22-Nov-2020 အာဆင္နယ္သတင္းမ်ား

[UNICODE]

0-Bukayo-Saka
IMAEG: GOAL

⚽ အာဆင်နယ်လူငယ်ကြယ်ပွင့်လေး ဆာကာဟာ 2020 Golden Boy award မှာ အဆင့် (၉) နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ 2020 Golden Boy award ကိုတော့ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းက ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

dani-ceballos-david-luiz-mikel-arteta-2020-21-arsenal-gfx-xna4lelrvvn31q11om58yfjmi
IMAEG: GOAL

⚽ အာဆင်နယ်နောက်ခံလူ ဟိုးလ်ဒင်းကတော့ ဆီဘယ်လော့နဲံ့ ဒေးဗစ်လူးဝစ်တို့ ရန်ဖြစ်တာနဲ့ ပတ်သက်ပြီး ရှင်းပြသွားခဲ့ပါတယ်။ ဒါဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေရဲ့ သဘောသဘာဝဖြစ်ကြောင်း၊ ဘာပြဿနာမှ မရှိကြောင်း ဟိုးလ်ဒင်းက ဖွင့်ဟခဲ့ပါတယ်။

Getty-Images-1198646657-e1579122958816-1024x683
IMAEG: GOAL

⚽ အာဆင်နယ်လူငယ်တိုက်စစ်မှူး အန်ကီတက်ချ်ကတော့ ချဲလ်ဆီးလူငယ်အသင်းမှာ အတူတွဲကစားခဲ့ဖူးတဲ့ ဒီလန်ရိုက်နဲ့ မစ်ဆန်မောင့်တို့ အင်္ဂလန်အသင်းကြီးမှာ ကစားနေတာကို မြင်ရတာက သူ့အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေကြောင်း ဆိုခဲ့ပါတယ်။

⚽ အာဆင်နယ်ဂန္ထဝင်ဟောင်း အလန်စမစ်ကတော့ ဝီလီယံ၊ ပီပီ၊ လာကာဇက်တို့ဟာ အားကိုးမရဘဲ အာတီတာအနေနဲ့လာမဲ့ဈေးကွက်မှာ တိုက်စစ်ပိုင်းအတွက် ကစားသမား ခေါ်ယူမှု ပြုလုပ်ရဦးမယ်လို့ သုံးသပ်ခဲ့ပါတယ်။

Getty-Images-1281533720
IMAEG: GOAL

⚽ အာဆင်နယ်နည်းပြ အာတီတာဟာ သောမတ်ပါတေးနဲ့ တွဲဖက်ကစားဖို့အတွက် လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုကို လိုချင်ခဲ့ကြောင်း၊ အာတီတာဟာ ဂျော်ဂျင်ဟိုရဲ့ စွမ်းဆောင်ရည်ကို သဘောကျသူဖြစ်ကြောင်း သိရပါတယ်။

jerome-boateng-bayern-munich-2020-21-13o35l5w4bh371h0wd3o79rcr2
IMAEG: GOAL

⚽ ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာ Salihamidzic ကတော့ အာဆင်နယ်ပစ်မှတ်ထားနေတဲ့ နောက်ခံလူ ဘိုတန်ရဲ့ စာချုပ်ဟာ ပြဿနာတစ်ခုမဟုတ်ကြောင်း၊ အားလုံးအတွက် မျှတတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်သွားမှာဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

skysports-mikel-arteta-arsenal-5166304
IMAEG: GOAL

⚽ နည်းပြအာတီတာဟာ အသေးစိတ်အစ တိကျတဲ့သူတစ်ယောက်လို့ အာဆင်နယ်လူငယ်ကြယ်ပွင့် အန်ကီတက်ချ်ကတော့ ချီးကျူးသွားခဲ့ပါတယ်။ “နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အလုပ်တွေအများကြီး လုပ်ရပါတယ်။ အာတီတာက အသေးစိတ်ကအစ တိကျသူပါ”လို့ အန်ကီတက်ချ်က ဆိုခဲ့ပါတယ်။

⚽ အာဆင်နယ်ဂန္ထဝင်ဝင်တိုက်စစ်မှူးဟောင်း အလန်စမစ်ကတော့ အူဘာမီယန်းအနေနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးမှ ဂိုးဆာလောင်မှု ပျောက်ဆုံးသွားခြင်း မဟုတ်ကြောင်း၊ အာဆင်နယ်အသင်း ဖန်တီးမှုပိုင်း အားနည်းသွားတာက အဓိကပြဿနာဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

[ZAWGYI]

0-Bukayo-Saka
IMAEG: GOAL

⚽ အာဆင္နယ္လူငယ္ၾကယ္ပြင့္ေလး ဆာကာဟာ 2020 Golden Boy award မွာ အဆင့္ (၉) ေနရာမွာ ရပ္တည္ႏုိင္ခဲ့ပါတယ္။ 2020 Golden Boy award ကိုေတာ့ ေဒါ့မြန္တိုက္စစ္မွဴးဟာလန္းက ရရွိသြားခဲ့တာပဲ ျဖစ္ပါတယ္။

dani-ceballos-david-luiz-mikel-arteta-2020-21-arsenal-gfx-xna4lelrvvn31q11om58yfjmi
IMAEG: GOAL

⚽ အာဆင္နယ္ေနာက္ခံလူ ဟိုးလ္ဒင္းကေတာ့ ဆီဘယ္ေလာ့နဲ႔ံ ေဒးဗစ္လူး၀စ္တုိ႔ ရန္ျဖစ္တာနဲ႔ ပတ္သက္ၿပီး ရွင္းျပသြားခဲ့ပါတယ္။ ဒါဟာ ၿပိဳင္ဆုိင္မႈ ျပင္းထန္တဲ့ ေလ့က်င့္ခန္း အစီအစဥ္ေတြရဲ႕ သေဘာသဘာ၀ျဖစ္ေၾကာင္း၊ ဘာျပႆနာမွ မရွိေၾကာင္း ဟိုးလ္ဒင္းက ဖြင့္ဟခဲ့ပါတယ္။

Getty-Images-1198646657-e1579122958816-1024x683
IMAEG: GOAL

⚽ အာဆင္နယ္လူငယ္တုိက္စစ္မွဴး အန္ကီတက္ခ်္ကေတာ့ ခ်ဲလ္ဆီးလူငယ္အသင္းမွာ အတူတြဲကစားခဲ့ဖူးတဲ့ ဒီလန္ရိုက္နဲ႔ မစ္ဆန္ေမာင့္တုိ႔ အဂၤလန္အသင္းႀကီးမွာ ကစားေနတာကို ျမင္ရတာက သူ႔အတြက္ စိတ္ဓာတ္ခြန္အားျဖစ္ေစေၾကာင္း ဆုိခဲ့ပါတယ္။

⚽ အာဆင္နယ္ဂႏၳ၀င္ေဟာင္း အလန္စမစ္္ကေတာ့ ၀ီလီယံ၊ ပီပီ၊ လာကာဇက္တုိ႔ဟာ အားကိုးမရဘဲ အာတီတာအေနနဲ႔လာမဲ့ေစ်းကြက္မွာ တုိက္စစ္ပိုင္းအတြက္ ကစားသမား ေခၚယူမႈ ျပဳလုပ္ရဦးမယ္လုိ႔ သံုးသပ္ခဲ့ပါတယ္။

Getty-Images-1281533720
IMAEG: GOAL

⚽ အာဆင္နယ္နည္းျပ အာတီတာဟာ ေသာမတ္ပါေတးနဲ႔ တြဲဖက္ကစားဖို႔အတြက္ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုကို လိုခ်င္ခဲ့ေၾကာင္း၊ အာတီတာဟာ ေဂ်ာ္ဂ်င္ဟိုရဲ႕ စြမ္းေဆာင္ရည္ကို သေဘာက်သူျဖစ္ေၾကာင္း သိရပါတယ္။

jerome-boateng-bayern-munich-2020-21-13o35l5w4bh371h0wd3o79rcr2
IMAEG: GOAL

⚽ ဘိုင္ယန္ျမဴးနစ္ အားကစားဒါရုိက္တာ Salihamidzic ကေတာ့ အာဆင္နယ္ပစ္မွတ္ထားေနတဲ့ ေနာက္ခံလူ ဘိုတန္ရဲ႕ စာခ်ဳပ္ဟာ ျပႆနာတစ္ခုမဟုတ္ေၾကာင္း၊ အားလံုးအတြက္ မွ်တတဲ့ ဆံုးျဖတ္ခ်က္ကို ခ်မွတ္သြားမွာျဖစ္ေၾကာင္း ဖြင့္ဟသြားခဲ့ပါတယ္။

skysports-mikel-arteta-arsenal-5166304
IMAEG: GOAL

⚽ နည္းျပအာတီတာဟာ အေသးစိတ္အစ တိက်တဲ့သူတစ္ေယာက္လို႔ အာဆင္နယ္လူငယ္ၾကယ္ပြင့္ အန္ကီတက္ခ်္ကေတာ့ ခ်ီးက်ဴးသြားခဲ့ပါတယ္။ “နည္းစနစ္ပိုင္းနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္တုိ႔ အလုပ္ေတြအမ်ားႀကီး လုပ္ရပါတယ္။ အာတီတာက အေသးစိတ္ကအစ တိက်သူပါ”လို႔ အန္ကီတက္ခ်္က ဆုိခဲ့ပါတယ္။

⚽ အာဆင္နယ္ဂႏၳ၀င္၀င္တုိက္စစ္မွဴးေဟာင္း အလန္စမစ္ကေတာ့ အူဘာမီယန္းအေနနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိၿပီးမွ ဂိုးဆာေလာင္မႈ ေပ်ာက္ဆံုးသြားျခင္း မဟုတ္ေၾကာင္း၊ အာဆင္နယ္အသင္း ဖန္တီးမႈပိုင္း အားနည္းသြားတာက အဓိကျပႆနာျဖစ္ေၾကာင္း သံုးသပ္ခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!