22-Jan-2021 ပွဲပြီးနှင့် Breakfast သတင်းများ

[UNICODE] လီဗာပူး ဝ- ၁ ဘန်လေ

6009fff8d4a82
IMAEG: GOAL

လက်ရှိချန်ပီယံ လီဗာပူးတို့ နိုင်ပွဲဆက်ပျောက်ခဲ့ရပြီး ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အားအကောင်းဆုံး လီဗာပူးတိုက်စစ်က နောက်ဆုံး ၄ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တာ တစ်ခုခုတော့ သေချာပေါက် မှားယွင်းနေပါပြီ။ ဒီပွဲမှာလည်း လီဗာပူးက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တစ်ပွဲလုံး ဖိကစားပေမဲ့ ဘန်လေနောက်တန်းနဲ့ ဂိုးသမားကို ကျော်ဖြတ်ဖို့ရာ အဖြေမရှာနိုင်ခဲ့ဘူး။ ၈၃ မိနစ်မှာ ဘန်လေအတွက် ဦးဆောင်ဂိုးကို အက်ရှ်လေဘန်းစ်က ပင်နယ်တီကနေ သွင်းခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးဟာ ၆၈ ပွဲဆက် တင်ရှိထားတဲ့ အန်ဖီးလ် ရှုံးပွဲမရှိစံချိန် ပျက်ပြယ်ခဲ့ရပြီး ချန်ပီယံလမ်းကြောင်းကနေ ချော်ထွက်သွားခဲ့ပြီလို့လည်း ဆိုရမှာပါ။

ကော်နယ်လာ ဝ-၂ ဘာစီလိုနာ

celebration-cornell
IMAEG: GOAL

အက်သလက်ကို ဖြုတ်ချလာခဲ့တဲ့ တတိယတန်းကလပ် ကော်နယ်လာက ဘာစီလိုနာကိုလည်း အခက်တွေ့စေခဲ့ပြီး ပွဲချိန်အတွင်း ဂိုးမရှိသရေရအောင် တောင့်ခံနိုင်ခဲ့ပါတယ်။ ဘာစီလိုနာမှာက အရန်တွေကို ဦးစားပေး ပွဲထွက်လာခဲ့ပြီး အနိုင်ဂိုးတွေကိုတော့ ဒမ်ဘီလီနဲ့ ဘရေ့ဝိတ်တို့က သွင်းပေးခဲ့တာပါ။

brendan-rodgers-leicester-city-2019-20-1rqzw0xde0pss1bmfjyba4yl8e
IMAEG: GOAL

⚽ ချဲလ်ဆီးကစားသမားဟောင်း ခရက်ဘန်လေကတော့ တူချယ်လ်၊ အမ်လီဂရီတို့ထက် လက်စတာနည်းပြ ရော်ဂျာက ချဲလ်ဆီးနည်းပြရာထူးနဲ့ လိုက်ဖက်ကြောင်း၊ လက်ရှိအချိန်မှာ ဘရန်ဒန်ဂျော်ရာက ပရီးမီးယားလိဂ်ရဲ့ တတိယအကောင်းဆုံးနည်းပြဖြစ်ကြောင်း၊ ရော်ဂျာက လူငယ်တွေနဲ့ တွဲလုပ်ဖူးခဲ့သလို လမ်းပတ်ထက်စာရင် အတွေ့အကြုံ များပြားသူလို့ ဆိုခဲ့ပါတယ်။

cristiano-ronaldo-juventus-serie-a-rxf48bl5g1qg16pqejnnlwk1u
IMAEG: GOAL

⚽ ချက်ဇ်ဘောလုံးအဖွဲ့ချုပ်ကတော့ စီရော်နယ်ဒိုဟာ ဘောလုံးသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားမဖြစ်သေးဘူးလို့ ငြင်းဆန်သွားခဲ့ပါတာယ်။ “ကျွန်တော်တို့အနေနဲ့ ဘစ်ကန်ရဲ့ ၁၉၅၂ ခုနှစ်မှာ ချက်ဇ်ဒုတိယတန်းကလပ် ခရာလက်အတွက် သွင်းဂိုးမှတ်တမ်းကို ပျောက်ဆုံးနေခဲ့တာပါ။ ပြန်ရှာကြည့်လိုက်တော့ အဲဒီရာသီမှာ ခရာလက်ဟာ ၂၆ ပွဲကစားပြီး ၅၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ သွင်းဂိုးဟာ ၈၀၅ ဂိုးပါ”လို့ ချက်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

leroy-sane-pep-guardiola-manchester-city-f8o4hpro4civ1wu0vcihvjyar
IMAEG: GOAL

⚽ ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ဆာနေးက မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ သူ့ကို တိုးတက်အောင်များစွာ ကူညီပေးခဲ့ကြောင်း၊ သူနဲ့ ဂွါဒီယိုလာတို့အကြား ဆက်ဆံရေးကောင်းတွေ ရှိကြောင်း၊ ဂွါဒီယိုလာဟာ သူ့ကိုနောက်ထပ် အဆင့်တစ်ခုရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ကြောင့်း ဆိုခဲ့ပါတယ်။

mikel-arteta-arsenal-2019-20-ryfyna40zkoq1of52fgj59f9p
IMAEG: GOAL

⚽ အာဆင်နယ်နောက်ခံလူဟောင်း လော်ရန်ကတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဆုဖလားအောင်မြင်မှု ရရှိဖို့အတွက် ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖို့လိုအပ်ကြောင်း၊ သူ့အနေနဲ့ အာဆင်နယ်မှာ ထိပ်တန်းကစားသမားတွေကို တွေ့မြင်လိုကြောင်း မှတ်ချက်ပြုသွားခဲ့ပါတယ်။

paul-pogba-edinson-cavani-bruno-fernandes-manchester-united-2020-21-y623efqita1vzw9y01g6vv0a
IMAEG: GOAL

⚽ မန်ယူဂန္ထဝင်ကစားမားဟောင်း ဝိန်းရွန်းနီကတော့ လက်ရှိအချိန်မှာ ခြေစွမ်းပြနေတဲ့ ကာဗာနီ၊ ပေါ့ဂ်ဘာနဲ့ ကန်တိုနာတို့ကို ချီးကျူးသွားခဲ့ပြီး မန်ယူဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ချေရှိကြောင်း ဆိုခဲ့ပါတယ်။ အခုအချိန်မှာ မန်ယူဟာ ကစားသမားကောင်းတွေနဲ့ တောင့်တင်းတဲ့အသင်းဖြစ်လာပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ပြီလို့ ရွန်းနီက ဆိုခဲ့တာပါ။

zinedine-zidane-florentino-perez-real-madrid-c7djag3noef512w5pt5ey5ckp
IMAEG: GOAL

⚽ ကိုပါဒယ်ရေးပြိုင်ပွဲမှာ တတိယတန်းကလပ် အယ်ကိုယာနိုကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမဲ့ ဇီဒန်းဟာ ရီးရဲကနေ ထုတ်ပယ်ခံရမှာမဟုတ်ကြောင်း၊ ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို အပြည့်အ၀ ရရှိထားကြောင်း Goal က ဖော်ပြထားပါတယ်။

[ZAWGYI] လီဗာပူး ၀- ၁ ဘန်လေ

6009fff8d4a82
IMAEG: GOAL



celebration-cornell
IMAEG: GOAL


IMAEG: GOAL


IMAEG: GOAL


IMAEG: GOAL


IMAEG: GOAL


IMAEG: GOAL


IMAEG: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!