22-Nov-2020 ပရီးမီးယားလိဂ္သတင္းမ်ား
[UNICODE]
5626a9-af9deed54b8044129abe617a4bb96803-mv2
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းဟာ ချဲလ်ဆီးကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဘာကလေကို လာမဲ့ ဇန်နဝါရီမှာ အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
1362905
IMAGE: GOAL
⚽ ချဲလ်ဆီးနည်းပြ လမ်းပတ်ကတော့ အမြဲတမ်း ရုန်းကန်ရတဲ့ နယူးကာဆယ်ရဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့အပေါ် ဝမ်းမြောက်လျက်ရှိနေပါတယ်။ “ဒီပွဲက ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲပါ။ ဒီမှာ ပြီးခဲ့တဲ့ (၃) ရာသီစလုံး ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တယ်။ ဒီထက်ပိုပြီး ဂိုးတွေရသင့်ရဲ့သားနဲ့ မရခဲ့တာတော့ စိတ်ပျက်စရာပါ”လို့ လမ်းပတ်က ဖွင့်ဟခဲ့ပါတယ်။
Bruno-Fernandes-Manchester-United-3
IMAGE: GOAL
⚽ မန်ယူဂန္ထဝင်ဟောင်း ပေါလ်စခိုးကတော့ ဝက်စ်ဘရွန်းနဲ့ပွဲစဉ်က ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ချီးကျူးသွားခဲ့ပါတယ်။ “အကျည်းတန်တဲ့နိုင်ပွဲ ဖြစ်ခဲ့ပေမဲ့ ကစားသမားတွေ ယုံကြည်မှုရဖို့ မျှော်လင့်မိပါတယ်။ ဖာနန်ဒက်စ်သာ မရှိရင် မန်ယူဘယ်နေရာ ရောက်နေမလဲဆိုတာ အံ့အားသင့်စရာပါ။ ဖာနန်ဒက်စ် မရောက်ခင်တုန်းက မန်ယူဟာ ဖန်တီးမှု မကောင်းခဲ့ပါဘူး”လို့ ပေါလ်စခိုးက ဆိုခဲ့ပါတယ်။
chris-smalling-roma-2020-21-lxn1m77ij1pk1mnyf5efabxor
IMAGE: GOAL
⚽ ရိုးမားနောက်ခံလူ စမောလင်းက သူ့အနေနဲ့ မန်ယူမှာတုန်းက ပုံစံကောင်းမပြနိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း၊ မန်ယူကနေ မထွက်ခွာချင်ခဲ့ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ “မန်ယူမှာတုန်းက ကျွန်တော့်ရဲ့စွမ်းဆောင်ရည်အတွက် စိတ်ပျက်ရပါတယ်”လို့ စမောလင်းက ဆိုခဲ့တာပါ။
david-luiz-dani-ceballos-1lktepmpyq8ra1xgdiaphwzygk
IMAGE: GOAL
⚽ အာဆင်နယ်ဂန္ထဝင်ဟောင်း မာတင်ကီအွန်ကတော့ ဒေးဗစ်လူးဝစ်နဲ့ စီဘယ်လော့တို့ ပြဿနာဖြစ်ပွားခဲ့ခြင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း၊ သူ့အနေနဲ့ ဒီလိုဖြစ်ရပ်မျိုးကို မမြင်တွေ့လိုကြောင်း ဆိုခဲ့ပါတယ်။
ill-sleep-like-an-angel-jose-mourinho-not-putting-pressure-on-tottenham-despite-victory-over-man-cit
IMAGE: GOAL
⚽ စပါးနည်းပြ မော်ရင်ဟိုကတော့ သူတို့အတွက် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက ်ယှဉ်ပြိုင်နေတာ မဟုတ်ကြောင်း မန်စီးတီးကို အနိုင်ရပြီးနောက် ဖွင့်ဟသွားခဲ့ပါတယ်။ “အမှတ်ပေးဇယားထိပ်မှာ ရပ်တည်ရတာ ကောင်းတာပေ့ါ။ ဒါပေမဲ့ ကျွန်တော်တို့က ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတာ မဟုတ်ပါဘူး။ ပွဲစဉ်တိုင်း အနိုင်ရဖို့အတွက်ပဲ လုပ်နေတာပါ”လို့ မော်ရင်ဟိုက ဆိုခဲ့ပါတယ်။
jurgen-klopp-mohamed-salah-liverpool-2020-21-fmmj2at3t3lh1vjmk7iau953c
IMAGE: GOAL
⚽ လီဗာပူးနည်းပြကလော့ကတော့ ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်မယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ “ကျွန်တော့်မှာ အချိန်မရှိပါဘူး။ အခုလည်း ကျွန်တော်လည်း အလွန်ကောင်းမွန်တဲ့အလုပ်ကို ရရှိထားတာပါ”လို့ ကလော့က ဆိုခဲ့ပါတယ်။
sergio-aguero-manchester-city-2020-21-5f0t1sac9hoa1d52b725bxaqx
IMAGE: GOAL
⚽ ဂွါဒီယိုလာအနေနဲ့ စာချုပ်သစ် တိုးမြှင့်ချုပ်ဆိုခဲ့လို့ တိုက်စစ်မှူးအဂူရိုလည်း စာချုပ်လိုက်ချုပ်လိမ့်မယ်လို့ မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချတ်က ပြောဆိုခဲ့ပါတယ်။ “အဂူရိုဟာ အာဂျင်တီးနားကိုပဲ ပြန်လိုတဲ့ဆန္ဒရှိတာပါ။ ဒါပေမဲ့ အခုတော့ ဂွါဒီယိုလာစာချုပ်သစ် ချုပ်ခဲ့လို့ သူလည်း လိုက်ချုပ်မယ်လို့မျှော်လင့်ရပါတယ်”လို့ မီကာရစ်ချတ်က ဆိုခဲ့ပါတတယ်။
[ZAWGYI]
5626a9-af9deed54b8044129abe617a4bb96803-mv2
IMAGE: GOAL
1362905
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!