22-Nov-2020 Tea-Break သတင်းတိုများ

[UNICODE]

gabrieljesusraheemsterling-cropped-1kpul3khlj4861gna83xbv7z8n

⚽ မန်စီးတီးအသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်တဲ့ စတာလင်ကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းသွားတော့မှာဖြစ်သလို တိုက်စစ်မှူး ဂျီဆပ်စ်ကိုလည်း လုပ်ခလစာ တိုးမြှင့်ပေးဖို့ စီစဉ်နေပါတယ်။

⚽ မန်ယူအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အသက်(၃၃)နှစ်အရွယ် ဂိုးသမား ရိုမဲရိုကို ပေါင်(၂)သန်းခွဲရရုံနဲ့ အပြီးသတ်ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။

isak-bergmann-johannesson-1000x600-1

⚽ ဂျူဗင်တပ်စ်နဲ့ မန်ယူအသင်းတို့ဟာ အသက်(၁၇)နှစ်အရွယ် အိုက်စလန် ကွင်းလယ်ကစားသမားလေး ဂျိုဟန်နက်ဆင်ကို ခေါ်ယူဖို့ အသီးသီး စိတ်ဝင်စားနေကြပါတယ်။

Liverpool-boss-Jurgen-Klopp-has-held-talks-with-Gini-Wijnaldum-1339559

⚽ အင်တာမီလန်အသင်းဟာ လာမယ့်အပြောင်းအရွှေ့မှာ ချယ်ဆီး တိုက်စစ်မှူး ဂျရူးအပြင် လီဗာပူးအသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒမ်ကိုပါ ခေါ်ယူအားဖြည့် လိုနေပါတယ်။

1284641762-0

⚽ အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားတဲ့ အစ္စကိုကို ရီးရဲလ်မက်ဒရစ်အသင်းက ပြောင်းရွှေ့ကြေး ပေါင်(၄၅)သန်း သတ်မှတ်ထားပြီး ပရီးမီးယားလိဂ်ကလပ်အသင်းများက ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

Harry-Kane

⚽ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းက ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဂါရတ်ဘေးနဲ့ ဂျိုးဟတ်တို့လို ကစားသမားတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးမှုဟာ မိမိတို့အသင်းကို ဆုဖလားတွေ ဆွတ်ခူးဖို့ အားအင်ဖြစ်စေတယ်လို့ ဆိုလိုက်ပါတယ်။

SPORT-PREVIEW-FRED-ERIKSEN

⚽ အင်တာမီလန်အသင်းဟာ မန်ယူမှာ ခြေစွမ်းပြကစားနေတဲ့ အသက်(၂၇)နှစ်အရွယ် ကွင်းလယ်ကစားသမား ဖရက်ဒ်ကို အဲရစ်ဆင်နဲ့ အလဲအထပ် ပြုလုပ်ဖို့ စိတ်ဝင်စားနေပါတယ်။

IMAGE: GOAL

⚽ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက အသက်(၁၈)နှစ်အရွယ် ဘာစီလိုနာ တိုက်စစ်မှူးလေး အန်ဆူဖာတီကို ယူရိုသန်း(၁၅၀)နဲ့ ခေါ်ယူဖို့ အလွန်နီးစပ်ခဲ့တယ်လို့ သိရပါတယ်။

[ZAWGYI]

gabrieljesusraheemsterling-cropped-1kpul3khlj4861gna83xbv7z8n

⚽ မန္စီးတီးအသင္းဟာ သူတို႔ရဲ႕ အဓိက တိုက္စစ္ကစားသမားျဖစ္တဲ့ စတာလင္ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းသြားေတာ့မွာျဖစ္သလို တိုက္စစ္မႉး ဂ်ီဆပ္စ္ကိုလည္း လုပ္ခလစာ တိုးျမႇင့္ေပးဖို႔ စီစဥ္ေနပါတယ္။

⚽ မန္ယူအသင္းဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ အသက္(၃၃)ႏွစ္အ႐ြယ္ ဂိုးသမား ႐ိုမဲ႐ိုကို ေပါင္(၂)သန္းခြဲရ႐ုံနဲ႔ အၿပီးသတ္ေရာင္းခ်သြားေတာ့မွာ ျဖစ္ပါတယ္။

isak-bergmann-johannesson-1000x600-1

⚽ ဂ်ဴဗင္တပ္စ္နဲ႔ မန္ယူအသင္းတို႔ဟာ အသက္(၁၇)ႏွစ္အ႐ြယ္ အိုက္စလန္ ကြင္းလယ္ကစားသမားေလး ဂ်ိဳဟန္နက္ဆင္ကို ေခၚယူဖို႔ အသီးသီး စိတ္ဝင္စားေနၾကပါတယ္။

Liverpool-boss-Jurgen-Klopp-has-held-talks-with-Gini-Wijnaldum-1339559

⚽ အင္တာမီလန္အသင္းဟာ လာမယ့္အေျပာင္းအေ႐ႊ႕မွာ ခ်ယ္ဆီး တိုက္စစ္မႉး ဂ်႐ူးအျပင္ လီဗာပူးအသင္းရဲ႕ နယ္သာလန္ ကြင္းလယ္ကစားသမား ဝိုင္နယ္ဒမ္ကိုပါ ေခၚယူအားျဖည့္ လိုေနပါတယ္။

1284641762-0

⚽ အသင္းကေန ထြက္ခြာခြင့္ ေတာင္းဆိုထားတဲ့ အစၥကိုကို ရီးရဲလ္မက္ဒရစ္အသင္းက ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၄၅)သန္း သတ္မွတ္ထားၿပီး ပရီးမီးယားလိဂ္ကလပ္အသင္းမ်ားက ေခၚယူဖို႔ ေစာင့္ၾကည့္ေနၾကပါတယ္။

Harry-Kane

⚽ စပါးအသင္းရဲ႕ တိုက္စစ္မႉး ဟာရီကိန္းက ဝါရင့္ကစားသမားေတြျဖစ္တဲ့ ဂါရတ္ေဘးနဲ႔ ဂ်ိဳးဟတ္တို႔လို ကစားသမားေတြက သူတို႔ရဲ႕ အေတြ႕အႀကဳံေတြကို ျပန္လည္မွ်ေဝေပးမႈဟာ မိမိတို႔အသင္းကို ဆုဖလားေတြ ဆြတ္ခူးဖို႔ အားအင္ျဖစ္ေစတယ္လို႔ ဆိုလိုက္ပါတယ္။

SPORT-PREVIEW-FRED-ERIKSEN

⚽ အင္တာမီလန္အသင္းဟာ မန္ယူမွာ ေျခစြမ္းျပကစားေနတဲ့ အသက္(၂၇)ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမား ဖရက္ဒ္ကို အဲရစ္ဆင္နဲ႔ အလဲအထပ္ ျပဳလုပ္ဖို႔ စိတ္ဝင္စားေနပါတယ္။

IMAGE: GOAL

⚽ မန္ယူအသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက အသက္(၁၈)ႏွစ္အ႐ြယ္ ဘာစီလိုနာ တိုက္စစ္မႉးေလး အန္ဆူဖာတီကို ယူ႐ိုသန္း(၁၅၀)နဲ႔ ေခၚယူဖို႔ အလြန္နီးစပ္ခဲ့တယ္လို႔ သိရပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!