21-Jan-2021 အေျပာင္းအေရႊ႕သတင္းမ်ား

[UNICODE]

0-Untitled-1
IMAEG: GOAL

⚽ လက်ရှိ လီဗာပူးကစားသမားတွေကတော့ ကစားသမား (၄) ဦးကတော့ လီဗာပူးကို မပြောင်းရွှေ့ခင် မန်ယူကိုရောက်ရှိဖို့ အလွန်နီးစပ်ခဲ့တာပါ။ သူတို့ကတော့ နောက်ခံလူ ဗန်ဒိုက်ချ်၊ ကွင်းလယ်လူ သီယာဂို၊ ဟန်ဒါဆန်နဲ့ တိုက်စစ်ကစားသမာနေးတို့ပဲ ဖြစ်ပါတယ်။ မန်ယူဟာ အရင်က သူတို့အားလုံးကို ခေါ်ယူဖို့ နီးစပ်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာလို့ နစ်နာခဲ့ရတယ်လို့ ဆိုရမှာပါ။ လက်ရှိမှာ သူတို့ ၄ ယောက်စလုံးဟာ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်ကို ပြသပြီး လီဗာပူးရဲ့အဓိကဝင်ရိုးတွေ ဖြစ်နေတာပါ။

2965101-60857948-2560-1440
IMAEG: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးဟာ နည်းပြလမ်းပတ်ကို အလျင်စလို ထုတ်ပယ်ပြီး ယာယီနည်းပြတစ်ဦးကို ခန့်အပ်သွားမှာ မဟုတ်ဘူးလို့ Independent က ဖော်ပြထားပါတယ်။ ချဲလ်ဆီးဟာ နည်းပြလမ်းပတ်ရဲ့ စွမ်းဆောင်ရည်တွေကို သဘောမကျပေမဲ့ အစားထိုးနည်းပြကို စိတ်ရှည်ရှည်ရှာဖွေသွားမှာဖြစ်ပြီး ယာယီနည်းပြကို ခန့်အပ်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ ချဲလ်ဆီးဟာ လိုက်ပဇစ်နည်းပြ နစ်ဂျယ်မန်းကို ပစ်မှတ်ထားနေပါတယ်။

ROTTERDAM-23-12-2020-Stadium-de-Kuip-Dutch-eredivisie-football-Season-2020-2021-Feyenoord-Heerenveen
IMAEG: GOAL

⚽ ဥရောပထိပ်သီးကလပ် ရီးရဲမက်ဒရစ်အသင်းဟာ နယ်သာလန်ကလပ် ဖီယင်နေ့ာနောက်ခံလူ ဆန်နန်စီကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ TyC Sports က ဖော်ပြထားပါတယ်။ အဆိုပါ ၂၃ နှစ်အရွယ် ကစားသမားကို အေစီမီလန်၊ နာပိုလီ၊ အတ္တလန္တာ အစရှိတဲ့ စီးရီးအေကလပ်တွေကလည်း ပစ်မှတ်ထားနေတာပါ။ ရီးရဲဟာ အသင်းခေါင်းဆောင်ရာမို့စ်ရဲ့နေရာကို အစားထိုးဖို့ နွေရာသီမှာ နောက်ခံလူ ရှာပုံတော်ဖွင့်မှာလည်း ဖြစ်ပါတယ်။

1229313264-0
IMAEG: GOAL

⚽ ဘွန်ဒက်လီဂါကလပ် လိုက်ပဇစ်အသင်းဟာ ဒီရာသီအတွက် သူတို့ရဲ့ တိုက်စစ်ကို အားဖြည့်ကြံရွယ်နေပါတယ်။ လိုက်ပဇစ်ဟာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ လီဗာပူးတိုက်စစ်မှူး အိုရီဂီနဲ့ လက်စတာတိုက်စစ်မှူး အီနာချိုတို့ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

marcos-paulo-do-fluminense-comemora-seu-gol-contra-o-botafogo-pb-1583365224321-v2-1920x1278
IMAEG: GOAL

⚽ လာလီဂါကလပ် အက်သကလက်တီကိုအသင်းဟာ ဘရာဇီးကလပ် ဖလူမီနီတိုက်စစ်မှူး မားကို့စ်ပေါ်ဘလိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ Goal က ဖော်ပြထားပါတယ်။ အသက် ၁၉ နှစ်အရွယ် ကြယ်ပွင့်တိုက်စစ်မှူးဟာ ၂၀၂၁-၂၂ ဘောလုံးရာသီမတိုင်ခင် အက်သလက်ကို ပြောင်းရွှေ့လာမှာဖြစ်ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုသွားမှာလို့ သိရပါတယ်။

martin-odegaard-arsenal-gfx-1wsbd1nrs6lm01vclvusuc56d9
IMAEG: GOAL

⚽ ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်ဟာ ရီးရဲကနေ ထွက်ခွာခွင့် တောင်းဆိုထားတဲ့ ကွင်းလယ်လူအိုဒီဂတ်ကို ချဉ်းကပ်လာခဲ့ပြီလို့ Sky Sports က ဖော်ပြထားပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဒီရာသီရီးရဲမှာ ပွဲကစားခွင့် နည်းပါးနေတာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရမဲ့အသင်းကို ပြောင်းရွှေ့ဖို့ စီစဉ်နေတာပါ။ ရီးရဲဟာ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို စိတ်ဝင်စားပေမဲ့ အာဆင်နယ်အတွက် အဓိက ပြဿနာကတော့ အိုဒီဂတ်ကို ပြိုင်လုရမဲ့အသင်းတွေ များပြားနေတာပါ။ အာဆင်နယ်နည်းပြ အာတီတာက အိုဒီဂတ်ရဲ့ပုံစံကို အကြိုက်တွေ့သူလို့ သိရပါတယ်။

new-File-3
IMAEG: GOAL

⚽ ဝုဖ်အသင်းဟာ လာလီဂါကလပ် ဆိုစီဒက်တိုက်စစ်မှူး ဝီလီယံဂျို့စ်ကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဝုဖ်ဟာ ဝီလီယံဂျို့စ်ကို ဒီရာသီကုန်အထိ အငှားနဲ့ခေါ်ယူမှာဖြစ်ပြီး ရာသီကုန်ရင် အပြီးသတ်ခေါ်ယူခွင့် ထည့်ချုပ်သွားမှာပါ။ ဝီလီယံဂျို့စ်ဟာ ချဲလ်ဆီးတိုက်စစ်မှူးဂျရူးလို တိုက်စစ်မှူးမျိုးဖြစ်ပါတယ်။

neymar-kylian-mbappe-psg-2020-1luvjnrrp0e6910zozjnifhuf0
IMAEG: GOAL

⚽ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းကတော့ သူ့အနေနဲ့ ပီအက်စ်ဂျီရဲ့ စူပါစတားတွေဖြစ်တဲ့ အမ်ဘာပေနဲ့ နေမာတို့ကို ခေါ်ယူလိုကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာဒိုက မက်ဆီကို ခေါ်ယူလိုကြောင်း ပြောကြားမှုနဲ့ ပတ်သက်ပြီး ကိုးမန်းက တုံ့ပြန်သွားခဲ့ခြင်းဖြစ်ပြီး ဒါမျိုးကိစ္စဟာ မထူးဆန်းကြောင်း၊ တကယ်လို့ မိမိကို နေမာ၊ အမ်ဘာပေတို့ကို ခေါ်ဖို့စိတ်ဝင်စားသလာလို့ မေးရင်လည်း စိတ်ဝင်စားတယ်လို့ပဲ ဖြေမိမှာဖြစ်ကြောင်း ကိုးမန်းက ဆိုခဲ့တာပါ။

[ZAWGYI]

0-Untitled-1
IMAEG: GOAL

⚽ လက္ရွိ လီဗာပူးကစားသမားေတြကေတာ့ ကစားသမား (၄) ဦးကေတာ့ လီဗာပူးကို မေျပာင္းေရႊ႕ခင္ မန္ယူကိုေရာက္ရွိဖုိ႔ အလြန္နီးစပ္ခဲ့တာပါ။ သူတုိ႔ကေတာ့ ေနာက္ခံလူ ဗန္ဒိုက္ခ်္၊ ကြငး္လယ္လူ သီယာဂို၊ ဟန္ဒါဆန္နဲ႔ တုိက္စစ္ကစားသမာေနးတို႔ပဲ ျဖစ္ပါတယ္။ မန္ယူဟာ အရင္က သူတုိ႔အားလံုးကို ေခၚယူဖို႔ နီးစပ္ခဲ့ေပမဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေျပာင္းအေရႊ႕ ပ်က္ျပယ္ခဲ့ရတာလုိ႔ နစ္နာခဲ့ရတယ္လုိ႔ ဆုိရမွာပါ။ လက္ရွိမွာ သူတုိ႔ ၄ ေယာက္စလံုးဟာ ထိပ္တန္းအဆင့္ စြမ္းေဆာင္ရည္ကို ျပသၿပီး လီဗာပူးရဲ႕အဓိက၀င္ရိုးေတြ ျဖစ္ေနတာပါ။

2965101-60857948-2560-1440
IMAEG: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးဟာ နည္းျပလမ္းပတ္ကို အလ်င္စလို ထုတ္ပယ္ၿပီး ယာယီနည္းျပတစ္ဦးကို ခန္႔အပ္သြားမွာ မဟုတ္ဘူးလို႔ Independent က ေဖာ္ျပထားပါတယ္။ ခ်ဲလ္ဆီးဟာ နည္းျပလမ္းပတ္ရဲ႕ စြမ္းေဆာင္ရည္ေတြကို သေဘာမက်ေပမဲ့ အစားထုိးနညး္ျပကို စိတ္ရွည္ရွည္ရွာေဖြသြားမွာျဖစ္ၿပီး ယာယီနည္းျပကို ခန္႔အပ္သြားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ လက္ရွိမွာေတာ့ ခ်ဲလ္ဆီးဟာ လိုက္ပဇစ္နည္းျပ နစ္ဂ်ယ္မန္းကို ပစ္မွတ္ထားေနပါတယ္။

ROTTERDAM-23-12-2020-Stadium-de-Kuip-Dutch-eredivisie-football-Season-2020-2021-Feyenoord-Heerenveen
IMAEG: GOAL

⚽ ဥေရာပထိပ္သီးကလပ္ ရီးရဲမက္ဒရစ္အသင္းဟာ နယ္သာလန္ကလပ္ ဖီယင္ေန႔ာေနာက္ခံလူ ဆန္နန္စီကို ေခၚယူဖို႔ စိတ္၀င္စားလ်က္ရွိေနတယ္လို႔ TyC Sports က ေဖာ္ျပထားပါတယ္။ အဆုိပါ ၂၃ ႏွစ္အရြယ္ ကစားသမားကို ေအစီမီလန္၊ နာပိုလီ၊ အတၱလႏၱာ အစရွိတဲ့ စီးရီးေအကလပ္ေတြကလည္း ပစ္မွတ္ထားေနတာပါ။ ရီးရဲဟာ အသင္းေခါင္းေဆာင္ရာမုိ႔စ္ရဲ႕ေနရာကို အစားထိုးဖုိ႔ ေႏြရာသီမွာ ေနာက္ခံလူ ရွာပံုေတာ္ဖြင့္မွာလည္း ျဖစ္ပါတယ္။

1229313264-0
IMAEG: GOAL

⚽ ဘြန္ဒက္လီဂါကလပ္ လိုက္ပဇစ္အသင္းဟာ ဒီရာသီအတြက္ သူတုိ႔ရဲ႕ တုိက္စစ္ကို အားျဖည့္ႀကံရြယ္ေနပါတယ္။ လိုက္ပဇစ္ဟာ ပြဲထြက္ခြင့္ေပ်ာက္ဆံုးေနတဲ့ လီဗာပူးတိုက္စစ္မွဴး အုိရီဂီနဲ႔ လက္စတာတုိက္စစ္မွဴး အီနာခ်ဳိတို႔ကိုလည္း ပစ္မွတ္ထားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

marcos-paulo-do-fluminense-comemora-seu-gol-contra-o-botafogo-pb-1583365224321-v2-1920x1278
IMAEG: GOAL

⚽ လာလီဂါကလပ္ အက္သကလက္တီကိုအသင္းဟာ ဘရာဇီးကလပ္ ဖလူမီနီတုိက္စစ္မွဴး မားကို႔စ္ေပၚဘလိုကို ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ Goal က ေဖာ္ျပထားပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ ၾကယ္ပြင့္တုိက္စစ္မွဴးဟာ ၂၀၂၁-၂၂ ေဘာလံုးရာသီမတိုင္ခင္ အက္သလက္ကို ေျပာင္းေရႊ႕လာမွာျဖစ္ၿပီး ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိသြားမွာလုိ႔ သိရပါတယ္။

martin-odegaard-arsenal-gfx-1wsbd1nrs6lm01vclvusuc56d9
IMAEG: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္အာဆင္နယ္ဟာ ရီးရဲကေန ထြက္ခြာခြင့္ ေတာင္းဆိုထားတဲ့ ကြင္းလယ္လူအိုဒီဂတ္ကို ခ်ဥ္းကပ္လာခဲ့ၿပီလို႔ Sky Sports က ေဖာ္ျပထားပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ကစားသမားဟာ ဒီရာသီရီးရဲမွာ ပြဲကစားခြင့္ နည္းပါးေနတာေၾကာင့္ ပံုမွန္ပြဲထြက္ခြင့္ရမဲ့အသင္းကို ေျပာင္းေရႊ႕ဖုိ႔ စီစဥ္ေနတာပါ။ ရီးရဲဟာ အာဆင္နယ္ရဲ႕ ကမ္းလွမ္းမႈကို စိတ္၀င္စားေပမဲ့ အာဆင္နယ္အတြက္ အဓိက ျပႆနာကေတာ့ အုိဒီဂတ္ကို ၿပိဳင္လုရမဲ့အသင္းေတြ မ်ားျပားေနတာပါ။ အာဆင္နယ္နည္းျပ အာတီတာက အုိဒီဂတ္ရဲ႕ပံုစံကို အႀကိဳက္ေတြ႕သူလို႔ သိရပါတယ္။

new-File-3
IMAEG: GOAL

⚽ ၀ုဖ္အသင္းဟာ လာလီဂါကလပ္ ဆုိစီဒက္တိုက္စစ္မွဴး ၀ီလီယံဂ်ိဳ႕စ္ကို ေခၚယူဖုိ႔ နီးစပ္ေနၿပီလုိ႔ သိရပါတယ္။ ၀ုဖ္ဟာ ၀ီလီယံဂ်ိဳ႕စ္ကို ဒီရာသီကုန္အထိ အငွားနဲ႔ေခၚယူမွာျဖစ္ၿပီး ရာသီကုန္ရင္ အၿပီးသတ္ေခၚယူခြင့္ ထည့္ခ်ဳပ္သြားမွာပါ။ ၀ီလီယံဂ်ိဳ႕စ္ဟာ ခ်ဲလ္ဆီးတုိက္စစ္မွဴးဂ်ရူးလို တုိက္စစ္မွဴးမ်ိဳးျဖစ္ပါတယ္။

neymar-kylian-mbappe-psg-2020-1luvjnrrp0e6910zozjnifhuf0
IMAEG: GOAL

⚽ ဘာစီလိုနာနညး္ျပ ေရာ္နယ္ကိုးမန္းကေတာ့ သူ႔အေနနဲ႔ ပီအက္စ္ဂ်ီရဲ႕ စူပါစတားေတြျဖစ္တဲ့ အမ္ဘာေပနဲ႔ ေနမာတုိ႔ကို ေခၚယူလိုေၾကာင္း ဖြင့္ဟသြားခဲ့ပါတယ္။ ပီအက္စ္ဂ်ီအားကစားဒါရိုက္တာ လီယိုနာဒိုက မက္ဆီကို ေခၚယူလိုေၾကာင္း ေျပာၾကားမႈနဲ႔ ပတ္သက္ၿပီး ကိုးမန္းက တုံ႔ျပန္သြားခဲ့ျခင္းျဖစ္ၿပီး ဒါမ်ိဳးကိစၥဟာ မထူးဆန္းေၾကာင္း၊ တကယ္လို႔ မိမိကို ေနမာ၊ အမ္ဘာေပတုိ႔ကို ေခၚဖုိ႔စိတ္၀င္စားသလာလို႔ ေမးရင္လည္း စိတ္၀င္စားတယ္လုိ႔ပဲ ေျဖမိမွာျဖစ္ေၾကာင္း ကိုးမန္းက ဆုိခဲ့တာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!