22-Nov-2020 ညနေခင်းသတင်းတိုများ

[UNICODE]

PiqueINJ
IMAGE: GOAL

⚽ အက်သလက်တီကိုမက်ဒရစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဘာစီလိုနာ ဝါရင့်နောက်ခံလူ ပီကေးဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိခဲ့ပြီး အနည်းဆုံး ၆လခန့် အနားယူသွားရတော့မှာ ဖြစ်ပါတယ်။

christian-eriksen-inter-milan
IMAGE: GOAL

⚽ မန်ယူအသင်းဟာ အင်တာမီလန်မှာ နေရာမရတဲ့ ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို အာဆင်နယ်နဲ့အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မှာ ဖြစ်ပါတယ်။

1578157918-524999-noticia-normal
IMAGE: GOAL

⚽ အာဆင်နယ်နည်းပြ အာတီတာက နည်းပြကြီး ဘီယယ်ဆာရဲ့ လိဒ်ယူနိုက်တက်ကို အနိုင်ရယူဖို့ နည်းလမ်းတွေ ရှာတွေ့ထားပြီး တိုက်စစ်မှူး အူဘာမီယန် ဂိုးသွင်းနိုင်ဖို့လည်း မျှော်လင့်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

IMAGE: GOAL

⚽ ဝက်စ်ဘရွန်းနည်းပြ ဘီလစ်က မန်ယူကို အရေးနိမ့်ခဲ့တဲပွဲမှာ ဝက်စ်ဘရွန်း ရရှိမယ့် ပင်နယ်တီ ပြစ်ဒဏ်ဘောကို VAR ကြည့်ပြီး ပြန်လည်ပယ်ဖျက်ခဲ့တဲ့အတွက် အဆိုပါဆုံးဖြတ်ချက်အပေါ် ဒေါသတကြီး ဝေဖန်သွားခဲ့ပါတယ်။

during-the-Premier-League-match-between-Liverpool-FC-and-Crystal-Palace-at-Anfield-on-January-19-201
IMAGE: GOAL

⚽ ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဆန်က အခုလို ကိုဗစ်ကာလမှာ ကစားသမားတွေရဲ့ ကျန်းမာရေးကို စာနာတဲ့အနေနဲ့ နိုင်ငံတကာပွဲစဉ်များကို လျှော့ချသင့်တယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

1286900835-0
IMAGE: GOAL

⚽ မန်စီးတီးကို ၂ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ပေါင်ခြံကြွက်သား ဒဏ်ရာရရှိခဲ့တဲ့ စပါးအသင်းရဲ့ ဘယ်ဂျီယံနောက်ခံလူ အယ်ဒါဝီရယ်လ်ဟာ ကာလရှည်အနားယူရမယ့် အရေးနဲ့ ရင်ဆိုင်နေရတဲ့အပေါ် နည်းပြ မော်ရင်ဟိုက စိုးရိမ်လျက်ရှိပါတယ်။

IMAGE: GOAL

⚽ လီဗာပူးနည်းပြ ကလော့ပ်က အင်္ဂလိပ်ဘောလုံးလောကကို လီဗာပူးနဲ့မန်စီးတီး ၂သင်းတည်း အုပ်စိုးမယ့်အခြေအနေများဟာ ဆက်ဖြစ်နိုင်ဖွယ်ရာ မရှိတော့ဘူးလို့ ပြတ်ပြတ်သားသား ပြောကြားခဲ့ပြီး ဒီရာသီအတွက်လည်း ချန်ပီယံဆုကို လုရမယ့်အသင်းက ၆သင်းလောက် ရှိနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

2941005-60376068-2560-1440
IMAGE: GOAL

⚽ မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာ မိမိတို့ကို ၂ဂိုးပြတ် အနိုင်ယူခဲ့တဲ့ စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

[ZAWGYI]

PiqueINJ

PiqueINJ
IMAGE: GOAL

⚽ အက္သလက္တီကိုမက္ဒရစ္အသင္းကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ ဘာစီလိုနာ ဝါရင့္ေနာက္ခံလူ ပီေကးဟာ ျပင္းထန္တဲ့ ဒူးဒဏ္ရာရရွိခဲ့ၿပီး အနည္းဆုံး ၆လခန႔္ အနားယူသြားရေတာ့မွာ ျဖစ္ပါတယ္။

christian-eriksen-inter-milan
IMAGE: GOAL

⚽ မန္ယူအသင္းဟာ အင္တာမီလန္မွာ ေနရာမရတဲ့ ကြင္းလယ္ကစားသမား အဲရစ္ဆင္ကို အာဆင္နယ္နဲ႔အၿပိဳင္ ေခၚယူဖို႔ ႀကိဳးပမ္းသြားေတာ့မွာ ျဖစ္ပါတယ္။

1578157918-524999-noticia-normal
IMAGE: GOAL

⚽ အာဆင္နယ္နည္းျပ အာတီတာက နည္းျပႀကီး ဘီယယ္ဆာရဲ႕ လိဒ္ယူႏိုက္တက္ကို အႏိုင္ရယူဖို႔ နည္းလမ္းေတြ ရွာေတြ႕ထားၿပီး တိုက္စစ္မႉး အူဘာမီယန္ ဂိုးသြင္းႏိုင္ဖို႔လည္း ေမွ်ာ္လင့္ေနတယ္လို႔ ေျပာၾကားလိုက္ပါတယ္။

IMAGE: GOAL

⚽ ဝက္စ္ဘ႐ြန္းနည္းျပ ဘီလစ္က မန္ယူကို အေရးနိမ့္ခဲ့တဲပြဲမွာ ဝက္စ္ဘ႐ြန္း ရရွိမယ့္ ပင္နယ္တီ ျပစ္ဒဏ္ေဘာကို VAR ၾကည့္ၿပီး ျပန္လည္ပယ္ဖ်က္ခဲ့တဲ့အတြက္ အဆိုပါဆုံးျဖတ္ခ်က္အေပၚ ေဒါသတႀကီး ေဝဖန္သြားခဲ့ပါတယ္။

during-the-Premier-League-match-between-Liverpool-FC-and-Crystal-Palace-at-Anfield-on-January-19-201
IMAGE: GOAL

⚽ ခရစၥတယ္ပဲေလ့စ္နည္းျပ ႐ြိဳင္းေဟာ့ဆန္က အခုလို ကိုဗစ္ကာလမွာ ကစားသမားေတြရဲ႕ က်န္းမာေရးကို စာနာတဲ့အေနနဲ႔ ႏိုင္ငံတကာပြဲစဥ္မ်ားကို ေလွ်ာ့ခ်သင့္တယ္လို႔ မွတ္ခ်က္ျပဳသြားခဲ့ပါတယ္။

1286900835-0
IMAGE: GOAL

⚽ မန္စီးတီးကို ၂ဂိုးျပတ္ အႏိုင္ရတဲ့ပြဲမွာ ေပါင္ၿခံႂကြက္သား ဒဏ္ရာရရွိခဲ့တဲ့ စပါးအသင္းရဲ႕ ဘယ္ဂ်ီယံေနာက္ခံလူ အယ္ဒါဝီရယ္လ္ဟာ ကာလရွည္အနားယူရမယ့္ အေရးနဲ႔ ရင္ဆိုင္ေနရတဲ့အေပၚ နည္းျပ ေမာ္ရင္ဟိုက စိုးရိမ္လ်က္ရွိပါတယ္။

IMAGE: GOAL

⚽ လီဗာပူးနည္းျပ ကေလာ့ပ္က အဂၤလိပ္ေဘာလုံးေလာကကို လီဗာပူးနဲ႔မန္စီးတီး ၂သင္းတည္း အုပ္စိုးမယ့္အေျခအေနမ်ားဟာ ဆက္ျဖစ္ႏိုင္ဖြယ္ရာ မရွိေတာ့ဘူးလို႔ ျပတ္ျပတ္သားသား ေျပာၾကားခဲ့ၿပီး ဒီရာသီအတြက္လည္း ခ်န္ပီယံဆုကို လုရမယ့္အသင္းက ၆သင္းေလာက္ ရွိႏိုင္တယ္လို႔ ဆိုလိုက္ပါတယ္။

2941005-60376068-2560-1440
IMAGE: GOAL

⚽ မန္စီးတီးနည္းျပ ပက္ဂြာဒီယိုလာ မိမိတို႔ကို ၂ဂိုးျပတ္ အႏိုင္ယူခဲ့တဲ့ စပါးအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ရယူႏိုင္ဖို႔ အခြင့္အလမ္းေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ အသင္းတစ္သင္းျဖစ္တယ္လို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!