21-Jan-2021 ေန႔လည္ခင္းသတင္းမ်ား

[UNICODE]

1601546657-518419-1601546727-noticia-normal-recorte1
IMAGE: GOAL

⚽ ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီဟာ ဘာစီလိုနာနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားခဲ့တဲ့ မန်စီးတီးနောက်ခံလူ ဂါစီယာကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေကြောင်း Mundo Deportivo က ဖော်ပြထားပါတယ်။ နည်းပြ ပိုချက်တီနိုဟာ နောက်တန်းကိုအားဖြည့်လိုပြီး ဂါစီယာကို သဘောကျနေတာပါ။

aymeric-laporte-of-manchester-city-during-the-premier-league-mat-1323223
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ နောက်ခံလူ လာပေ့ါတ်ကို ပွဲထွက်ခွင့်အတွက် စိန်ခေါ်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ လက်ရှိ မန်စီးတီးနောက်တန်းမှာ ဒိုင်ယက်စ်နဲ့ ဂျွန်စတုန်းတို့က အတွဲအဖက်မိနေပြီး လာပေါ့တ်က ပွဲကစားခွင့် ပျောက်ဆုံးနေတာပါ။ ဒါကြောင့် ဂွါဒီယိုလာက လာပေါ့တ်ဟာ ထိပ်တန်းကစားသမားဖြစ်ပြီး ပွဲထွက်ခွင့်အတွက် စိန်ခေါ်ဖို့ တိုက်တွန်းသွားခဲ့တာပါ။

cd5a8733-6965-48ba-a29c-4af90029eff7
IMAGE: GOAL

⚽ ဖူလ်ဟမ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကတော့ သူတစ်ယောက်တည်း ကောင်းခဲ့တာမျိုး မဟုတ်ဘဲ အသင်းလိုက်ကောင်းခဲ့တာဖြစ်ကြောင်း၊ သူ့အနေနဲ့လက်ရှိစွမ်းဆောင်ရည်ကောင်းကို ဆက်ထိန်းသွားမယ်လို့ ဆိုခဲ့ပါတယ်။

christian-pulisic-chelsea-2020-21-1b4joyyt4xr1a1ra2vejwiv21x
IMAGE: GOAL

⚽ ချဲလ်ဆီးတိုက်စစ်ကစားသမား ပူလီဆစ်ကတော့ သူ့အနေဲ့ မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီတို့ကိုကြည့်ပြီး အတုယူခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။ သူ့အနေနဲ့ ဘာစီလိုနာကို ကြည့်ပြီး ကြီးပျင်းလာခဲ့ရကြောင်း၊ မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာတို့လို ကစားသမားမျိုး ဘောလုံးလောကမှ များများစားစား မရှိကြောင်း ပူလီဆစ်က ဖွင့်ဟခဲ့ပါတယ်။

danny-ingsspurs-composite-1lg3ixcxvidh112orjtcl4gfyu
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းဟာ ဆောက်သမ်တန်တိုက်စစ်မှူးဒန်နီအင့်ကို ခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းလာတော့မှာလို့ the Sun က ဖော်ပြထားပါတယ်။ ဒန်နီအင့်ဟာ ဆောက်သမ်တန်နဲ့ စာချုပ်သစ် ချုပ်ဆိုလိုခြင်း မရှိတော့ဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အသင်းတစ်သင်းကို ပြောင်းလိုနေတာကြောင့် စပါးစ်က ကြိုးပမ်းလာခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ronaldo-supercoppa-2021-csek0429g6981mexeharvyi7i
IMAGE: GOAL

⚽ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုက နာပိုလီကို အနိုင်ယူပြီး အီတလီစူပါဖလားကို ရရှိခဲ့မှုက စီးရီးအေမှာ ယုံကြည်မှုတိုးဖို့ မျှော်လင့်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။ “အနိုင်ရရှိခဲ့တဲ့အတွက် ကျွန်တော်တို့ အလွန်ပျော်ရွှင်ပါတယ်။ ဒီဆုဖလားက ကျွန်တော်တို့အတွက် အရေးပါပြီး ဒီနေ့ပွဲက ယုံကြည်မှုကို စီးရီးအေပွဲတွေဆီ သယ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ စိရော်နယ်ဒိုက ဖွင့်ဟခဲ့ပါတယ်။

SPORT-PREVIEW-CHRISTIAN-ERIKSEN
IMAGE: GOAL

⚽ စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ အဲရစ်ဆင်ကို အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားနဲ့ အလဲအထပ် ပြုလုပ်ဖို့ စိတ်ဝင်စားနေတယ်လို့ Tuttosport က ဖော်ပြထားပါတယ်။ အဲရစ်ဆင်ဟာ ကွန်တီရဲ့လက်အောက်မှာ ပွဲထွက်ခွင့် နည်းပါးနေပြီး အသင်းပြောင်းဖို့စီစဉ်နေတာပါ။ အဲရစ်ဆင်ကို အာဆင်နယ်က ခေါ်ယူဖို့ အလိုရှိနေတာကြောင့် အင်တာက တော်ရဲရားနဲ့ အလိုက်လဲလိုနေတာပါ။

zinedine-zidane-1ufooi03pph6q1pbpjre68bx51
IMAGE: GOAL

⚽ တတိယတန်းကလပ် အယ်ကွန်ယာကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး ကိုပါဒယ်ရေးကနေ ထွက်ခွာခဲ့ရပြီးနောက် ရီးရဲနည်းပြဇီဒန်းကတော့ သူ့အနေနဲ့ ဖိအားတွေအောက် ပြန်လည်ကျရောက်လာပြီဖြစ်ကြောင်း၊ ပြိုင်ဘက်ဂိုးသမားဟာ အလွန်ကောင်းမွန်တဲ့ ကာကွယ် ၂ ကြိမ်၊ ၃ ကြိမ်လောက်ကို ပြုလုပ်နိုင်ခဲေ့ကြာင်း၊ ဒီရှုံးပွဲအတွက် သူ့အနေနဲ့တာဝန်ယူကြောင်း ဖွင့်ဟခဲ့ပါတယ်။

[ZAWGYI]

1601546657-518419-1601546727-noticia-normal-recorte1
IMAGE: GOAL

⚽ ျပင္သစ္ပထမတန္းကလပ္ ပီအက္စ္ဂ်ီဟာ ဘာစီလုိနာနဲ႔ ပုဂၢိဳလ္ေရးဆုိင္ရာ သေဘာတူညီမႈ ရရွိထားခဲ့တဲ့ မန္စီးတီးေနာက္ခံလူ ဂါစီယာကို ၾကားျဖတ္ေခၚယူဖို႔ ႀကိဳးပမ္းလ်က္ရွိေနေၾကာင္း Mundo Deportivo က ေဖာ္ျပထားပါတယ္။ နည္းျပ ပိုခ်က္တီႏိုဟာ ေနာက္တန္းကိုအားျဖည့္လိုၿပီး ဂါစီယာကို သေဘာက်ေနတာပါ။

aymeric-laporte-of-manchester-city-during-the-premier-league-mat-1323223
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးနည္းျပ ဂြါဒီယိုလာကေတာ့ ေနာက္ခံလူ လာေပ့ါတ္ကို ပြဲထြက္ခြင့္အတြက္ စိန္ေခၚဖို႔ တိုက္တြန္းသြားခဲ့ပါတယ္။ လက္ရွိ မန္စီးတီးေနာက္တန္းမွာ ဒိုင္ယက္စ္နဲ႔ ဂၽြန္စတုန္းတုိ႔က အတြဲအဖက္မိေနၿပီး လာေပါ့တ္က ပဲြကစားခြင့္ ေပ်ာက္ဆံုးေနတာပါ။ ဒါေၾကာင့္ ဂြါဒီယုိလာက လာေပါ့တ္ဟာ ထိပ္တန္းကစားသမားျဖစ္ၿပီး ပြဲထြက္ခြင့္အတြက္ စိန္ေခၚဖုိ႔ တုိက္တြန္းသြားခ့ဲတာပါ။

cd5a8733-6965-48ba-a29c-4af90029eff7
IMAGE: GOAL

⚽ ဖူလ္ဟမ္နဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ မန္ယူကြင္းလယ္လူ ေပါ့ဂ္ဘာကေတာ့ သူတစ္ေယာက္တညး္ ေကာင္းခဲ့တာမ်ိဳး မဟုတ္ဘဲ အသင္းလိုက္ေကာင္းခဲ့တာျဖစ္ေၾကာင္း၊ သူ႔အေနနဲ႔လက္ရွိစြမ္းေဆာင္ရည္ေကာင္းကို ဆက္ထိန္းသြားမယ္လို႔ ဆုိခဲ့ပါတယ္။

christian-pulisic-chelsea-2020-21-1b4joyyt4xr1a1ra2vejwiv21x
IMAGE: GOAL

⚽ ခ်ဲလ္ဆီးတုိက္စစ္ကစားသမား ပူလီဆစ္ကေတာ့ သူ႔အေနဲ႔ မက္ဆီ၊ အင္နီေယစတာ၊ ဇာဗီတုိ႔ကိုၾကည့္ၿပီး အတုယူခဲ့ရေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ သူ႔အေနနဲ႔ ဘာစီလုိနာကို ၾကည့္ၿပီး ႀကီးပ်င္းလာခဲ့ရေၾကာင္း၊ မက္ဆီ၊ ဇာဗီ၊ အင္နီေယစတာတို႔လို ကစားသမားမ်ိဳး ေဘာလံုးေလာကမွ မ်ားမ်ားစားစား မရွိေၾကာင္း ပူလီဆစ္က ဖြင့္ဟခဲ့ပါတယ္။

danny-ingsspurs-composite-1lg3ixcxvidh112orjtcl4gfyu
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ စပါးအသင္းဟာ ေဆာက္သမ္တန္တုိက္စစ္မွဴးဒန္နီအင့္ကို ေခၚယူဖုိ႔ ျပန္လည္ႀကိဳးပမ္းလာေတာ့မွာလုိ႔ the Sun က ေဖာ္ျပထားပါတယ္။ ဒန္နီအင့္ဟာ ေဆာက္သမ္တန္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိလိုျခင္း မရွိေတာ့ဘဲ ခ်န္ပီယံလိဂ္၀င္ခြင့္ရတဲ့အသင္းတစ္သင္းကို ေျပာင္းလိုေနတာေၾကာင့္ စပါးစ္က ႀကိဳးပမ္းလာခဲ့ျခင္းပဲ ျဖစ္ပါတယ္။

ronaldo-supercoppa-2021-csek0429g6981mexeharvyi7i
IMAGE: GOAL

⚽ ဂ်ဴဗင္တပ္တုိက္စစ္မွဴး စီေရာ္နယ္ဒိုက နာပိုလီကို အႏုိင္ယူၿပီး အီတလီစူပါဖလားကို ရရွိခဲ့မႈက စီးရီးေအမွာ ယံုၾကည္မႈတုိးဖုိ႔ ေမွ်ာ္လင့္မိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “အႏုိင္ရရွိခဲ့တဲ့အတြက္ ကၽြန္ေတာ္တုိ႔ အလြန္ေပ်ာ္ရႊင္ပါတယ္။ ဒီဆုဖလားက ကၽြန္ေတာ္တုိ႔အတြက္ အေရးပါၿပီး ဒီေန႔ပြဲက ယံုၾကည္မႈကို စီးရီးေအပြဲေတြဆီ သယ္ေဆာင္သြားႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ စိေရာ္နယ္ဒိုက ဖြင့္ဟခဲ့ပါတယ္။

SPORT-PREVIEW-CHRISTIAN-ERIKSEN
IMAGE: GOAL

⚽ စီးရီးေအကလပ္ အင္တာမီလန္အသင္းဟာ အဲရစ္ဆင္ကို အာဆင္နယ္ကြင္းလယ္လူ ေတာ္ရဲရားနဲ႔ အလဲအထပ္ ျပဳလုပ္ဖုိ႔ စိတ္၀င္စားေနတယ္လုိ႔ Tuttosport က ေဖာ္ျပထားပါတယ္။ အဲရစ္ဆင္ဟာ ကြန္တီရဲ႕လက္ေအာက္မွာ ပြဲထြက္ခြင့္ နည္းပါးေနၿပီး အသင္းေျပာင္းဖို႔စီစဥ္ေနတာပါ။ အဲရစ္ဆင္ကို အာဆင္နယ္က ေခၚယူဖို႔ အလုိရွိေနတာေၾကာင့္ အင္တာက ေတာ္ရဲရားနဲ႔ အလိုက္လဲလိုေနတာပါ။

zinedine-zidane-1ufooi03pph6q1pbpjre68bx51
IMAGE: GOAL

⚽ တတိယတန္းကလပ္ အယ္ကြန္ယာကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီး ကိုပါဒယ္ေရးကေန ထြက္ခြာခဲ့ရၿပီးေနာက္ ရီးရဲနည္းျပဇီဒန္းကေတာ့ သူ႔အေနနဲ႔ ဖိအားေတြေအာက္ ျပန္လည္က်ေရာက္လာၿပီျဖစ္ေၾကာင္း၊ ၿပိဳင္ဘက္ဂိုးသမားဟာ အလြန္ေကာင္းမြန္တဲ့ ကာကြယ္ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ကို ျပဳလုပ္ႏုိင္ခဲေ့ၾကာင္း၊ ဒီရႈံးပြဲအတြက္ သူ႔အေနနဲ႔တာ၀န္ယူေၾကာင္း ဖြင့္ဟခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!