25-Nov-2020 မန်ချက်စတာယူနိုက်တက်သတင်းတိုများ

[UNICODE]

36067772-0-image-a-26-1606255624019

⚽ မန်ယူအသင်းကတော့ အိုးထရက်ဖို့ဒ်မှာ အစ္စတန်ဘူလ်အသင်းကို ဂိုးပြတ်အနိုင်ကစားပြီး နောက်တစ်ဆင့်တက်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်သွားခဲ့ပါပြီ။ မန်ယူအတွက်ဂိုးတွေကိုတော့ ဖာနန်ဒက်စ်(၂ ဂိုး)၊ ရက်ဖို့ဒ်(ပင်)နဲ့ ဒန်နီရယ်ဂျိမ်းစ်တို့က သွင်းခဲ့ပြီး ဘာဆက်ရှီဟာအတွက် နှစ်သိမ့်ချေပဂိုးကို ဒန်နစ်ဇ်ကသွင်းပေးခဲ့တာပါ။

brunocropped-53fv2cyo7uxp14hwkd0wv8vrm

⚽ မန်ယူကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ မန်ယူအတွက် ၃၅ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၃၄ ကြိမ် (၂၁ ဂိုးသွင်း၊ ၁၃ ကြိမ်ဖန်တီး) ရှိသွားခဲ့ပြီး ဒီကာလအတွင်း တခြားမန်ယူကစားသမားတွေထက် ၁၆ ကြိမ်ပိုများထားပါတယ်။

810644f7-95ae-47bc-8533-77bc43c6a265

⚽ မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ ဘာဆက်ရှီဟီနဲ့ပွဲမှာ ဘာလို့ ဟက်ထရစ်မယူဘဲ ပင်နယ်တီကို ရက်ဖို့ဒ်ကို ပေးကန်ခဲ့သလဲဆိုတာ ဖွင့်ဟသွားခဲ့ပါတယ်။ “ပင်နယ်တီက ဘယ်သူကန်ကန် အရေးမကြီးပါဘူး။ အသင်း ဂိုးသွင်းနိုင်ဖို့သာ လိုတာပါ။ ရက်ဖို့ဒ်က ချန်ပီယံလိဂ်မှာ ထိပ်တန်းဂိုးသွင်းရှင်တွေထဲကတစ်ဦးဖြစ်လို့ သူ့ကို ယုံကြည်မှု ရစေချင်ပါတယ်”လို့ ဖာနန်ဒက်စ်က ဆိုခဲ့တာပါ။

Man-Utd-news-Bruno-Fernandes-Marcus-Rashford-penalty-Istanbul-Basaksehir-1364188

⚽ ဖာနန်ဒက်စ် ကို ဆိုးရှားက “သူက တစ်ကယ့်ကို အသင်းအတွက် အောင်ပွဲ ယူဖို့ အစွမ်းကုန် ကြိုးစားမယ့် ကစားသမားပါ။ သူက ကိုယ်တိုင် ဂိုးသွင်းသလို အသင်းဖော်အတွက်လည်း ဂိုးဖန်တီးပေးရရင် ကျေနပ်သူပါ။ သူက အောင်ပွဲ အမြဲဆာလောင်နေတဲ့ ကစားသမား တစ်ယောက် ဖြစ်သလို အသင်းလိုက် အောင်မြင်ချင်တဲ့ ကစားသမားပါ။ ပင်နယ်တီ ကန်သွင်းတဲ့ ကစားသမား ထက် ပိုသာပါတယ်။ ” ဆိုပြီး ချီးကျူးခဲ့ပါတယ်။

0-Manchester-United-vs-Istanbul-Basaksehir-United-Kingdom-24-Nov-2020

⚽ မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ ကစားသမားသစ်တွေဖြစ်တဲ့ ကာဗာနီနဲ့ ဗန်ဒီဘိခ်တို့ဟာ မန်ယူပုံစံနဲ့ အထိုင်ကျလာပြီဖြစ်ကြောင်း၊ သူ လိုချင်တဲ့ ပုံစံအတိုင်း လိုက်ကစားနိုင်နေပြီဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

brandon-williams-manchester-united-1589382322-38466

⚽ ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းဟာ မန်ယူကြယ်ပွင့်နောက်ခံလူ ဘရန်ဒန်ဝီလီယံကို ခေါ်ယူဖို့ ကြိုးပမ်းလာတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ မန်ယူဟာ ဒီရာသီမှာ ဝီလီယံကို နေရာမပေးနိုင်ပြီးနောက ်ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။

IMAGE: GOAL

⚽ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့ရဲ့ အဓိကနောက်ခံကစားသမား ဗာရာနီကို မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အပြောင်းအရွှေ့မှာ မည်သည့်နည်းနဲ့မှ ထုတ်ရောင်းသွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

2942910-60414168-2560-1440

⚽ မန်ယူကစားသမားဟောင်း ဖာဒီနန်က ချန်ပီယံလိဂ်မှာ ပွဲထွက်ကစားခွင့်ရပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို နည်းပြဆိုးလ်ရှားအနေနဲ့ ပုံမှန်ပွဲထွက်ခွင့် ပေးသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

[ZAWGYI]

36067772-0-image-a-26-1606255624019












IMAGE: GOAL






အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!