21-Jan-2021 ချယ်ဆီးသတင်းတိုများ

[UNICODE]

IMAGE – Goal.com

⚽ ချယ်ဆီးနည်းပြလမ်းပတ်အနေနဲ့ ရှေ့လာမယ့် သုံးပွဲမှာသာ ရလဒ်တွေဆိုးရွားခဲ့မယ်ဆိုရင် နည်းပြရာထူးကနေ သေချာပေါက်ထုတ်ပယ်ခံရမှာဖြစ်ပြီး အသင်းပိုင်ရှင် အေဗရာမိုဗစ်က လမ်းပတ်နေရာ ဝါရင့်နည်းပြတစ်ဦးဦးနဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။

0-Lampard-and-Tuchel-2
IMAGE – Goal.com

⚽ ချယ်ဆီးအသင်းဟာ နည်းပြလမ်းပတ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် PSG အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ သောမတ်တူချယ်လ်ကို ချိတ်ဆက်လျက်ရှိကြောင်း သတင်းများထွက်ပေါ်နေပါတယ်။

shevchenko-chelsea-main
IMAGE – Goal.com

⚽ ဒါ့အပြင် ချယ်ဆီးတိုက်စစ်မှူးဟောင်းဖြစ်သူ လက်ရှိယူကရိန်းလက်ရွေးစင် နည်းပြ ရှက်ဖ်ချန်ကိုဟာလည်း နည်းပြလမ်းပတ်ရဲ့ နေရာ အစားဝင်ဖို့ ရေပန်းစားနေပါတယ်။

leicester-city-v-chelsea-premier-league-7
IMAGE – Goal.com

⚽ လက်စတာစီးတီးအသင်းကို ၂ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ချယ်ဆီးကွင်းလယ်ကစားသမား မေဆင်မောင့်က မိမိတို့အသင်းအနေနဲ့ ဒီ့ထက်ပိုကောင်းနိုင်အောင် ကစားနိုင်ကြောင်း ၊ ယခုပွဲအတွင်းက အမှားတွေကို ပြန်လည်သုံးသပ်ပြီး လာမယ့်ပွဲတွေမှာ အကောင်းဆုံးပြန်လာနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Cg-AGVm-AIdqy-AMZHCAACA3r4o3-A545-jpg
IMAGE – Goal.com

⚽ ချယ်ဆီးအသင်းရဲ့ အမေရိကန် တောင်ပံကစားသမား ပူလီဆစ်ကတော့ ဘာစီလိုနာရဲ့ ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ ဇာဗီ ၊ အင်နီယေစတာနဲ့ မက်ဆီတို့ကို လေးစားအားကျရသူဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

650
IMAGE – Goal.com

⚽ လက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင်က မိမိတို့အသင်းအနေနဲ့ ပြိုင်ဘက်ချယ်ဆီးရဲ့ နည်းစနစ်ပိုင်းအားနည်းချက်ကို သိရှိထားပြီး အကောင်းဆုံးအသုံးချခဲ့လို့ နိုင်ပွဲရရှိခဲ့တာဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။

1277744593-jpg-5
IMAGE – Goal.com

⚽ ချယ်ဆီးအသင်းရဲ့ လူငယ်နောက်ခံကစားသမားလေး တိုမိုရီဟာ အေစီမီလန်အသင်းထံ အငှားနဲ့ သွားရောက်ကစားဖို့ သဘောတူညီမှု ရရှိခဲ့ပြီး တရားဝင်ကြေငြာချက်ကို ယခုအပတ်အတွင်း ထုတ်ပြန်သွားဖွယ် ရှိနေပါတယ်။

56dc17135ca74eada6b4606625ccc63c500x500-2x
IMAGE – Goal.com

⚽ ချယ်ဆီးအသင်းဟာ လက်ရှိမှာ ဘယ်နောက်ခံကစားသမား ၃ဦးဖြစ်နေတဲ့အတွက် ယခုအပြောင်းအရွှေ့အတွင်း အီမာဆင် (သို့မဟုတ်) အလွန်ဆို ကို အသင်းကနေ ထွက်ခွာခွင့်ပြုသွားဖို့ နီးစပ်နေပါတယ်။

[ZAWGYI]

IMAGE – Goal.com


0-Lampard-and-Tuchel-2
IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


650
IMAGE – Goal.com


1277744593-jpg-5
IMAGE – Goal.com


IMAGE – Goal.com




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!