25-Nov-2020 ချယ်ဆီးသတင်းတိုများ

[UNICODE]

36062850-0-image-a-41-1606248123723

⚽ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ချယ်ဆီးအသင်းဟာ လူစားဝင်ဂျရူးရဲ့ နောက်ကျအနိုင်ဂိုးနဲ့ ရန်းနက်စ်ကို (၁-၂)ဆိုတဲ့ရလဒ်နဲ့ အဝေးကွင်းမှာ အနိုင်ယူပြီး နောက်တစ်ဆင့်ကို စောစောစီးစီး တက်ရောက်သွားခဲ့ပါတယ်။ ရန်းနက်စ်က ချယ်ဆီးကို အကောင်းဆုံး တုန့်ပြန်သွားခဲ့တာကိုတော့ အသိအမှတ်ပြုရမှာပါ။ ချယ်ဆီးအတွက်ဂိုးတွေကိုတော့ အိုဒွိုင်းနဲ့ဂျရူးတို့က သွင်းယူပေးခဲ့ပါတယ်။

chelsea-striker-olivier-giroud-chelsea-striker-olivier-giroud-307c7ibfmbvb1dmu3sbfru5et

⚽ ရန်းနက်စ်နဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် ချယ်ဆီးတိုက်စစ်မှူး ဂျရူးဟာ အာဆင်နယ်နဲ့ ချယ်ဆီးနှစ်သင်းအတွက် ချန်ပီယံလိဂ်မှာ ဂိုးသွင်းနိုင်တဲ့ (၄) ဦးမြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။ အရင်က ဂါးလက်စ်၊ ဖာဘရီဂတ်စ်နဲ့ အနယ်ကာတို့က အဲဒီလိုစွမ်းဆောင်ထားတာပါ။

2942814-60412248-2560-1440

⚽ သူ့အနေနဲ့ ဂျရူးကို ဘယ်လောက် အားကိုးသလဲဆိုတာ ဂျရူးသိဖို့ မျှော်လင့်မိတယ်လို့ ချယ်ဆီးနည်းပြ လမ်းပတ်က ဆိုခဲ့ပါတယ်။ “လူရွေးချယ်မှုက ကျွန်တော့်အတွက် အခက်အခဲရှိပါတယ်။ ဂျရူးအနေနဲ့ သူ့ကို ကျွန်တော် ဘယ်လောက် အားကိုးသလဲဆိုတာ သိဖို့မျှော်လင့်ပါတယ်”လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။

0-Thiago-Silva

⚽ ချယ်ဆီး အသင်းက PSG အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ သီယာဂို ဆေလ်းဗား ခြေစွမ်းကို နှစ်သက် ကျေနပ် နေပြီး စာချုပ် ကို ၂၀၂၂ အထိ တိုးဖို့အတွက် ဆေလ်းဗားရဲ့ ကိုယ်စားလှယ် နဲ့ စတင် စကားပြောနေပြီလို့ သိရပါတယ်။

36065286-0-image-a-36-1606252828594

⚽ ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ ရန်းနက်စ်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်လူ မစ်ဆန်မောင့်နဲ့ ပတ်သက်ပြီး ကျေနပ်လျက်ရှိနေပါတယ်။ ရန်းနက်စ်နဲ့ပွဲက ခြေစွမ်းက မစ်ဆန်မောင့်အပေါ် မကောင်းပြောဆိုမှုတွေကို တိတ်ဆိတ်စေမှာ ဖြစ်ကြောင်း လမ်းပတ်က ဆိုခဲ့ပါတယ်။

Cg-AGVl-9a-E2-ARGko-ABZVp-HSc-Dk-E003-jpg

⚽ ချယ်ဆီးတိုက်စစ်မှူး အိုဒွိုင်းကတော့ ရန်းနက်စ်နဲ့ပွဲမှာ သူသွင်းယူသွားတဲ့ သွင်းဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့တဲ့ မစ်ဆန်မောင့်ရဲ့အမြင်စူးရှမှုကို ချီးကျူးသွားခဲ့ပါတယ်။ “မစ်ဆင်ရဲ့ ဘောလုံးအမြင်က အံ့မခန်းပါပဲ။ ကျွန်တော့်ကို သူ‌ပေးတော့မယ်ဆိုတာ သိနေခဲ့ပါတယ်”လို့ အိုဒွိုင်းက ဆိုခဲ့ပါတယ်။

Chelsea-news-Frank-Lampard-Thiago-Silva-Virgil-van-Dijk-Liverpool-1357229

⚽ ချယ်ဆီးကစားသမားဟောင်း ဂျိုကိုးလ်က လက်ရှိပြသနေတဲ့ ခြေစွမ်းတွေအရ နောက်ခံလူ သီယာဂိုဆေးလ်ဗားဟာ ပရီးမီးယားလိဂ်ရဲ့ ဒုတိယအကောင်းဆုံးခံစစ်မှူးဖြစ်ပြီး ပထမကတော့ ဗန်ဒိုက်ချ်ဖြစ်တယ်လို့ နှိုင်းယှဉ်သွားခဲ့ပါတယ်။

0-Ike-Ugbo

⚽ ဘယ်ဂျီယံကလပ် ဘရုဂေးအသင်းမှာ အငှားထွက်ကစားနေတဲ့ ချယ်ဆီးလူငယ်လေး ယူဘိုက မိမိရဲ့အိပ်မက်ဟာ ချန်ပီယံလိဂ်ကစားရဖို့ဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ယူဘိုဟာ ဘရုဂေးမှာ ခြေစွမ်းပြကစားနေပြီး ၁၀ပွဲကစား ၇ဂိုးသွင်းယူ ထားနိုင်ပါတယ်။

[ZAWGYI]

36062850-0-image-a-41-1606248123723






0-Thiago-Silva







⚽ ချယ်ဆီးကစားသမားဟောင်း ဂျိုကိုးလ်က လက်ရှိပြသနေတဲ့ ခြေစွမ်းတွေအရ နောက်ခံလူ သီယာဂိုဆေးလ်ဗားဟာ ပရီးမီးယားလိဂ်ရဲ့ ဒုတိယအကောင်းဆုံးခံစစ်မှူးဖြစ်ပြီး ပထမကတော့ ဗန်ဒိုက်ခ်ျဖြစ်တယ်လို့ နှိုင်းယှဉ်သွားခဲ့ပါတယ်။

0-Ike-Ugbo




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!