22-Nov-2020 ချယ်ဆီးသတင်းတိုများ

[UNICODE]

35943414-0-image-a-19-1605969922010

⚽ ချယ်ဆီးအသင်းဟာ အဝေးကွင်းမှာ clean sheet နိုင်ပွဲတစ်ပွဲ ရရှိခဲ့လို့ ကျေနပ်စရာ ကောင်းခဲ့ပါတယ်။ နယူးကာဆယ်ရဲ့ပုံစံကတော့ တော်တော်လေး ဆိုးရွားလွန်းပြီး ချဲလ်ဆီးတို့ အဆုံးသတ်သာ သေချာရင် ဒီထက်ပိုပြီး ဂိုးပြတ်ရမဲ့ပွဲပါ။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်းမှာ မစ်ဆန်မောင့်ရဲ့ပေးပို့မှုကို ဖာနန်ဒက်စ်က ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ပြီး ဒုတိယဂိုးကိုတော့ အေဘရာဟမ်ချ်က သွင်းခဲ့တာပါ။

https-images-saymedia-content-com-image-MTc2-OTc0-MTQw-Mz-E2-NTkx-NTc2-newcastle-united-v-chelsea-pr

⚽ ဂိုးသမား မန်ဒီအနေနဲ့ နယူးကာဆယ်နဲ့ပွဲမှာ clean sheet ထပ်မံပိုင်ဆိုင်ခဲ့တာကြောင့် ချယ်ဆီးအတွက် စတင်ကစားပေးချိန်ကနေ ယခုထိ clean sheet ၇ပွဲအထိ စွမ်းဆောင်နိုင်ခဲ့ပါပြီ။

newcastle-chelsea-2-0

⚽ နယူးကာဆယ်နဲ့ပွဲမှာ ဒုတိယဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး အေဘရာဟမ်က ပြီးခဲ့တဲ့ရာသီအစက စတင်ရေတွက်မယ်ဆိုရင်ပြိုင်ပွဲစုံမှာ ချယ်ဆီးအတွက် ၂၃ ဂိုး သွင်းပေးခဲ့ပြီး ဒီကာလအတွင်း တခြားချယ်ဆီးကစားသမားတွေထက် ၁၁ ဂိုးပိုသွင်းထားတာ ဖြစ်ပါတယ်။

France-v-Sweden-UEFA-Nations-League-9ef227b922c7c95d9661b215ae489f7b

⚽ ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ လာမဲ့ဇန်နဝါရီဈေးကွက်မှာ ချယ်ဆီးတိုက်စစ်မှူး ဂျရူးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဂျရူးဟာ ယူရို၂၀၂၀ မှာ ပြင်သစ်မှာ ပါဝင်ခွင့်ရဖို့အတွက် ချယ်ဆီးကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

1-Getty-Images-1280963631

⚽ ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းဟာ ချယ်ဆီးကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဘာကလေကို လာမဲ့ ဇန်နဝါရီမှာ အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

NEWCASTLE-UPON-TYNE-ENGLAND-NOVEMBER-21-Tammy-Abraham-of-Chelsea-and-Frank-Lampard-Manager-of-Chelse

⚽ ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ အမြဲတမ်း ရုန်းကန်ရတဲ့ နယူးကာဆယ်ရဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့အပေါ် ဝမ်းမြောက်လျက်ရှိနေပါတယ်။ “ဒီပွဲက ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲပါ။ ဒီမှာ ပြီးခဲ့တဲ့ (၃) ရာသီစလုံး ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တယ်။ ဒီထက်ပိုပြီး ဂိုးတွေရသင့်ရဲ့သားနဲ့ မရခဲ့တာတော့ စိတ်ပျက်စရာပါ”လို့ လမ်းပတ်က ဖွင့်ဟခဲ့ပါတယ်။

christian-pulisic-kai-havertz-1s0xkgdo4rhab1iqzu4xh1yh9e

⚽ ချယ်ဆီးကစားသမားဟောင်း ဂျိုလ်ကိုးကတော့ ချဲလ်ဆီးဟာ ပူလီဆစ်၊ ကိုင်ဟာဗက်ဇ်တို့လို ကစားသမားမျိုးတွေကြောင့် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မှာဖြစ်ကြောင်း၊ ချယ်ဆီးရဲ့ပုံစံကို ကြည့်ရတာ တကယ့်ကို ကျေနပ်စရာကောင်းကြောင်း ဖွင့်ဟခဲ့ပါတယ်။

6d04eefc-9ab6-4014-9156-86c2cc9be07b

⚽ နည်းပြလမ်းပတ်က မိမိရဲ့ ကွင်းလယ်ကစားသမား ကန်တီဟာ အလွန်အလုပ်ကြိုးစားသူဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာရော တကယ့်ပွဲတွေမှာပါ တက်တက်ကြွကြွနဲ့ ကြံ့ခိုင်မှုအားကောင်းကောင်း ကစားနိုင်သူဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

[ZAWGYI]

35943414-0-image-a-19-1605969922010

⚽ ခ်ယ္ဆီးအသင္းဟာ အေဝးကြင္းမွာ clean sheet ႏိုင္ပြဲတစ္ပြဲ ရရွိခဲ့လို႔ ေက်နပ္စရာ ေကာင္းခဲ့ပါတယ္။ နယူးကာဆယ္ရဲ႕ပုံစံကေတာ့ ေတာ္ေတာ္ေလး ဆိုး႐ြားလြန္းၿပီး ခ်ဲလ္ဆီးတို႔ အဆုံးသတ္သာ ေသခ်ာရင္ ဒီထက္ပိုၿပီး ဂိုးျပတ္ရမဲ့ပြဲပါ။ ခ်ဲလ္ဆီးအတြက္ အႏိုင္ဂိုးေတြကိုေတာ့ ပထမပိုင္းမွာ မစ္ဆန္ေမာင့္ရဲ႕ေပးပို႔မႈကို ဖာနန္ဒက္စ္က ကိုယ့္ဂိုးကိုယ္ သြင္းယူမိခဲ့ၿပီး ဒုတိယဂိုးကိုေတာ့ ေအဘရာဟမ္ခ်္က သြင္းခဲ့တာပါ။

https-images-saymedia-content-com-image-MTc2-OTc0-MTQw-Mz-E2-NTkx-NTc2-newcastle-united-v-chelsea-pr

⚽ ဂိုးသမား မန္ဒီအေနနဲ႔ နယူးကာဆယ္နဲ႔ပြဲမွာ clean sheet ထပ္မံပိုင္ဆိုင္ခဲ့တာေၾကာင့္ ခ်ယ္ဆီးအတြက္ စတင္ကစားေပးခ်ိန္ကေန ယခုထိ clean sheet ၇ပြဲအထိ စြမ္းေဆာင္ႏိုင္ခဲ့ပါၿပီ။

newcastle-chelsea-2-0

⚽ နယူးကာဆယ္နဲ႔ပြဲမွာ ဒုတိယဦးေဆာင္ဂိုးသြင္းယူေပးႏိုင္ခဲ့တဲ့ တိုက္စစ္မႉး ေအဘရာဟမ္က ၿပီးခဲ့တဲ့ရာသီအစက စတင္ေရတြက္မယ္ဆိုရင္ၿပိဳင္ပြဲစုံမွာ ခ်ယ္ဆီးအတြက္ ၂၃ ဂိုး သြင္းေပးခဲ့ၿပီး ဒီကာလအတြင္း တျခားခ်ယ္ဆီးကစားသမားေတြထက္ ၁၁ ဂိုးပိုသြင္းထားတာ ျဖစ္ပါတယ္။

France-v-Sweden-UEFA-Nations-League-9ef227b922c7c95d9661b215ae489f7b

⚽ ေဒးဗစ္ဘက္ခမ္းပိုင္ဆိုင္တဲ့ အင္တာမိုင္ယာမီအသင္းဟာ လာမဲ့ဇန္နဝါရီေဈးကြက္မွာ ခ်ယ္ဆီးတိုက္စစ္မႉး ဂ်႐ူးကို ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။ ဂ်႐ူးဟာ ယူ႐ို၂၀၂၀ မွာ ျပင္သစ္မွာ ပါဝင္ခြင့္ရဖို႔အတြက္ ခ်ယ္ဆီးကေန ထြက္ခြာမွာ ျဖစ္ပါတယ္။

1-Getty-Images-1280963631

⚽ ပရီးမီးယားလိဂ္ကလပ္ အက္စတြန္ဗီလာအသင္းဟာ ခ်ယ္ဆီးကေန အငွားနဲ႔ ေခၚယူထားတဲ့ ကြင္းလယ္လူ ဘာကေလကို လာမဲ့ ဇန္နဝါရီမွာ အၿပီးသတ္ ေခၚယူဖို႔ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။

NEWCASTLE-UPON-TYNE-ENGLAND-NOVEMBER-21-Tammy-Abraham-of-Chelsea-and-Frank-Lampard-Manager-of-Chelse

⚽ ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ အၿမဲတမ္း ႐ုန္းကန္ရတဲ့ နယူးကာဆယ္ရဲ႕ အိမ္ကြင္းမွာ အႏိုင္ရခဲ့တဲ့အေပၚ ဝမ္းေျမာက္လ်က္ရွိေနပါတယ္။ “ဒီပြဲက ကြၽန္ေတာ္တို႔အတြက္ ခက္ခဲတဲ့ပြဲပါ။ ဒီမွာ ၿပီးခဲ့တဲ့ (၃) ရာသီစလုံး ကြၽန္ေတာ္တို႔ ရႈံးနိမ့္ခဲ့တယ္။ ဒီထက္ပိုၿပီး ဂိုးေတြရသင့္ရဲ႕သားနဲ႔ မရခဲ့တာေတာ့ စိတ္ပ်က္စရာပါ”လို႔ လမ္းပတ္က ဖြင့္ဟခဲ့ပါတယ္။

christian-pulisic-kai-havertz-1s0xkgdo4rhab1iqzu4xh1yh9e

⚽ ခ်ယ္ဆီးကစားသမားေဟာင္း ဂ်ိဳလ္ကိုးကေတာ့ ခ်ဲလ္ဆီးဟာ ပူလီဆစ္၊ ကိုင္ဟာဗက္ဇ္တို႔လို ကစားသမားမ်ိဳးေတြေၾကာင့္ ပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္မွာျဖစ္ေၾကာင္း၊ ခ်ယ္ဆီးရဲ႕ပုံစံကို ၾကည့္ရတာ တကယ့္ကို ေက်နပ္စရာေကာင္းေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

6d04eefc-9ab6-4014-9156-86c2cc9be07b

⚽ နည္းျပလမ္းပတ္က မိမိရဲ႕ ကြင္းလယ္ကစားသမား ကန္တီဟာ အလြန္အလုပ္ႀကိဳးစားသူျဖစ္ၿပီး ေလ့က်င့္ေရးကြင္းမွာေရာ တကယ့္ပြဲေတြမွာပါ တက္တက္ႂကြႂကြနဲ႔ ႀကံ့ခိုင္မႈအားေကာင္းေကာင္း ကစားႏိုင္သူျဖစ္တယ္လို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!