22-Nov-2020 နေ့ခင်း သတင်းများ
erling-haaland-borussia-dortmund-2020-21-champions-league-1x8hemsbu3khe1hus9dghqduzp
IMAGE: GOAL
[UNICODE] ⚽ ဟားလန် က ဒေါ့မွန် အသင်း ဟာသာဘာလင် ကို ၅ ဂိုး ၂ ဂိုး နဲ့ အနိူင် ရရှိတဲ့ ပွဲမှာ တစ်ယောက်ထဲ ၄ ဂိုးသွင်းယူနိူင်ခဲ့ပြီး သူက Golden Boy Award နဲ့ ထိုက်တန်တယ် ဆိုတာကို ပြသခဲ့ပါတယ်။ ဒါပေမယ့် သူ က ဂိုးတွေ ဆက်သွင်းချင်နေတာကို နည်းပြ က သူ့ကို လူစားလဲလို့ စိတ်ဆိုးကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။
0-Getty-Images-1286896304
IMAGE: GOAL
⚽ ချဲလ်ဆီး တိုက်စစ်မှူး တမ်မီ အီဘရာဟမ် က ပြီးခဲ့တဲ့ နယူးကာဆယ် ကို ၂ ဂိုးပြတ် နဲ့ အနိူင် ရရှိတဲ့ ပွဲမှာ ဂိုးသွင်းယူနိူင်ခဲ့ပေမယ့် အသင်းက ကစားသမား ပူလီဆစ် ဒဏ်ရာ က သက်သာလာရင် အရံခုံကို ထိုင်နေရအုန်းမှာ ဖြစ်ကြောင်း အိုဝင် ဟားဂရေဗ့်က ပြောကြားလိုက်ပါတယ်။
0-Getty-Images-1195256577
IMAGE: GOAL
⚽ အာဆင်နယ် အသင်းက ဒီ ပရီးမီးယားလိဂ် ရာသီမှာ ၈ ပွဲကစားပြီး ၉ ဂိုးသာ သွင်းယူထားနိူင်တာကြောင့် ပရီးမီးယားလိဂ်မှာ သွင်းဂိုး အနည်းဆုံး အသင်း အဖြစ် ရပ်တည်လျက်ရှိပါတယ်။ ဒါပေမယ့် အာတီတာ နဲ့ အီဒူး ကတော့ လာမယ့် ဇန်နဝါရီမှာ ကွင်းလယ်တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ အော်အာ တို့ကို ခေါ်ယူအုန်းမှာ မဟုတ်ပဲ ခံစစ်ကိုပဲ ပြုပြင်သွားမယ်လို့ Football london က ဖော်ပြလိုက်ပါတယ်။
jose-mourinho-puzzle-around-him-perfect-harry-kane-fantastic-7-b5q9ycp0vjjp1bcnyqq2wuzdi
IMAGE: GOAL
⚽ ဟယ်ရီကိန်း က ဒီရာသီမှာ ၉ ပွဲ ကစားပြီး ဂိုးသွင်းခွင့် ၉ ကြိမ် ဖန်တီးပေးနိူင်ခဲ့ လက်ရှိပရီးမီးယားလိဂ်မှာ ဖန်တီးမှု အများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။ မော်ရင်ညိုက ဟယ်ရီကိန်းက စပါးအသင်းအတွက် မရှိမဖြစ် ကစားသမား တစ်ဦးဖြစ်ကြောင်း သူက ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်ကြောင်း ချီးကျူးပြောဆိုသွားပါတယ်။
diego-simeone-enthused-but-doesnt-see-similarities-with-atleticos-title-winners-7-1nht964mh96x1j5nyk
IMAGE: GOAL
⚽ အလက်တီကို နည်းပြ ဆိုင်မြွန်း ကတော့ သူ့ အသင်း ဘာကာကို အနိူင် ရရှိတဲ့ အပေါ် ကျေနပ် ပျော်ရွှင်ပေမယ့် လာလီဂါ ဖလားကို သူ တို့ စိန်ခေါ်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုပြီးတော့ ငြင်းဆန်သွားပါတယ်။ အလက်တီကို ကို ၂၀၁၃-၁၄ တုန်းက ဖလားယူပေးခဲ့တာဖြစ်ပါတယ်။
gabriel-jesus-manchester-city-12cz8q0ud0kg019518mnxwr0br
IMAGE: GOAL
⚽ မန်စီးတီး အသင်းက သူတို့ တိုက်စစ်မှူး ဖြစ်တဲ့ ဂျီးဆပ်စ် ကို စာချုပ်သစ် အတွက် လစာ ၂ ဆ တိုးပေးဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ စာချုပ်သစ် အရ ဂျီးဆပ်စ် က တစ်ပတ်ကို ပေါင် ၁ သိန်းခွဲ ရရှိမှာဖြစ်ပြီး သူ့ စာချုပ်က ၂၀၂၃ မှာ ကုန်မှာဖြစ်ပါတယ်။
hi-res-245b980f8109a9f5264c27dca24096fe-crop-north
IMAGE: GOAL
⚽ မန်ယူအသင်းက ကစားသမားဖြစ်တဲ့ ရိုမာရို ကို ပေါင် ၂.၅ သန်း ရရင်တောင်မှာ အသင်းကနေ ရောင်းချဖို့ အဆင်သင့် ဖြစ်နေကြောင်း Mirror က ဖော်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့ နွေတုန်းက မန်ယူက ပေါင် ၅ သန်းတောင်းဆိုထားတာဖြစ်ပါတယ်။
harry-winks-696x479
IMAGE: GOAL
⚽ မော်ရင်ညို လက်ထက်မှာ နေရာမရ ဖြစ်နေတဲ့ စပါးကွင်းလယ်လူ ဟယ်ရီဝင့် အနေနဲ့ လာမယ့် ဇန်နဝါရီလမှာ အငှားထွက် ကစားသင့်ကြောင်း အားကစား ကလောင်ရှင် ဒန်နီမေလ်းက ပြောကြားလိုက်ပါတယ်။
IMAGE: GOAL
⚽ စပါးအသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ပြီးနောက်မှာ ဂွာဒီယိုလာက အခုပရီးမီးယားလိဂ် ရာသီက ဖလားကို စိန်ခေါ်နိူင်တဲ့ အသင်းတွေ အများကြီးရှိကြောင်း စပါး အသင်းကိုလည်း ထည့်သွင်းရမှာ ဖြစ်ကြောင်း သူ အင်္ဂလန်ရောက်စ ထက်ပိုပြီး ဖလား စိန်ခေါ်တာ ပြင်းထန်တဲ့ ပြိုင်ပွဲ ဖြစ်လာမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
erling-haaland-borussia-dortmund-2020-21-champions-league-1x8hemsbu3khe1hus9dghqduzp
IMAGE: GOAL
IMAGE: GOAL
⚽ ချဲလ်ဆီး တိုက်စစ်မှူး တမ်မီ အီဘရာဟမ် က ပြီးခဲ့တဲ့ နယူးကာဆယ် ကို ၂ ဂိုးပြတ် နဲ့ အနိုင် ရရှိတဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အသင်းက ကစားသမား ပူလီဆစ် ဒဏ်ရာ က သက်သာလာရင် အရံခုံကို ထိုင်နေရအုန်းမှာ ဖြစ်ကြောင်း အိုဝင် ဟားဂရေဗ့်က ပြောကြားလိုက်ပါတယ်။
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
harry-winks-696x479
IMAGE: GOAL
IMAGE: GOAL
⚽ စပါးအသင်းကို ၂-၀ နဲ့  ရှုံးနိမ့်ပြီးနောက်မှာ ဂွာဒီယိုလာက အခုပရီးမီးယားလိဂ် ရာသီက ဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းတွေ အများကြီးရှိကြောင်း စပါး အသင်းကိုလည်း ထည့်သွင်းရမှာ ဖြစ်ကြောင်း သူ အင်္ဂလန်ရောက်စ ထက်ပိုပြီး ဖလား စိန်ခေါ်တာ ပြင်းထန်တဲ့ ပြိုင်ပွဲ ဖြစ်လာမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!