26-Nov-2020 ယူရိုပါလိဂ္ ပြဲႀကိဳ သံုးသပ္ခ်က္မ်ား

[UNICODE] စပါး – လူဒိုဂိုရက်စ်

spur
IMAGE: GOAL

စပါးက ဒီပွဲပြီးရင် ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်မှာ အရေးကြီးတဲ့ပွဲစဉ် ကစားရမှာကို သတိပြုရပါမယ်။ စပါး အုပ်စုမှာက စပါး အပါအဝင် အသင်း (၃) သင်းက (၆) မှတ်စီနဲ့ အကြိတ်အနယ် ဖြစ်နေပါတယ်။ လူဒိုဂိုရက်စ်က (၃) ပွဲစလုံး ရှုံးနိမ့်ထားပြီး ဘယ်လိုမှ မျှော်လင့်ခွင့် မရှိတော့ပါဘူး။

0-Spurs
IMAGE: GOAL

ဒါဟာ တစ်ဘက်ကကြည့်ရင် လူဒိုဂိုရက်စ်အတွက် ဖိအားလျော့သွားတာဖြစ်ပြီး မထူးဇာတ်ခင်းပြီး စပါးကို ဒုက္ခပေးဖို့ ကြိုးစားလာဖို့ ရှိနေပါတယ်။ စပါးက ဒီပွဲကို အရန်တွေနဲ့ပဲ ပွဲထွက်လာဖို့ရှိပြီး စပါးအရန်တွေနဲ့ဆို တိုက်စစ်အားနည်းနိုင်ပါတယ်။ ဒါကြောင့် ၃ ဂိုးပြတ်မရှုံးနိုင်တဲ့ ဧည့်သည်နဲ့ စွန့်စားချင်ပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: စပါး ၂-၀ လူဒိုဂိုရက်စ်

မိုလ်ဒီ – အာဆင်နယ်

CR-arsenal-europa-league-2269
IMAGE: GOAL

ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပေမဲ့ ယူရိုပါလိဂ်မှာ ပြိုင်ဘက်တွေက အာဆင်နယ်မှုစရာ မလိုပါဘူး။ ဒါကြောင့် ယူရိုပါလိဂ်ဟာ အာတီတာအနေနဲ့ ယူရိုပါလိဂ်ကို အသုံးချပြီး ဖိအားလျော့အောင် ပြုလုပ်ရမှာပါ။ မိုလ်ဒီက ဒီပွဲမှာ အာဆင်နယ်ဆီက သရေလောက်ယူနိုင်ရင်ပဲ မဆိုးပါဘူး။

newFile
IMAGE: GOAL

ဒါကြောင့် မိုလ်ဒီ တိုက်စစ်ဆင်မှာ မဟုတ်ဘဲ ခံစစ်ပိတ်ကစားဖို့ပဲ ရှိပါတယ်။ ဒါပေမဲ့ အာဆင်နယ် တိုက်စစ်က ယူရိုပါလိဂ်မှာဆိုရင် အစွမ်းပြတတ်ပါတယ်။ ဖိအားတွေလျော့အောင် လုပ်ရမဲ့ အာဆင်နယ်ကိုပဲ ရွေးရမှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ်:မိုလ်ဒီ ၁-၂ အာဆင်နယ်

အယ်ခမာ – ဆိုစီဒက်

16046548350856
IMAGE: GOAL

အုပ်စုတွင်း ရမှတ်တူနှစ်သင်း တွေ့ဆုံမှုမှာ နိုင်တဲ့အသင်းက အခြေအနေ ကောင်းသွားမှာပါ။ လက်ရှိ နှစ်သင်းစလုံး ပုံစံကောင်း ပြနေပြီး ရလဒ်တွေလည်း ကောင်းနေပါတယ်။ ခြေညီတဲ့နှစ်သင်းတွေ့ဆုံမှုမှာ တည်ငြိမ်ပြီး ကစားသမား အင်အားပိုသာတဲ့ ဆိုစီဒက်နဲ့ လက်တွဲရမယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: အယ်ခမာ ၁-၂ ဆိုစီဒက်

လိုင်လီ – အေစီမီလန်

lille-169
IMAGE: GOAL

တကယ်လို့ ဒီပွဲမှာ ခြေချော်လက်ချော်ဖြစ်ပြီး ရှုံးနိမ့်သွားရင်တောင် အေစီအတွက် ပြဿနာ မဟုတ်သေးပါဘူး။ လိုင်လီက လက်ရှိမှာ ပုံစံကောင်းကို ထိန်းနိုင်ဆဲဖြစ်ပြီး အေစီကလည်း နာပိုလီနဲ့ပွဲမှာ နိုင်ပွဲ ရှာတွေ့ခဲ့ပါတယ်။ နှစ်သင်းစလုံးက ခံစစ်အားနည်းချက်တွေရှိကြလို့ ဂိုးများမဲ့ပွဲပါ။ ဖြစ်နိုင်ဖွယ်ရလဒ် လိုင်လီ ၂-၂ အေစီ

နာပိုလီ – ရီဂျီကာ

rijeka6-napoli0511-jpg-688x388-q85-crop-upscale
IMAGE: GOAL

နောက်ပိုင်းမှာ နာပိုလီရဲ့ တိုက်စစ်က ပြဿနာရှိနေပြီး ဂိုးပြတ်နိုင်ပွဲ ရှားလာပါတယ်။ ရီဂျီကာ အခွင့်အရေး နည်းနေပေမဲ့ နောက်ဆုံးကောက်ရိုးတစ်မျှင်အတွက် ရသမျှ ဖမ်းဆုပ်ဦးမှာပါ။ ရီဂျီကာသာ ခံစစ်မှာ စုပြုံပိတ်ကစားရင် နာပိုလီတိုက်စစ်က ဂိုးပြတ်နိုင်ချေ မရှိပါဘူး။ နာပိုလီကို မေ့ထားပါမယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: နာပိုလီ ၁-၀ ရီဂျီကာ

ဘရာဂါ – လက်စတာ

skysports-kelechi-iheanacho-5162535
IMAGE: GOAL

ဘရာဂါက အိမ်ကွင်းမာကျောတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းနောက်ဆုံး (၃) ပွဲဆက် အနိုင်ရထားပါတယ်။ လက်စတာကလည်း နောက်တစ်အဆင့်အတွက် သေချာစေဖို့ ကြိုးပမ်းရမှာပါ။ ဒီပွဲက သရေဆိုရင်ပဲ နှစ်သင်းစလုံးအတွက် မဆိုးလို့ ထိန်းကစားပြီးပဲ ဂိုးနည်းနည်းနဲ့ သရေကျသွားမယ် ထင်ပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: ဘရာဂါ ၁-၁ လက်စတာ

[ZAWGYI] စပါး – လူဒိုဂိုရက်စ်

spur
IMAGE: GOAL


0-Spurs
IMAGE: GOAL


မိုလ်ဒီ – အာဆင်နယ်

IMAGE: GOAL


newFile
IMAGE: GOAL


အယ်ခမာ – ဆိုစီဒက်

16046548350856
IMAGE: GOAL


လိုင်လီ – အေစီမီလန်

lille-169
IMAGE: GOAL


နာပိုလီ – ရီဂျီကာ

IMAGE: GOAL


ဘရာဂါ – လက်စတာ

IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!