22-Jan-2021 အာဆင္နယ္သတင္းမ်ား

[UNICODE]

1270500280-0
IMAGE: GOAL

⚽ အိုဇေးလ်ဟာ အာဆင်နယ်ကနေ ဇာတ်သိမ်းမလှဘဲ ထွက်ခွာခဲ့ရပေမဲ့ အာဆင်နယကို စိတ်နာတာမျိုး မရှိဘဲ အာဆင်နယ်မှာ ကုန်ဆုံးခဲ့တဲ့အချိန်တွေကို အမှတ်ရနေတယ်လို့ Mirror က ဖော်ပြထားပါတယ်။ အိုဇေးလ်ဟာ ဖီနာဘာချီကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

⚽ အာဆင်နယ်ကစားသမားဟောင်း ဝင်တာဘန်းကတော့ အသင်းကနေ အိုဇေးလ် ထွက်ခွာသွားတာဟာ အပေါင်းလက္ခဏာဆောင်ကြောင်း ပြောဆိုလိုက်ပါတယ်။ အခုဆိုရင် အသင်းရှုံးပွဲတွေ့တိုင်း အိုဇေးလ်နဲ့ ပတ်သက်တဲ့ ငြင်းခုံမှုတွေ ပြီးဆုံးသွားပြီလို့ ဝင်တာဘန်းက ဆိုခဲ့တာပါ။

1282214964-jpg-0
IMAGE: GOAL

⚽ အပြောင်းအရွှေ့ရေးရာ ကျွမ်းကျင်သူ ဖာဘရီဇီယိုကတော့ နောက်ခံလူ မူစတာဖီဟာ အာဆင်နယ်ကနေ ထွက်ခွာဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ မူစတာဖီကို ခေါ်ယူဖို့ စီးရီးအေကလပ် ဂျီနိုအာက စိတ်ဝင်စားနေကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

https-paininthearsenal-com-wp-content-uploads-getty-images-2017-07-1295516223-850x560
IMAGE: GOAL

⚽ အာဆင်နယ်ကစားသမားဟောင်း ဝင်တာဘန်းကတော့ ကွင်းလယ်ကြယ်ပွင့်စမစ်ရို့စ်ဟာ နေရာတစ်နေရာ အခိုင်အမာ ရသွားပြီစြဖ်ပြီး အာဆင်နယ်အနေနဲ့ သူ့ကို ပွဲထွက်လူစာရင်းကနေ ပြန်ချန်လှပ်လို့မရတော့ကြောင်း၊ စမစ်ရို့က အာဆင်နယ်ကိ ခြားနားစေတဲ့ ကစားသမားလို့ ဆိုခဲ့ပါတယ်။

martin-odegaard-2021
IMAGE: GOAL

⚽ အာဆင်နယ်ကွင်းလယ်လူ စီဘယ်လော့ကတော့ ရီးရဲအသင်းမှာ နေရာမရဖြစ်နေတဲ့ ကွင်းလယ်ကြယ်ပွင့် အိုဒီဂတ်ကို အသင်းပြောင်းဖို့ တိုက်တွန်းလိုက်ပါတယ်။ လူငယ်ကစားသမားတွေအနေနဲ့ ပွဲကစားခွင့်ရဖို့ လိုအပ်ကြောင်း၊ မိမိအနေနဲ့လည်း အဲဒီအချက်ကို သိရှိခဲ့လို့ ရီးရဲက ထွက်ခွာလာခဲ့တာဖြစ်ကြောင်း စီဘယ်လော့က ဆိုခဲတာပါ။ အိုဒီဂတ်ကို အာဆင်နယ်က ပစ်မှတ်ထားနေလို့ စီဘယ်လော့အနေနဲ့ အာဆင်နယ်ကိုပြောင်းဖို့ အထာပေးခဲ့တာလားဆိုတာ စဉ်းစားရမလိုပါပဲ။

vinicius-junior-real-madrid-2019-20-9xicbub0yj1h1615zqeqtls9a
IMAGE: GOAL

⚽ အာဆင်နယ်အသင်းစိတ်ဝင်စားနေတဲ့ ရီးရဲမက်ဒရစ်တိုက်စစ်မှူး ဗင်နီဆီးယက်စ်ကို ပရီးမီးယားလိဂ်ထိပ်သီးကလပ် လီဗာပူးကလည်း ချဉ်းကပ်လာခဲ့ပြီလို့ သိရပါတယ်။ အာဆင်နယ်ဟာ တလောကတုန်းက ဗင်နီဆီးယက်စ်ကို ချိတ်ဆက်လျက်ရှိနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

WEBSITE-41
IMAGE: GOAL

⚽ အာဆင်နယ်နောက်ခံလူဟောင်း လော်ရန်ကတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဆုဖလားအောင်မြင်မှု ရရှိဖို့အတွက် ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖို့လိုအပ်ကြောင်း၊ သူ့အနေနဲ့ အာဆင်နယ်မှာ ထိပ်တန်းကစားသမားတွေကို တွေ့မြင်လိုကြောင်း မှတ်ချက်ပြုသွားခဲ့ပါတယ်။

[ZAWGYI]

1270500280-0
IMAGE: GOAL



1282214964-jpg-0
IMAGE: GOAL


IMAGE: GOAL


martin-odegaard-2021
IMAGE: GOAL


IMAGE: GOAL


WEBSITE-41
IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!