22-Nov-2020 အပြောင်းအရွှေ့သတင်းများ

[UNICODE]

crop-13261204-4
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးဟာ အဂူရိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘင်ဖီကာကြယ်ပွင့် နူနက်ဇ်ကို အဓိက ပစ်မှတ်ထားနေပါတယ်။ အသက် ၂၁ နှဏ်အရွယ် နူနက်စ်ကို ဘာစီလိုနာကလည်း စိတ်ဝင်စားနေပြီး ဘင်ဖီကာနည်းပြကတော့ ယူရိုသန်း ၁၂၀ ကျော်ရမှ ရောင်းထုတ်မယ်လို့ ဖွင့်ဟထားပါတယ်။

dean-henderson-manchester-united-2020-21-14wjuguqedz6w18s6kkvhr3zf3
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒိန်းဟန်ဒါဆန်ဟာ အင်္ဂလန်အသင်းမှာ နေရာရဖို့အတွက် လာမဲ့ဇန်နဝါရီမှာ အငှားနဲ့ထွက်ခွာဖို့ ရှိနေပါတယ်။ ဒိန်းဟန်ဒါဆန်ကို ဘုန်းမောက်၊ လိဒ်နဲ့ ဘရိုက်တန်တို့က အငှားနဲ့ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။

domenico-berardi-sassuolo-11qgxtelqd5d21uz5d3cne6ojq
IMAGE: GOAL

⚽ စီးရီးအေထိပ်သီးကလပ်တွေ စိတ်ဝင်စားနေတဲ့ ဆာဆူအိုလိုတောင်ပံကစားသမား ဘီရာဒီရဲ့ အေးဂျင့်ကတော့ သူ့ကစားသမားအနေနဲ့ ဆာဆူအိုလိုအသင်းကနေ အလျင်စလို ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ ဖွင့်ဟသွားခဲ့ပါတယ်။

martin-odegaard-real-madrid-2020-21-1gjdq1mx5rtsq1rxyhwv66aydz
IMAGE: GOAL

⚽ ဂွါဒီယိုလာဟာ ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်စဉ်က အိုဒီဂတ်ကိုခေါ်ယူပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်အောင် ပြုလုပ်ပေးချင်ခဲ့ကြောင်း နော်ဝေးကစားသမားဟောင်း ဂျန်အက်က ထုတ်ဖော်သွားခဲ့ပါတယ်။

nicolas-pepe-willian-1nd7v1em1ln5e16256wvgv62kh
IMAGE: GOAL

⚽ အာဆင်နယ်ဂန္ထဝင်ဟောင်း အလန်စမစ်ကတော့ ဝီလီယံ၊ ပီပီ၊ လာကာဇက်တို့ဟာ အားကိုးမရဘဲ အာတီတာအနေနဲ့လာမဲ့ဈေးကွက်မှာ တိုက်စစ်ပိုင်းအတွက် ကစားသမား ခေါ်ယူမှု ပြုလုပ်ရဦးမယ်လို့ သုံးသပ်ခဲ့ပါတယ်။

olivier-girouds-agent-hit-out-at-unfair-treatment-by-chelsea-scaled
IMAGE: GOAL

⚽ ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ လာမဲ့ဇန်နဝါရီဈေးကွက်မှာ ချဲလ်ဆီးတိုက်စစ်မှူး ဂျရူးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဂျရူးဟာ ယူရို၂၀၂၀ မှာ ပြင်သစ်မှာ ပါဝင်ခွင့်ရဖို့အတွက် ချဲလ်ဆီးကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

raphael-varane-real-madrid-2020-21-1mp1ef1hqc65k10b5ddlmfhy2s
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းကတော့ နောက်ခံလူ ဗာရာနီကို ရောင်းချသွားမှာ မဟုတ်ဘူးဆိုပြီး မန်ယူကို သတိပေးသွားခဲ့ပါတယ်။ “ဗာရာနီက အသင်းရဲ့ အစိတ်အပိုင်းပါ။ သူ့ကို အသင်းမှာပဲ ဆက်ထိန်းသွားမှာပါ”လို့ ဇီဒန်းက ဆိုခဲ့တာပါ။

Wolverhampton-Wanderers-v-AFC-Bournemouth-Premi-c7d3fac27c4eca590a6d2eccb77b9aa2
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ ဝုဖ်တောင်ပံကစားသမားထရာအိုရေးကို ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ Mundo Deportivo က ဖော်ပြထားပါတယ်။ ထရာအိုရေးဟာ ဝုဖ်နဲ့ အဆင်မပြေဖြစ်နေပြီးအသင်းပြောင်းဖို့ စီစဉ်နေတာပါ။

[ZAWGYI]

crop-13261204-4
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!