21-Jan-2021 မန်ချက်စတာယူနိုက်တက်သတင်းတိုများ

[UNICODE]

medium-2021-01-21-dac1c9ad4c
IMAGE – Goal.com

⚽ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကတော့ ဖူလ်ဟမ်နဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ ပေါ့ဘာရဲ့ လက်ရှိပုံစံအရ သူဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ယောက်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

p094m7sb
IMAGE – Goal.com

⚽ မန်ယူနည်းပြဆိုးလ်ရှားက ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုတိုက်ပွဲ ပြင်းထန်မှာဖြစ်တဲ့အတွက် ဖူလ်ဟမ်အသင်းကို (၁-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရခဲ့တဲ့ အပိုရမှတ်(၂)မှတ်ဟာ အလွန်အရေးပါကြောင်း သုံးသပ်သွားခဲ့ပါတယ်။

49ea9a74a2289b6fbf5819d509181acc
IMAGE – Goal.com

⚽ အနိုင်ဂိုးရှင် ပေါ့ဘာကတော့မိမိရဲ့ သွင်းဂိုးကြောင့် အသင်းက နိုင်ပွဲရရှိခဲ့တဲ့အပြင် အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်လည်တက်လှမ်းလာနိုင်တဲ့အတွက် အလွန်ဝမ်းသာမိကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

0-Harry-Maguire
IMAGE – Goal.com

⚽ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲယားကလည်း မိမိတို့အသင်းဟာ ဆုဖလားတွေကို စိန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ကြွေးကြော်သွားခဲ့ပါတယ်။

33396270-0-image-a-43-1600598669324
IMAGE – Goal.com

⚽ မန်ယူကွင်းလယ်ကစားသမား လင်ဂတ်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ မော်ရင်ဟိုရဲ့ စပါးအသင်းလည်း ပါဝင်လာခဲ့ပါတယ်။ စပါးနည်းပြ မော်ရင်ဟိုဟာ တပည့်ဟောင်း လင်ဂတ်နဲ့ စပါးမှာ ပြန်လည်လက်တွဲဖို့ မျက်စိကျနေပါတယ်။

Christian-Eriksen-Inter-Milan-F365-2
IMAGE – Goal.com

⚽ မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်တာမီလန်အသင်းရဲ့ ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို ၆လအငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်သွားခဲ့ပါတယ်။

IMAGE – Goal.com

⚽ မန်ယူနည်းပြဆိုးလ်ရှားက ကွင်းလယ်လူမာတာကို တစ်ရာသီသက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုနေပေမယ့် ပွဲထွက်ခွင့်မရတဲ့ မာတာကတော့ အနာဂတ်အတွက် ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။

0-Getty-Images-1281875994
IMAGE – Goal.com

⚽ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းကခေါ်ယူထားခဲ့တဲ့ အသက်(၁၉)နှစ်အရွယ် တောင်ပံကစားသမား ပယ်လစ်ထရီကို အငှားစေလွှတ်ကစားဖို့ ပြင်ဆင်နေပါတယ်။

[ZAWGYI]

medium-2021-01-21-dac1c9ad4c
IMAGE – Goal.com


p094m7sb
IMAGE – Goal.com


IMAGE – Goal.com


0-Harry-Maguire
IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!