22-Jan-2021 ေန႔လည္ခင္းသတင္းမ်ား

[UNICODE]

arsenal-mesut-ozil-emile-smith-rowe
IMAGE: GOAL

⚽ လက်ရှိစွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ လူယ်ကစားသမားလေး စမစ်ရို့စ်ဟာ အိုဇေးလ်ရဲ့နေရာကိုကောင်းကောင်း အစားထိုးနိုင်သူဖြစ်ကြောင်း ဂန္ထဝင်ကစားသမားဟောင်း အီယန်ရိုက်စ်က ချီးကျူးသွားခဲ့ပါတယ်။ စမစ်ရို့စ် ပွဲထွက်ပါဝင်ပြီးနောက် အာဆင်နယ်က ရလဒ်တွေ ကောင်းလာခဲ့တာပါ။

havertz-chelsea-2020-1tgg7bksd4ey31nomkqaoik3xz
IMAGE: GOAL

⚽ ချဲလီးနောက်ခံလူဟော်ငး ဟုချ်က ကွင်းလယ်လူ ကိုင်ဟာဗက်ဇ်မှာ ခေါင်းဆောင်မှု အရည်အသွေးပျောက်ဆုံးနေပြီး အဝတ်လဲခန်းမှ ကစားသမားတွေကို လွှမ်းမိုးနိုင်စွမ်းမရှိကြောင်း၊ သူ့အနေနဲ့ ကိုင်ဟာဗက်ဇ်ရဲ့ Body Language ကို မကြိုက်ကြောင်း ဝေဖန်ခဲ့ပါတယ်။

leandro-paredes-psg-lionel-messi-barcelona-1e29fn1c27r061gbantbisuu0x
IMAGE: GOAL

⚽ ပီအက်စ်ဂျီကွင်းလယ်လူ ပါရာဒက်စ်က ဘာစီလိုနာတိုက်စစ်မှူးမက်ဆီအနေနဲ့ အသင်းထံပြောင်းရွှေ့လာဖို့ မျှော်လင့်ချက် ရှိနေပါတယ်။ “မက်ဆီကို အသင်းတိုင်းက လိုချင်ကြတာ သဘာဝပါပဲ။ ဒါက မက်ဆီရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး သူ့လို ခမ်းနားတဲ့ ကစားသမားမျိုးနဲ့ တွဲကစားချင်ပါတယ်”လို့ ပါရာဒက်စ်က ဆိုခဲ့ပါတယ်။

mario-mandzukic-juventus-2019-20-pu9jpwlzgub81bv3u2p71g063
IMAGE: GOAL

⚽ စီးရီးအေကလပ် အေစီမီလန်ကို ပြောင်းရွှေ့ရောက်ရှိလာတဲ့ တိုက်စစ်မှူးသစ် မန်ှဇူကစ်ကတော့ သူ့အနေနေနဲ့ အေစီမီလန်ကို စီးရီးအေချန်ပီယံဆု ရယူတဲ့နေရာမှာ ကူညီပေးဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြေင်း၊ သူ့အနေနဲ့ အဆင်သင့်မဖြစ်ဘူးလို့ ခံစားရပါက အေစီမီလန်လိုအသင်းမျိုးကို ပြောင်းလာမှာမဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

paul-pogba-bruno-fernandes-man-utd-zjlk7d085spn1tp1rcnfstheu
IMAGE: GOAL

⚽ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ပေါ့ဂ်အနေနဲ့ ဖာနန်ဒက်စ်နဲ့ တွဲဖက်ကစားနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ “ပေါ့ဂ်ဘာဟာ ခံစစ်နဲ့ တိုက်စစ် နှစ်ဖက်စလုံးမှာ ကောင်းကောင်းကစားနေပါတယ်။ သူ့အနေနဲ့ ဖာနန်ဒက်စ်နဲ့ တွဲကစားနိုင်ပါတယ်”လို့ ဖာဒီနန်က ဆိုခဲ့တာပါ။

Ronald-Koeman-4
IMAGE: GOAL

⚽ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းကတော့ ကိုပါဒယ်ရေးပြိုင်ပွဲမှာ နောက်တစ်ဆင့်ကို တက်ောက်နိုင်ခဲ့ပေမဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်လျက်ရှိနေပါတယ်။ နောက်တစ်ဆင့်ကို တက်ဖို့က အရေးကြီးပေမဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ မပျော်ရွှင်နိုင်ကြောင်း ကိုးမန်းက ဆိုခဲ့ပါတယ်။

salah-liverpool-2021-ggiy2fz8ogib1p8ymjrwsym1k
IMAGE: GOAL

⚽ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက ဘန်လေကို ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးအနေနဲ့ ချန်ပီယံပြေးလမ်းကနေ လွဲချော်သွားခဲ့ပြီဖြစ်ကြောင်း၊ လီဗာပူးအနေနဲ့ အမှတ်ပေးဇယားထိပ်က မန်ယူကို ပြန်လိုက်နိုင်ချေရှိနေသေးပေမဲ့ လက်ရှိပုံစံနဲ့ ပွဲဆက်တွေ ကစားရမှာ မလွယ်ကူကြောင်း ဆိုခဲ့ပါတယ်။

skysports-gedson-fernandes-5172292
IMAGE: GOAL

⚽ စီးရီးအေကလပ် တိုရီနိုအသင်းဟာ စပါးလူငယ်ကြယ်ပွင့် ဂတ်ဆန်ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ DiMarzio က ဖော်ပြထားပါတယ်။ စပါးစ်ဟာ ဂတ်ဆန်ဖာနန်ဒက်စ်ကို ဘင်ဖီကာကနေ အငှားနဲ့ခေါ်ထားတာဖြစ်ပြီး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရလို့ ပွဲလွှတ်ဖို့ စီစဉ်နေတာပါ။

[ZAWGYI]

arsenal-mesut-ozil-emile-smith-rowe
IMAGE: GOAL

⚽ လက္ရွိစြမ္းေဆာင္ရည္ေကာင္းေတြ ျပသေနတဲ့ လူယ္ကစားသမားေလး စမစ္ရို႕စ္ဟာ အိုေဇးလ္ရဲ႕ေနရာကိုေကာင္းေကာင္း အစားထိုးႏုိင္သူျဖစ္ေၾကာင္း ဂႏၳ၀င္ကစားသမားေဟာင္း အီယန္ရိုက္စ္က ခ်ီးက်ဴးသြားခဲ့ပါတယ္။ စမစ္ရို႕စ္ ပြဲထြက္ပါ၀င္ၿပီးေနာက္ အာဆင္နယ္က ရလဒ္ေတြ ေကာင္းလာခဲ့တာပါ။

havertz-chelsea-2020-1tgg7bksd4ey31nomkqaoik3xz
IMAGE: GOAL

⚽ ခ်ဲလီးေနာက္ခံလူေဟာ္ငး ဟုခ်္က ကြင္းလယ္လူ ကိုင္ဟာဗက္ဇ္မွာ ေခါင္းေဆာင္မႈ အရည္အေသြးေပ်ာက္ဆံုးေနၿပီး အ၀တ္လဲခန္းမွ ကစားသမားေတြကို လႊမ္းမိုးႏုိင္စြမး္မရွိေၾကာင္း၊ သူ႔အေနနဲ႔ ကိုင္ဟာဗက္ဇ္ရဲ႕ Body Language ကို မႀကိဳက္ေၾကာင္း ေ၀ဖန္ခဲ့ပါတယ္။

leandro-paredes-psg-lionel-messi-barcelona-1e29fn1c27r061gbantbisuu0x
IMAGE: GOAL

⚽ ပီအက္စ္ဂ်ီကြင္းလယ္လူ ပါရာဒက္စ္က ဘာစီလိုနာတုိက္စစ္မွဴးမက္ဆီအေနနဲ႔ အသင္းထံေျပာင္းေရႊ႕လာဖုိ႔ ေမွ်ာ္လင့္ခ်က္ ရွိေနပါတယ္။ “မက္ဆီကို အသင္းတုိင္းက လိုခ်င္ၾကတာ သဘာ၀ပါပဲ။ ဒါက မက္ဆီရဲ႕ ဆံုးျဖတ္ခ်က္ျဖစ္ၿပီး သူ႔လို ခမ္းနားတဲ့ ကစားသမားမ်ိဳးနဲ႔ တြဲကစားခ်င္ပါတယ္”လို႔ ပါရာဒက္စ္က ဆုိခဲ့ပါတယ္။

mario-mandzukic-juventus-2019-20-pu9jpwlzgub81bv3u2p71g063
IMAGE: GOAL

⚽ စီးရီးေအကလပ္ ေအစီမီလန္ကို ေျပာင္းေရႊ႕ေရာက္ရွိလာတဲ့ တုိက္စစ္မွဴးသစ္ မန္ွဇူကစ္ကေတာ့ သူ႔အေနေနနဲ႔ ေအစီမီလန္ကို စီးရီးေအခ်န္ပီယံဆု ရယူတဲ့ေနရာမွာ ကူညီေပးဖုိ႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကင္း၊ သူ႔အေနနဲ႔ အဆင္သင့္မျဖစ္ဘူးလုိ႔ ခံစားရပါက ေအစီမီလန္လိုအသင္းမ်ိဳးကို ေျပာင္းလာမွာမဟုတ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

paul-pogba-bruno-fernandes-man-utd-zjlk7d085spn1tp1rcnfstheu
IMAGE: GOAL

⚽ မန္ယူေနာက္ခံလူေဟာင္း ဖာဒီနန္က ေပါ့ဂ္အေနနဲ႔ ဖာနန္ဒက္စ္နဲ႔ တြဲဖက္ကစားႏုိင္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။ “ေပါ့ဂ္ဘာဟာ ခံစစ္နဲ႔ တုိက္စစ္ ႏွစ္ဖက္စလံုးမွာ ေကာင္းေကာင္းကစားေနပါတယ္။ သူ႔အေနနဲ႔ ဖာနန္ဒက္စ္နဲ႔ တြဲကစားႏိုင္ပါတယ္”လို႔ ဖာဒီနန္က ဆုိခဲ့တာပါ။

Ronald-Koeman-4
IMAGE: GOAL

⚽ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းကေတာ့ ကိုပါဒယ္ေရးၿပိဳင္ပြဲမွာ ေနာက္တစ္ဆင့္ကို တက္ောက္ႏုိင္ခဲ့ေပမဲ့ အသင္းရဲ႕ စြမ္းေဆာင္ရည္ကို စိတ္ပ်က္လ်က္ရွိေနပါတယ္။ ေနာက္တစ္ဆင့္ကို တက္ဖုိ႔က အေရးႀကီးေပမဲ့ ေျခစြမ္းနဲ႔ ပတ္သက္လို႔ မေပ်ာ္ရႊင္ႏုိင္ေၾကာင္း ကိုးမန္းက ဆုိခဲ့ပါတယ္။

salah-liverpool-2021-ggiy2fz8ogib1p8ymjrwsym1k
IMAGE: GOAL

⚽ လီဗာပူးေနာက္ခံလူေဟာင္း ကာေရဂါက ဘန္ေလကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ လီဗာပူးအေနနဲ႔ ခ်န္ပီယံေျပးလမ္းကေန လြဲေခ်ာ္သြားခဲ့ၿပီျဖစ္ေၾကာင္း၊ လီဗာပူးအေနနဲ႔ အမွတ္ေပးဇယားထိပ္က မန္ယူကို ျပန္လိုက္ႏုိင္ေခ်ရွိေနေသးေပမဲ့ လက္ရွိပံုစံနဲ႔ ပြဲဆက္ေတြ ကစားရမွာ မလြယ္ကူေၾကာင္း ဆုိခဲ့ပါတယ္။

skysports-gedson-fernandes-5172292
IMAGE: GOAL

⚽ စီးရီးေအကလပ္ တုိရီႏိုအသင္းဟာ စပါးလူငယ္ၾကယ္ပြင့္ ဂတ္ဆန္ဖာနန္ဒက္စ္ကို ေခၚယူဖုိ႔ စိတ္၀င္စားေနတယ္လုိ႔ DiMarzio က ေဖာ္ျပထားပါတယ္။ စပါးစ္ဟာ ဂတ္ဆန္ဖာနန္ဒက္စ္ကို ဘင္ဖီကာကေန အငွားနဲ႔ေခၚထားတာျဖစ္ၿပီး ေျခစြမ္းျပႏုိင္ဖုိ႔ ရုန္းကန္ေနရလို႔ ပြဲလႊတ္ဖုိ႔ စီစဥ္ေနတာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!