22-Jan-2021 အေျပာင္းအေရႊ႕သတင္းမ်ား

[UNICODE]

antonio-rudiger-chelsea-2020-21-1b1xllbf5mjse1ap6uj4q1gf0x
IMAGE: GOAL

⚽ ချဲလ်ဆီးဂိုးသမားဟောင်း ရှဝါဇာကတော့ ချဲလ်ဆီးနောက်ခံလူရူဒီဂါဟာ နောက်ခံလူကောင်းတစ်ယောက်မဟုတ်ဘဲ ချဲလ်ဆီးအတွက် မသင့်တော်ဘူးလို့ ဆိုခဲ့ပါတယ်။ “ရူဒီဂါ ပြန်ကစားခွင့်ရတာ တွေ့ရတော့ ကျွန်တော် အံ့အားသင့်မိပါတယ်။ သူက နောက်ခံလူကောင်းမဟုတ်ဘဲ ချဲလ်ဆီးအတွက် ကစားဖို့လည်း အဆင့်မမီပါဘူး”လို့ ရှဝါဇာက ဆိုခဲ့တာပါ။

bryan-reynolds
IMAGE: GOAL

⚽ စီးရီးအေကလပ် ရိုးမားအသင်းဟာ ဂျူဗင်တပ်ထက် လက်ဦးမှု ရယူပြီး အမေရိကန်ကြယ်ပွင့် ရေးနော့စ်ကို ခေါ်ယူဖို့ ရေပန်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ရိုးမားဟာ အသက် ၁၉ နှစ်အရွယ်ကြယ်ပွင့်အတွက် ယူရို ၉ သန်းအထိ အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။

danny-ingsspurs-composite-1lg3ixcxvidh112orjtcl4gfyu
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် စပါးကွင်းလယ်လူဟောင်း အိုဟာရာကတော့ ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင့်စ်ဟာ စပါးအတွက် သင့်တော်တဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း၊ ဒန်နီအင့်ဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမားဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

dayot-upamecano-rb-leipzig-bayern-munich-4pgiry20g8l613tx5cxk8dpno
IMAGE: GOAL

⚽ ဘိုင်ယန်မြူးနစ် စီအီးအို ရူမင်နစ်ဂီက သူတို့အနေနဲ့ လိုက်ပဇစ်နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း အတည်ပြုသွားခဲ့ပါတယ်။ အူပါမီကာနိုကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေကလည်း စိတ်ဝင်စားနေကြပြီး သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၄၅ သန်းအထိ ရှိနေပါတယ်။

georginio-wijnaldum-liverpool-2020-21-fqqevcfy5b671pxl3x6iijg9q
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် လီဗာပးူကွင်းလယ်လူ ဝီနယ်ဒင်ကတော့ သူ့ရဲ့ စာချုပ်သက်တမ်းနဲ့ ပတ်သက်ပြီး Update ပေးစရာ မရှိကြောင်း၊ စာချုပ်နဲ့ ပတ်သက်ပြီး Update ပေးရမှာ သူမဟုတ်ဘဲ အသင်းသာဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ဝီနယ်ဒမ်ဟာ လီဗာပူးရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ထားသူပါ။

lionel-messi-neymar-14rfzbfin47z01up7gdm1okmfk
IMAGE: GOAL

⚽ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီအနေနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ပြီး နေမာနဲ့ ပြန်လည်ပေါင်းစည်းတာက ကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်ကြောင်း ရီဗယ်ဒိုက မှတ်ချက်ပြုခဲ့ပါတယ်။ “လီယိုနာဒိုကလည်း မက်ဆီကိုခေါ်ဖို့ စိတ်ဝင်စားတယ်လို့ ဝန်ခံခဲ့ပါတယ်။ ပီအက်စ်ဂျီကိုပြောင်းတာက မက်ဆီအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုပါ။ နည်းပြကလည်း အာဂျင်တီးနားလူမျိုး ပိုချက်တီနိုဖြစ်ပြီး နေမာနဲ့လည်း ပြန်ဆုံစည်းနိုင်မှာပါ”လို့ ရီဗယ်ဒိုကဆိုခဲ့တာပါ။

paul-pogba-manchester-united-1plg3gwhcktaz1x8859wpokbpw
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ကွင်းလယ်လူ ပေါ့ဂ်ဘာကို ဆက်ထိန်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အေးဂျင့်ရွိုင်အိုလာက ပေါ့ဂ်ဘာဟာ အသင်းပြောင်းနိုင်တယ်လို့ ဆိုထားပေမဲ့ လက်ရှိအချိန်မှာ ပုံစံကောင်းတွေ ပြန်ရနေတဲ့ ပေါ့ဂ်ဘာဟာ အသင်းမှာ ဆက်ကစားနိုင်မယ်လို့ မန်ယူက ယုံကြည်နေတာပါ။

report-martin-odegaard-set-to-snub-potential-arsenal-move
IMAGE: GOAL

⚽ ရီးရဲမက်ဒရစ်ကွင်းလယ်လူ အိုဒီဂတ်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘူးလို့ BBC Sport က ဖော်ပြထားပါတယ်။ အိုဒီဂတ်ဟာ ရီးရဲမက်ဒရစ်ကနေ ထွက်ခွာခွင့် တောင်းဆိုထားသူဖြစ်ပြီး အာဆင်နယ်ထက်စာရင် ဆိုစီဒက်ကိုသာ ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။

[ZAWGYI]

antonio-rudiger-chelsea-2020-21-1b1xllbf5mjse1ap6uj4q1gf0x
IMAGE: GOAL

⚽ ခ်ဲလ္ဆီးဂိုးသမားေဟာင္း ရွ၀ါဇာကေတာ့ ခ်ဲလ္္ဆီးေနာက္ခံလူရူဒီဂါဟာ ေနာက္ခံလူေကာင္းတစ္ေယာက္မဟုတ္ဘဲ ခ်ဲလ္ဆီးအတြက္ မသင့္ေတာ္ဘူးလို႔ ဆုိခဲ့ပါတယ္။ “ရူဒီဂါ ျပန္ကစားခြင့္ရတာ ေတြ႕ရေတာ့ ကၽြန္ေတာ္ အံ့အားသင့္မိပါတယ္။ သူက ေနာက္ခံလူေကာင္းမဟုတ္ဘဲ ခ်ဲလ္ဆီးအတြက္ ကစားဖုိ႔လည္း အဆင့္မမီပါဘူး”လို႔ ရွ၀ါဇာက ဆုိခဲ့တာပါ။

bryan-reynolds
IMAGE: GOAL

⚽ စီးရီးေအကလပ္ ရိုးမားအသင္းဟာ ဂ်ဴဗင္တပ္ထက္ လက္ဦးမႈ ရယူၿပီး အေမရိကန္ၾကယ္ပြင့္ ေရးေနာ့စ္ကို ေခၚယူဖုိ႔ ေရပန္းစားေနေၾကာင္း သတင္းေတြ ထြက္ေပၚလာပါတယ္။ ရိုးမားဟာ အသက္ ၁၉ ႏွစ္အရြယ္ၾကယ္ပြင့္အတြက္ ယူရို ၉ သန္းအထိ အသံုးျပဳခဲ့ရတယ္လုိ႔ သိရပါတယ္။

danny-ingsspurs-composite-1lg3ixcxvidh112orjtcl4gfyu
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ စပါးကြင္းလယ္လူေဟာင္း အုိဟာရာကေတာ့ ေဆာက္သမ္တန္တုိက္စစ္မွဴး ဒန္္နီအင့္စ္ဟာ စပါးအတြက္ သင့္ေတာ္တဲ့ ကစားသမားတစ္ဦးျဖစ္ေၾကာင္း၊ ဒန္နီအင့္ဟာ အံ့အားသင့္ဖြယ္ေကာင္းတဲ့ ကစားသမားျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

dayot-upamecano-rb-leipzig-bayern-munich-4pgiry20g8l613tx5cxk8dpno
IMAGE: GOAL

⚽ ဘိုင္ယန္ျမဴးနစ္ စီအီးအို ရူမင္နစ္ဂီက သူတုိ႔အေနနဲ႔ လိုက္ပဇစ္ေနာက္ခံလူ အူပါမီကာႏုိကို ေခၚယူဖို႔ စိတ္၀င္စားေၾကာင္း အတည္ျပဳသြားခဲ့ပါတယ္။ အူပါမီကာႏိုကို ပရီးမီးယားလိဂ္ထိပ္သီးအသင္းေတြကလည္း စိတ္၀င္စားေနၾကၿပီး သူ႔ရဲ႕ စာခ်ဳပ္ဖ်က္သိမး္ေၾကးက ယူရို ၄၅ သန္းအထိ ရွိေနပါတယ္။

georginio-wijnaldum-liverpool-2020-21-fqqevcfy5b671pxl3x6iijg9q
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ လီဗာပးူကြင္းလယ္လူ ၀ီနယ္ဒင္ကေတာ့ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းနဲ႔ ပတ္သက္ၿပီး Update ေပးစရာ မရွိေၾကာင္း၊ စာခ်ဳပ္နဲ႔ ပတ္သက္ၿပီး Update ေပးရမွာ သူမဟုတ္ဘဲ အသင္းသာျဖစ္ေၾကာင္း ထုတ္ေဖာ္ခဲ့ပါတယ္။ ၀ီနယ္ဒမ္ဟာ လီဗာပူးရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ျငင္းဆန္ထားသူပါ။

lionel-messi-neymar-14rfzbfin47z01up7gdm1okmfk
IMAGE: GOAL

⚽ ဘာစီလိုနာတုိက္စစ္မွဴး မက္ဆီအေနနဲ႔ ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕ၿပီး ေနမာနဲ႔ ျပန္လည္ေပါင္းစည္းတာက ေကာင္းမြန္တဲ့ေရြးခ်ယ္မႈျဖစ္ေၾကာင္း ရီဗယ္ဒိုက မွတ္ခ်က္ျပဳခဲ့ပါတယ္။ “လီယိုနာဒိုကလည္း မက္ဆီကိုေခၚဖုိ႔ စိတ္၀င္စားတယ္လုိ႔ ၀န္ခံခဲ့ပါတယ္။ ပီအက္စ္ဂ်ီကိုေျပာင္းတာက မက္ဆီအတြက္ ေကာင္းမြန္တဲ့ ေရြးခ်ယ္မႈပါ။ နည္းျပကလည္း အာဂ်င္တီးနားလူမ်ိဳး ပိုခ်က္တီႏိုျဖစ္ၿပီး ေနမာနဲ႔လည္း ျပန္ဆံုစည္းႏုိင္မွာပါ”လို႔ ရီဗယ္ဒိုကဆိုခဲ့တာပါ။

paul-pogba-manchester-united-1plg3gwhcktaz1x8859wpokbpw
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူႏိုက္တက္ဟာ ကြင္းလယ္လူ ေပါ့ဂ္ဘာကို ဆက္ထိိန္းႏုိင္မယ္လုိ႔ ယံုၾကည္ေနပါတယ္။ ေအးဂ်င့္ရိြဳင္အိုလာက ေပါ့ဂ္ဘာဟာ အသင္းေျပာင္းႏုိင္တယ္လုိ႔ ဆုိထားေပမဲ့ လက္ရွိအခ်ိန္မွာ ပံုစံေကာင္းေတြ ျပန္ရေနတဲ့ ေပါ့ဂ္ဘာဟာ အသင္းမွာ ဆက္ကစားႏိုင္မယ္လုိ႔ မန္ယူက ယုံၾကည္ေနတာပါ။

report-martin-odegaard-set-to-snub-potential-arsenal-move
IMAGE: GOAL

⚽ ရီးရဲမက္ဒရစ္ကြငး္လယ္လူ အုိဒီဂတ္ဟာ အာဆင္နယ္ကို ေျပာင္းေရႊ႕ဖို႔ စိတ္မ၀င္စားဘူးလို႔ BBC Sport က ေဖာ္ျပထားပါတယ္။ အိုဒီဂတ္ဟာ ရီးရဲမက္ဒရစ္ကေန ထြက္ခြာခြင့္ ေတာင္းဆုိထားသူျဖစ္ၿပီး အာဆင္နယ္ထက္စာရင္ ဆိုစီဒက္ကိုသာ ျပန္လည္ေျပာင္းေရႊ႕ဖုိ႔ စိတ္အားထက္သန္ေနပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!