21-Jan-2021 Tea-Break သတင်းတိုများ

[UNICODE]

Any-Conv-com-Es-Lv-Bb-LXYAEXqs
IMAGE – Goal.com

⚽ အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းထံကနေ ထွက်ခွာခွင့်တောင်းထားတဲ့ နော်ဝေးကွင်းလယ်ကစားသမားလေး အိုဒီဂတ်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုများ ပြုလုပ်နေပေမယ့် အိုဒီဂတ်ကတော့ ဆီဗီလားထံ အငှားထွက်ကစားဖို့ နီးစပ်နေပါတယ်။

IMAGE – Goal.com

ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်တဲ့ စပါး ၊ ဝက်စ်ဟမ်းနဲ့ ရှက်ဖီးလ်ယူနိုက်တက်အသင်းတို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား လင်ဂတ်ကို အငှားနဲ့ခေါ်ယူဖို့ အသီးသီး စောင့်ကြည့်နေပါတယ်။

Ar-Fs9-Wq-Vaw-QBMgv-Es5d-Y5c
IMAGE – Goal.com

တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူအားဖြည့်လိုနေတဲ့ ဘွန်ဒက်စ်လီဂါကလပ် လိုက်ပဇစ်အသင်းဟာ လက်စတာတိုက်စစ်မှူး အီဟီရာနာချို ၊ လီဗာပူးတိုက်စစ်မှူး အိုရီဂီနဲ့ နိုက်စ်တိုက်စစ်မှူး ကက်စ်ပါဒေါလ်ဘာ့ဂျ်တို့ကို ပစ်မှတ်ထားနေပါတယ်။

0-Premier-League-return-is-a-thorny-issue-for-outspoken-Danny-Rose
IMAGE – Goal.com

စပါးအသင်းနဲ့ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အသက်(၃၀)အရွယ် ဘယ်နောက်ခံကစားသမား ဒန်နီရို့စ်ကို တူရကီကလပ် ထရက်ဇွန်စပေါအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Eo-Aub-SXXEAAEgk-N-2
IMAGE – Goal.com

ဝက်စ်ဟမ်းအသင်းဟာ ဆီဗီးလားအသင်းရဲ့ အသက်(၂၃)နှစ်အရွယ် မော်ရိုကိုတိုက်စစ်မှူး အန်နက်စရီကို ပြောင်းရွှေ့ကြေး ပေါင်(၃၂)သန်းနဲ့ ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

skysports-jean-phillipe-mateta-5243076
IMAGE – Goal.com

ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဘွန်ဒက်စ်လီဂါကလပ် မိန့်ဇ်အသင်းရဲ့ တိုက်စစ်မှူးဖီလစ်ပီမာတီတာကို အငှားနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

Wolves-Nuno-Santo-Premier-League-Jeff-Shi-Molineux-Diogo-Jota-Douglas-Costa
IMAGE – Goal.com

ဝုဗ်အသင်းဟာ လက်ရှိဘိုင်ယန်မြူးနစ်အသင်းထံ အငှားထွက်ကစားနေတဲ့ ဂျူဗင်တပ်စ်တောင်ပံကစားသမား ဒေါက်ဂလပ်ကော်စတာကို ခေါ်ယူအားဖြည့်ဖို့ စိတ်ဝင်စားနေပါတယ်။

Gabriel-Veron
IMAGE – Goal.com

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပါးမီးရက်စ်အသင်းရဲ့ အသက်(၁၈)နှစ်အရွယ် ဘရာဇီးတိုက်စစ်ကစားသမားလေး ဂါဘရီရယ်လ်ဗာရွန်ကို ခေါ်ယူဖို့ စောင့်ကြည့်မှုများ ပြုလုပ်နေပါတယ်။

[ZAWGYI]

Any-Conv-com-Es-Lv-Bb-LXYAEXqs
IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com

တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူအားဖြည့်လိုနေတဲ့ ဘွန်ဒက်စ်လီဂါကလပ် လိုက်ပဇစ်အသင်းဟာ လက်စတာတိုက်စစ်မှူး အီဟီရာနာချို ၊ လီဗာပူးတိုက်စစ်မှူး အိုရီဂီနဲ့ နိုက်စ်တိုက်စစ်မှူး ကက်စ်ပါဒေါလ်ဘာ့ဂ်ျတို့ကို ပစ်မှတ်ထားနေပါတယ်။

IMAGE – Goal.com


Eo-Aub-SXXEAAEgk-N-2
IMAGE – Goal.com


IMAGE – Goal.com


IMAGE – Goal.com


Gabriel-Veron
IMAGE – Goal.com




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!