22-Nov-2020 မန်ချက်စတာယူနိုက်တက်သတင်းတိုများ

[UNICODE]

35954872-0-image-a-72-1606000477391

⚽ မန်ယူအသင်းဟာ ဝက်စ်ဘရွန်းကို အိုးထရက်ဖို့ဒ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီသွင်းဂိုးတစ်ဂိုးတည်းနဲ့ ဒီရာသီပထမဆုံး အိမ်ကွင်းနိုင်ပွဲ စတင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် နိုင်ပွဲဆက်ခဲ့ပါတယ်။ နိုင်ပွဲရခဲ့ပေမဲ့ အသင်းရဲ့ပုံစံက အားရစရာ မရှိဘဲ ပင်နယ်တီနဲ့သာ မဟုတ်ရင် နိုင်ပွဲရဖို့ မလွယ်တဲ့အနေအထားပါ။ ဝက်စ်ဘရွန်း ရရှိတဲ့ ပင်နယ်တီ VAR ကြောင့် ပယ်ဖျက်ခံလိုက်ရလို့ နစ်နာခဲ့ရပါတယ်။

6268d-16060000924136-800

⚽ မန်ယူအတွက် ပင်နယ်တီဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ စုစုပေါင်း ပရီးမီးယားလိဂ်သွင်းဂိုး (၁၄)ဂိုး ရရှိခဲ့ပြီး အဲဒီအထဲကတစ်ဝက်ကိုတော့ ပင်နယ်တီကနေ သွင်းထားခဲ့တာ ဖြစ်ပါတယ်။

Getty-Images-1268747726

⚽ မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒိန်းဟန်ဒါဆန်ဟာ အင်္ဂလန်အသင်းမှာ နေရာရဖို့အတွက် လာမဲ့ဇန်နဝါရီမှာ အငှားနဲ့ထွက်ခွာဖို့ ရှိနေပါတယ်။ ဒိန်းဟန်ဒါဆန်ကို ဘုန်းမောက်၊ လိဒ်နဲ့ ဘရိုက်တန်တို့က အငှားနဲ့ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။

Cg-AGVV-5k-NKALDg-WABArb-ESa9-TA553-jpg

⚽ မန်ယူဂန္ထဝင်ဟောင်း ပေါလ်စခိုးကတော့ ဝက်စ်ဘရွန်းနဲ့ပွဲစဉ်က ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ချီးကျူးသွားခဲ့ပါတယ်။ “အကျည်းတန်တဲ့နိုင်ပွဲ ဖြစ်ခဲ့ပေမဲ့ ကစားသမားတွေ ယုံကြည်မှုရဖို့ မျှော်လင့်မိပါတယ်။ ဖာနန်ဒက်စ်သာ မရှိရင် မန်ယူဘယ်နေရာ ရောက်နေမလဲဆိုတာ အံ့အားသင့်စရာပါ။ ဖာနန်ဒက်စ် မရောက်ခင်တုန်းက မန်ယူဟာ ဖန်တီးမှု မကောင်းခဲ့ပါဘူး”လို့ ပေါလ်စခိုးက ဆိုခဲ့ပါတယ်။

2940362-60363208-2560-1440

⚽ ရိုးမားနောက်ခံလူ စမောလင်းက သူ့အနေနဲ့ မန်ယူမှာတုန်းက ပုံစံကောင်းမပြနိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း၊ မန်ယူကနေ မထွက်ခွာချင်ခဲ့ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ “မန်ယူမှာတုန်းက ကျွန်တော့်ရဲ့စွမ်းဆောင်ရည်အတွက် စိတ်ပျက်ရပါတယ်”လို့ စမောလင်းက ဆိုခဲ့တာပါ။

5fb999045a449-image

⚽ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ဝက်စ်ဘရွန်းကို ပင်နယ်တီ မပေးခဲ့ရခြင်းမှာ သူတို့ကံကောင်းခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ “ဒါတော့ ပင်နယ်တီပေးရပြီလို့ ကျွန်တော် တွေးလိုက်မိတယ်။ ကျွန်တော်တို့ ကံကောင်းခဲ့တာ ဖြစ်နိုင်ပါတယ်။ စည်းမျဉ်းတွေက ကွဲပြားတာလည်း ဖြစ်နိုင်ပါတယ်”လို့ ဆိုးလ်ရှားက ဖွင့်ဟခဲ့ပါတယ်။

⚽ မန်ယူအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အသက်(၃၃)နှစ်အရွယ် ဂိုးသမား ရိုမဲရိုကို ပေါင်(၂)သန်းခွဲရရုံနဲ့ အပြီးသတ်ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။

IMAGE: GOAL

⚽ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက အသက်(၁၈)နှစ်အရွယ် ဘာစီလိုနာ တိုက်စစ်မှူးလေး အန်ဆူဖာတီကို ယူရိုသန်း(၁၅၀)နဲ့ ခေါ်ယူဖို့ အလွန်နီးစပ်ခဲ့တယ်လို့ သိရပါတယ်။

[ZAWGYI]

35954872-0-image-a-72-1606000477391

⚽ မန္ယူအသင္းဟာ ဝက္စ္ဘ႐ြန္းကို အိုးထရက္ဖို႔ဒ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီသြင္းဂိုးတစ္ဂိုးတည္းနဲ႔ ဒီရာသီပထမဆုံး အိမ္ကြင္းႏိုင္ပြဲ စတင္ရရွိခဲ့ၿပီး ပရီးမီးယားလိဂ္ ႏိုင္ပြဲဆက္ခဲ့ပါတယ္။ ႏိုင္ပြဲရခဲ့ေပမဲ့ အသင္းရဲ႕ပုံစံက အားရစရာ မရွိဘဲ ပင္နယ္တီနဲ႔သာ မဟုတ္ရင္ ႏိုင္ပြဲရဖို႔ မလြယ္တဲ့အေနအထားပါ။ ဝက္စ္ဘ႐ြန္း ရရွိတဲ့ ပင္နယ္တီ VAR ေၾကာင့္ ပယ္ဖ်က္ခံလိုက္ရလို႔ နစ္နာခဲ့ရပါတယ္။

6268d-16060000924136-800

⚽ မန္ယူအတြက္ ပင္နယ္တီဂိုး သြင္းယူေပးႏိုင္ခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ စုစုေပါင္း ပရီးမီးယားလိဂ္သြင္းဂိုး (၁၄)ဂိုး ရရွိခဲ့ၿပီး အဲဒီအထဲကတစ္ဝက္ကိုေတာ့ ပင္နယ္တီကေန သြင္းထားခဲ့တာ ျဖစ္ပါတယ္။

Getty-Images-1268747726

⚽ မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား ဒိန္းဟန္ဒါဆန္ဟာ အဂၤလန္အသင္းမွာ ေနရာရဖို႔အတြက္ လာမဲ့ဇန္နဝါရီမွာ အငွားနဲ႔ထြက္ခြာဖို႔ ရွိေနပါတယ္။ ဒိန္းဟန္ဒါဆန္ကို ဘုန္းေမာက္၊ လိဒ္နဲ႔ ဘ႐ိုက္တန္တို႔က အငွားနဲ႔ေခၚဖို႔ စိတ္ဝင္စားေနပါတယ္။

Cg-AGVV-5k-NKALDg-WABArb-ESa9-TA553-jpg

⚽ မန္ယူဂႏၴဝင္ေဟာင္း ေပါလ္စခိုးကေတာ့ ဝက္စ္ဘ႐ြန္းနဲ႔ပြဲစဥ္က ကြင္းလယ္လူ ဖာနန္ဒက္စ္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး ခ်ီးက်ဴးသြားခဲ့ပါတယ္။ “အက်ည္းတန္တဲ့ႏိုင္ပြဲ ျဖစ္ခဲ့ေပမဲ့ ကစားသမားေတြ ယုံၾကည္မႈရဖို႔ ေမွ်ာ္လင့္မိပါတယ္။ ဖာနန္ဒက္စ္သာ မရွိရင္ မန္ယူဘယ္ေနရာ ေရာက္ေနမလဲဆိုတာ အံ့အားသင့္စရာပါ။ ဖာနန္ဒက္စ္ မေရာက္ခင္တုန္းက မန္ယူဟာ ဖန္တီးမႈ မေကာင္းခဲ့ပါဘူး”လို႔ ေပါလ္စခိုးက ဆိုခဲ့ပါတယ္။

2940362-60363208-2560-1440

⚽ ႐ိုးမားေနာက္ခံလူ စေမာလင္းက သူ႔အေနနဲ႔ မန္ယူမွာတုန္းက ပုံစံေကာင္းမျပႏိုင္ခဲ့တဲ့အေပၚ စိတ္ပ်က္မိေၾကာင္း၊ မန္ယူကေန မထြက္ခြာခ်င္ခဲ့ေၾကာင္း ဖြင့္ဟသြားခဲ့ပါတယ္။ “မန္ယူမွာတုန္းက ကြၽန္ေတာ့္ရဲ႕စြမ္းေဆာင္ရည္အတြက္ စိတ္ပ်က္ရပါတယ္”လို႔ စေမာလင္းက ဆိုခဲ့တာပါ။

5fb999045a449-image

⚽ မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကေတာ့ ဝက္စ္ဘ႐ြန္းကို ပင္နယ္တီ မေပးခဲ့ရျခင္းမွာ သူတို႔ကံေကာင္းခဲ့ေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။ “ဒါေတာ့ ပင္နယ္တီေပးရၿပီလို႔ ကြၽန္ေတာ္ ေတြးလိုက္မိတယ္။ ကြၽန္ေတာ္တို႔ ကံေကာင္းခဲ့တာ ျဖစ္ႏိုင္ပါတယ္။ စည္းမ်ဥ္းေတြက ကြဲျပားတာလည္း ျဖစ္ႏိုင္ပါတယ္”လို႔ ဆိုးလ္ရွားက ဖြင့္ဟခဲ့ပါတယ္။

⚽ မန္ယူအသင္းဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ အသက္(၃၃)ႏွစ္အ႐ြယ္ ဂိုးသမား ႐ိုမဲ႐ိုကို ေပါင္(၂)သန္းခြဲရ႐ုံနဲ႔ အၿပီးသတ္ေရာင္းခ်သြားေတာ့မွာ ျဖစ္ပါတယ္။

IMAGE: GOAL

⚽ မန္ယူအသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက အသက္(၁၈)ႏွစ္အ႐ြယ္ ဘာစီလိုနာ တိုက္စစ္မႉးေလး အန္ဆူဖာတီကို ယူ႐ိုသန္း(၁၅၀)နဲ႔ ေခၚယူဖို႔ အလြန္နီးစပ္ခဲ့တယ္လို႔ သိရပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!