25-Nov-2020 Tea-Break သတင်းတိုများ

[UNICODE]

sport-preview-tevez-1

⚽ မန်စီးတီး ၊ မန်ယူ ၊ ဝက်စ်ဟမ်အသင်းတို့မှာ ကျင်လည်ခဲ့တဲ့ အသက်(၃၆)နှစ်အရွယ် ဘိုကာဂျူနီယာတိုက်စစ်မှူး ကားလို့စ်တေဗက်စ်ဟာ ဒီရာသီအကုန်မှာ ဘောလုံးလောကကနေ အနားယူပြီး နိုင်ငံရေးလောကထဲ ဝင်ရောက်သွားတော့မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

1229420973-0

⚽ အာဆင်နယ်အသင်းဟာ ဗလင်စီယာအသင်းရဲ့ အသက်(၁၇)နှစ်အရွယ် တောင်ပံကစားသမားလေး မူဆာ့ချ်ကို ခေါ်ယူဖို့ အဲဗာတန် ၊ ဝုဗ်အသင်းတို့နဲ့ အပြိုင် စိတ်ဝင်စားနေပါတယ်။

Raphael-Varane

⚽ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့ရဲ့ အဓိကနောက်ခံကစားသမား ဗာရာနီကို မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အပြောင်းအရွှေ့မှာ မည်သည့်နည်းနဲ့မှ ထုတ်ရောင်းသွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

Arsenal-s-Nicolas-Pepe-walks-off-the-pitch-after-being-shown-the-red-card-by-the-referee-during-an-E

⚽ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ တိုက်ရိုက်အနီကဒ်ပြခံခဲ့ရတဲ့ တောင်ပံကစားသမား နီကိုလပ်စ်ပေပေကို အာဆင်နယ်အသင်းဟာ လာမယ့်ဇန်နဝါရီမှာ အငှားချထားဖို့ ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။

⚽ ဘိုင်ယန်မြူးနစ်အသင်းဟာ အသက်(၃၂)နှစ်အရွယ် ဝါရင့်နောက်ခံလူ ဂျရုန်းဘိုတန်ကို စာချုပ်သက်တမ်း မတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့ကြောင့် ဘိုတန်ဟာ ဒီရာသီအကုန်မှာ ဘိုင်ယန်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိသွားခဲ့ပါပြီ။

resize-15

⚽ အင်တာမီလန်အသင်းဟာ တိုက်စစ်မှူး မာတီနက်စ်ကို ဘာစီလိုနာအသင်းထံ လက်မလွှတ်ရစေဖို့အတွက် ဇန်နဝါရီမရောက်ခင်ကတည်းက စာချုပ်သက်တမ်းတိုးဖို့အတွက် ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်နေပါတယ်။

139193958-0

⚽ မန်စီးတီး ၊ အင်တာမီလန်တို့မှာ ကစားခဲ့ဖူးတဲ့ နာမည်ကြီးဘရာဇီးနောက်ခံလူဟောင်း မိုင်ကွန်ဟာ အီတလီ စီးရီးဒီကလပ် ဆိုနာအသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးလျက်ရှိပါတယ်။

0-Getty-Images-1282659239

⚽ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ် တိုက်စစ်မှူး မီနာမီနိုရဲ့ အချိန်တွေဟာ မကြာခင် ရောက်ရှိလာမှာဖြစ်ပေမယ့် လက်ရှိမှာတော့ ပွဲထွက်ခွင့်အတွက် စောင့်ဆိုင်းရတာမျိုး ရှိနေဦးမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

[ZAWGYI]

sport-preview-tevez-1


1229420973-0

⚽ အာဆင်နယ်အသင်းဟာ ဗလင်စီယာအသင်းရဲ့ အသက်(၁၇)နှစ်အရွယ် တောင်ပံကစားသမားလေး မူဆာ့ခ်ျကို ခေါ်ယူဖို့ အဲဗာတန် ၊ ဝုဗ်အသင်းတို့နဲ့ အပြိုင် စိတ်ဝင်စားနေပါတယ်။

Raphael-Varane





resize-15


139193958-0






အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!