21-Jan-2021 ညနေခင်းသတင်းတိုများ

[UNICODE]

brandon-williams
IMAGE – Goal.com

⚽ နယူးကာဆယ်အသင်းဟာ မန်ချက်စတာယူနိုက်တက် ဘယ်နောက်ခံကစားသမားလေး ဘရန်ဒန်ဝီလီယံကို အငှားနဲ့ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့်လည်း မန်ယူဘက်က အကြောင်းပြန်ဖို့ ကြန့်ကြာနေတာကြောင့် အခြားပစ်မှတ်များထံ ပြောင်းလဲချိတ်ဆက်နေပြီဖြစ်ပါတယ်။

1611225616-new-File-5
IMAGE – Goal.com

⚽ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် မိန့်ဇ်အသင်းရဲ့ တိုက်စစ်မှူး ဖီလစ်ပီမာတီတာကို (၁၈)လအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

84038a71b7fc2ced1038ec1ce43d8007

⚽ မာဆေးလ်နည်းပြ ဘိုအက်စ်ကတော့ သူတို့ရဲ့ ကွင်းလယ်ကစားသမား မော်ဂန်ဆန်ဆွန်ကို အက်စတွန်ဗီလာအသင်းက တန်ကြေးထက်များစွာ လျော့နည်းပြီး ကမ်းလှမ်းလာမှုအပေါ် ဝေဖန်သွားခဲ့ပြီး မာဆေးလ်ကလည်း အဆိုပါကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

Jean-Michel-Seri-7-800-445
IMAGE – Goal.com

⚽ ဖူလ်ဟမ်အသင်းဟာ ယခုအပြောင်းအရွှေ့အတွင်းမှာ ကစားသမားလျှော့ချမှုအများအပြား ပြုလုပ်သွားမှာဖြစ်ပြီး ဂျိုဟန်ဆန် ၊ လီမားချန့်နဲ့ မိုက်ကယ်ဆီရီတို့အတွက် ကမ်းလှမ်းမှုများကို စောင့်မျှော်လျက်ရှိပါတယ်။

1230616164-0
IMAGE – Goal.com

⚽ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘုတ်အဖွဲ့ဟာ လတ်တလော ရလဒ်တွေဆိုးရွားနေတဲ့ နည်းပြ ဇီဒန်းကို ရာထူးကနေ ထုတ်ပယ်သွားဦးမှာမဟုတ်ဘဲ ဆက်လက်ထောက်ခံသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

messi-rivaldo-8zhyegue82011ha8qe2n6jq0r
IMAGE – Goal.com

⚽ ဘာစီလိုနာတိုက်စစ်မှူးဟောင်း ရီဗယ်ဒိုကတော့ လီယွန်နယ်မက်ဆီအနေနဲ့ နူးကမ့်ကိုစွန့်ခွာပြီး နယ်မြေသစ်ဖြစ်တဲ့ PSG မှာ သွားရောက် အခြေချကစားသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

FC-Internazionale-v-Juventus-Serie-A-e4523a0a77051c55c1f5bcb5c8848010
IMAGE – Goal.com

⚽ လီဗာပူးအသင်းဟာ အင်တာမီလန်အသင်းရဲ့ အီတလီလူငယ်ကွင်းလယ်ကစားသမား ဘာရယ်လာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စပါးအသင်းနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းသွားရမှာပါ။

Andrea-Conti-2-800-445
IMAGE – Goal.com

⚽ အေစီမီလန်အသင်းရဲ့ လူငယ်နောက်ခံကစားသမားလေး အန်ဒရေကွန်တီဟာ ပါးမားအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ကစားတော့မှာဖြစ်ကြောင်း သိရပါတယ်။

[ZAWGYI]

brandon-williams
IMAGE – Goal.com


1611225616-new-File-5
IMAGE – Goal.com




IMAGE – Goal.com


1230616164-0
IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


Andrea-Conti-2-800-445
IMAGE – Goal.com




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!