25-Nov-2020 ညနေခင်းသတင်းတိုများ

[UNICODE]

1173545-imgw968

⚽ စပါးနည်းပြ မော်ရင်ဟိုဟာ ဘွန်ဒက်စ်လီဂါကလပ် မိန်ဇ့်အသင်းရဲ့ အသက်(၂၃)နှစ်အရွယ် တိုက်စစ်မှူး ဖီလစ်ပီမာတီတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မာတီတာာ ဘွန်ဒက်စ်လီဂါ ၈ပွဲကစားပြီးချိန်မှာ ၇ဂိုး သွင်းယူထားသူပါ။

1605538409-794508-1605538520-noticia-normal-recorte1

⚽ လိုက်ပ်ဇစ်အသင်းဟာ အာဆင်နယ်ပစ်မှတ်ဖြစ်တဲ့ ရက်ဘူးလ်ဆဲဘာ့တ်အသင်းရဲ့ ဟန်ဂေရီကွင်းလယ်ကစားသမား ဆာဘော့စလိုင်းကို ကြားဖြတ်ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

Mingueza

⚽ ဒိုင်နမိုကိဗ်ကို ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ ဘာစီလိုနာအတွက် ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့တဲ့ အသက်(၂၁)နှစ်အရွယ် နောက်ခံလူ မင်ဂေဇာက နောက်ထပ်ပွဲစဉ်တွေမှာလည်း ပါဝင်အစွမ်းပြချင်နေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

marcelo-bielsa-fifa-best-nomination-pep-guardiola-man-city-struggles-7-18fonkil4x6fu1uv1wouvrf0ot

⚽ ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံး နည်းပြဆု ဆန်ကာတင်စာရင်းမှာ လီဗာပူးနည်းပြကလော့ပ် ၊ ဘိုင်ယန်နည်းပြ ဟန်ဆီဖလစ်တို့နဲ့အတူ လိဒ်ယူနိုက်တက်နည်းပြ ဘီယယ်ဆာက အံ့အားသင့်ဖွယ် ပါဝင်ခဲ့ပြီး မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာကတော့ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

0-Getty-Images-1273519046

⚽ မန်ယူကစားသမားဟောင်း ပေါလ်စခိုးလ်က ချန်ပီယံလိဂ်ပွဲအတွက် ကွင်းလယ်ပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်နဲ့ ဗန်ဒီဘိခ်တို့ကို တွဲဖက်ခဲ့ခြင်းအပေါ် ကျေနပ်အားရကြောင်း ဝန်ခံသွားခဲ့ပါတယ်။

PA-55614148-copy-2

⚽ ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဆန်ကာတင်စာရင်းမှာတော့ လီဗာပူးအသင်းက ဆာလတ် ၊ မာနေး ၊ ဗန်ဒိုက်ချ်နဲ့ သီယာဂိုတို့ပါဝင်နေပြီး တစ်သင်းထဲမှ အများဆုံးပါဝင်မှုအဖြစ် ၄ဦးနဲ့ စံချိန်တင်ခဲ့ပါတယ်။

89bd1621e1d0405f865894dc0489ca9e

⚽ နာပိုလီအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရခဲ့တဲ့ အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ချ်က မိမိရဲ့ ဒဏ်ရာက ပြင်းထန်ခြင်းမရှိတာကြောင့် တစ်ပတ်နှစ်ပတ်အတွင်း ပြန်ကစားပေးနိုင်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

0-Getty-Images-1264550546-1

⚽ ဖရန်ဗေရို့စ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ဂျူဗင်တပ်စ်အတွက် ပြန်လည်ပွဲထွက်ခွင့်ရခဲ့တဲ့ နောက်ခံလူ အဲလက်စ်ဆန်ဒရိုက ပွဲကစားခွင့်ရတဲ့အတွက် ပျော်ရွှင်နေပြီး အကြာကြီး အရန်ခုံထိုင်ခဲ့ရတဲ့အချိန်တွေက အလွန်ခက်ခဲကြောင်း ဖွင့်ဟလိုက်ပါတယ်။

[ZAWGYI]

1173545-imgw968




Mingueza






PA-55614148-copy-2

⚽ ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဆန်ကာတင်စာရင်းမှာတော့ လီဗာပူးအသင်းက ဆာလတ် ၊ မာနေး ၊ ဗန်ဒိုက်ခ်ျနဲ့ သီယာဂိုတို့ပါဝင်နေပြီး တစ်သင်းထဲမှ အများဆုံးပါဝင်မှုအဖြစ် ၄ဦးနဲ့ စံချိန်တင်ခဲ့ပါတယ်။


⚽ နာပိုလီအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရခဲ့တဲ့ အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျက မိမိရဲ့ ဒဏ်ရာက ပြင်းထန်ခြင်းမရှိတာကြောင့် တစ်ပတ်နှစ်ပတ်အတွင်း ပြန်ကစားပေးနိုင်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။





အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!