21-Jan-2021 ပရီးမီးယားလိဂ္သတင္းမ်ား

[UNICODE]

190416-epl
IMAGE: GOAL

⚽ အာဆင်နယ်ဂန္ထဝင်ကစားသမားဟောင်း အီယန်ရိုက်ကတော့ အူဘာမီယန်းအနေနဲ့ နယူးကာဆယ်နဲ့ပွဲမှာ ဂိုးပြန်သွင်းနိုင်တာကို မအံ့သြကြောင်း၊ လူတွေက အူဘာမီယန်းကို မှားယွင်းဝေဖန်နေကြတာဖြစ်ကြောင်း၊ နယူးနဲ့ပွဲကလို ဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ရင်အူဘာမီယန်းဟာ ဂိုးသွင်းနိုင်မှာဖြစ်ကြောင်း၊ နယူးနဲ့ပွဲမှာ ပါတေးဟာ အူဘာမီယန်းဆီကို တိုက်ရိုက်ပေးပို့ခဲ့ပြီး အခွင့်အရေးဖန်တီးပေးခဲ့ကြောင်း၊ အူဘာအနေနဲ့ ဒီလိုအခြေအနေမျိုးကို လိုချင်နေခဲ့တာဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

david-luiz-raul-jimenez-arsenal-wolverhampton-premier-league-tdknd00t33h10dgq3k9mlh4u
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ဟာ ကစားသမားတွေဟာ ကစားသမားတွေ ဦးခေါင်းဒဏ်ရာလို ပြင်းထန်းတဲ့ ထိခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်ဖို့အတွက် ပွဲစဉ်တစ်ပွဲအတွင်း ပြင်းထန်တဲ့ ထိခိုက်မှုတွေအတွက် အရေးပေါ် လူစားလဲမှု နှစ်ကြိမ်အထိ ခွင့်ပြုပေးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလပ်အသင်းတွေဟာ ပုံမှန်လူစားလဲမှု ၃ ကြိမ် ပြည့်သွားရင်လည်း ကစားသမားတွေ ပြင်းထန်တဲ့ ထိခိုက်မှု ကြုံလာရတဲ့အခါ နောက်ထပ်လူစားထပ်လဲနိုင်တော့မှာပါ။ ဒါပေမဲ့ အဲဒီစည်းမျဉ်းကို ဘယ်တော့စတင်မလဲဆိုတာကိုတော့ သတ်မှတ်ရခြင်း မရှိသေးပါဘူး။

dejan-lovren-liverpool-2019-20-8dysi7xlln4h1e49f0e76021v
IMAGE: GOAL

⚽ လီဗာပူးနောက်ခံလူဟောင်း လိုဗရန်ကတော့ အခုအချိန်မှာ လီဗာပူးအနေနဲ့ သူ့ကိုများစွာ လွမ်းဆွတ်နေမှာဖြစ်ကြောင်း၊ သူ့အနေနဲ့ လီဗာပူးကနေ ထွက်ခွာခဲ့တာကို နောင်တမရကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော် လီဗာပူးကို လွမ်းတာထက် လီဗာပးူက ကျွန်တော့်ကို ပိုပြီးလွမ်းနေမယ်လို့ ထင်ပါတယ်။ ကလော့နဲ့ စကားပြောဖြစ်တော့ သူက ငါတို့မင်းကို လွမ်းနေတယ်လို့ စာပို့ခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးကနေ ထွက်လာခဲ့တာ လုံးဝနောင်တ မရပါဘူး”လို့ လိုဗရန်ကဖွင့်ဟခဲ့ပါတယ်။

donny-van-de-beek-bruno-fernandes-ole-gunnar-solskjaer-man-utd-gfx-ec16acbl6qbo1553wxcgu52an
IMAGE: GOAL

⚽ Goal.com ရဲ့ပင်တိုင်ဆောင်းပါးရှင်တစ်ယောက်ကတော့ မန်ယူနည်းပြဆိုးလ်ရှားအနေနဲ့ ပွဲဆက်တွေ များနေတဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို အနားပေးပြီး ဘန်ဒီဘတ်ချ်ကို ယုံကြည်ဖို့ အချိန်ကျရောက်လာပြီဖြစ်ကြောင်း၊ ဖာနန်ဒက်စ်ကို ပွဲတိုင်းကန်ထည့်နေတာ ပွဲပန်းလွန်းရာကျမှာဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

Frank-Lampard-Chelsea-F365-25
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းဟာ နည်းပြလမ်းပတ်ကို (၃) ပွဲသာ အချိန်ပေးစောင့်ကြည့်တော့မှာဖြစ်ကြောင်း သိရပါတယ်။ ဝုဖ်၊ ဘန်လေ၊ စပါးအစရှိတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရလဒ်ကောင်းမွန်ခြင်း မရှိဘဲ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မသေချာတော့ပါက လမ်းပတ်ကို ထုတ်ပယ်သွားမှာဖြစ်တယ်လို့ Sportsmail က ဖော်ပြထားပါတယ်။

phil-foden-lionel-messi-1prj5oo9ruxu811wy0p2v532o9
IMAGE: GOAL

⚽ မန်စီးတီးကွင်းလယ်လူ ဖီးလ်ဖိုဒန်ကတော့ အက်စတွန်ဗီလာနဲ့ပွဲမှာ ဂိုးရဖို့ အခွင့်အရေး (၆) ကြိမ်ဖန်တီးပေးခဲ့ပြီး ဂိုးကန်သွင်းချက် (၅) ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဖိုဒန် (၂၀ နှစ်၊ ၂၃၇ ရက်) ဟာ ဂွါဒီယိုလာ ကိုင်တွယ်ခဲ့တဲ့ ကစားသမားတွေအနက် ၂၀၀၈ ခုနှစ်က မက်ဆီ ၂၁ နှစ်၊ ၈၉ ရက်)ကို ကျော်ဖြတ်ပြီး တစ်ပွဲတည်း ဂိုးပေါက်ကန်သွင်းချက်ပါဝင်ပတ်သက်မှု ၁၀ ကြိမ်အထိ ပြုလုပ်နိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Pogba-Man-Utd1
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ သူတို့အနေနဲ့ အမှတ်ပေးဇယား ရပ်တည်မှုကို မကြည့်ဘဲ တစ်ပွဲချင်းအာရုံစိုက်သွားမယ်လို့ ဆိုခဲ့ပါတယ်။ “အရမ်းခက်ခဲတဲ့ ပွဲမျိုးမှာ သရေအစား နောက်ထပ်အပိုနှစ်မှတ်ရဖို့ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့အမှတ်ပေးဇယားကို မကြည့်ဘဲ လုပ်စရာ ရှိတာ အကောင်းဆုံးလုပ်သွားမှာပါ”လို့ ဆိုးလ်ရှားက ဖွင့်ဟခဲ့ပါတယ်။

virgil-van-dijk-jurgen-klopp-liverpool-gfx-ulln6yzmrunt13i4n3rerfj3k
IMAGE: GOAL

⚽ လီဗာပူးနည်းပြ ကလော့ကတော့ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ အဓိကနောက်ခံလူ ဗန်ဒိုက်ချ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထုတ်ဖော်သွားခဲ့ပါတယ်။ ဗန်ဒိုက်ချ်ကို ကြည့်ရတာ အလွန်အဆင်ပြေနေကြောင်း၊ သူဟာ အမြန်ဆုံးပြန်ကစားနိုင်ဖို့ ကြိုးကြိုးပမ်းပမ်း စွမ်းဆောင်နေကြောင်း၊ ဒါပေမဲ့ ဘယ်အချိန်မှ ပြန်ကစားနိုင်မလဲဆိုတာကိုတော့ မသိရှိရသေးကြောင်း ကလော့က ဆိုခဲ့တာပါ။

[ZAWGYI]

190416-epl
IMAGE: GOAL

⚽ အာဆင္နယ္ဂႏၳ၀င္ကစားသမားေဟာင္း အီယန္ရိုက္ကေတာ့ အူဘာမီယန္းအေနနဲ႔ နယူးကာဆယ္နဲ႔ပြဲမွာ ဂိုးျပန္သြင္းႏုိင္တာကို မအံ့ၾသေၾကာင္း၊ လူေတြက အူဘာမီယန္းကို မွားယြင္းေ၀ဖန္ေနၾကတာျဖစ္ေၾကာင္း၊ နယူးနဲ႔ပြဲကလို ဖန္တီးမႈေတြ ျပဳလုပ္ေပးႏုိင္ရင္အူဘာမီယန္းဟာ ဂိုးသြင္းႏုိင္မွာျဖစ္ေၾကာင္း၊ နယူးနဲ႔ပြဲမွာ ပါေတးဟာ အူဘာမီယန္းဆီကို တိုက္ရိုက္ေပးပို႔ခဲ့ၿပီး အခြင့္အေရးဖန္တီးေပးခဲ့ေၾကာင္း၊ အူဘာအေနနဲ႔ ဒီလိုအေျခအေနမ်ိဳးကို လိုခ်င္ေနခဲ့တာျဖစ္ေၾကာင္း သံုးသပ္ခဲ့ပါတယ္။

david-luiz-raul-jimenez-arsenal-wolverhampton-premier-league-tdknd00t33h10dgq3k9mlh4u
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ေဘာလံုးအဖြဲ႕ခ်ဳပ္ဟာ ကစားသမားေတြဟာ ကစားသမားေတြ ဦးေခါင္းဒဏ္ရာလို ျပင္းထန္းတဲ့ ထိခိုက္မႈေတြကေန ကာကြယ္ေပးႏုိင္ဖုိ႔အတြက္ ပြဲစဥ္တစ္ပြဲအတြင္း ျပင္းထန္တဲ့ ထိခိုက္မႈေတြအတြက္ အေရးေပၚ လူစားလဲမႈ ႏွစ္ႀကိမ္အထိ ခြင့္ျပဳေပးေတာ့မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကလပ္အသင္းေတြဟာ ပံုမွန္လူစားလဲမႈ ၃ ႀကိမ္ ျပည့္သြားရင္လည္း ကစားသမားေတြ ျပင္းထန္တဲ့ ထိခိုက္မႈ ႀကံဳလာရတဲ့အခါ ေနာက္ထပ္လူစားထပ္လဲႏုိင္ေတာ့မွာပါ။ ဒါေပမဲ့ အဲဒီစည္းမ်ဥ္းကို ဘယ္ေတာ့စတင္မလဲဆုိတာကိုေတာ့ သတ္မွတ္ရျခင္း မရွိေသးပါဘူး။

dejan-lovren-liverpool-2019-20-8dysi7xlln4h1e49f0e76021v
IMAGE: GOAL

⚽ လီဗာပူးေနာက္ခံလူေဟာင္း လိုဗရန္ကေတာ့ အခုအခ်ိ္န္မွာ လီဗာပူးအေနနဲ႔ သူ႔ကိုမ်ားစြာ လြမ္းဆြတ္ေနမွာျဖစ္ေၾကာင္း၊ သူ႔အေနနဲ႔ လီဗာပူးကေန ထြက္ခြာခဲ့တာကို ေနာင္တမရေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “ကၽြန္ေတာ္ လီဗာပူးကို လြမ္းတာထက္ လီဗာပးူက ကၽြန္ေတာ့္ကို ပိုၿပီးလြမ္းေနမယ္လို႔ ထင္ပါတယ္။ ကေလာ့နဲ႔ စကားေျပာျဖစ္ေတာ့ သူက ငါတုိ႔မင္းကို လြမ္းေနတယ္လို႔ စာပို႔ခဲ့ပါတယ္။ ဒါေပမဲ့ လီဗာပူးကေန ထြက္လာခဲ့တာ လံုး၀ေနာင္တ မရပါဘူး”လို႔ လိိုဗရန္ကဖြင့္ဟခဲ့ပါတယ္။

donny-van-de-beek-bruno-fernandes-ole-gunnar-solskjaer-man-utd-gfx-ec16acbl6qbo1553wxcgu52an
IMAGE: GOAL

⚽ Goal.com ရဲ႕ပင္တုိင္ေဆာင္းပါးရွင္တစ္ေယာက္ကေတာ့ မန္ယူနည္းျပဆုိးလ္ရွားအေနနဲ႔ ပြဲဆက္ေတြ မ်ားေနတဲ့ ကြင္းလယ္လူ ဘရူႏုိဖာနန္ဒက္စ္ကို အနားေပးၿပီး ဘန္ဒီဘတ္ခ်္ကို ယံုၾကည္ဖို႔ အခ်ိန္က်ေရာက္လာၿပီျဖစ္ေၾကာင္း၊ ဖာနန္ဒက္စ္ကို ပြဲတုိင္းကန္ထည့္ေနတာ ပြဲပန္းလြန္းရာက်မွာျဖစ္ေၾကာင္း သုံးသပ္ခဲ့ပါတယ္။

Frank-Lampard-Chelsea-F365-25
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးအသင္းဟာ နည္းျပလမ္းပတ္ကို (၃) ပြဲသာ အခ်ိန္ေပးေစာင့္ၾကည့္ေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။ ၀ုဖ္၊ ဘန္ေလ၊ စပါးအစရွိတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းမြန္ျခင္း မရွိဘဲ ခ်န္ပီယံလိဂ္ ၀င္ခြင့္ရဖုိ႔ မေသခ်ာေတာ့ပါက လမ္းပတ္ကို ထုတ္ပယ္သြားမွာျဖစ္တယ္လုိ႔ Sportsmail က ေဖာ္ျပထားပါတယ္။

phil-foden-lionel-messi-1prj5oo9ruxu811wy0p2v532o9
IMAGE: GOAL

⚽ မန္စီးတီးကြငး္လယ္လူ ဖီးလ္ဖိုဒန္ကေတာ့ အက္စတြန္ဗီလာနဲ႔ပြဲမွာ ဂိုးရဖုိ႔ အခြင့္အေရး (၆) ႀကိမ္ဖန္တီးေပးခဲ့ၿပီး ဂိုးကန္သြင္းခ်က္ (၅) ႀကိမ္အထိ ျပဳလုပ္ေပးႏုိင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဖိုဒန္ (၂၀ ႏွစ္၊ ၂၃၇ ရက္) ဟာ ဂြါဒီယိုလာ ကိုင္တြယ္ခဲ့တဲ့ ကစားသမားေတြအနက္ ၂၀၀၈ ခုႏွစ္က မက္ဆီ ၂၁ ႏွစ္၊ ၈၉ ရက္)ကို ေက်ာ္ျဖတ္ၿပီး တစ္ပြဲတည္း ဂိုးေပါက္ကန္သြင္းခ်က္ပါ၀င္ပတ္သက္မႈ ၁၀ ႀကိမ္အထိ ျပဳလုပ္ႏုိင္တဲ့ အသက္အငယ္ဆံုးကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

Pogba-Man-Utd1
IMAGE: GOAL

⚽ မန္ခ်က္စတာယူႏုိက္တက္နည္းျပ ဆုိးလ္ရွားကေတာ့ သူတုိ႔အေနနဲ႔ အမွတ္ေပးဇယား ရပ္တည္မႈကို မၾကည့္ဘဲ တစ္ပြဲခ်င္းအာရုံစိုက္သြားမယ္လို႔ ဆုိခဲ့ပါတယ္။ “အရမ္းခက္ခဲတဲ့ ပြဲမ်ိဳးမွာ သေရအစား ေနာက္ထပ္အပိုႏွစ္မွတ္ရဖုိ႔ အလြန္အေရးႀကီးပါတယ္။ ကၽြန္ေတာ္တုိ႔အေနနဲ႔အမွတ္ေပးဇယားကို မၾကည့္ဘဲ လုပ္စရာ ရွိတာ အေကာင္းဆံုးလုပ္သြားမွာပါ”လို႔ ဆိုးလ္ရွားက ဖြင့္ဟခဲ့ပါတယ္။

virgil-van-dijk-jurgen-klopp-liverpool-gfx-ulln6yzmrunt13i4n3rerfj3k
IMAGE: GOAL

⚽ လီဗာပူးနည္းျပ ကေလာ့ကေတာ့ ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူေနရတဲ့ အဓိကေနာက္ခံလူ ဗန္ဒိုက္ခ်္ရဲ႕ အေျခအေနနဲ႔ ပတ္သက္ၿပီး ထုတ္ေဖာ္သြားခဲ့ပါတယ္။ ဗန္ဒိုက္ခ်္ကို ၾကည့္ရတာ အလြန္အဆင္ေျပေနေၾကာင္း၊ သူဟာ အျမန္ဆံုးျပန္ကစားႏုိင္ဖုိ႔ ႀကိဳးႀကိဳးပမ္းပမ္း စြမ္းေဆာင္ေနေၾကာင္း၊ ဒါေပမဲ့ ဘယ္အခ်ိန္မွ ျပန္ကစားႏုိင္မလဲဆုိတာကိုေတာ့ မသိရွိရေသးေၾကာင္း ကေလာ့က ဆုိခဲ့တာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!