse-lingard-west-ham-5260754
IMAGE – Goal.com

⚽ ဝက်စ်ဟမ်းအသင်းမှာ အငှားထွက်ကစားရင်း ခြေစွမ်းပြနေတဲ့ မန်ယူကွင်းလယ်ကစားသမား လင်ဂတ်ကို ဝက်စ်ဟမ်းအသင်းက အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေသလို လက်စတာအသင်းကလည်း စောင့်ကြည့်လျက်ရှိပါတယ်။

SPORT-PREVIEW-Nikola-Milenkovic1-1
IMAGE – Goal.com

⚽ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖီအိုရင်တီးနားအသင်းရဲ့ အသက်(၂၃)နှစ်အရွယ် ဆားဘီးယားနောက်ခံလူ မီလန်ကိုဗစ်ကို ဒေါ့မွန်အသင်းနဲ့ အပြိုင် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

skysports-juan-mata-manchester-5240405
IMAGE – Goal.com

⚽ လက်ရှိမန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်ပျောက်ဆုံးနေတဲ့ ဝါရင့်ကွင်းလယ်လူ မာတာကို စီးရီးအေထိပ်သီးကလပ်များဖြစ်တဲ့ ဂျူဗင်တပ်စ် ၊ ရိုးမားနဲ့ အင်တာမီလန်အသင်းတို့က ခေါ်ယူဖို့ အသီးသီး စောင့်ကြည့်နေပါတယ်။

2951066-60577248-2560-1440
IMAGE – Goal.com

⚽ မန်ယူကွင်းလယ်လူပေါ့ဂ်ဘာရဲ့အေးဂျင့်ရွိုင်အိုလာကတော့ သူ့အနေနဲ့ မန်ယူမှာတုန်းက ပေါ့ဂ်ဘာကို ပြဿနာတွေ မဖန်တီးချင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ “သူ့ကို ကျွန်တော် ဘယ်လိုပြဿနာမှ မဖန်တီးချင်ပါဘူး။ ပေါ့ဂ်ဘာက အံ့အားသင့်ဖွယ်ကစားသမားပါ”လို့ ရွိုင်အိုလာက ဆိုခဲ့တာပါ။

1303041298-0
IMAGE – Goal.com

⚽ မန်ချက်စတာယူနိုက်တက်အသင်းမှာ အရန်အဖြစ်သာ ရှိနေတဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်ကို ခေါ်ယူဖို့ တစ်ပြေးနေတဲ့ အသင်းတွေအဖြစ် စပါးနဲ့‌ ဒေါ့မွန်အသင်းတို့ အပြိုင်ဖြစ်နေပါတယ်။

diallo-1
IMAGE – Goal.com

⚽ မန်ယူတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကတော့ အတ္တလန္တာကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ လူငယ်ကြယ်ပွင့် အာမတ်ဒီရယ်လိုဟာ လေ့ကျင့်ရေးကွင်းမှာ မယုံနိုင်စရာကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသထားကြောင်း၊ သူဟာ ပြိုင်ဘက်ကို ဖိအားကောင်းကောင်းပေးနိုင်သူလို့ ဆိုခဲ့ပါတယ်။

[ZAWGYI]

SPORT-PREVIEW-Andre-Silva
IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


1303041298-0
IMAGE – Goal.com


diallo-1
IMAGE – Goal.com




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!