22-Nov-2020 Breakfast သတင္းမ်ား

[UNICODE]

christian-pulisic-kai-havertz-1s0xkgdo4rhab1iqzu4xh1yh9e
IMAGE: GOAL

⚽ ချဲလ်ဆီးကစားသမားဟောင်း ဂျိုလ်ကိုးကတော့ ချဲလ်ဆီးဟာ ပူလီဆစ်၊ ကိုင်ဟာဗက်ဇ်တို့လို ကစားသမားမျိုးတွေကြောင့် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မှာဖြစ်ကြောင်း၊ ချဲလ်ဆီးရဲ့ပုံစံကို ကြည့်ရတာ တကယ့်ကို ကျေနပ်စရာကောင်းကြောင်း ဖွင့်ဟခဲ့ပါတယ်။

cristiano-ronaldo-merih-demiral-juventus-2020-21-1xk1rw2mhzn5l1loqrx8b0i1fy
IMAGE: GOAL

⚽ ဂျူဗင်တပ်နည်းပြ ပီယာလိုကတော့ ကယ်ဂလီယာရီနဲ့ပွဲမှာ အနိုင်ဂိုနှစ်ဂိုး သွင်းယူသွားခဲ့တဲ့ စီရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ချီးကျူးသွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ အားလုံးအတွက် အတုယူစရာကောင်းတဲ့ ကစားသမားမျိုးဖြစ်ကြောင်း၊ တကယ့်ကို ချန်ပီယံစစ်စစ်လို့ ပီယာလိုက ဆိုခဲ့တာပါ။

diego-jota-liverpool-vs-midtjylland-7zeqexzzlg6g1j5frrcvz7ujc
IMAGE: GOAL

⚽ ဒီယေဂိုဂျိုတာရဲ့ အသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ အက်စတာကွတ်ယိုက ဂျိုတာဟာ လီဗာပူးလောက်နဲ့ တင်းတိမ်နေမှာ မဟုတ်ဘဲ ဒီထက်မြင့်တဲ့အဆင့်ကို ပြောင်းရွှေ့ဦးမှာဖြစ်ကြောင်း၊ ဂျိုတာဟာ အလုပ်အလွန်ကြိုးစားသူဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

joe-willock-aaron-ramsey-1dpgl2f0gv6hr1evpam5252emk
IMAGE: GOAL

⚽ အာဆင်နယ်တိုက်စစ်မူှးဟောင်း ကီဗင်ကမ်းဘဲလ်ကတော့ ကွင်းလယ်လူ ဝီလော့ခ်မှာ ရမ်ဆေးလက်သစ်ဖြစ်တယ်လို့ ခိုင်နှိုင်းသွားခဲ့ပါတယ်။ ဝီလော့ခ်ဟာ တိုက်စစ်မှူးတွေအတွက် ကစားရလွယ်ကူစေကြောင်း၊ ရမ်ဆေးရဲ့ ပုံစံမျိုးဖြစ်ကြောင်း ကမ်းဘဲလ်က သုံးသပ်ခဲ့တာပါ။

pep-guardiola-2020-21-158vdj20206pu1w147g42py49b
IMAGE: GOAL

⚽ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ စပါးရဲ့ ခံစစ်ပိတ်ကစားမှုကြောင့် ဂိုးမရခဲ့တဲ့အပေါ် ညဉ်းတွားသွားခဲ့ပါတယ်။ “စပါးက ခံစစ်မှာ ၆ ယောက်လောက်ကစားခဲ့တယ်။ ဒီလိုအခြေအနေမျိုးက မလွယ်ကူပါဘူး။ မော်ရင်ဟိုကိုင်တဲ့အသင်းတွေနဲ့ တွေ့ရင် ဒီလိုပါပဲ။ အမှားတစ်ကြိမ်လုပ်လိုက်တာနဲ့ တန်ပြန်တိုက်စစ်နဲ့ ပြန်ပြီး ဒုက္ခပေးပါလိမ့်မယ်”လို့ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။

phil-foden-manchester-city-2020-21-1luln1rzedebm1mieenry10hho
IMAGE: GOAL

⚽ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းကတော့ အသင်းဖော်လူငယ်ကြယ်ပွင့် ဖိုဒန်ဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲကတစ်ယောက် ဖြစ်လာနိုင်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။ “သူက ပုံစံကောင်းပြနေပြီး ဒီအခြေအနေကို ဆက်ထိန်းထားမယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်လာမှာပါ”လို့ ဒီဘရိုင်းက ဆိုခဲ့ပါတယ်။

solskjaerbilic-2020-z2ip4wug1qh14bigv7iyc49j
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ဝက်စ်ဘရွန်းကို ပင်နယ်တီ မပေးခဲ့ရခြင်းမှာ သူတို့ကံကောင်းခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ “ဒါတော့ ပင်နယ်တီပေးရပြီလို့ ကျွန်တော် တွေးလိုက်မိတယ်။ ကျွန်တော်တို့ ကံကောင်းခဲ့တာ ဖြစ်နိုင်ပါတယ်။ စည်းမျဉ်းတွေက ကွဲပြားတာလည်း ဖြစ်နိုင်ပါတယ်”လို့ ဆိုးလ်ရှားက ဖွင့်ဟခဲ့ပါတယ်။

youssoufa-moukoko-borussia-dortmund-1evhqd4yndzfo1klprnov1kfe1
IMAGE: GOAL

⚽ ဒေါ့မွန်လူငယ်တိုက်စစ်မှူး မော်ကိုကိုဟာ ဟာသာဘာလင်ကို အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပြီးနောက် ဘွန်ဒက်လီဂါသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ မော်ကိုကိုဟာ ပြီးခဲ့တဲ့ သောကြာနေ့ကမှ ၁၆ နှစ်ပြည့်ထားသူပါ။

[ZAWGYI]

christian-pulisic-kai-havertz-1s0xkgdo4rhab1iqzu4xh1yh9e
IMAGE: GOAL

⚽ ခ်ဲလ္ဆီးကစားသမားေဟာင္း ဂ်ိဳလ္ကိုးကေတာ့ ခ်ဲလ္ဆီးဟာ ပူလီဆစ္၊ ကိုင္ဟာဗက္ဇ္တို႔လို ကစားသမားမ်ိဳးေတြေၾကာင့္ ပရီးမီးယားလိဂ္ဖလားကို ရယူႏုိင္မွာျဖစ္ေၾကာင္း၊ ခ်ဲလ္ဆီးရဲ႕ပံုစံကို ၾကည့္ရတာ တကယ့္ကုိ ေက်နပ္စရာေကာင္းေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

cristiano-ronaldo-merih-demiral-juventus-2020-21-1xk1rw2mhzn5l1loqrx8b0i1fy
IMAGE: GOAL

⚽ ဂ်ဴဗင္တပ္နည္းျပ ပီယာလိုကေတာ့ ကယ္ဂလီယာရီနဲ႔ပြဲမွာ အႏုိင္ဂိုႏွစ္ဂိုး သြင္းယူသြားခဲ့တဲ့ စီေရာ္နယ္ဒိုနဲ႔ ပတ္သက္ၿပီး ခ်ီးက်ဴးသြားခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ အားလံုးအတြက္ အတုယူစရာေကာင္းတဲ့ ကစားသမားမ်ိဳးျဖစ္ေၾကာင္း၊ တကယ့္ကို ခ်န္ပီယံစစ္စစ္လို႔ ပီယာလိုက ဆုိခဲ့တာပါ။

diego-jota-liverpool-vs-midtjylland-7zeqexzzlg6g1j5frrcvz7ujc
IMAGE: GOAL

⚽ ဒီေယဂိုဂ်ိဳတာရဲ႕ အသင္းေဖာ္ေဟာင္းတစ္ဦးျဖစ္တဲ့ အက္စတာကြတ္ယိုက ဂ်ိဳတာဟာ လီဗာပူးေလာက္နဲ႔ တင္းတိမ္ေနမွာ မဟုတ္ဘဲ ဒီထက္ျမင့္တဲ့အဆင့္ကို ေျပာင္းေရႊ႕ဦးမွာျဖစ္ေၾကာင္း၊ ဂ်ိဳတာဟာ အလုပ္အလြန္ႀကိဳးစားသူျဖစ္ေၾကာင္း ဖြင့္ဟသြားခဲ့ပါတယ္။

joe-willock-aaron-ramsey-1dpgl2f0gv6hr1evpam5252emk
IMAGE: GOAL

⚽ အာဆင္နယ္တုိက္စစ္မဴွးေဟာင္း ကီဗင္ကမ္းဘဲလ္ကေတာ့ ကြင္းလယ္လူ ၀ီေလာ့ခ္မွာ ရမ္ေဆးလက္သစ္ျဖစ္တယ္လုိ႔ ခိုင္ႏႈိင္းသြားခဲ့ပါတယ္။ ၀ီေလာ့ခ္ဟာ တုိက္စစ္မွဴးေတြအတြက္ ကစားရလြယ္ကူေစေၾကာင္း၊ ရမ္ေဆးရဲ႕ ပံုစံမ်ိဳးျဖစ္ေၾကာင္း ကမ္းဘဲလ္က သံုးသပ္ခဲ့တာပါ။

pep-guardiola-2020-21-158vdj20206pu1w147g42py49b
IMAGE: GOAL

⚽ မန္စီးတီးနည္းျပ ဂြါဒီယုိလာကေတာ့ စပါးရဲ႕ ခံစစ္ပိတ္ကစားမႈေၾကာင့္ ဂိုးမရခဲ့တဲ့အေပၚ ညဥ္းတြားသြားခဲ့ပါတယ္။ “စပါးက ခံစစ္မွာ ၆ ေယာက္ေလာက္ကစားခဲ့တယ္။ ဒီလိုအေျခအေနမ်ိဳးက မလြယ္ကူပါဘူး။ ေမာ္ရင္ဟုိကိုင္တဲ့အသင္းေတြနဲ႔ ေတြ႕ရင္ ဒီလိုပါပဲ။ အမွားတစ္ႀကိမ္လုပ္လိုက္တာနဲ႔ တန္ျပန္တုိက္စစ္နဲ႔ ျပန္ၿပီး ဒုကၡေပးပါလိမ့္မယ္”လုိ႔ ဂြါဒီယိုလာက ဆုိခဲ့ပါတယ္။

phil-foden-manchester-city-2020-21-1luln1rzedebm1mieenry10hho
IMAGE: GOAL

⚽ မန္စီးတီးကြင္းလယ္လူ ဒီဘရိုင္းကေတာ့ အသင္းေဖာ္လူငယ္ၾကယ္ပြင့္ ဖိုဒန္ဟာ ကမာၻ႕အေကာင္းဆံုးေတြထဲကတစ္ေယာက္ ျဖစ္လာႏုိင္ေၾကာင္း ခ်ီးက်ဴးသြားခဲ့ပါတယ္။ “သူက ပံုစံေကာင္းျပေနၿပီး ဒီအေျခအေနကို ဆက္ထိန္းထားမယ္ဆုိရင္ ကမာၻ႕အေကာင္းဆံုးေတြထဲက တစ္ေယာက္ ျဖစ္လာမွာပါ”လုိ႔ ဒီဘရိုင္းက ဆုိခဲ့ပါတယ္။

solskjaerbilic-2020-z2ip4wug1qh14bigv7iyc49j
IMAGE: GOAL

⚽ မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆုိးလ္ရွားကေတာ့ ၀က္စ္ဘရြန္းကို ပင္နယ္တီ မေပးခဲ့ရျခင္းမွာ သူတုိ႔ကံေကာင္းခဲ့ေၾကာင္း ၀န္ခံသြားခဲ့ပါတယ္။ “ဒါေတာ့ ပင္နယ္တီေပးရၿပီလုိ႔ ကၽြန္ေတာ္ ေတြးလိုက္မိတယ္။ ကၽြန္ေတာ္တုိ႔ ကံေကာင္းခဲ့တာ ျဖစ္ႏုိင္ပါတယ္။ စည္းမ်ဥ္းေတြက ကြဲျပားတာလည္း ျဖစ္ႏုိင္ပါတယ္”လုိ႔ ဆုိးလ္ရွားက ဖြင့္ဟခဲ့ပါတယ္။

youssoufa-moukoko-borussia-dortmund-1evhqd4yndzfo1klprnov1kfe1
IMAGE: GOAL

⚽ ေဒါ့မြန္လူငယ္တုိက္စစ္မွဴး ေမာ္ကိုကိုဟာ ဟာသာဘာလင္ကို အျပတ္အသတ္ အႏုိင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ပါ၀င္ကစားၿပီးေနာက္ ဘြန္ဒက္လီဂါသမုိင္းတစ္ေလွ်ာက္ အသက္အငယ္ဆံုး ကစားသမားအျဖစ္ မွတ္တမ္း၀င္သြားခဲ့ပါတယ္။ ေမာ္ကိုကိုဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကမွ ၁၆ ႏွစ္ျပည့္ထားသူပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!