24-Feb-2021 ချယ်ဆီးသတင်းတိုများ

[UNICODE]

Tammy-Abraham-Chelsea-F365
IMAGE – Goal.com

⚽ ချယ်ဆီးအသင်းရဲ့ အသက်(၂၃)နှစ်အရွယ် တိုက်စစ်မှူး အေဘရာဟမ်ဟာ အသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ စိတ်ဝင်စားခြင်း မရှိသေးကြောင်း သိရပါတယ်။

YVG43-TTOERDKHG3-QTQC2-T3-CRTY
IMAGE – Goal.com

⚽ ဒီရာသီမှာ မကြာခဏဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး အသင်းရဲ့ ပွဲစဉ်တော်တော်များများကို လွဲချော်ထားတဲ့ တောင်ပံကစားသမား ပူလီဆစ်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်မှာတော့ လူစားဝင်ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့ပါတယ်။

giroud-chelsea-atletico-2021-tx6om0y7gb5911gr2wx2wx96z
IMAGE – Goal.com

⚽ ချယ်ဆီးအသင်းရဲ့ အနိုင်ဂိုးရှင် တိုက်စစ်မှူး ဂျရူးကတော့ သူတို့အနေနဲ့ နဂိုကတည်းက အက်သလက်တီကိုကို အနိုင်ကစားဖို့ ရည်ရွယ်ခဲ့ကြောင်း၊ သူတို့ခံစစ်ကြောင်းက တောင့်တင်းလွန်းသလို တိုက်စစ်ကလည်း အက်သလက်ကို ဒုက္ခပေးနိုင်ခဲ့ကြောင်း၊ သူတို့အသင်းဟာ ဒီပွဲမှာ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

fbl-eur-c1-atletico-chelsea-1-1024x683
IMAGE – Goal.com

⚽ ချယ်ဆီးနည်းပြ တူချယ်ကတော့ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို နောက်ပြန်ကန်ချက်နဲ့ လှလှပပသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂျရူးရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကို ချီးကျူးသွားခဲ့ပါတယ်။

Getty-Images-1231344550
IMAGE – Goal.com

⚽ ချယ်ဆီးကစားသမားဟောင်း ဂျိုကိုးလ်ကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တစ်ပွဲလုံး ကြိုးကြိုးစားစား ကစားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား မေဆင်မောင့်ရဲ့ ခြေစွမ်းကို အမွှန်းတင်ချီးကျူးလိုက်ပါတယ်။

Getty-Images-1303739598
IMAGE – Goal.com

⚽ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကတော့ ချယ်ဆီးတိုက်စစ်မှူး တီမိုဝါနာရဲ့ ခြေစွမ်းကို ကြည့်ရတာ စိတ်ပျက်စရာကောင်းကြောင်း ၊ အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲမှာလည်း ဝါနာရဲ့ကစားပုံဟာ ဆွဲဆောင်မှုမရှိကြောင်း ဝေဖန်လိုက်ပါတယ်။

1303739770-0
IMAGE – Goal.com

⚽ အက်သလက်တီကိုကို အဝေးကွင်းမှာ ဝ-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ချယ်ဆီးနည်းပြ တူချယ်ကတော့ သူ့တို့အနေနဲ့ comfort zone ဇုန်ထဲမှာ ရှိမနေသေးကြောင်း၊ ဒုတိယအကျော့ကို အထူးအာရုံစိုက်ရဦးမှာဖြစ်ကြောင်း အသင်းသားတွေကို သတိပေးသွားခဲ့ပါတယ်။

1223855830-jpg-0
IMAGE – Goal.com

⚽ ဝက်စ်ဟမ်းကတော့ ချယ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူဒီလန်ရိုက်အတွက် ပေါင်သန်း ၁၀၀ သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ တကယ်လို့ ဝက်စ်ဟမ်းအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရင်တော့ ဒီလန်ရိုက်ကို ဆက်ထိန်းသွားမယ်လို့လည်း သိရပါတယ်။

[ZAWGYI]

Tammy-Abraham-Chelsea-F365
IMAGE – Goal.com

⚽ ခ်ယ္ဆီးအသင္းရဲ႕ အသက္(၂၃)ႏွစ္အ႐ြယ္ တိုက္စစ္မႉး ေအဘရာဟမ္ဟာ အသင္းနဲ႔ သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုဖို႔ စိတ္ဝင္စားျခင္း မရွိေသးေၾကာင္း သိရပါတယ္။

YVG43-TTOERDKHG3-QTQC2-T3-CRTY
IMAGE – Goal.com

⚽ ဒီရာသီမွာ မၾကာခဏဒဏ္ရာျပႆနာေတြနဲ႔ ႀကဳံေတြ႕ေနရၿပီး အသင္းရဲ႕ ပြဲစဥ္ေတာ္ေတာ္မ်ားမ်ားကို လြဲေခ်ာ္ထားတဲ့ ေတာင္ပံကစားသမား ပူလီဆစ္ဟာ အက္သလက္တီကိုမက္ဒရစ္အသင္းကို အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပထမအေက်ာ့ပြဲစဥ္မွာေတာ့ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ႏိုင္ခဲ့ပါတယ္။

giroud-chelsea-atletico-2021-tx6om0y7gb5911gr2wx2wx96z
IMAGE – Goal.com

⚽ ခ်ယ္ဆီးအသင္းရဲ႕ အႏိုင္ဂိုးရွင္ တိုက္စစ္မႉး ဂ်႐ူးကေတာ့ သူတို႔အေနနဲ႔ နဂိုကတည္းက အက္သလက္တီကိုကို အႏိုင္ကစားဖို႔ ရည္႐ြယ္ခဲ့ေၾကာင္း၊ သူတို႔ခံစစ္ေၾကာင္းက ေတာင့္တင္းလြန္းသလို တိုက္စစ္ကလည္း အက္သလက္ကို ဒုကၡေပးႏိုင္ခဲ့ေၾကာင္း၊ သူတို႔အသင္းဟာ ဒီပြဲမွာ ႏိုင္ပြဲနဲ႔ ထိုက္တန္ခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။

fbl-eur-c1-atletico-chelsea-1-1024x683
IMAGE – Goal.com

⚽ ခ်ယ္ဆီးနည္းျပ တူခ်ယ္ကေတာ့ အသင္းအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ေနာက္ျပန္ကန္ခ်က္နဲ႔ လွလွပပသြင္းယူေပးႏိုင္ခဲ့တဲ့ တိုက္စစ္မႉး ဂ်႐ူးရဲ႕ ပေရာ္ဖက္ရွင္နယ္ပီသမႈကို ခ်ီးက်ဴးသြားခဲ့ပါတယ္။

Getty-Images-1231344550
IMAGE – Goal.com

⚽ ခ်ယ္ဆီးကစားသမားေဟာင္း ဂ်ိဳကိုးလ္ကေတာ့ အက္သလက္တီကိုမက္ဒရစ္အသင္းကို အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ တစ္ပြဲလုံး ႀကိဳးႀကိဳးစားစား ကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့တဲ့ ကြင္းလယ္ကစားသမား ေမဆင္ေမာင့္ရဲ႕ ေျခစြမ္းကို အမႊန္းတင္ခ်ီးက်ဴးလိုက္ပါတယ္။

Getty-Images-1303739598
IMAGE – Goal.com

⚽ မန္ယူေနာက္ခံလူေဟာင္း ဖာဒီနန္ကေတာ့ ခ်ယ္ဆီးတိုက္စစ္မႉး တီမိုဝါနာရဲ႕ ေျခစြမ္းကို ၾကည့္ရတာ စိတ္ပ်က္စရာေကာင္းေၾကာင္း ၊ အက္သလက္တီကိုမက္ဒရစ္နဲ႔ပြဲမွာလည္း ဝါနာရဲ႕ကစားပုံဟာ ဆြဲေဆာင္မႈမရွိေၾကာင္း ေဝဖန္လိုက္ပါတယ္။

1303739770-0
IMAGE – Goal.com

⚽ အက္သလက္တီကိုကို အေဝးကြင္းမွာ ဝ-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ေပမယ့္ ခ်ယ္ဆီးနည္းျပ တူခ်ယ္ကေတာ့ သူ႔တို႔အေနနဲ႔ comfort zone ဇုန္ထဲမွာ ရွိမေနေသးေၾကာင္း၊ ဒုတိယအေက်ာ့ကို အထူးအာ႐ုံစိုက္ရဦးမွာျဖစ္ေၾကာင္း အသင္းသားေတြကို သတိေပးသြားခဲ့ပါတယ္။

1223855830-jpg-0
IMAGE – Goal.com

⚽ ဝက္စ္ဟမ္းကေတာ့ ခ်ယ္ဆီးအသင္း ပစ္မွတ္ထားေနတဲ့ ကြင္းလယ္လူဒီလန္႐ိုက္အတြက္ ေပါင္သန္း ၁၀၀ သတ္မွတ္လိုက္ၿပီ ျဖစ္ပါတယ္။ တကယ္လို႔ ဝက္စ္ဟမ္းအေနနဲ႔ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့ရင္ေတာ့ ဒီလန္႐ိုက္ကို ဆက္ထိန္းသြားမယ္လို႔လည္း သိရပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!