23-Feb-2021 ပရီးမီးယားလိဂ္သတင္းမ်ား

[UNICODE]

IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန်က သူနဲ့ အသင်းဖော်ဂိုးသမား အယ်လစ်ဆန်တို့ ရန်ဖြစ်ခဲ့တယ်ဆိုတဲ့သတင်းတွေဟာ ဘာမှအဓိပ္ပာယ်မရှိတဲ့ ကောလာဟလတွေသာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

IMAGE: GOAL

⚽ မန်စီးတီးဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုကတော့ သူ့အနေနဲ့ ဂွါဒီယိုလာရဲ့နည်းပြအဖွဲ့ထဲမှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီးအသင်းအတွက်သာ အာရုံစိုက်ထားပြီး ရာသီကုန်မှသာ အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ဖာနန်ဒင်ဟိုက ဆိုခဲ့ပါတယ်။

IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် စပါးဟာ ရလဒ်တွေ ဆိုးရွားနေတဲ့နည်းပြမော်ရင်ဟိုရဲ့နေရာမှာ အစားထိုးဖို့အတွက် လိုက်ပဇစ်နည်းပြနစ်ဂျယ်မန်းကို ပစ်မှတ်ထားလျက်ရှိနေပါတယ်။ စပါးဟာ လက်ရှိအချိန်မှာ ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေပြီး မော်ရင်ဟိုရဲ့ အနာဂတ်က မသေမချာ ရှိနေတာပါ။

IMAGE: GOAL

⚽ လိဒ်ယူနိုက်တက်နည်းပြ ဘီယက်ဆာက သူ့အနေနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ကိစ္စကို အလျင်စလို မဆုံးဖြတ်လိုကြောင်း၊ အချိန်ယူပြီး စဉ်းစားသွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ လိဒ်စ်ဟာ ဘီယက်ဆာကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားပါတယ်။

IMAGE: GOAL

⚽ လက်ရှိရာသီအကုန်မှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မဲ့ တိုက်စစ်မှူးအဂူရိုကို အသင်း ၄ သင်းခန့်က ဆက်သွယ်လျက် ရှိနေပါတယ်။ ဘာစီလိုနာ၊ ပီၤအက်စ်ဂျီ၊ ဂျူဗင်တပ်နဲ့ အင်တာတို့က အဂူရိုကို ဆက်သွုယ်မှုတွေပြုလုပ်နေတယ်လို့ Mirror က ဖော်ပြထားပါတယ်။

IMAGE: GOAL

⚽ ချဲလ်ဆီးနည်းပြ တူချယ်ကတော့ သူ့အနေနဲ့ ပီအက်စ်ဂျီမှာ ရှိစဉ်တုန်းက လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြောင်း၊ ဒါပေမဲ့ ဆွာရက်ဇ်ဟာ စပိန်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး အက်သလက်တီကိုထံသာ ပြောင်းခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ အက်သလက်နဲ့ ချဲလ်ဆီးတို့ဟာ ဒီနေ့ညမှာ ယှဉ်ပြိုင်ရမှာဖြစ်လို့ တူချယ်အနေနဲ့ ပြိုင်ဘက်အပေါ် Mind Game ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။

IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ယူတိုက်စစ်မှူး ရက်ဖို့ဒ်ကတော့ သူတို့အနေနဲ့ မန်စီးတီးအသင်းရဲ့ရလဒ်တွေအကြောင်း စိတ်မဝင်စားကြောင်း၊ ကိုယ့်လုပ်စရာရှိတာကိုသာ အာရုံစိုက်ပြီး အကောင်းဆုံး လုပ်ဆောင်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

IMAGE: GOAL

⚽ အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်ကတော့ လက်ရှိအာဆင်နယ်အသင်းဟာ လှည့်မကြည့်ချင်တော့တဲ့အသင်းပုံစံဖြစ်လာခဲ့ပြီဖြစ်ကြောင်း၊ မန်စီးတီးနဲ့ပွဲမှာ အာဆင်နယ်ရဲ့ပုံစံက စိတ်ပျက်စရာကောင်းခဲ့ကြောင်း၊ အာဆင်နယ်ဟာ ၄-၀ ဂိုး၊ ၅-၀ ဂိုးနဲ့တောင် ရှုံးသွားနိုင်ကြောင်း ဝေဖန်ခဲ့ပါတယ်။

[ZAWGYI]

IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးေနာက္ခံလူ ေရာ္ဘတ္ဆန္က သူနဲ႔ အသင္းေဖာ္ဂိုးသမား အယ္လစ္ဆန္တုိ႔ ရန္ျဖစ္ခဲ့တယ္ဆုိတဲ့သတင္းေတြဟာ ဘာမွအဓိပၸာယ္မရွိတဲ့ ေကာလာဟလေတြသာျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။

IMAGE: GOAL

⚽ မန္စီးတီး၀ါရင့္ကြင္းလယ္လူ ဖာနန္ဒင္ဟိုကေတာ့ သူ႔အေနနဲ႔ ဂြါဒီယိုလာရဲ႕နည္းျပအဖြဲ႕ထဲမွာ ပါ၀င္ဖုိ႔ ကမ္းလွမ္းခံထားရတယ္ဆုိတဲ့သတင္းေတြကို ျငင္းဆန္သြားခဲ့့ပါတယ္။ လက္ရွိအခ်ိန္မွာ မန္စီးတီးအသင္းအတြက္သာ အာရုံစိုက္ထားၿပီး ရာသီကုန္မွသာ အနာဂတ္ကို ဆံုးျဖတ္သြားမွာျဖစ္ေၾကာင္း ဖာနန္ဒင္ဟိုက ဆုိခဲ့ပါတယ္။

IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ စပါးဟာ ရလဒ္ေတြ ဆုိးရြားေနတဲ ့နညး္ျပေမာ္ရင္ဟိုရဲ႕ေနရာမွာ အစားထုိးဖုိ႔အတြက္ လိုက္ပဇစ္နည္းျပနစ္ဂ်ယ္မန္းကို ပစ္မွတ္ထားလ်က္ရွိေနပါတယ္။ စပါးဟာ လက္ရွိအခ်ိန္မွာ ရလဒ္ေတြ ဆက္တုိက္ဆိုးရြားေနၿပီး ေမာ္ရင္ဟိုရဲ႕ အနာဂတ္က မေသမခ်ာ ရွိေနတာပါ။

IMAGE: GOAL

⚽ လိဒ္ယူႏုိက္တက္နည္းျပ ဘီယက္ဆာက သူ႔အေနနဲ႔ စာခ်ဳပ္သက္တမ္းတိုးျမွင့္ဖုိ႔ကိစၥကို အလ်င္စလို မဆံုးျဖတ္လိုေၾကာင္း၊ အခ်ိန္ယူၿပီး စဥ္းစားသြားမွာျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။ လိဒ္စ္ဟာ ဘီယက္ဆာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆုိဖုိ႔ ကမ္းလွမ္းထားပါတယ္။

IMAGE: GOAL

⚽ လက္ရွိရာသီအကုန္မွာ မန္စီးတီးနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးေတာ့မဲ့ တုိက္စစ္မွဴးအဂူရုိကို အသင္း ၄ သင္းခန္႔က ဆက္သြယ္လ်က္ ရွိေနပါတယ္။ ဘာစီလုိနာ၊ ပီၤအက္စ္ဂ်ီ၊ ဂ်ဴဗင္တပ္နဲ႔ အင္တာတုိ႔က အဂူရုိကုိ ဆက္သြုယ္မႈေတြျပဳလုပ္ေနတယ္လုိ႔ Mirror က ေဖာ္ျပထားပါတယ္။

IMAGE: GOAL

⚽ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္ကေတာ့ သူ႔အေနနဲ႔ ပီအက္စ္ဂ်ီမွာ ရွိစဥ္တုန္းက လူး၀စ္ဆြာရက္ဇ္ကို ေခၚယူဖုိ႔ ႀကိဳးပမ္းခဲ့ေၾကာင္း၊ ဒါေပမဲ့ ဆြာရက္ဇ္ဟာ စပိန္မွာပဲ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့ၿပီး အက္သလက္တီကိုထံသာ ေျပာင္းခဲ့ေၾကာင္း ထုတ္ေဖာ္ခဲ့ပါတယ္။ အက္သလက္နဲ႔ ခ်ဲလ္ဆီးတုိ႔ဟာ ဒီေန႔ညမွာ ယွဥ္ၿပိဳင္ရမွာျဖစ္လုိ႔ တူခ်ယ္အေနနဲ႔ ၿပိဳင္ဘက္အေပၚ Mind Game ဆင္ႏႊဲခဲ့တာ ျဖစ္ပါတယ္။

IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္ယူတုိက္စစ္မွဴး ရက္ဖုိ႔ဒ္ကေတာ့ သူတုိ႔အေနနဲ႔ မန္စီးတီးအသင္းရဲ႕ရလဒ္ေတြအေၾကာင္း စိတ္မ၀င္စားေၾကာင္း၊ ကိုယ့္လုပ္စရာရွိတာကိုသာ အာရုံစိုက္ၿပီး အေကာင္းဆံုး လုပ္ေဆာင္ေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

IMAGE: GOAL

⚽ အာဆင္နယ္ကစားသမားေဟာင္း ေပါလ္မာဆင္ကေတာ့ လက္ရွိအာဆင္နယ္အသင္းဟာ လွည့္မၾကည့္္ခ်င္ေတာ့တဲ့အသင္းပံုစံျဖစ္လာခဲ့ၿပီျဖစ္ေၾကာင္း၊ မန္စီးတီးနဲ႔ပြဲမွာ အာဆင္နယ္ရဲ႕ပံုစံက စိတ္ပ်က္စရာေကာင္းခဲ့ေၾကာင္း၊ အာဆင္နယ္ဟာ ၄-၀ ဂိုး၊ ၅-၀ ဂိုးနဲ႔ေတာင္ ရႈံးသြားႏုိင္ေၾကာင္း ေ၀ဖန္ခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!